ကျနော် သည်ရက်ပိုင်းမအား ။၃ရက်နေ့က စပြီး မအား .. သို့သော် ယခုစာ ကို အိပ်ချိန်ထဲမှ ရေးဖြစ်လိုက် ပါသည်။
ရွာထဲတော့ စာဝင်ဖတ်ဖြစ်သေးသည်။ သို့ရာတွင် ကောမန့် တခုမှ ၀င်မပေးဖြစ်ပါ။ စိတ်ဝင်စားဖွယ်ကောင်းသော
ပို့စ်များ ၀င်ရောက် ဆွေးနွေးလိုသော စာစုများ တပုံတခေါင်း .... နှစ်အသစ်မှာ မိတ်ဆွေတွေရဲ့ ကြိုးစားအားထုတ်မှုကို
အားမပေးနိုင်ခဲ့တာ ကျနော့ ပျက်ကွက်မှု ....


သည်ရက်ပိုင်း ကျနော့် ပန်းသီး ပိုစ့်တွင် လူသစ် ၂ယောက် ကောမန့် အသစ် ၂စုံ စီနှင့် ကျနော့်ကို သမထားတာလည်း
တွေ့ပါသည်။ မတုံ့ပြန်နိုင်ခဲ့တာ စိတ်မကောင်းပါ။ စိတ်မကောင်းဘူးဆိုတာ
၁။ ကျနော် ဘာဆိုလိုသည်ကို သဘောမပေါက် သောကြောင့်။
၂။ ကျနော် မှားတယ် ဆိုပြီး ထောက်ထားသော အချက်များသည် ပင်လျင် မှားယွင်းနေသောကြောင့်
၃။ ကျနော့် ကို စွပ်စွဲ ပုတ်ခတ်ထား သမျှတွေကြောင့် ...



သည်တော့ နည်းနည်း ပြောပြပါမည်။ ကျနော် နှင့်ပန်းသီး အကျိုးပေးပုံတွေအကြောင်း။
ကျနော့် ရည်းစားဦး သည် ပန်းသီး ဖြစ်၏။  Macintosh ကို စတင်ကိုင်တွယ်ခဲ့ဖြစ်သည်။ အလယ်တန်းကျောင်းသားဘ၀ က
ဆိုပါတော့။ ကျောင်းမှာ ကျနော် ပန်းချီရေး၏။ Windows 95 ပေါ်မှ MS Paint ထက် အစစ သာလွန်သော Macintosh
paint brush ကို ကျနော် အလွန်နှစ်သက်မိပါသည်။ အမှတ်မမှားလျင် Macintosh G3 လေးတွေ ဟုထင်၏ ။
ကျောင်း လိုဂိုလေး ဆွဲ presentation လေး လုပ် ဟုတ် တုတ်တုတ်ရယ်။ iMac G3 လေးတွေ ထွက်လာတော့
တိုင်ပတ်ပြီ ..... ထိုစဉ်က ကျနော်လည်း coding စစမ်းနေပြီဖြစ်သည်။ Pentium III 450MHz ပြောင်းသုံးဖြစ်၏။
မှတ်မှတ်ရရ ကျနော် ထိပ်ဆုံး ရေးဖြစ်တာက Microsoft Frontpage။ သည်လိုနှင့် အထက်တန်းကျောင်းသားဘဝ
တွင် ကျောင်းစာ သင်ထောက်ကူပြု multiple-choice question တွေ မေး၊ ဖြေ၊ စစ်၊ အောင်ရှုံး ဆုံးဖြတ်။ သည်
programလေးတွေ ရေးသားပေးခဲ့ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျနော် အရေးများခဲ့တာ physics ဘာသာအတွက်ဖြစ်၏။

တောက်လျောက် ကျနော် IBM နှင့် Dell သုံးလာခဲ့၏။ တက္ကသိုလ်ဝင်တန်းအပြီးတွင် ကျနော် C နှင့် Java ကို
ဆက်လက်လေ့လာဖြစ်သည်။ တချိန်တည်းမှာပင် Frontpage ၏ ညီငယ်ဟု ဆိုနိုင်သော VB 6.0 ကိုကျနော်
ဆက်ရေးနေပြီဖြစ်သည်။ ထိုစဉ်က ကျနော် ရည်းစားဦး ကို မေ့နေပြီ ဖြစ်သည်။ iPod Classic စထွက်လာသည်
nano.. shuffle စသည်ဖြင့် စသည်ဖြင့် ...iTunes နှင့် Quicktime အသံပြန်လည် ကျယ်လောင်လာသည်။
iMac တွေဘက် ကျနော် ပြန်လှည့်ကြည့်မိသည်။ ကျနော့် developer ဘ၀တွင် ရည်းစားဦးကို လုံးဝ လှည့်ကြည့်
လို့ မရပါ။ အဘယ်ကြောင့်ဆိုသော် ကျနော် ထိုပေါ်တွင် user သက်သက်သာ ဖြစ်မည်။ လုံးဝ productivity ဆုံးရှုံးမည်
ဖြစ်သည်။ 



