အဖြစ်အပျက်

htet wayJanuary 4, 20121min644

ဖျတ်ကနဲ
အရိပ်ကလေးလိုတွေ့လိုက်
မျက်လွှာအမြန်ချလိုက်မိတယ်
ရင်ထဲကငိုသံကိုသူမကြားစေချင်ဘူး
ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလည်းအိပ်မက်ဟောင်းပဲ
ပြောခဲ့တဲ့ကတိတွေလည်း မုသားဆန်ဆန်
ရဲဝံ့ စွန့်စား ခဲ့ ဇာတ်လမ်းမှာ
ငါဟာ ကျရှုံး တဲ့ သူရဲကောင်း
အဖြစ်က… အမှားကြီးမှားခဲ့ပါတယ်ဘဝရယ်
ပုလင်းကွဲရှသလို ကောက်ရလိုက်တဲ့ နောင်တတွေ
နှင်းထက်သည်းတဲ့ အလွမ်းနဲ့ တမ်းတမူတွေ
ပြီးခဲ့ပါပြီ
ငြိမ်းချမ်းမူကိုရှာဖွေရင်း
သောကတွေနဲ့ ဝင်တိုးခဲ့ရ
နက်ဖြန်ရှိရင် လှမှာပါ…….။

4 comments

  • windtalker

    January 4, 2012 at 10:05 pm

    ရွက်ပုန်းသီး ရဲ ့
    အလွမ်းဝေဒနာ
    ပမ်းနေရှာပေါ့
    အပန်းဖြေသာဖို ့
    ဂေဇက်လေရွာထဲ
    အမြဲလေ လာခဲ့…

  • kotun winlatt

    January 4, 2012 at 10:27 pm

    တမ်းတကြေကွဲ
    အလွမ်းပွဲတွေကို
    ကြည့်သူမရှိလည်းး
    တင်ဆက်နေမိတယ်..
    နှင်းးနဲ့အတူ..
    ဆောင်းရက်အမှီ…
    မနက်ဆိုရင်…
    ပြန်လာစေချင်တယ်…(ဟဲ..)
    ထပ်ဆင့်ခံစားကြည့်တာပါနော်..

  • aye.kk

    January 5, 2012 at 6:23 am

    ရှက်တတ်သူတို့ရဲ ့နှလုံးသား..
    ခွင့်လွတ်ခြင်းဆိုတဲ့အားအင်တွေ
    မနက်ဖြန်ဆိုတဲ့နေ့များစွာ..
    သီးခံခြင်းတရားငါခံစားနိုင်တဲ့ခါ..
    မနက်ဖြန်ဆိုတာဟာလှနေလေရဲ ့..။

  • htet way

    January 5, 2012 at 7:58 pm

    ငြိမ်းချမ်းမူဆိုတာ လူတိုင်းရနိုင်ခဲပါတယ်
    ကံကောင်းခြင်းဆိုတာလည်း လူတိုင်းမရနိုင်ပါဘူး
    ကွေကွင်းခြင်းပေါ်မှာ ခံစားချက်ကို ရေးသီမိတာပါ

Leave a Reply