ဖျတ်ကနဲ
အရိပ်ကလေးလိုတွေ့လိုက်
မျက်လွှာအမြန်ချလိုက်မိတယ်
ရင်ထဲကငိုသံကိုသူမကြားစေချင်ဘူး
ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလည်းအိပ်မက်ဟောင်းပဲ
ပြောခဲ့တဲ့ကတိတွေလည်း မုသားဆန်ဆန်
ရဲဝံ့ စွန့်စား ခဲ့ ဇာတ်လမ်းမှာ
ငါဟာ ကျရှုံး တဲ့ သူရဲကောင်း
အဖြစ်က… အမှားကြီးမှားခဲ့ပါတယ်ဘ၀ရယ်
ပုလင်းကွဲရှသလို ကောက်ရလိုက်တဲ့ နောင်တတွေ
နှင်းထက်သည်းတဲ့ အလွမ်းနဲ့ တမ်းတမူတွေ
ပြီးခဲ့ပါပြီ
ငြိမ်းချမ်းမူကိုရှာဖွေရင်း
သောကတွေနဲ့ ၀င်တိုးခဲ့ရ
နက်ဖြန်ရှိရင် လှမှာပါ…….။

About htet way

has written 133 post in this Website..