ကျနော် အလုပ် မ၀င်မီ .Net Framewrok လေ့လာ၏ ။ .Net 2.0 တောက်လျောက်ရေး၏။ ရှေးရှေးတုန်းက system
များ mantenance လာအပ်သည့်အခါ VBA (VB5.5) ပြန်ဖတ်ပြီး ရေးပေးရ၏။ ကျနော်လုံးလုံးလျားလျား .Net
ပေါ်က မဆင်းတော့။ Oracle 10g နှင့် VB.Net 2005 ကို ၂နှစ်လောက်ဖြတ်သန်းရ၏။ Developer မို့ Java ကို
နှစ်သက်သော်လည်း လက်တွေ့ဘ၀တွင် ဇောင်းပေးခဲ့သည်မှာ Productivity ။ ကျနော်တာဝန်ယူသော development
team သည် .Net team အဖြစ် ရပ်တည်ခဲ့သည်။ ကျနော်တို့ Struts တွေ PHP တွေ လက်ရှောင်၏။ (ကျနော် လုံးဝ
PHP မတတ်ပါ။ PHP သည်ခုနောက်ပိုင်း အလွန်အားကောင်းလာ ...productivity ဖြစ်လာသော်လည်း
ကျနော် မလေ့လာဖြစ်တော့....) ကျနော် management ဘက်ကို ရောက်သွား လို့ ဖြစ်သည်။ ကျနော် PMBok သုံးရ၏။
မကြာခနလည်း ပြန်နွေးရသည်။ ကျနော် PM Charter, Kaminari Sen တွေသုံးသည်။ WBS တွေ ဆွဲသည်။
Development side ၏ PM ပုံစံသည် PMအပြည့်အ၀ မဟုတ်ပေ။ Schedule Mgmt: နှင့် HR Mgmt: ဘက်သာ ပိုနီးသည်။

ကျနော် ကိုယ့်ပိုက်ဆံနှင့်ကိုယ် နှစ်ပေါက်အောင် Marketing Management ဖတ်သည်။ ရုံးမှ Branding ကိစ္စတွေ
တာဝန်ယူသည် ။ တခါတလေ Internal Branding ကိစ္စတွေပါ၏ ။ ဒါ အတော်ခက်ပါသည်။ Marketing နှင့် HR
ကြားမှ hybrid subject ဖြစ်သည်။ ၁နှစ်ခန့်ကြာသည်။ ထို့နောက် ကျနော် transfer ဖြစ်သည်။
ထို့နောက် ကျနော့် အလုပ်ပုံစံ လုံးလုံး ပြောင်းလဲသွားသည်။ ကျနော့်မှာ အလုပ်တာဝန် အဓိက ၂ခုဖြစ်၏
၁ခုက trend တွေကို ဇောင်းပေး လေ့လာရခြင်း။
 နောက်၁ခုသည် ရန်ကုန်ရုံးနှင့် ချိတ်ဆက်ပြီး တာဝန်ခံ အဖြစ် ဆောင်ရွက်ရခြင်း။
၂၀၁၁ တွင် ကျနော် Mac Book Pro ၁လုံး ပိုင်ဖူးသည်။ (ကျနော်လေးစားရသော IBM consultant တယောက်
လက်ဆောင်ပေးခြင်း ဖြစ်သည်) ကျနော် မသုံးဖြစ်တာများပါသည်။ အချို့သော testing များမှ လွဲလျင်
ကျနော့် Dell ပေါ်မှာ သာ အနေများ၏။ ကျနော်က အိမ်သုံးဆိုလျင် Latitude series မှသည် ယခု Studio series
အထိ တောက်လျောက် သုံးလာဖြစ်သည်။ ရုံးသုံးကတော့ IBM Think Series ပေါ့ ... ယခုတော့ Lenovo Thinkpad
များ...ဒါကျနော့် ဖြတ်သန်းမှု တစိတ်တဒေသ ဖြစ်ပါသည်။
ကဲ သည်လောက် ပြောပြပြီးပြီ ဆိုရင် ကျနော့် ဖြေရှင်းချက် စမည် ဖြစ်သည်။
၁။ မောင်ဝေဖြိုး သို့
>>>ပော့ကောင် မင်းapple ကိုဖဲ့ချင်၇င် apple product သုံးနိင်အောင်ပဲအ၇င်ကြိုးစားလိုက်အုံး
>>>မင်းအဘmp3ဆိုတာသီချင်းပဲနားထောင်လို့၇တာ မင်းလိုငမွဲကြိုက်၇င်တော့မပြောတတ်ဘူးပေါ့ကွာ
>>>user တွေကိုတော့မစော်ကားနဲ့ပေါ့ကွာ အဆင့်၇ှိ၇ှိနေစမ်းပါ
ကိုယ် မချမ်းသာပေမယ့် မမွဲပါဘူး ညီလေး ...ကိုယ်ပိုင် ဓါတ်ပုံအလုပ် အတွက်ကလွဲရင် ကိုယ့်မှာ
computer ပစ္စည်း ၀ယ်စရာမလိုတဲ့ အနေအထား တခုမှာ ရှိတယ်ကွာ။ mp3 သီချင်းပဲနားထောင်တဲ့ ကိစ္စက
ကိုယ့် စာကိုပြန်ဖတ်စေချင်တယ်ကွာ။ Copyright ဆိုတာကြီးကို ဂရုပြုပြီး iTunes ကနေ အမှန်အကန်
ဝယ်နားထောင်တဲ့ လူတွေကိုတော့  အလေးပြုတယ်ကွ ...။ စာထဲမှာ ဆိုခဲ့သလို ကြွားချင်ဝါချင်လို့ ၀ယ်ကိုင်
တဲ့လူတွေကိုတော့ သနားတယ်ကွာ ...။ user တွေကို မစော်ကားပါဘူးကွာ ... user တွေကို သရုပ်ခွဲကြည့်တာပါ...
Apple သုံးတဲ့ ...တကယ် တော်တဲ့ လူတွေ တွေ့ဖူးတယ်ကွ ...ဒါပေမယ့် တချို့ကတော့ ညီ့လို ချာတိတ်တွေကွ ...
ပန်းသီးထိ ဓါးကြည့်လေးတွေ...
(ဆက်မယ်နော့ ညီ့နောက်ထပ် comment တခု..)

