ကိုအောင်ပုရေ……

thit minJanuary 5, 20121min36034

ကိုအောင်ပုရေ ခင်ဗျားနဲ့ကျနော် ပါတ်သက်မှုသိပ်နည်းပါတယ်။ ဒီအချိန်မှာတော့ ရင်းနှီးတယ် ဆိုတဲ့စိတ်နဲ့

ဖတ်ပေးပါ။ ခင်ဗျားက ပွင့်ပွင့်လင်းလင်းပြောတာသဘောကျတဲ့ လူမျိုး ။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောလေ

လူဟာအရိုင်းဆန်တတ်လေပါဘဲ။မကောင်းတာကအဲဒါ။ ကောင်းတာက “စေတနာ၊ရိုးသားမှု”ပေါ့။

ဟိတ်ဟန်မထုတ်မှုပေါ့ဗျာ။ ကဲ ကျနော်လဲပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ ခင်ဗျား ဆဲပြီးပြောတတ်တာတွေကို

ဖယ်လိုက်ရင် အရမ်းကောင်းသွားမှာအမှန်ဗျ။ ကျုပ်လေးစားရတဲ့ ကော်မန့်တေတာသိပ်များများမရှိဘူး။

ခင်ဗျား ပါ တယ်။ ခင်ဗျားအတွေးအခေါ်တွေက ကိုယ်ရည်သွေးမှုကင်းတယ်။ ကောင်းစေချင်တာတွေ တွေ့

ရတယ်။ ပြောပုံဆိုပေါက် မမှန်လို့ နားဝင်ဆိုးနေတာတော့ ရှိတယ်ဗျ။ ကျုပ်ကလူတွေအများကြီးရဲ့

ဆီမီနာတွေနားထောင်ခဲ့၊နားထောင်ဆဲဆိုတော့ ဘယ်စကားဘယ်စိတ်နဲ့ပြောတာ ဆိုတာသိတယ်။

ဘာစကားပြောပြော လွယ်လွယ်နဲ့လဲအထင်မကြီးဘူးဗျာ။ ရှင်းတယ်နော်။ ပြီးတော့အဲဒီလို

လူလိမ်မာဆိုတဲ့သူတွေကိုလည်းကျုပ်က သိပ်ပြီးမယုံဘူးဗျ။ဟဲ ဟဲ။ လိ်မ္မာတယ်

စာတော်တယ်ဆိုတဲ့သူငယ်ချင်းတယောက်ရယ်။ လူဆိုးလို့နာမည်ကြီးသူငယ်ချင်းတယောက်ရယ် ကျနော်ရယ်

သူငယ်ချင်း ၃ယောက်ရှိခဲ့ဘူးတယ်ဗျ။ လိမ်မာကောင် က ကြွေးစရာရှိရင်တော့ကြွေးပါရဲ့ အနစ်နာခံစရာရှိရင် ရှေ့

ဆုံးကထွက်ပြေးတာ။ တနေ့သား အဲဒီလိမ်မာကောင် ကြိုက်နေတဲ့ ကောင်မလေးနဲ့ လမ်းမှာဆုံတယ်ဗျ။ ဒါနဲ့

လိုက်ပြီးစကားပြောတယ်ပေါ့။ ဟိုကောင်က သူ့လိုကောင်မျိုးမညင်းလောက်ဘူး ဆိုပြီး ကြမ်းပါရောဗျို့။

ကောင်မလေး ဆောင်းထားတဲ့ ထီး ကိုလှမ်းဆွဲတာ။ အဲဒါနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ် ပွဲပြီးသွားရော။

ဘာဆက်ဖြစ်မယ်ဆိုတာ မှန်းမိတဲ့ လူဆိုးကောင်က ကျနော်တို့၂ ယောက်ကိုအိမ်အမြန်ပြန် ဘယ်သူ

ဘာဘဲမေးမေးမသိဘူးဘဲပြောတဲ့။ အဲ ကောင်မလေးက ဘယ်နေလိမ့်မလဲ ရပ်ကွက်ရုံးကိုတိုင်တာပေါ့။

ကဲ ဆင့်ခေါ်ပြီ。。 အဲဒီ စာတော်တဲ့လူကြီးလူကောင်းကို။ ဟားဟား အဲဒီကောင်သွေးပျက်နေပြီလေ။

မဟုတ်တာလုပ်တုန်းတော့ လုပ်ပြီးတော့။ အဲဒီမှာ ဟိုလူဆိုးကောင် ရပ်ကွက်ရုံးပြေးသွားတယ်။

ရပ်ကွက်လူကြီးကိုသွား ပြောတာ။ ခင်ဗျားတို့ တလွဲတွေမလုပ်နဲ့။ကျုပ်လုပ်တာ။ ဘာရမှာ လဲ

ကောင်မလေးကရုံးမှာ ရှိနေတာလေ။ ဟဲ့ နင် မဟုတ်ပါဘူး။ ဟိုကောင်ပါ။ နင်မဟုတ်တာလာမပြောနဲ့ပေါ့။

မရဘူး လူဆိုးကောင်ကဇွတ်။ အမယ် နင် မျက်နှာနေထိုးပြီး အမြင်မှားနေတာနဲ့ နင်စွဲလန်းနေတဲ့ ဟိုကောင်လို့

ချည်းမြင်နေတာ၊ဘာညာတွေ ရှောက်ပြော၊ ဟိုကပိုတင်း ဒေါသထွက်တော့။ တွေ့လားရပ်ကွက် လူကြီး၊

သူကျနော့ကိုတင်း နေတာ၊ ဆိုပြီး စွတ်ပြောတော့။ ရပ်ကွက်လူကြီးကလဲ ငါတော့ထင်ပါတယ်။ ဟိုကောင်လေးက

လူကြီးလေးလိုနေတာ။ မင်းဘဲဖြစ်မှာပါတဲ့။အဲဒါနဲ့ အဲဒီလူဆိုးကောင် ဆိုတော့ဘာမှပြောမနေတော့ဘူးပေါ့။

ခံဝန်ထိုး၊ဒဏ်ပေး(ရုံးဝင်းထဲသန့်ရှင်းရေး ၂ရက်) နောက်တခါဆို ဖမ်းချုပ်မယ်ပေါ့။ပြီးသွားရော။ အင်း ကျေးဇူးရှင်

ဟို လူတော်လူကောင်း ကောင် ကအိမ်မှာလဲ သူမဟုတ်ပါဘူးလို့ပြောတာဆိုတော့၊ အဲဒီ တရားခံ အစစ်ရဲ့

အမေကဘော်လံတီယာ လူဆိုးကောင် ကိုလာပြီး ပြောလိုက်တာများ၊ ရ စရာမရှိဘူး။ နင်လို လူဆိုးအကျင့်ပျက်နဲ့

ပေါင်းလို့ငါသား ကို လူအစွပ်စွဲခံရတာ၊ နင် ငါသားကိုလာမပေါင်းနဲ့တဲ့။ အင်း အဲဒီ လူတော်လူကောင်း

ကောင်ကလဲတော်ရှာပါတယ်။ လာပြောရှာတယ် လူဆိုးကောင်ကို။ ငါအိမ်က မင်းနဲ့ပေါင်းတာမကြိုက်လို့

မပေါင်းတော့ဘူးတဲ့။ ကျေးဇူးကန်း၊ အမျိုးယုတ်ကများ။ ကျုပ်ကတော့ အဲဒီမှာတင် “လူ” ဆိုတာ ဘာလဲလို့

