လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း

kaiJanuary 5, 20121min32816

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း..

အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို [Short Film] – ကြိုး [String] [ဒါရိုက်တာ မင်းသိုက်]

ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကား- အဲဒီအခန်းဖြတ် [ဒါရိုက်တာ ဝိုင်း]

အကောင်းဆုံး မှတ်တမ်းရုပ်ရှင် [Documentry] – Click in Fear [ဒါရိုက်တာ စိုင်းကျော်ခန့်]

အကောင်းဆုံး Animation – Unity & Freedom [ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း]

အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာ- ဒါရိုက်တာ အောင်ဇော်မိုး [Still in Dark]

THE ART of FREEDOM FILM FESTIVAL 2012. စကားပြောခန်းမပါဘဲ။ မြန်မာပြည် လက်ရှိသရုပ်ကို ဖေါ်ပြနိုင်သည်။ သရုပ်ဆောင် ဦးဝေ၊ ဒါရိုက်တာ မင်းသိုက်

http://www.youtube.com/watch?v=cemh5AmnuwY

BAN THAT SCENE] Just Ban it all !!

 

==
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆုရ ဒါရိုက်တာ အောင်ဇော်မိုး၏ “Still in Dark”

==
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး Animation ဆုရ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း၏ “Unity & Freedom”
http://www.youtube.com/watch?v=k0COY79Jv6M

16 comments

  • မှော်ဆရာ

    January 5, 2012 at 9:03 am

    အဲဒီ့သတင်းကို စိတ်ဝင်စားနေတာသူကြီးရေ ..
    ကျေးကျေးပါ ..

  • kai

    January 5, 2012 at 9:12 am

    “ကြိုး”ဇတ်လမ်းတိုကို.. ဒါရိုက်တာပေးချင်တာ သိပ်မမိသလိုခံစားရတယ်..။
    ကိုယ်လိုချင်သလိုတော့ အများကြီး ယူလို့ရပါတယ်..။

    အစ္စလမ်မစ်တိုင်းပြည်ရဲ့..မြို့တွေလို.. ဘုန်းကြီးတရားလေးနဲ့..မြို့မနက်ခင်းကို ဖွင့်ပြတယ်..။
    စကားတတ်နိုင်ချေရှိတဲ့.. ကြက်တူရွေးကလှောင်အိမ်ထဲမှာ..
    လွတ်လပ်နေတဲ့ခိုတွေက.. အပြင်မှာအစာကြွေးခံနေရတယ်..။ စည်းကမ်းဆိုင်းဘုတ်လည်း. ခိုတွေကြောင့် ဆေးတွေပျက်လို့..။

    လူတချို့က.. မုန့်ဟင်းခါးနဲ့ အီကြာကွေးလွတ်လပ်စွာစားနေကြတယ်..။
    အဲဒီမှာ.. စပီကာကြီးကနေ. ဘုန်းကြီးအသံက.. ဟောင်းနွမ်းအိုမင်းနေတဲ့.. တမြို့လုံးလွှမ်းပြီး…ပြီး….

    ကြိုးတွေ..ခြင်းတွေ..ညှပ်တွေ…အဲ.. ဂျိတ်တွေ…။
    ပရိဘောဂဆင်းရဲလွန်းလှတဲ့..တိုက်အပေါ်က.. ရေကိုအင်မတန်ခြွေတာနေတဲ့လူတယောက်က… တခုခုစောင့်နေရင်း… ရေဒီယိုနားထောင်တယ်..။ ၂၀၁ဝ ဒီဇင်ဘာက အာအက်ဖ်အေကအသံလွှင့်တာတဲ့..။ ( ၁နှစ်ကျော်တောင် ကြာနေပြီ)

    သူ့လဖက်ရည်နဲ့အီကြာကွေး အပေါ်တက်တဲ့ ခရီးမှာ.. မိန်းမတယောက်က ကူပေးလိုက်တယ်.. ယောက်ျားတယောက်က.. အသာလှည့်ထွက်သွားတယ်..။
    အဲဒီမှာ..ဂျိတ်နဲ့ညိတော့တာပဲ..။
    ညိတဲ့နေရာက.. ယောက်ျားတယောက်လှည့်ထွက်သွားတဲ့အထပ်မှာ…။

    အဲဒီတော့.. ပိုင်ရှင်က..အောက်ဆင်းတယ်..။
    အဲဒီအောက်ထပ်က..သော့ခတ်ရက်သားကြီးဖြစ်နေပါရော..။
    အဲဒီတန်းလန်းကြီးကို.. ကြောင်ပိန်လေး၂ကောင်က လုစာဖို့ ကြိုးစားတယ်..။

    နောက်ဆုံး..ကြောင်လေးပါပါလာပြီး.. အောက်ထပ်ကကြိုးပြတ်လို့.. သူ့လက်ဖက်ရည်နဲ့..အီကြာကွေး အပေါ်ရောက်လာပါတယ်တဲ့..။