>>>တော်တော်အသုံးမကျသောအတွေးခေါ်ပာုကျွန်တော်ထင်ပါသည်။
ဒါ ကတော့ မင်းရဲ့ ကိုယ်ပိုင် အမြင်ပါကွယ် ... မဝေဖန်လိုပါ...
>>>Apple သည်လက်၇ှိအချိန်ထိအောင်မြင်မှူအပေါင်းသ၇ဖူဆောင်းနေဆဲဖြစ်ပါသည်။
မငြင်းပါဘူးကွ ...ခုကနေ ဘာဆက်ဖြစ်နိုင်တယ် ဆိုတာပဲ ရေးထားတာ ...သေချာပြန်ဖတ်ဦးနော..


>>>ဘာကြောင့်နည်း အဘယ့်ကြောင့်နည်း……..?လူတိုင်းသိပါသည် apple product
>>>များအားသာချက်ကိုပြော၇လျှင် ၁၀၇က် ၁၀လီကြာသွားနိုင်ပါသည်။အထက်ပါpost
>>>မှာလည်းနိင်ငံခြားweb site တခုမှ apple အတိုက်ခံများေ၇းသားသွားသည်ကို ဘာသာ
>>>ပြန်ကော်ပီကူးချပြီး ဆ၇ာကြီးလုပ်သွားသည်မှာ computer programmer များအဖို့၇ယ်
>>>စ၇ာကြီးဖြစ်နေပါသည်(တမျိုးပြော၇၇င်ငပေါကြီးပေါ့ကွာ)။Apple အကြောင်းသုံးဖူးသူတိုင်း သိပါသည်။
ကူးချထားတယ် ထင်တဲ့ ညီလေးရေ .. လင့်ခ် လေး တဆိတ်လောက် မစ ပါကွာ ..
copy/ paste ဆိုရင် လွန်ခဲ့တဲ့ ၂လလောက် ကတည်းက သဂျီး ကိုယ့်ကို သမ ပီပေါ့ကွာ ။
programmer တွေအတွက် ရယ်စရာ ဆိုတာ ဟုတ်လိမ့်မယ်ကွ ... ကိုယ်ရေးထားတဲ့အထဲမှာ
သမိုင်းတွေ ပါတယ် trend တွေပါတယ် market သဘောတရားတွေပါတယ်..စီးပွားရေး သဘောတရားတွေပါတယ်...
typical programmer တယောက်အတွက် သိပ် မနီးစပ်တဲ့ အရာတွေပါကွာ ...