သိသွားတယ်။ သိပ်လိမ်မာနေတယ်လို့ “လူအပြောခံချင်နေတဲ့သူ” တွေဆို လန့်တယ်။ အရေးဟယ်

အကြောင်းရယ် ဆို အနာမခံဘူး။ မယုံရဘူးပေါ့ဗျာ။ သူက သူ့အတွက် လျှော့လို့မဖြစ်ဘူးမဟုတ်လား။

အဲဒီလိုမဟုတ်တဲ့သူတွေလည်းရှိပါတယ်။အများစုကတော့ ကိုယ့်ကို ကိုယ်ပွန်းမှာ သိပ်ကြောက်တာဗျ။

ဟဲဟဲ လက်တွေ့။

မိုက်ရိုင်းတယ် ဆိုတဲ့ သူတိုင်းကိုလည်း အထင်မသေးသလို၊ ယဉ်ကျေးပါတယ်ဆိုတဲ့သူတွေကိုလည်း

ကြောက်တယ်ဗျ။ အဲဒီယဉ်ကျေးပါတယ်ဆိုတဲ့သူတွေကြောင့်ဘဲ ပိုက်ဆံနဲ့ပျော်ပါးလို့မိန်းကလေးတွေ

မကောင်းတာသံသရာရှည်နေတာမဟုတ် ဘူးလား။ လူတောထဲမှာတော့ လူကောင်းကြီးပေါ့။ တကယ်

ကောင်းရင် အဲဒီလိုကလေးမလေးတွေကို အရင်းအနှီးတွေဘာတွေပေးပြီး ရိုးရိုးသားသားကူညီပါလား။

မဖြစ်နိုင်ဘူးဗျနော်။ လက်တွေ့မှာ ကိုယ့်သာယာမှုဘဲကြည့်တာမဟုတ်လား။ ပြောရရင်ဗျာ အဲဒီလိုလူမျိုးတွေက

မိန်းကလေး တယောက်အောက်စလွတ်နေရင် အရသာသာခံပြီးခိုးကြည့်နေ ကြမှာဘဲ။ ခင်ဗျားလိုလူမျိုးက

တော့ ဟဲ့ ကောင်မ နင့်နောက်ဖေးတံခါးကြီးပွင့်နေဘာလား၊ဘာဖြစ်ချင်လို့လား ညာဖြစ်ချင်လို့ လားဆိုပြီး

ဖရုဿတွေဘာတွေနဲ့ သတိပေးမှာဘဲ။ ပြောလိုတာက စေတနာမှန်တယ်။

စကားလုံးကိုပြင်ပေးနိုင်ရင် ပိုကောင်းတယ်ဗျာ။

———————————————————————————————-

Additional honorable highlight::::::::::::::::::::::::::::::::::::::::

မိုက်ကယ်ဂျော်နီချီးဘတ် says:

“ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ်
မှ
မုသားပြောဆိုခြင်း။ ကုန်းစကားပြောဆိုခြင်း။
ကြမ်းတမ်းသောစကားကိုဆိုခြင်း။
ပြိန်ဖျင်းသောစကားကိုဆိုခြင်း ဟုဆိုသော နှုတ်ဖြင့်
မတရားမှု့ ပြောဆိုခြင်း လေးပါးအနက်မှ
ကြမ်းတမ်းသောစကားကိုဆိုခြင်း။
ပြိန်ဖျင်းသောစကားကိုဆိုခြင်း နှစ်ပါးဖြင့် လွန်ကျူးမိခြင်းအား
https://myanmargazette.net/90063/creative-writing/my-thinking-different/comment-page-1#comment-148666
ကိုယ့်ထမင်းကိုယ်စား
ဘကြီးနွား ငှားကျောင်းတော်မူထသော ကိုသစ်မင်းအား :D :D :D
အမှူးထား၍
တောင်းပန်အပ်ပါသည်ခင်ဗျား။”

~~~~~~~~~~~~~~~~~~~~~~~~~~~

thit min says:

ပုဂါရာမ(ယုန်လွှတ်ကျွန်း) ဟု မဆိုအပ်သော——ဤဂေဇက်ရွာကြောင်လွှတ်ကျွန်းအရပ်တွင်
ရေငုတ်တုံးခုန် မီးလှုံဇယ်ခတ်(မဟုတ်ဘဲ)—–ဘီယာစုပ် ကခုန် ဘောပွဲအစုံ လောင်းကြေးထပ် ။
ရှင့်သိုးတကာ့ ထိပ်ခေါင် ရှင့်ရင့်မကြီး ရှင်မထီး(မဟုတ်သော)–လူပျိုသိုးတကာ့ထိပ်ခေါင်လူ့လူပျိုကြီး
အပျိုကြီးများပါမကျန်၊ကြောင်ပျိုသိုးတကာ့ထိပ်ခေါင်၊ကြောင့်ကြောင်ပျိုကြီး
ကြောင်အပျိုကြီးများပါမကျန်၊အမျိုးအားဖြင့်မြတ်သောသူ၊
ဂုဏ်ဖြင့်မြတ်သောသူ၊ပညာဖြင့်မြတ်သောသူတို့၏မာန်မူဘက်ပြိုင်ချင်းငှါမထိုက်
မကို်ဍ်သရဖူ အထွတ်အထိပ်ထားတော်မူအပ်သောသူတော်စင်သူတော်ကောင်းအပေါင်းတို့သည်
မြေတုန်ဟီးဟီး အံ့ချီးတမျှ ကောင်းချီးဩဘာထောပနာပြု သဘောကျအခုပင်
အဟောဝတအမှုကို ပြုကြပါစေသော်ဝ်။ဂေဇက်ရွှေပွဲလာ ဆရာတော် သမားတော်၊
ကြီးမြတ်သူ၊မိတ်ဆွေသင်ဂဟ၊ အမိအဖ၊ညီအကို မောင်နှမ ငယ်၊ သင်တို့၏ကျွန်နှုပ်တို့၏
မောင်တို့မယ်တို့၏ လူသားအားလုံးတို့၏ကောင်းချီးအမှုပြုအပ်သော
မိမိကိုယ်ကိုနှိမ့်ချ၍ မြင့်မြတ်မှုကို “သူ”ယူလေပြီ။။
အမှားကိုသိ၍ အမှန်ကိုပြင်လေသောသူကားပညာရှိပင်ဖြစ်တော့သည်။
လောကတွင် ပုထုစဉ်ဆိုပါကမည်သူကမည်သူထက် “မြတ်သည်ဟု”အချိန်တိုင်းတွင်မရှိ။
သီလ၊အကျင့် လုပ်ရပ်တို့နှင့်တိုင်းတာရသည်မဟုတ်ပါလော………။
—————————————————
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအမှုကိုပြုသူ ကိုဂျော်လဂီအောင်ပု(ဒါကကျနော်အကြိုက်ဆုံး၊နာမည်)
အား ဤစာဖြင့် ဂုပြုံ=ဂုဏ်ပြုအံ့။
~~~~~~~~~~~~(^^)~~~~~~~~~~~
လောကေ လောက၌ ဟိနပုတ္တောစ