    ==========

    အဲဒါ.. သိသူတွေ နည်းနည်းဆွေးနွေးပြကြပါဦး..။ 🙁

    • Wow

      January 5, 2012 at 12:15 pm

      မြန်မာရဲ့ Current Situation & Character ကို ပါးပါးလေး ပြသွားတာလို့ ခံစားရပါတယ်…
      သူကြီးတော့ သဘောကျမယ်ထင်တဲ့ ဂျူးရဲ့ မြန်မာ့ Character နဲ့ပတ်သက်ပြီးပြောထားတာလေးပါ…
      ( မျက်နှာမလိုက်ဘဲ ပြောရစတမ်း ဆိုရင် ဘယ်နေရာမှာမဆို နည်းနည်း ညံ့တတ်တာ၊ တီထွင်ကြံဆမှု နည်းတာ၊ အရာရာမှာ နောက်ကျစွာ တွေးခေါ် မျှော်မြင်တတ်ကြတာ၊ ခေတ်နောက်ပြန်ဆွဲချင်ကြတာ၊ လှေနံဓားထစ် မှတ်ချင်ကြတာ အဲဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်ရာ မဟုတ်တဲ့ character တွေပါ။ အတွေ့အကြုံ တစ်ခုကို လှေနံဓားထစ် မှတ်လို့ မရတာတွေ ရှိနေပါတယ်။… ခေတ်ပေါ် နည်းပညာ တစ်ခုဟာ ကိုယ့်အတွက် အသုံးတည့်မယ်၊ သင့်တော်မယ် ဆိုရင် အသုံးပြုရမှာပဲ။ ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီ အတွင်း အရောက် သွားနိုင်တဲ့ ခေတ်ကို ရောက်နေကာမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယာဉ်ကလေးနဲ့ သွားချင်တဲ့လူများ ရှိပါသလား။ ဘယ်သူမှ မရှိဘူး။ မြန်မာ အမျိုးသမီးတွေ အနေနဲ့ သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ အတိုင်းအတာထိ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေတတ်ကြတဲ့ စရိုက်မျိုးကိုတော့ ကျွန်မ ဝတ္ထုတွေထဲမှာ တွေ့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတာတော့ ရှင်းပါတယ်။ အဲဒီ အယူအဆမျိုးကို ကျွန်မ ကိုယ်တိုင် မနှစ်သက်လို့ပါပဲ။
      http://www.facebook.com/#!/Jufanpage/posts/338804966132686)

    • manawphyulay

      January 5, 2012 at 3:05 pm

      ကြိုးကတော့ စာအုပ်ဖတ်ဖူးတဲ့သူဆိုရင်တော့ ဇာတ်လမ်းက အတော်ကိုပေါ့ပါတယ်။ စာအုပ်နဲ့တော့ နည်းနည်းကွဲလွဲချက်လေးတွေ ရှိပါတယ်။ စာအုပ်ဖတ်ပြီး ရုပ်ရှင်ကြည့်ရတာ အနှစ်သိပ်မတွေ့ရဘူး။ စာအုပ်ထဲက ဇာတ်ကောင်က ပိုပြီးအသက်ဝင်နေတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်စဉ်နှစ်တိုင်းတော့ ပေးသင့် ရသင့်တဲ့သူပဲ ရစေချင်မိတာတော့အမှန်ပါပဲ။

      • tester

        January 5, 2012 at 11:15 pm

        အဲဒီ စာအုပ်ဆိုတာလေး သိချင်ပါတယ်။
        စာရေးသူနဲ့ စာအုပ်အမည်လေး သိပါရစေ…။

    • inz@ghi

      January 5, 2012 at 7:49 pm

      အစားလေးတစ်လုပ် စားရဖို့ အရေး အလုပ်လေး တစ်ခုဖြစ်မြောက်ဖို့အရေး …..အဆင့်ဆင့်မှာ ထစ်နေတာ..
      ကူသူရှိသလို ကိုယ်နဲ့ မဆိုင် လုပ်သူလည်းရှိရဲ့ ..သည်ကြားထဲ ကြားက ဖြတ်ဝိုက်ချင်တဲ့ လုချင်ယက်ချင်
      ကူကလည်း ရှိရဲ့ ..အစားမာန်ခုတ်ချင်တာလည်း ပါရဲ့…

      အစွမ်းကုန်ကြိုးစားတော့မှ စားရတော့ အောင်မြင်တော့တယ်…. အဲ့ ….
      ဒါတောင် ကပ်တီးမူးလဲ လုပ်မယ့် ဟာက ပါလာလိုက်သေး…
      နောက်တခါ ထပ်စားရဖို့ကျ ..ကြိုးကပြတ်ပီ .အစ အဆုံး ပြန် လမ်းကြောင်းဆင်ပေတော့ပဲ …

      ဟီး…
      တွေ့တာပြောဒါဘာ ..တိုက်ဆိုင်မှုရှိရင် ခွေးလွှတ်ကြဘာ ….
      တားတား ..ဘာမှ မီတိဘာဘူး….
      ခိခိ..

  • koyinmaung

    January 5, 2012 at 9:55 am

    ဆုရတဲ့ဇာတ်ကားတွေကြည့်ချင်ပါတယ်…
    အဲ့ဒီအခန်းကိုဖြတ် ကတော့ကြည့်ပြီးပါပြီ..
    အရမ်းကြိုက်ပါတယ်…
    ဒီလိုလွတ်လပ်ခွင့်ရှိလာတာ
    အတော့ကိုဝမ်းသာစရာပါဘဲဗျို….