>>>၁.”i-cloud အား i-deivce များအတွက်သာဖြစ်သည်မှာစိတ်ပျက်စ၇ာကောင်းသည်”ပာုေ၇းသားချက်မှာ
>>>၇ယ်စ၇ာအကောင်းဆုံးဖြစ်ပါသည်။i-cloud အားမကြာသေးမှီအချိန်မှစတင်ခဲ့ပြီးfinancial အ၇ဒေါ်လာ
>>>၃.၇ဘီလျှံကုန်ကျခဲ့ပါသည်။Apple စေတနာပာုပြောနိုင်ပါသည်။ ထိုသို့service များသင်တို့တွေ့ဖူးပါလား
Apple ရဲ့ စေတနာ လို့ မပြောနဲ့ ဦးကွ ။ Apple က NGO မဟုတ်လို့ပဲ ...
မျက်လှည့် ကြည့်ရသလိုပဲ ကွ ...what lies beneath ကို သိရင် အံ့သြစရာမဟုတ်တော့ဘူး...
တကယ် ပညာလည်း ရတယ်ကွ ... ရှာဖတ်ကြည့်ပါကွာ ...သည် အဆင် နဲ့ သည်အဆင်...
စကားမစပ် တခြား cloud တွေအကြောင်း ..ဖတ်ချင်ရင်ပြောကွ ...ကိုယ် လွန်ခဲ့တဲ့ ၆လက စမ်းဖူးတဲ့
IBM Cloud service တခု အကြောင်းပို့ပေးမယ်..
>>>nokia အပါအ၀င်အခြားsmart phoneများဝေးစွ။ထိုသို့အကုန်ကျများစွာကုန်ခံထားသည့် service ကို
>>>apple လောက်မစွမ်းဆောင်နိုင်သည့် smart phone များကapproach မလုပ်နိုင်ပါ။သို့သော် သင်က
>>>အထက်ပါအတိုင်း စိတ်ပျက်စ၇ာပာုထင်ပါက သင်ကိုယ်တိုင်သိန်း၇ာချီကုန်ခံပြီးဖွင့်ထားသည့်အင်တာနက်ဆိုင်
>>>ကိုလာလာ အလကားသုံး ကျ ပာုသင်ပြောနိုင်ပါသလား။အပာတ် …… i-cloud က dollar ၃.၇ billion နော်။
iCulture က platform ကိစ္စဖြစ်သွားပြီ ညီရဲ့ ...အလွယ်လေး တစ်ခုပြောပြမယ်ကွာ ...platform ဆိုတာ
အကုန်ဖွင့်ထားရင် ပိုက်ဆံမရဘူး ..အကုန်ပိတ်ထားပြန်ရင်လည်း sustainability မှာ ပြဿနာရှိတယ်ကွ...
ရှေ့က case studies တွေ အများကြီး ရှိခဲ့ဖူးတယ်....ကြုံရင် ပြောပြပေးမယ်နော...
>>>2.”ဘာမှ access လုပ်လို့မ၇ ဘဲ i-pod ကိုင်ပြီးကြွားလုံးထုတ်နေတဲ့လူတွေကို၇ယ်ချင်ပါတယ်တဲ့” ကျွန်တော်ဖတ်ပြီး
>>>၇ီမိသည်မှာကျော့တောင်အောင့်ပါသည်။စာေ၇းသူက မသုံးဘူးပဲ ၇မ်းေ၇းလိုက်သည်နှင့်တူပါသည်။မြန်မာပြည်
>>>တွင် wi-fi free zone များပေါ်ပေါက်လာသည်ကို ထိုဆ၇ာကြီးမသိ၇ှာနှင့်တူပါသည်။i-pod internet access
>>>လုပ်နှုန်းမှာ တခြားsmart phone များနှင့်မယှဉ်ပါနဲ့အုံး computer ထက် ၂ဆမြန်ပါတယ်။ကွန် စုတ်တဲ့burmaပြည်နဲ့ကွက်တိပါပဲ၊၊ 
အေးကွ ..ကိုယ် စာရေးတာ နည်းနည်းလို သွားကောင်း လိုသွားလိမ့်မယ်..ကိုယ်က အကြောင်းတခုကြောင့်
3GS နဲ့ 4G ၂ သုံးဖူးတယ်ကွ ...တခုမှ ၁နှစ်ထက် ပို စာချုပ် မဆက်ဖြစ်ခဲ့ဘူးကွ ...။ မင်းပြောတဲ့ ကောင်းတဲ့
အချက်တွေ ရှိတာ အမှန်ပဲကွ ... ၂ဆ မြန်တာတော့ ကိုယ်လည်း မသိဘူးကွ ...
ဘယ်အချက်ကို ကြည့်ပြီးတော့များ ၂ဆ မြန်တယ်ပြောပါလိမ့် ...
802.11b/g/n Wi-Fi (802.11n 2.4GHz only) လို့တော့ ရေးထားသားကွ ....


>>>internet သုံးလို့၇တယ်/comand and conquer လိုဂိမ်းကြီးကိုတောင်တချက်မထစ်ပဲဆော့လို့
>>>၇တယ်။အသုံးဝင်တဲ့applications များစွာကိုတချိန်ထဲသုံးလို့၇တယ်။VZO ထက်ကောင်းတဲ့ face time နဲ့မျက်နှာပါ
>>>မြင်ပြီးချက်လို့၇တယ်။you tupe/facebook/အကုန်သုံးလို့၇တယ် i map သုံးပြီးမြေပုံ၇ှာလို့၇တယ်။လက်နဲ့တချက်
>>>မထိတထိတို့တာနဲ့ ဘယ်smart phone နဲ့မှာမယှဉ်နိုင်တဲ့ interact system ဒါတွေတင်မပြီးဘူး လက်သည်းခွံ၇ဲ့လေး
>>>ပုံတပုံ camera လေး၇ဲ့ resolution က panasonic အိမ်သုံးcamera ထက်တောင်လွန်နေပြီ။ကျွန်တော်ေ၇းသားခဲ့သည့်
>>>အားသားချက်မှာအနည်းငယ်မျှသာဖြစ်ပါသည်။ဒါတောင် i pad တို့ i phone တို့မပါသေးပါ။


အထက်ပါ ကောင်းပါသည် ဆိုတဲ့အချက်တွေအတော်များများ လက်ခံတယ်ကွာ
ကိုယ်က ၁နှစ်လုံး Fifa 2011 ကန်ခဲ့တဲ့ကောင်ပါကွာ ...(၀ယ်ကန်တာနော် ညီလေး ...ကိုယ် ထောင်မဖောက်ဘူး..အကုသိုလ်များလို့ ....)

ကင်မလာ အကြောင်းတော့ ပြောချင်သေးတယ်ကွ .....
သာမန် အိမ်သုံး ကင်မရာ ထက် သာတယ် လို့တော့ အလွယ် ရမ်းမပြောစေချင်ဘူးကွာ...
Casio က Exilim ဆိုပြီး ထုတ်တယ်ကွ ..Sharp က IS series တွေ ထွက်တယ်ကွ...
Coolpix တွေကို Nikon က ဖုန်းလုပ်ပစ်တယ်ကွ ... ခုနောက်ပိုင်း CMOS sensor နဲ့ကင်မလာဖုန်းတွေ ထွက်ပြီ ညီရေ့ ....