အမျိုးယုတ်သူ၏ သားဖြစ်လျှက်လည်း

ရာဇ မဇ္ဇော မင်း၏အမတ် ဖြစ်တတ်၏။

ဗာလနံ သူမိုက်၏သားဖြစ်လျှက်လည်း

ပဏ္ဍိတော ပညာရှိဖြစ်တတ်၏။

အဓနဿ ဥစ္စာမဲ့ သူ၏သား ဖြစ်လျှက်လည်း

ဓနံ ဥစ္စာသည် ဗဟူ များတတ်ပေ၏။

တသ္မ္မ္မာဟိ ထို့ကြောင့်

ပုရိသာနံ ယော်ကျားတို့ကို

နမညထ မထေမဲ့ မြင် မပြုအပ်ရာ။

(ဓမ္မပဒ)
———————————————————————-
နှစ်သစ်မှာ
ကိုအောင်ပုကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာပါစေ။
ဤပိုု့စ်ကိုလာရောက်ကောမန့်ပေးသူ
ဖတ်သူများ ကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာပါစေ။
ဤမြေပြင် ဝေဟင် ရေပြင်
တွင်ရှိသူများအားလုံး ကျန်းမာချမ်းသာ
ဝမ်းသာလန်းဖြာပါစေ။
ဂေဇက်ကိုအသက်သွင်းပေးသူသူကြီးမှစ၍ အားလုံးအား
အထူးမေတ္တ္တာကျေးဇူးတင်သည်။
လေးစားစွာဖြင့်
မောင်သစ်မင်း(^^)

 

{ခင်ဗျား ပို့စ်မှာကော်မန့်ရေးရင် “ဘာဆိုလား” ဆိုတော့ ဒီလိုရေးတာဗျာ။ ဟဲ ဟဲ(^^)}

34 comments

  • မှော်ဆရာ

    January 5, 2012 at 9:33 am

    ဒီလိုပိုစ့်မျိုးကို ဘယ်သူရေးပါမလဲလို့ စောင့်နေတာ ဆရာသစ်ရ ..
    ကျွန်တော်ကလဲ ကလေးဆိုတော့ ရေးလို့ကလဲ မကောင်း … 🙂
    ကိုအောင်ပု ဖတ်မိပါစေဗျာ …

    • thit min

      January 5, 2012 at 12:22 pm

      ဘယ်လိုဖြစ်လို့ ကျုန့်ဝင်ပြီး ကလေးဖြစ်သွားရပြန်တာတုန်း။ ဘာမှန်းလဲမသိဘူး။ရွာထဲလဲလမ်း
      လျှောက်ရတာတောင် ခက်ပါပေါ့နော်။ ကလေးတွေချည်းဘဲ။ ကလေး ကလေးနဲ့ ရွာထိပ်ကရေကန်ထဲ
      ခုန်ချတာ ကန်ဘောင်ကျိုးပြီး ရွာရေနစ်ပါရောလား ဆိုတာ မျိုး။

  • blackchaw

    January 5, 2012 at 9:50 am

    ကျွန်တော်က ကိုအောင်ပု ကိုချစ်တာဗျ။
    တလွဲလည်း မတွေးကြနဲ့ဦးဗျာ။ သူ့ ကွန်းမန့်တွေကို ပြောတာပါ။
    အဟောင်းတွေလျှောက်ဖတ်ကြည့်ရင်းနဲ့ အဲဒီလူရဲ့ ကွန်းမန့်တွေကို
    ခိုက်နေတာဗျ။
    ကျွန်တော့် ပို့စ်တစ်ခုမှာ ကိုအောင်ပုအတွက်
    ဝင်ပြီး ရှေ့နေလိုက်ပေးခဲ့ဘူးတယ်ဗျာ။
    ဂျော်နီအောင်ပု က ဆဲပေမယ့် မမိုက်ရိုင်းပါဘူး လို့ကို
    ကွန်းမန့်တစ်ခုမှာ တရားဝင် ရေးခဲ့ဘူးပါတယ်။
    ဒီရွာထဲမှာ ကိုကြောင်ကြီးရယ် ကိုအောင်ပုရယ်၏
    သူတို့ ကွန်းမန့်လေးတွေဆိုရင် နာမည်မြင်တာနဲ့
    ဘာများပြောမလဲ ဆိုပြီးကို ဖတ်နေမိတာပါ။
    ဘာဖြစ်လို့ ဒီပို့စ်ကို ရေးတယ်ဆိုတာ ကျွန်တော်မသိပေမယ့်
    ကိုသစ်ရေ
    ကျွန်တော်က ကိုအောင်ပု ကို ချစ်တယ်ဗျ။

  • weiwei

    January 5, 2012 at 10:04 am

    ယဉ်ကျေးပါတဲ့ဆိုတဲ့လူတွေရဲ့ ဘိုးဘွားဘီဘင်တွေအထိ မျိုးရိုးအဆင့်ဆင့် ဇစ်မြစ်ကို လိုက်ကြည့်လိုက်ရင် လူရိုင်းတွေအထိ ရောက်သွားမှာပဲ …. လူသားဆိုတာ တဖြည်းဖြည်းချင်း ယဉ်ကျေးတယ်ဆိုပြီး ဟန်ဆောင်မှုတွေများလာတာပဲမို့လို့ ဒါတွေဟာ အစစ်အမှန်မဟုတ်ပါဘူး …

    အစစ်အမှန်ရှားပါးနေတဲ့ခေတ်မှာ ကျောက်ခေတ်ကလူတစ်ယောက်လို ရိုးသားပြီးရိုင်းစိုင်းနေတာကလဲ တန်ဖိုးရှိပါတယ်လေ … ကိုယ့် brand နဲ့ကိုယ်မို့ အောင်ပု brand ကို ကိုအောင်ပုကပဲ ဆက်ပြီး ထိန်းသိမ်းပါအုန်းလို့ …

    လောလောဆယ် the roots ဇစ်မြစ်ဆိုတဲ့ ဘာသာပြန်စာအုပ်ကြီး ဖတ်နေတုန်းမို့ အခုလို ကွန်မန့်ရေးလိုက်ရခြင်းဖြစ်ပါတယ် …. 😛

  • koyinmaung

    January 5, 2012 at 10:24 am

    ကျနော်တို့မန်းလေးကဇက်ရွာထဲစရောက်ကထဲက
    ကိုကြောင်ကြီးတို့ကိုအောင်းပုတို့ရဲ့ပို့စ်တွေ ကွန်မန်းတွေကို
    သဘောကျနေတာပါ…
    သူများနဲ့မတူတဲ့အတွေးမျိုးအရေးမျိုးရေးတတ်ကြလို့ပါ
    အမြင်မတော်တဲ့ပို့စ်များဆို ကိုပုတို့ကိုကြောင်ကြီးတို့ကရှေ့ကထွက်ကာကွယ်တတ်တာကို
    ကိုပုအနေနဲ့ဆဲတာလေးလျှော့စေချင်ပါတယ်…..