  • Burmese or Chinese

    January 5, 2012 at 9:58 am

    Very Good! ကောင်းပါတယ်…………………..

  • Anzartone

    January 5, 2012 at 2:24 pm

    သူကြီးရေ …
    ကျေးဇူးပါပဲ။
    အဲဒီ ဇာတ်ကားတွေကိုတော့ connection မကောင်းလို့ အခု ကြည့်မသွားနိုင်ပါဘူး။ နောက်တော့မှ သေချာ ကြည့်လိုက်ပါဦးမယ်။

  • windtalker

    January 5, 2012 at 2:31 pm

    ဒါလုပ်သင့်တဲ့ ကိစ္စဘဲ ဗျို ့
    ကျုပ် တို ့ရွာထဲ က တင်မှ တင်ကြပါ့မလား လို ့
    စိတ်ပူနေတာ
    ဇါတ်ကားတွေ ကို ကြည့်ချင်နေတာ ကြာပေါ့
    ဘယ်သွားရှာပြီး ကြည့်ရမှန်း မသိလို ့
    သဂျိုင်ခီး ရေ ရှဲရှဲ….

  • Thel Nu Aye

    January 5, 2012 at 5:42 pm

    ဒါရိုက်တာဝိုင်းရဲ့အဲဒီအခန်းဖြတ် ကတော့ပညာသားမပါသလိုပဲ။ တသက်လုံးမကျေနပ်လာတာကိုဒီတခါထဲနဲ့ အပြီးပြလိုက်သလိုပဲ။ အတုံးလိုက်အတစ်လိုက်ကိုအပြောနဲ့သရုပ်ဖေါ်သွားတယ်။ သရုပ်ဆောင်တွေကလဲ ဟာသ သရုပ်ဆောင်တွေရဲအိုဗာအိုက်တင်တွေနဲ့။ ဆိုလို ရင်းတော့ကောင်းပေမဲ့တင်ပြသူရဲ့ဒေါသကိုမြင်နေ ရတယ်။ မကြေနပ်တာကိုပညာသားပါပါအပြလေးနဲ့ဆိုကောင်းမှာပေမဲ့သူကဒေါသများပြီးတောက်လျှောက် မကြေနပ်ချက်တွေကိုအပြောနဲ့ပဲပြသွားတယ်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်းကဆင်ဆာမရှိလဲတိုးတက်လာတာမတွေ့ရပါဘူး။ သူတို့ကဆင်ဆာကြောင့်ရုပ်ရှင်မကောင်းတာလို့အကြောင်းပြပေမဲ့အခုဆင်ဆာမပါပဲပြတော့ လဲထူးမခြားနားပါပဲ။ အရည်အချင်းမရှိရင်ဘယ်လိုမှမကောင်းနိုင်ပါဘူး။

  • ငပေါက်ဖော်

    January 5, 2012 at 7:30 pm

    သများကတော့
    အဲဒီအခန်းဖြတ်ကြီးကို တော်တော်ခိုက်တယ်
    ိပိုးဆိုးပက်စက်ပဲ

  • ကောင်းမြတ်သူ

    January 5, 2012 at 8:02 pm

    သူကြီးရေ
    မြင်သာမြင်ရ မကြည့်ရပါတကား……………………

  • naywoonni

    January 8, 2012 at 9:38 pm

    အကုန်လည်းကြည့်လို့မရဘူး…။ ဒီအတိုင်းအလွတ်ဒေါင်းလို့ရတဲ့ လင့်လေးဘာလေးမရှိကြဘူးလား လုပ်ကြပါဦး ဒီမှာ 6 မိနစ်စာလောက်ပဲရနေတယ်…။

  • kai

    January 9, 2012 at 7:10 am

    ယူတုက.. ဆုရ၂ခု မူရင်းပိုစ့်မှာ.. ထပ်တိုးလိုက်ပါတယ်..။
    ==
    လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆုရ ဒါရိုက်တာ အောင်ဇော်မိုး၏ “Still in Dark”
    http://www.youtube.com/watch?v=BGC-trjpUNM
    ==
    လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး Animation ဆုရ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း၏ “Unity & Freedom”
    http://www.youtube.com/watch?v=k0COY79Jv6M

  • kai

    January 10, 2012 at 1:51 am

    နိုင်ငံရေး အကျဉ်းသားတွေကို ရည်စူးရိုက်ကူးခဲ့တဲ့ “ကြိုး” ဇာတ်ကား
    2012-01-08

    ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆု ဆွတ်ခူးသွားတဲ့ “ကြိုး” ဇာတ်ကားဟာ မြန်မာနိုင်ငံမှာ မတရား ချုပ်နှောင်ခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်စူး ရိုက်ကူးခဲ့တာလို့ ဒါရိုက်တာမင်းသိုက်က ပြောပါတယ်။
    http://www.rfa.org/burmese/news/rope-short-film-01082012102352.html

Leave a Reply