>>>ဒါကို apple i-pod နှင့် mp3 ယှဉ်ပြီး mp3 ထက်ဈေးအများကြီး ကြီးပြီး function မစုံ ဆိုတဲ့စာသားတွေ့သွားတော့
>>>သြော်ဒီလို ဘုမသိ ဘမသိ ကိုယ်မသိတိုင်း သူများမသိဘူးထင်ပြီး internet ပေါ်တက် အ၇ှက်မ၇ှိ လျှောက်ေ၇း
>>>လက်ဆော့ ဆ၇ာကြီးလုပ်တဲ့လူတွေကြောင့် မြန်မာပြည်ကြီးမတိုးတက်ပဲ နိုင်ငံတကာက ငပေါတွေလို့သတ်မှတ်နေ
>>>တာပဲကိုလို့တွေးမိပါသေးတယ်။ဒါတောင် technical point of view လို့ေ၇းထားတော့ ပာား ပာား ပာား ပာား 
>>>ပာုအော်၇ီမိပါသည်။
ရီပေါ့ကွာ ... ကိုယ့်ပါးစပ်နဲ့ကိုယ်ရီတာပဲ ... ဖန်ရှင်မစုံဘူး လို့ ကိုယ်မရေးဘူးနော ....လိုကယ်လ်
အနေအထားနဲ့ ဖန်ရှင် အစုံသုံးမရတာကို ပြောတာ ... .. ဖန်ရှင်အစုံ သုံးမရလျက်နဲ့ အဆိုပါ ဖန်ရှင်တွေအတွက်ပါ
ထည့်ပြီး charge လုပ်ခံရလို့ ဈေးများနေတယ် ... ၀ယ်ရမှာ ...ကိုက်ရဲ့လား ..ဒါလေးတချက်ပဲ ပြောခဲ့တာမဟုတ်လားကွာ
သေချာဖတ်ပါကွ...ကိုယ်လျောက်ရေးလို့ ဗမာပြည်ကြီး ငပေါတွေလို့ အပြည်ပြည်ဆိုင်ရာ က သတ်မှတ်တာ မသတ်မှတ်တာ
တော့ မသိဘူးကွာ ..မင်း သည်လိုတွေးတာ တော့ စိတ်မကောင်းဘူးကွ ....

>>>၃.လူတော်တွေကတောင် master inventor ပာု Steves ကိုသမုတ်ခဲ့ကြပါသည်။ပာုတ်ပါသည်။မှန်ပါသည်။လူတိုင်းက
>>>ထိုသို့ပင်သတ်မှတ်ကျပါသည် စာဖတ်သူမသိသေးလျှင် Steves ၇ဲ့ personal biography ကိုမွှေနှောက်နိုင်ပါသည်။
>>>သင်လက်ဖျားခါသွားပါလိမ့်မည်။ကျွန်တော်ပြောနေလျှင် အထက်ပါစာေ၇းသူတိုင်း လက်ဆော့ေ၇းနေမည်ပာုအထင်ခံ
>>>၇မှာစိုးလို့မေ၇းတော့ပါ။အ၇ိုးဆုံးတခုပြော၇လျှင်ယခုသင့်လက်ထဲတွင်ကိုင်ထားသော mouse မှာ Steve၇ဲ့တီထွင်မှူထဲက
>>>အသေးဆုံးပါ။mouse မ၇ှိသောလောကကိုသင်စဉ်းစားဖူးပါလား………………?
ညီလေး ...invention နဲ့ innovation ဘာကွာလဲ သိလားကွ .... မသိသေးရင် စာရှာဖတ် ..ကိုယ်လည်း
မင်းအရွယ်လောက်တုန်းကမသိခဲ့ဘူးကွ ..မှန်တာ ၀န်ခံတာနော .... Steve ရဲ့ biography ကို ဘယ်နားက
 မွှေနှောက်လို့ရလဲ ..လုပ်ပါဦးကွာ ....ကိုယ်ဖြင့် သူ့အကြောင်း ဖတ်ရတာ ဘယ်တော့မှ ပြီးပြည့်စုံတယ် မထင်လို့ပါ။
 ကြွက် ကို Steve တီထွင်တယ်ထင်နေတာလား ... ဗမာလို ဖတ်ချင်ရင် ရွာထဲမှာ အစ်မတော် မခင်လတ် ရေးတဲ့ ပန်းသီး ပိုစ့် တခုရှိတယ်ကွ
..ရှာဖတ်ကြည့် ...ကြွက်မရှိသော လောက ကို စဉ်းစားဖို့ မလိုပါဘူးကွာ ..ကိုယ်တော့ Xerox မရှိခဲ့မှာကို ပို ပူတယ်...


>>>၄.Limitation မှာ IT သမားတွေအတွက် အေ၇းပါလှပါသည်။ကောင်းကျိုးဆိုးကျိုးပာု၂ ဖက်၇ှိစမြဲပါ။Limit မ၇ှိ ၇ှိသမျှsoftware 
>>>applicationအကုန်ပေး run ကောင်းကျိုးကဘာလဲ—-၇ှင်းပါတယ်အကုန်သုံးလို့၇တာပေါ့ ဆိုးကျိုးကဘာလဲ——virus 
>>>တွေခြိမ်းခြောက်တာကောင်းကောင်းကြီးခံ၇တာပေါ့ ပြီးတော့securtiy က လဲquality ကျတာပေါ့။
>>>တခြားမကြည့်နဲ့ window တင်ထားတဲ့ pc နဲ့ Android သုံးထားတဲ့ smart ph တွေပဲကြည့် virus မကိုက်ခံ၇ဘူးသေး
>>>တဲ့စက်၇ှိ၇င်ပြပါ။ကျုပ်တို့burma ပြည်မှာက online သိပ်မကျယ်ပြန့်သေးလို့ bank တွေpersonal file တွေသိပ် အhackမခံ၇သေးတာ 
>>>တခြားတိုင်းပြည်မှာ အhack ခံ၇လို့ မွဲသွားတဲ့သူတွေ အ၇ှက်ကွဲတဲ့လူတွေဒူနဲ့ဒေး။အဲ့ဒါတွေကိုဘယ်သူဘာလုပ်ပေးလဲ
>>> ၇ှင်းပါတယ် ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး antivirus လေး ထည့်လိုက် online security လုပ်နဲ့ပဲ အချိန်ကုန်နေကျ 
>>>money ကုန်နေကျတာ။