  • manawphyulay

    January 5, 2012 at 11:02 am

    ဦးပုက စိတ်ရင်းတော့ ကောင်းပါတယ်။ အပြောလည်းနည်းနည်းပါပဲ ဦးဦးဘလက်ရဲ့… သူလည်း သူ့အမြင်တွေပေါ့။ အပြောမတတ်တော့ ဆဲသလိုဆိုသလိုပေါ့။ ဥပမာ မနောလိုပေါ့ ဟီး တစ်ခါတလေ လူကြီးမှန်းမသိ ဘာမသိ ပြောချင်ရာ စွတ်ပြောလိုက်တဲ့အခါ သည်းခံခွင့်လွှတ်တဲ့သူကျတော့ ခွင့်လွှတ်ပေးမယ့် မသိတဲ့သူကျတော့ ဒီကလေးမကို ဝေးဝေးက ရှောင်မှဆိုတာတွေလည်း ရှိလာခဲ့တော့ သင်ခန်းစာတွေ ယူထားမိပါတယ်ရှင်။

  • ကြောင်ကြီး

    January 5, 2012 at 12:02 pm

    ကောင်မလေးတယောက် အောက်စလွတ်တော့ သဂျီးက ပစ္စုပ္ပန် လူမှုဘဝ ကြည့်ထားမှ ဆိုပြီး ခေါတောတသိန်းအား မျက်လုံးနဲ့ ကြည့်တယ်။
    ကိုသစ်ကလည်း မျက်လုံးလေးစွေကြည့်ပြီး တိုင်းပြည်လုံခြုံရေး သတိပြုရန်အချက်များ စာတပုဒ်ရးတယ်။
    ကြောင်ကြီးကတော့ ရှက်လို့မျက်လွှာချထားတယ်။ 😳
    ကိုအောင်ပုက ဘာလုပ်တယ် မှတ်လဲ။ ကောင်မလေးဆီသွားပြီး ညည်းနောက်ဖေးတံခါး ပွင့်နေတယ်ဆိုပြီး ကိုယ်ထိလက်ရောက် သွားပိတ်ပေးလို့ ပါးချခံရဒယ်။။။။။ တော်တော်ဆိုးဒဲ့ လူဂျီး စေတနာပိုလွန်းဒယ်…။

    • thit min

      January 5, 2012 at 12:12 pm

      အေးဗျ
      အဲဒါ ပြောတာ။ ဒီလောက်ပြည့်စုံနေတဲ့ ဂဇက်ဗျာ။
      ခင်ဗျားကို တိုးတိုးတိတ်တိတ်ပြောရအုန်းမယ်ဗျ၊
      အဲဒီ ကိုအောင်ပုဆိုတဲ့ လူ က ဘဝင်မြင့်နေတာနော်။ သူ့ကိုသူပိုင်တယ်ပေါ့။
      အချိန်မရွေး ဂေဇက်ကထွက်သွားလို့ရတယ်ပေါ့။
      ဘယ်ရမှာလဲဗျာ။
      ဂေဇက်က သူ့ကိုဒီလောက်ခင်ကြချစ်ကြတာ။ သူ့ကိုဂေဇက်ပရိတ်သတ်က ပိုင်တယ်ဆိုတာ
      မေ့နေတယ်။ အဲဒါ။ သစ်မင်းပြောပြနေရတာ။(^^)

  • TTNU

    January 5, 2012 at 12:47 pm

    ကိုသစ်ရေ…
    ကိုအောင်ပုက
    ဘယ်သွားမလို့လဲ?
    တီချာလည်း သူ့ ကြောက်တာနဲ့
    အဝေးကလှမ်းမျှော်မျှော်ကြည့်နေတာ
    ဘတ်ထ်… သူမန်းထားရင် မဖတ်ဖြစ်တာမရှိဘူး။

  • Moe Z

    January 5, 2012 at 12:47 pm

    ဘပုဒီမှာလာမဆဲမှာသေချာရင် မိုးစက်လည်းပြောမယ်နော် ကိုသစ်မင်း 😀
    လူကြီးစကားဝိုင်းတွေမှာ ဝင်မပါဖြစ်ပေမယ့် ကွန့်မန့်တိုင်းဖတ်ဖြစ်တဲ့လူစာရင်းမှာ
    ဘပုလည်းပါတယ် ဆဲတဲ့စကားလုံးတွေတော့ ကျော်ဖတ်လိုက်တယ် 😀
    ဘပုရဲ့စေတနာကိုလည်း ခံစားမိပါတယ်လို့ ဒီလောက်ပဲ….

  • htoosan

    January 5, 2012 at 12:59 pm

    လူကြီးတွေ စိတ်ကောက်နေကြရင် လူငယ်တွေ ဘယ်လိုနေရပါ့။

  • True Answer

    January 5, 2012 at 1:05 pm

    လိင်တူချစ်တူများဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ပေးတတ်တဲ့
    ကိုအောင်ပုရေ-

    ကိုအောင်ပု မရှိရင်တော့
    လိင်တူချစ်သူများရဲ့ အခွင့်အရေးတွေအတွက်
    ဘယ်သူ ရည်တည်ပေးမှာလဲဗျာ။
    း)
    လိင်တူချစ်သူများအတွက် တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်ဗျာ။ ကိုအောင်ပု။
    ——————————————————————————-
    ကိုအောင်ပုရေ –

    – လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊
    လုပ်ချင်တာ(သို့) မလုပ်ချင်တာ ကို အဓိကမထားနဲ့။

    -ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
    ဖြစ်ချင်တာ(သို့) မဖြစ်ချင်တာ ကို အဓိကမထားနဲ့။

    – သိသင့်တာသိဖို့ကိုသာ အဓိကထား၊
    သိချင်တာ (သို့) မသိချင်တာ ကို အဓိကမထားနဲ့။

    (ဆရာတော် ဦးဥတ္တမသာရ သန်လျင်သဘာဝရိပ်သာ)

  • Wow

    January 5, 2012 at 1:06 pm

    MG ကိုမန်ဘာမဝင်ခင် ထဲက တစ်နှစ်ကျော်နှစ်နှစ်နီးပါး ဖတ်လာခဲ့တာ မိုက်ကယ်ဂျော်နီအောင်ပု မန့်တာတွေကိုအမြဲ ဖတ်ဖြစ်တာ….
    နှုတ်ထွက်မှာကို ကန့်ကွက်ပါတယ်…
    😀

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 5, 2012 at 1:31 pm

    ရေနံဆီထည့်၍ မောင်းနှင်ရသော ဧရာမတောင်လောက်ကြီးသည့် သင်္ဘောကြီးကို
    ဦးစီးဆောင်ရွက် ကက်ပတိန်အဖြစ်တာဝန်ထမ်းဆောင်တော်မူထသော
    ဩစတီးလျှနိုင်ငံတွင် မှီတင်းနေထိုင်ထသော
    Foreign Resident အမည်နာမရသော ဘကြီး အက်ဖ်အာ
    အား
    ဘာလောင်စာမျှမထည့်ရသော
    စွမ်းအင်ခြွေတာခြင်းသဘောရှိသော
    လှော်တက် နှစ်ချောင်းတပ် လက်ဖြင့်အသကုန်ဖင်ပျဲအောင်ခတ်ရသော
    ကျနော် သဗ္ဗာန်ကက်ပတိန်
    ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ် မှ
    မုသားပြောဆိုခြင်း။ ကုန်းစကားပြောဆိုခြင်း။ ကြမ်းတမ်းသောစကားကိုဆိုခြင်း။
    ပြိန်ဖျင်းသောစကားကိုဆိုခြင်း ဟုဆိုသော နှုတ်ဖြင့် မတရားမှု့ ပြောဆိုခြင်း လေးပါးအနက်မှ
    ကြမ်းတမ်းသောစကားကိုဆိုခြင်း။ ပြိန်ဖျင်းသောစကားကိုဆိုခြင်း နှစ်ပါးဖြင့် လွန်ကျူးမိခြင်းအား
    http://myanmargazette.net/90063/creative-writing/my-thinking-different/comment-page-1#comment-148666
    ကိုယ့်ထမင်းကိုယ်စား ဘကြီးနွား ငှားကျောင်းတော်မူထသော ကိုသစ်မင်းအား 😀 😀 😀 အမှူးထား၍
    တောင်းပန်အပ်ပါသည်ခင်ဗျား။
    ဤအမှု့ကိုပြုရခြင်းကြောင့်
    အဟံအကျွန်ုပ် ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ် အား
    ဂျော်နီလမ်းလျှောက် ခပ်ကြီးကြီးတစ်ပုလင်း အလကားမတ်တင်းရရှိခြင်းအကြောင်းသည်
    ဟောတု ဖြစ်ပါစေသတည်း။
    …..
    မိုက်ကယ်ဂျော်နီချီးဘတ်

    • windtalker

      January 5, 2012 at 2:56 pm

      ကျုပ် ဆီ လာတွေ ့လိုက်
      ချီးဗက်စ် ဝမ်း လီတာ တစ်လုံး ပေးမယ့် အပြင်
      တစ်လုံး ကို အတူတူ ထိုင်သောက်ကြမယ်
      မယုံရင် 77 ့ကို မေးကြည့်
      ကျုပ် က ချီးဗက်စ် ဆို လွှတ်ကြိုက်

    • thit min

      January 5, 2012 at 3:04 pm

      ဟားဟားဟားဟားဟား……………………………….
      ဒီလိုပြောချင်တယ်ဆရာရေ့………………………………..
      ပုဂါရာမ(ယုန်လွှတ်ကျွန်း) ဟု မဆိုအပ်သော—— ဤဂေဇက်ရွာကြောင်လွှတ်ကျွန်းအရပ်တွင်
      ရေငုတ်တုံးခုန် မီးလှုံဇယ်ခတ် (မဟုတ်ဘဲ)—–ဘီယာစုပ် ကခုန် ဘောပွဲအစုံ လောင်းကြေးထပ် ။
      ရှင့်သိုးတကာ့ ထိပ်ခေါင် ရှင့်ရင့်မကြီး ရှင်မထီး(မဟုတ်သော)–လူပျိုသိုးတကာ့ထိပ်ခေါင်
      လူ့လူပျိုကြီး အပျိုကြီးများပါမကျန်၊ ကြောင်ပျိုသိုးတကာ့ထိပ်ခေါင်၊ကြောင့်ကြောင်ပျိုကြီး
      ကြောင်အပျိုကြီးများပါမကျန်၊
      အမျိုးအားဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူ၊ပညာဖြင့်မြတ်သောသူတို့၏
      မာန်မူဘက်ပြိုင်ချင်းငှါမထိုက် မကို်ဍ်သရဖူ အထွတ်အထိပ်ထားတော်မူအပ်သော
      သူတော်စင်သူတော်ကောင်းအပေါင်းတို့သည် မြေတုန်ဟီးဟီး အံ့ချီးတမျှ ကောင်းချီးဩဘာ
      ထောပနာပြု သဘောကျအခုပင်
      အဟောဝတအမှု ကို ပြုကြပါစေသော်ဝ်။
      ဂေဇက်ရွှေပွဲလာ ဆရာတော် သမားတော်၊ ကြီးမြတ်သူ၊
      မိတ်ဆွေသင်ဂဟ၊ အမိအဖ၊ညီအကို မောင်နှမ ငယ်၊ သင်တို့၏ ကျွန်နှုပ်တို့၏
      မောင်တို့မယ်တို့၏ လူသားအားလုံးတို့၏ ကောင်းချီးအမှုပြုအပ်သော
      မိမိကိုယ်ကိုနှိမ့်ချ၍ မြင့်မြတ်မှုကို “သူ” ယူလေပြီ။။
      အမှားကိုသိ၍ အမှန်ကိုပြင်လေသောသူကား ပညာရှိပင်ဖြစ်တော့သည်။
      လောကတွင် ပုထုစဉ်ဆိုပါကမည်သူကမည်သူထက် “မြတ်သည်ဟု” အချိန်တိုင်းတွင်မရှိ။
      သီလ၊အကျင့် လုပ်ရပ်တို့နှင့်တိုင်းတာရသည်မဟုတ်ပါလော……… ။
      —————————————————
      မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအမှုကိုပြုသူ ကိုဂျော်လဂီအောင်ပု(ဒါကကျနော်အကြိုက်ဆုံး၊နာမည်)
      အား ဤစာဖြင့် ဂုပြုံ =ဂုဏ်ပြုအံ့။
      ~~~~~~~~~~~~(^^)~~~~~~~~~~~
      လောကေ လောက၌
      ဟိနပုတ္တောစ အမျိုးယုတ်သူ၏ သားဖြစ်လျှက်လည်း
      ရာဇ မဇ္ဇော မင်း၏အမတ် ဖြစ်တတ်၏။
      ဗာလနံ သူမိုက်၏သားဖြစ်လျှက်လည်း
      ပဏ္ဍိတော ပညာရှိဖြစ်တတ်၏။
      အဓနဿ ဥစ္စာမဲ့ သူ၏သား ဖြစ်လျှက်လည်း
      ဓနံ ဥစ္စာသည် ဗဟူ များတတ်ပေ၏။
      တသ္မ္မ္မာဟိ ထို့ကြောင့်
      ပုရိသာနံ ယော်ကျားတို့ကို
      နမညထ မထေမဲ့ မြင် မပြုအပ်ရာ။
      (ဓမ္မပဒ)
      ———————————————————————-
      နှစ်သစ်မှာ ကိုအောင်ပုကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာပါစေ။
      ဤပိုု့စ်ကိုလာရောက်ကောမန့်ပေးသူ ဖတ်သူများ ကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာပါစေ။
      ဤမြေပြင် ဝေဟင် ရေပြင် တွင်ရှိသူများအားလုံး ကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာပါစေ။
      ဂေဇက်ကိုအသက်သွင်းပေးသူသူကြီးမှစ၍ အားလုံးအား အထူးမေတ္တ္တာကျေးဇူးတင်သည်။
      လေးစားစွာဖြင့်
      မောင်သစ်မင်း(^^)

    • Foreign Resident

      January 5, 2012 at 9:14 pm

      ကျေးဇူးအထူးတင်ပါတယ် ကိုရင်အောင်ပု ခင်ဗျား…။
      အဘ ကိုယ်တိုင်ကလည်း ” အဆဲခံခြင်လို့ကိုရေးတယ် ” လို့ ခေါင်းစဉ်တပ်မိပေသကိုး ၊ 😀
      အဘ အပြစ်လည်း ပါပါတယ်ကွယ် ။

      ကိုရင်အောင်ပု ရဲ့ MG အပေါ်ထားတဲ့ စေတနာ နှင့် သံယောဇဉ် ကို အသိအမှတ်ပြုပါတယ် ။

      ” အဟံ အကျွန်ုပ် ဘဒ္ဒန္တ မိုက်ကယ်ဂျော်နီအောင်ပု တစ်ဖြစ်လည်း မိုက်ကယ်ဂျော်နီချီးဘတ် အား
      ဂျော်နီလမ်းလျှောက် ခပ်ကြီးကြီးတစ်ပုလင်း အလကားမတ်တင်း ရရှိခြင်း အကြောင်းသည်
      ဟောတု ဖြစ်ပါစေသတည်း ”

      ကိုရင်အောင်ပု ရန်ကုန်ကိုလာလို့ ၊ အဘ လည်း ရန်ကုန်မှာရှိရင်တော့ ၊
      ဂျော်နီလမ်းလျှောက် or ချီးဘတ် နှင့် ပြုစုဖို့ ကတော့
      အဘ လှိုက်လှိုက်လဲလဲ တာဝန်ယူချင်ပါတယ်ကွယ် ။