ကိုယ် ရန်ကုန်ရုံးက သယ်လာတဲ့ ပီစီနဲ့ ကိုယ်လက်ရှိသုံးနေတဲ့ Galapagos ကတော့
ခုထိ Virus အကိုက်မခံရသေးဘူးကွ ...ပြလို့ ရရင် ပြချင်ပါရဲ့. ..Security ဆိုတာ
proactive ကွ ..reactive မဟုတ်ဘူး ...ဘယ်လောက် အသေးစိတ်ထားပြီး သုံးလဲ ဘယ်တွေ
လိုက်နာရလဲ ..ဘာတွေ စောင့်စည်းရလဲ ...ပြောရရင် ရှည်တယ်ကွ ....
အကောင်ကိုက်တာမကိုက်တာနဲ့ ...ကိုယ်ဘယ်လောက် စည်းကမ်း သတိ ..ကျင့်ဝတ်နဲ့
သုံးသလဲ ဆိုတာ အရေးကြီးသည်ထင်ပါကြောင်း...


>>>Apple product တွေကတော့၇ှင်းတယ် စာဖတ်သူတို့ virus ပါတယ်ထင်တဲ့ document ဒါမှမပာုတ် သီချင်းကြိုက်တာသွားပြီး
>>>i-podထဲ ဖြစ်ဖြစ် i-pad ထဲဖြစ်ဖြစ်sync လုပ်လိုက်……..အဖြေကဘာလဲ ဘာ virus program မှ အဲ့ဒီစက်ပေါ်မှာအလုပ်မလုပ်နိင်ပဲ
>>>ဂိကုန်တယ်။virus ကပိာုသီချင်းလို သေးသေးလေးပဲလား ကြီးကြီးလား တောင် ဖြစ်သွားအုံးမယ် ၇တယ် အကုန်ထည့် Don’t Care
>>> ပဲ ပဲာ ပဲာ မိုက်တယ်နော်။ကြား၇တာတော့စိတ်မကောင်းပါဘူး android ဖုန်းတွေကတော့ gone gone gone ပေါ့။

အေးကွာ ... Amazon ကရောင်းတဲ့ စာအုပ်တွေ ..သီချင်းတွေ မှာ Virus ပါလို့ကတော့
ကိုယ်တော့ သေရချည်ရဲ့ ...နော ..... စကားမစပ် ...သေချာ ခိုင်မာတဲ့ online-store
တခုကနေ ၀ယ်တာ ဒါမှ မဟုတ် ကိုယ်တိုင် ရေးတာ မဟုတ်တဲ့ doc တွေ ကိုယ် စက်ထဲ
ဖုန်းထဲ ထည့်လေ့ မရှိဘူးကွာ ....ပြောရတာ အားတော့နာပါရဲ့....

>>>၅. Adobe company က ထုတ်တဲ့ flash ကဘာလို့ပေးမrun လဲ steve က Sပေါ S၇ှူးမှမပာုတ်တာ သူ.user တွေ
>>>ပိုသုံး၇၇င် သူတောင်ပိုအောင်မြင်သေးတယ် ဘာလို့လဲ…. Adobe Photoshop တို့ flash တို့ဆိုတာနာမည်ကြီးပြီးအသုံးဝင်တဲ့ 
>>>software တွေပါသူပါလို့ကန့်တာလဲ………..လူတွေကအပြစ်တင်ကြတယ်(ငပေါတွေပေါ့)
>>>အဖြေက—————ဒီadobe ကစထုတ်ခဲ့တဲ့photoshopဆိုတာ Thomas Knoll စေ၇းခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး 
>>>နောက်ပိုင်းတော့အောင်မြင်လာပါတယ် flash လဲဒီလိုပါပဲ ဒါပေမဲ့ ခုချိန်ထိ flash မှာအားနည်းချက်တွေကများလွန်းလှပါတယ် 
>>>သုံးနေတဲ့လူတွေဆို၇င်သိမှာပါ flash က ပုံတွေကို2D 3D လှည့်ပြနိုင်ပါတယ် animation နဲ့ပေါ့ အဲ steve ၇ဲ့ 
>>>touch system က 3D ကော 
>>>2Dကောကို object တွေသုံးပြီးanimated လုပ်နိုင်ပါတယ်။ ကဲ flash သုံးဖို့လိုသေးလား………………………?
>>>ကိုယ့်ကိုကိုပဲဖြေလိုက် ကျပါတော့