  • hmee

    January 5, 2012 at 2:58 pm

    ကိုရင်အောင်ပု ကွန်မန့်တွေကို သေချာ လိုက်ဖတ်မိရင် သူ့စေတနာကို သိသာပါတယ်။ သူကဆဲသင့်မှ ဆဲတာပါ။ ကျွန်မ ရွာထဲ မန်ဘာ မဝင်ခင်ကတည်းက ကိုအောင်ပု၊ ကိုကြောင်ကြီး၊ သဂျီးတို့ ကွန်မန့်တွေ အမြဲ သတိထားပြီးဖတ်တယ်။ နောက်ပိုင်း ကိုရင်နီဂိမိ ကွန်မန့်တွေပါ ဖတ်တယ်။ ရိုင်းတော့ ရိုင်းပေမဲ့ သူများနဲ့ မတူတဲ့ အတွေးတွေ ကိုယ်မသိသေးတဲ့ ပညာတွေပါလို့ပါ။ နောက်ပိုင်း ကိုသစ်မင်း၊ ကိုနိုဇိုမီ၊ မောင်မောင်ဂီဂီတို့ ကွန်မန့်ဆို မလွတ်တန်းဖတ်တယ်။ ကိုအောင်ပုက တခါတလေ ကိုယ်စိတ်ထဲမှာ ဘဝင်မကျတာကို ကိုယ့်ကိုယ်စား ဝင်ပြောပေးသလိုတောင် ထင်မိတယ်။ ကျွန်မ ပို့စ်တွေဆို ကိုရင်အောင်ပု တယောက် အမြဲတန်း မပြတ်မကွက် ကွန်မန့်ပေးပါတယ်။ ဒါပေမဲ့ တခါမှ ရိုင်းပြတဲ့ စာသား မပါဘူးဖူး။ သူက ရိုင်းသင့်မှ ရိုင်းတယ်လို့ ကျွန်မတော့ ယူဆတာပါပဲ။ ရွာတရွာမှာ ရွာကို ကာကွယ်ပေးတဲ့ စည်းရိုးလိုသလို ကိုအောင်ပုက ဂေဇက်ရွာကို ကာကွယ်ပေးနေတဲ့ ဆူးတွေပါတဲ့ စည်းရိုးလို့ ကျွန်မတော့ ထင်တာပဲ။ ဒါကြောင့် ကိုအောင်ပုရဲ့ စေတနာပါတဲ့ ဆဲခြင်းကို အပြစ်မမြင်ကြပါနဲ့လို့။

  • char too lan

    January 5, 2012 at 3:02 pm

    ကတောင်~ တောင် ~ တောင် ~ အတူ~ တန့် ~
    တန့် ~ အတန် ~ အတန့်~ အတန် ~ အတူ ~ အတူ ~
    ကတောင် ~ ကတောင် ~ ကတူ ~ တူ့ ~ တူ ~ တန် ~ တန် ~ ~ ~ ~
    (ခြစ်ရို့စဒါနော် စိတ်ဆိုးနဲ့) 😛

  • ငပေါက်ဖော်

    January 5, 2012 at 3:13 pm

    လိမ်မာစမ်းဘာ ဘုရယ်..လိမ်မာစမ်းပါဘုရဲ့

  • pooch

    January 5, 2012 at 3:35 pm

    ဘပုက ချစ်လို့ ဆဲတာ ကို ခွင့်လွှတ်ပြီးသား ဘယ်တုန်းကမှ အပြစ်မမြင်ပါဘူး… မမှီပြောသလို သူဆဲသင့်တယ်ထင်မှ ဆဲတာပါ (အကျိုးရယ် အကြောင်းရယ် တိုက်ဆိုင်လာလို့ ဆဲတာပါ) .. ကျမစာကိုလည်း ဘယ်တုန်းကမှ မဆဲဖူးဘူး ……

    မှန်တာပြောရရင်သူဆဲထားတဲ့ စာကိုဖတ်ပြီး ကြိတ်ပြီးဝမ်းသာခဲ့ရတဲ့ စာတွေတောင်ရှိတယ် :mrgreen:
    ဘာလဲလို့တော့ မမေးပါနဲ့ …. မဆဲရဲတဲ့ မဆဲဝံ့တဲ့ ကျမလို ကောင်းချင်ယောင်ဆောင်ထားရတဲ့ သူအတွက် ကိုယ်စားဆဲပေးနေတာပါ…….

    သူ့ဘာသာသူ ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု ပဲဖြစ်ဖြစ် မိုက်ကယ်ဂျော်နီချီးဘတ် ပဲဖြစ်ဖြစ် မာမီပုပဲဖြစ်ဖြစ် ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ ဒီရွာထဲ မှာတော့ ဦးကြောင်လို့ မရှိမဖြစ်စာရင်းထဲမှာတော့ ဘပုလည်း ပါတယ်…

    ဒီရွာမှာ ဘပုမရှိလို့ မဖြစ်ပါဘူး…….

  • ဆူး

    January 5, 2012 at 4:17 pm

    ရွာထဲမှာ စာရေးစာဖတ် သက်တမ်းကြာလာတာနဲ့ အမျှ တယောက်နဲ့ တယောက် မမြင်ဖူးရင်တောင်မှ အသုံး အနှုန်းက ဘာကို ဆိုလိုသလဲ ဆိုတာ နားလည် မိတယ်လို့ ထင်တာပဲ။

    မကောင်းပြောတာနဲ့ မကောင်းအောင် ပြောတာနဲ့ မတူသလိုပါပဲ။

    တခါတရံ မမပု ဖြစ်ပြီး တခါတရံ ဟိတ်ကြီးဟန်ကြီးနဲ့ ဘဂျီးပု လေသံ ဖမ်းပြီး ဆဲတတ်တာက လွဲရင် အဆင်ပြေပါတယ်။

    စာရေးကောင်းတဲ့ သူ တယောက်လည်း ဖြစ်ပါတယ်။
    ကမာ္ဘကို တုန်လှုပ်စေမဲ့ ကိုယ့်တွေ့ ဖြစ်ရပ် ဆိုတဲ့ ပိုစ်ကတည်းက မှတ်မှတ်ရရ ဖြစ်နေခဲ့ပါတယ်။

    ဒီရွာထဲက နာမည်ကြီးထဲက တယောက်ပါပဲ.. စတိုင်ချင်းမတူပေမဲ့ သူ့နည်းသူဟန်နဲ့ နာမည်ကြီးနေတာပဲ ကွာတယ်လို့ မြင်မိတယ်။

    ဆူး နဲ့တော့ စနောက်ပြီး ပြောကြဖူးတာ ရှိပေမဲ့ နင်ဟဲ့ ငါဟဲ့ မုန်းလည်း မမုန်းဘူး အခင်အမင်လည်း မပျက်ဘူး.. ဒါကတော့ ဆူး ဘက်က စိတ်ထင်တာ ပြောပါတယ်။

    အဆဲတဖက်ပါတာတော့ မကောင်းတာ မှန်ပါတယ်။

    သဂျီးအပြော အတိုင်းဆိုရင်တော့ ရွာကနေ မြို့ဖြစ်ပြီတဲ့ လာကြည့်တဲ့ လူတွေ မန်ဘာတွေ များလို့ ပြောဖူးပါတယ်။ ရွာအနေနဲ့ တွေးကြည့်မယ် ဆိုရင်တောင် ရွာတွေမှာ ကာလသားတွေ ရှိတတ်ပါတယ်။
    ထန်းရေမူးနေတဲ့ ကာလသားတွေလည်း ရှိပါတယ်။ ပေါက်ကရ လျှောက်ပြောမယ်။
    ရွာဦးကျောင်းမှာ ဆွမ်းချိုင့် ပို့တဲ့ ဘုန်းကြီးကျောင်းသားလည်း ရှိတတ်ပါသေးတယ်။
    ညည အလစ်မှာ ခြံထဲက ကြက်နဲ့ ကြက်ဥ လာခိုးပြီး ချက်ပြုတ်စားပြီး အရက်သောက်တတ်တဲ့ ကာလသားလည်း ရှိပါလိမ့်အုန်းမည်။
    ဘယ်သူကိုမှ ဗိုလ်မထားတဲ့ ရွာသားမျိုးလည်း ရှိချင် ရှိပါလိမ့်ဦးမယ်။
    ပညာကျော် ပညာရှိ တရွာလုံးရဲ့ အတိုင်ပင်ခံ အမတ်ကဲ့သို့ လူမျိုးလည်း ရှိချင်လည်း ရှိပါလိမ့်ဦးမည်။
    ထန်းရေလေး တမျှမျှ တွေ့သမျှ အကုန်ဆဲတဲ့ ကာလသားလည်း ရှိပါလိမ့်ဦးမည်။
    ဘယ်သူတွေ ဘယ်လို ဆိုးဆိုး.. ထိပ်တုံး ရှိတဲ့ သဂျီး ကိုတော့ ကြောက်သင့်ပါတယ်။
    သဂျီးကိုမှ မကြောက်ရရင် ဒီရွာကြီးဟာ မင်းမဲ့ တိုင်းပြည်လို့ အများပြောသလို လူတကာ ဗိုလ်တွေ ဖြစ်ကုန်လိမ့်မယ်လို့ ယူဆပါတယ်။

    ဘာကိစ္စ ဖြစ်ဖြစ် စနစ်တခု စည်းမျဉ်းတခု ရှိမယ် ဆိုရင် အဲဒီ အတိုင်း မြောင်းထဲက ရေလိုပဲ ရေမှန်သမျှ တည့်တည့် သွားသင့်တယ်။ ပေးလွတ်တာ များသွားလို့ နည်းနည်း လျံတာ များပြီး ဘေးပြန့်ရင် ရေကာတာ ကျိုးလို့ လူတွေ စိတ်ညစ်ရသလိုမျိုးဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်။
    ရေသိပ်များလို့ ရေလျှံမှာ စိုးရင် ရေထွက်ပေါက်ကို ကျဉ်းလိုက်ပေါ့ ဟိဟိ.. လေကြီးလေကျယ်ပြောကြည့်တာ.. နောက်ဆုံးတော့ ပြသနာ အရင်းအမြစ်က သဂျီးပါပဲ..
    ဆဲလို့ တိုင်တဲ့ လူ ရှိရင် ဖျက်ပလိုက်ပေါ့ လွယ်လွယ်လေးကို.. ခက်အောင် လုပ်နေတယ်။
    တယောက်နဲ့ တယောက် မကျေနပ်လို့ ဖြေရှင်းလိုက် ပိုစ်တင်လိုက်နဲ့ ရွာစည်အောင် တမင်များ လွတ်ထားတာလား မသိပါဘူး။

    • thit min

      January 5, 2012 at 4:29 pm

      အဲဒီလို ထင်ရာကိုလွယ်လွယ်မလုပ်မှ လူကြီးပီသပါတယ်။
      အပြန်အလှန်ထိန်းညှိရတာမျိုးပေါ့။
      အမှန်ကတော့ ကိုယ့်တာဝန်ကိုယ်ယူရတာပါ။
      ဘယ်သူကမှဆရာမဟုတ်သလို ဘယ်သူမှလဲ တပည့်မဟုတ်တဲ့ ဒီနေရာမှာ
      ငါ့ဆိုဒ်ပဲ ငါထင်ရာ လုပ်မယ်ဆိုတာမျိုးမရပါဘူး။
      ဒါဟာ ရွာဆူတဲ့အဖြစ်အပျက်လဲမဟုတ်ပါဘူး။
      နားလည်မှုကို ညှိယူကြတာပါ။
      ကော်မန့်တွေမှာ စေတနာပါတဲ့သူတယောက်ကို လူတွေဘယ်လောက်ချစ်ခင်ကြတယ်ဆိုတာ
      ဒီနေ့ဒီနေရာမှာ ဥပမာလေး ကြည့်ရအောင် “ပြ” ပေးလိုက်ခြင်းပါ။

  • nozomi

    January 5, 2012 at 4:42 pm

    ဒီ ပို့စ် တစ်ခုနဲ့ တင် ကျွန်တော် ဒီရွာသားဖြစ်ရတာ တန်ပါပြီ
    ဒီ ပို့စ် တစ်ခုနဲ့ တင် ကျွန်တော်တို့ ရွာ ကိုသစ်ကို အရတော်လိုက်တာ ဆိုတဲ့ စကား ထပ်ပြောချင်ပါတယ်

  • amatmin

    January 5, 2012 at 5:14 pm

    ဆရာသစ်ရေ..
    အကို့ ရဲ့ ထားတတ်တဲ့စေတနာကို အားကျစိတ်နဲ့ ဖတ်လဲဖတ်..မန့်လဲမန့်မယ်နော်..
    ဦးဇင်းပု အကြောင်းအများနောက် လိုက်ပြောရရင်တော့ ကျနော့် ကိုလည်း အမေ့အကြောင်း.
    ကွန်မန့်ကောင်းလေး ပေးဖူးတယ်ဗျ.. အဲလူကြီးက အဆဲကို ကျော်ပြီးကြည့်နိုင်ရင်အတော့ကို
    တော်တဲ့ လူကြီးဗျနော်..
    သူ့လို လူချစ်အောင် ဆဲတတ်ဖို့ ဘယ်လောက်တောင်လေ့လာရဦးမယ်မသိဘူး.. 🙂

  • MaMa

    January 5, 2012 at 5:53 pm

    ချာတူးလန် လား၊ ကင်း လား မသိဘူး ရေးဖူးတာက ….
    ရွာကို သဂျီးက အုပ်ချုပ်တယ်။
    သဂျီးကို ရွာသူ/ရွာသားကြီးတွေက အုပ်ချုပ်တယ် ဆိုပြီး ….
    ရွာထဲဝင်မယ့် ရွာသူားအသစ်တွေကို ရွာ့အထာကို ပြောဖူးတယ်။
    အဲဒီ ကြောင်ကြီးနဲ့ ဘကြီးပုတို့က သဂျီးကို အုပ်ချုပ်နေတယ် ဆိုရင်တောင် မမှားဘူး။ 😀
    သူတို့ရဲ့ စေတနာ သူတို့စာမှာ ပေါ်လွင်ပါတယ်။
    ဒါပေမယ့်…
    ဘကြီးပုရေ…
    နည်းနည်းလေးတော့ လျှော့ပါလို့…. 😀

  • blackchaw

    January 5, 2012 at 6:22 pm

    ဟေ့လူကြီးကိုအောင်ပု
    ကျုပ် ရဲ့ ကိုယ်တိုင်ရေးပုံတူ ပို့စ်မှာ
    ခင်ဗျား ကွန်းမန့် မရေးရသေးဘူးဗျ။
    လုပ်ဦးဗျ။ ခင်ဗျားကွန်းမန့် ကျုပ်ကမျှော်နေတယ်။
    ဟို ကောင်လေး အင်ဇာဂီလည်း ကွန်းမန့်မရေးသေးဘူး။
    ဟိုကောင်မလေး ——–လည်း ကွန်းမန့်မရေးရသေးဘူး။
    ဟိုကောင်ထီးကြီး ——–လည်း ကွန်းမန့်မရေးရသေးဘူး။
    ခုချက်ခြင်းကွန်းမန့်ရေးကြပါ။ ဒါဗျဲ။ ဗျန်းဗျန်းဗျန်း။