အကျိုးအမြတ် ခွဲဝေပေးရမှု ပေါ်လစီ လို့ ခေါင်းစဉ် တပ်ရမယ့် ကိစ္စကွ ...Steve ရဲ့ ..no plug-in ပေါ်လစီ ကိုပဲ ပြန်သွားရမှာပဲ ...
မင်း အထက်ကပြောတဲ့ ၃.၇ ဘီလီယံ ဆိုတာကြီးလေကွာ.ဆက်စပ် တွေးကြည့် ရှာဖတ်ကြည့်ပါဦးကွာ ... ..
ရှင်းရှင်းပြောရရင် လက်တဆုံးနှိုက်တာတော့ ကိုယ် မကြိုက်ဘူးကွ....
ကိုယ်ပြောဖူးပါတယ်ကွာ...Flash player တွေ တပ်ထားတဲ့ ဖုန်းတွေ PC တွေ အကောင်ကိုက်မခံရတာတွေ အများကြီးပါ...
proactive security ပါဆို ...စောင့်ထိန်းရတဲ့ .. ကျင့်ဝတ်လည်း ပါတာပေါ့ကွာ .. ပေါက်ကရ ဆိုက် မသွားဘူး ...
အလကား ရတိုင်း မဒေါင်းဘူး ..ပြောရရင် မောတယ်ကွ။ ...
ခင်လို့ လက်တို့မယ်နော ...www.academicearth.org ကိုသွားကြည့်ကွ ... အဲ့သည့်မှာ MIT နဲ့ standford, Yale က
course တွေ Video file တွေ ...အလကား ပေးတယ်... လွန်ခဲ့တဲ့ ၄နှစ်ကတော့ OOP ကို လက်ချာ အခု ၃၀လောက်နဲ့ တင်
ထားပေးတာ ကွာ အလွန် ကောင်းမွန်တယ် .ရှိဦးမလားတော့ မသိဘူး...ညီက programmer ဆိုတော့ အကျိုးရှိမယ် ထင်ပါတယ်..
အဲ့ ..တခုတော့ ရှိတယ်ကွ ...PC နဲ့ ၀င်နော ....flash video တွေ မို့ပါကွယ်...
နောက်ထပ် example တွေ လိုချင်ရင် လည်း ပြော ....

>>>၆.အင်း…………….နောက်တချက်ကဈေးကြီးတယ်ဆိုပဲ ပဲာပဲာ လေးဘီးကားနဲ့ မားစီးဒီးနဲ့ကတော့ဈေးကွာတာပေါ့နော့
>>>လေးဘီးကားစီးနေတဲ့လူတွေကတော့ မားစီးဒီးစီးနေတဲ့လူတွေကိုဘယ်အကောင်းမြင်မလဲ ဒီတော့ ဆီစားတယ် 
>>>အင်ဂျင်မကောင်းဘူးပါဘူး ပေါ့ကွာ
>>>ဒါပေမဲ့သူတို့ကော မစီးချင်ဘူးလားဆိုတော့ စိတ်ထဲမှာတော့ စီးချင်တာပေါ့ကွယ် သူတို့ဘလိုပြောပြော မာစီဒီးကောင်းတယ် 
>>>ဆိုတာတစ်လောကလုံးသိပါကြောင်း။
>>>University of computer ကျောင်းသားလေး
>>>မောင်ဝေဖြိုး
မာစီးဒီးစ် ကောင်းတာ တလောကလုံး သိတယ်ကွ ...
ဒါပေမယ့်ကွာ  ဥပမာ ..ယှဉ်ရွေးစရာ volkswagen ရှိမယ် BMW ရှိမယ် Ferrari ရှိမယ်ပေါ့ကွာ...
best နဲ့ best-fit မတူဘူးနော... ဒါလေး တခုပဲ သတိချပ်စေချင်တယ်...
တော်သေးဘီ ညီရေ့



၂။ မစ်စတာ စမစ်သ်ရေ့ ...


>>>ပို့စ်ေ၇းတယ်ဆိုတာ သူများကိုစော်ကားတာမကောင်းပါဘူး
>>>မကြိုက်၇င်လဲနေပေါ့ လူဆိုတာကို့အကြိုက်နဲ့ကိုပါ
>>>apple product သုံးတဲ့လူတွေကိုပါ ကြွားလုံးထုတ်တယ် ဘာတွေ၇ယ်ချင်တယ်ဘာတွေေ၇းတာ
>>>တော့၇ိုင်းတာပေါ့
>>>ကိုယ်ကျတော့၇ိုင်းပြီး တချို့မခံနိုင်တဲ့လူတွေ ပြန်ပြောတာကျတော့ personal ကိုစော်ကားတယ်လို့
>>>ပြောတာတော့ေ၇ှ့နောက်မညီ ပဲ human right ကိုဖောက်ချိုးနေတာပါပဲ
>>>ဒီလို user တွေကိုစော်ကားတဲ့ post မျိုးတွေ၇တာ ၇င်ထဲတကယ်မကောင်းလှပါဘူး
>>>ကျွန်တော်တို့မြန်မာလူမျိုးတွေ၇ဲ့ အားနည်းချက်ပါ ကိုယ်မသိတိုင်း ကောင်းကောင်းမသုံး
>>>ဖူးတိုင်း ဆ၇ာကြီးလုပ်ပြီး စော်ကားတတ်တဲ့အကျင့်ပါ
>>>အားလုံးဒီလိုအကျင့်မျိုးနဲ့ကင်းဝေးပြီး ဒီလိုလူမျိုးကိုေ၇ှာင်နိင်ကြပါစေလို့…………………. 
အပေါ်က ညီလေး မောင်ဝေဖြိုး ကို ရှင်းခဲ့တာတွေနဲ့ လုံလောက်မယ် ထင်လို့ သည် ကွန်းမန့်ကို မဖြေတော့ဘူးနော်...