  • KING

    January 5, 2012 at 6:25 pm

    ပုပု ချစ်လို့ခေါ်တာ စိတ်ချိုးနဲ့
    လျှော့ လျှော့ …
    ပုဆိုးလျှော့သောက် … ခါးပတ်လျှော့သောက် … 😛
    ပုပု ထွက်ရင် ပုပုတို့ ဖြိုးတို့ကို ထောက်ခံတဲ့ လေဒီဂါဂါ မျက်နှာရှိသေးတယ်လေ
    ထွက်နဲ့ဗျာ
    ထွက်ရင် မတိုက်ဘူး ဒါဗျဲ … 😛

  • Khin Latt

    January 5, 2012 at 6:52 pm

    ဦးဇင်းလူထွက် ဘကြီးဘု ရှင့်- ကျွန်မ မလတ် လဲ ဘကြီးဘု ကို တစ်ခြားသူများကဲ့သို့ ပင် ခင်မင်ခဲ့ပါသည်။
    တီချာကြီး ပြောတာကို သဘောကျလွန်း၍ သာမာန် ပြုံးရုံမက အသံထွက် ၍ပင် ပြုံးမိပါသည်။
    ~~~~ တီချာလည်း သူ့ ကြောက်တာနဲ့
    အဝေးကလှမ်းမျှော်မျှော်ကြည့်နေတာ
    ဘတ်ထ်… သူမန်းထားရင် မဖတ်ဖြစ်တာမရှိဘူး။ ~~~~

    ကျွန်မ လဲ တီချယ်ကြီး လို ကြောက် ခဲ့သော်လည်း ဘကြီး စိတ်ကောင်းဝင်ချိန် jk ;-)မဝေ ရဲ့ Post မှာ တော့ ဘကြီးဘု ကို စကားပြောကြည့်ဘူးပါသေးသည်။ ပြန်ဖတ်ကြည့်ပါဦး။
    စကားပြန် မရလို့ နဲနဲတောင် အားငယ်သွားမိ ပါ၏။ 😀
    ဤကဲ့သို့ အလွန်ချစ်စရာကောင်း တဲ့ ရွာဓလေ့ လေးကို တွေ့ရ၍ ဤရွာသူ ဖြစ်ရသည်ကို အထူး ဂုဏ်ယူမိ ပါကြောင်း။
    ဤသို့ စရိုက်ပေါ်လာအောင် တူးဆွပေးနိုင်သော ဆရာသစ် ကို လည်း အလေးပြုလိုက်ပါသည်။
    ~~~~~~~~~~~~~~~~~~~~~~~~
    ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု says:
    ကမ်းရဲ့တစ်ဖက်က တောင်တန်းကြီးတွေက
    ကျုပ် ကြီးပြင်းလာရာ ဘီလူးကျွန်းကြီးဘဲ
    ရွှေဘိုမှာ မွေးပြီး ဘီလူးကျွန်းမှာအကောင်ကြီးလာတဲ့
    အဲ့သည် သံလွင်မြစ်ကြောင်းတစ်လျှောက် ကျုပ်ဘဝမှာရဲ့ မှတ်တမ်းတွေ များစွာရှိခဲ့ဘူးတယ်
    တစ်နေ့ ခင်ဗျားတို့ကို ကျုပ် ပြောပြနိုင်ဘို့ လက်ကြောတင်းကြည့်ပါဦးမယ်
    Khin Latt says:
    ဦးဘဇင်းကြီးရှင့် – ဘီလူးကျွန်း ဟာ ဆေးတန်ကောင်းကောင်း ထွက်တယ်လို့ တစ်ချိန်က နာမည်ကြီး တာ ကြားဘူးပါတယ်။
    ဦးဇင်း ရဲ့ ဘဝ မှတ်တမ်းများကို စိတ်ဝင်စားလှပါတယ်။
    ရွာထဲမှာ ဆွမ်း၊ ကွမ်း အဆင်ပြေရင်ဖြင့် အချိန်ယူပြီး ရေးပါလို့ တောင်းဆိုပါတယ်။
    စာကြွင်း – ဦးဇင်း ကို ပုံဖော်ကြည့်တာ ဆံပင်မရှိ၊ နက်ကတိုင် ပါ ရှပ် ကို ပုဆိုးကြီး နဲ့ တွဲမြင်ပါတယ်။ jk
    http://myanmargazette.net/90338/travel
    1-2-12

  • padonmar

    January 5, 2012 at 8:04 pm

    ပုပုက ရွာ့ခေါင်းလောင်းကြီးပါ(အိမ့်ဆည်းလည်းအဆင့်ထက်ပိုပါသည်)
    မရှိမဖြစ်ပု ဘာတွေစိတ်ကောက်နေတာလဲ၊ရွာထဲနှံ့နှံ့စပ်စပ် မလည်တာကြာလို့ မသိပါ၊
    ဘာဘဲဖြစ်ဖြစ် ပုပုအမြန်ပြန်လာပါ။

  • MaMa

    January 5, 2012 at 9:30 pm

    မင်္ဂလာအပေါင်းနှင့် ခညောင်းသော ရွာကြီးပါတကား……:)
    အဲဒီလို အကျိုးဆက်ရရှိအောင် သဘောထား ကြီးကြတဲ့
    FR ကိုရော၊ ကိုရင်အောင်ပုကိုပါ ကျေးဇူးတင်ပါတယ်။

  • naywoonni

    January 5, 2012 at 9:53 pm

    ပုပုေ၇………. ညည်းကလည်းညည်းပဲ…။ ဒါနဲ့ဘာကစဖြစ်တာလဲ ခုတစ်လောမဝင်ဖြစ်လို့ ဘာမှတောင်မသိလိုက်ဖူး……….။

  • nigimi77

    January 6, 2012 at 1:17 am

    ဟော့ခ်……..

    ဟို မင်းသားကြီးတွေ ဟို အဆိုတော်ကြီးတွေ သေတုန်းကလဲ အိုက်လိုပဲ

    ဝိုင်းပြီး အိုက်လို တစ်ယောက်တစ်ပေါက် ဆွေမျိုးစပ်ကြတယ် ။

    သေမှ အကောင်းပြောတာ လူ ့သဘာဝပဲ ။

    ကိုရင်ဘု ရေ ။ ငေါက်ကနဲ ထထိုင်လိုက်ဇမ်းဘာ ။

    တော်သေးဘီ ။

    ဒါဗျဲ ။ ဗျန်း….ဗျန်း…..ဗျန်း…..

    ………………………….

    ဟီးးးးးးး………..အထက်က ဆြာ ဆြာမ အားလုံးကို ခင်ထှာ ။

    ဟို ဇိမ်ဘုန်းဂျီး လက်သစ်…….နင့်……စီးတော်လား ခဏ ငှားဇမ်း…..။

    ဒက်ဂလောက်………….. ဒက်ဂလောက်……………… ဒက်ဂလောက်

  • True Answer

    January 6, 2012 at 7:44 am

    မိုက်ကယ်ဂျော်လနီ ချီးအောင်ဘတ်ပု ဆိုရင်ပိုမကောင်းဘူးလားဗျာ။

    ဘဘကြီး FR ရော – ကိုပု ရော နားလည်ခွင့်လွှတ်မှုတွေနဲ့
    ရွာအတွက် အင်မတန်မှ မင်္ဂလာတပါး ပါပဲ။

Leave a Reply