>>>ပြဆိုတော့လဲပြ၇တာပေါ့ ကလေးတို့၇ယ်
>>>အန်ကယ်က ဘယ်တော့မှလူတစ်ဖက်သားကို၇မ်းမယိုးစွပ်ဘူးကွဲ့
>>>ဒဲ့ပဲပြောတယ် နောက်ထပ်ဒဲ့တခုပြောလိုက်အုံးမယ် သူများ site တင် copy ကူးချ၇ုံမကဘူး
>>>Dark Side of Apple ဆိုတဲ့Title ကြီးပါ စော်၇လုပ်ထားတယ် ကလေးတို့ေ၇ သတိသာထား
>>>အန်ကယ်တို့ ဂေဇက်မှာ သူများပာာ မကူး၇ ဆိုတဲ့စည်းကမ်းကိုချိုးဖောက်နေတယ့်လူတွေတ
>>>ပုံကြီး တခုထဲတောင် မပာုတ်ဘူး ဒါတွေအကုန် ကူးထားတာ မောင်၇င်ငပေါက်ဖော်ေ၇…
http://forbes.com/sites/…/10/…/the-dark-
>>>side-of-apple-part-12/
>>>http://www.smh.com
>>>http://www.triplepundit.com/…/dark-side-apples-supply-chain-core/

ခင်ဗျား ပေးထားတဲ့ ပထမလင့်ခ်..ကဖွင့်မရလို့ ကျုပ် ပြန်ရှာပြီး တင်ထားပေးလိုက်တယ်နော...
http://www.forbes.com/sites/stevedenning/2011/10/04/the-dark-side-of-apple-part-12/

ဒုတိယ လင့်ခ်
http://www.smh.com/
က SMH ရဲ့ homepage ကိုပဲ သွားပါတယ်ဗျ ....health care system နဲ့ ပန်းသီး ဘယ်လို ပတ်သတ်သည် ကျုပ်ဥာဏ် မမှီတော့..
တတိယလင့်ခ်
http://www.triplepundit.com/2011/09/dark-side-apples-supply-chain-core/
က supply chain အကြောင်းဗျ .... ကျုပ် ဖတ်ကြည့်တယ် .. Forbes နဲ့ မကွာ တဲ့အကြောင်းတွေဗျ...
ကိုယ့် ဆြာ အဲ့သည့်ထဲက စာတွေ ..ဖတ်ကြည့်ပြီး ရေးတာမှ ဟုတ်ရဲ့လားဗျာ.... ခေါင်းစဉ် ကို Googling လုပ်ပြီးများ
ရေးလိုက်သလား လို့ ...
မဖတ်ရသေးရင် ကျုပ် ဖတ်ပြီး ဆွေးနွေးမယ်နော ..အနှီ ဆိုက်တွေမှာ ရေးထားတာတွေက  radical management တွေအကြောင်းဗျ ....
HR နဲ့ အများကြီးဆိုင်တဲ့ ..အလုပ်သမားတွေ ရဲ့ အခွင့်အရေး Rights တွေ  Corporate Social Responsibility တွေလည်းပါတယ်...
ကျုပ်ရေးတာ သမိုင်း၊ technology နဲ့ market trend .. ဘာမှ မဆိုင်ဘူးနော ....
Title ကြီးကို စောရလုပ်တယ် လို့တော့ ရက်ရက်စက်စက် မစွပ်စွဲပါနဲ့ ဗျာ ...
၁၉၇၃ တုန်းက The Dark Side of the Moon ဆိုတဲ့ သီချင်းခွေထွက်ဖူးတယ်ဗျ ...
စီးကရက် တွေ မားကတ်တင်း လုပ်တဲ့အကြောင်းကိုလည်း The Dark Side of Marketing ဆိုပြီး ရုပ်ရှင်ကြည့်ဖူးသလိုပဲ ...
ပြောရရင် The Dark Side of blah blah blah က ကုန်မှာ မဟုတ်ဘူးဗျ...
ပန်းသီး အကြောင်းရေးလို့ The Dark Side of ပန်း သီး ...ပေါ့ဗျာ ..Forbes က တီထွင်ထားတဲ့ မူပိုင် စာလုံးမှ မဟုတ်ဘဲ..
Apple Inc. အကြောင်း ရေးလို့  The Dark Side of Apple Inc. က သူခိုးတဲ့လားကွယ် ...
သည်မယ် ကို စမစ်သ်ရေ ...
ကွန်းမန့် ပေးထားသူများကို ကလေးတို့ အစချီပြီး ခေါ်ထားတယ်...
အန်ကယ်က ဘယ်တော့မှလူတစ်ဖက်သားကို၇မ်းမယိုးစွပ်ဘူးကွဲ့ လို့လည်း ပြောထားသေးတယ်..
ကွန်းမန့်သမားတွေကို အထက်စီးလေနဲ့ ... ခေါ်ရုံတင်မကဘူး ... ကျုပ်ကိုပါ စောရတွေရော စည်းကမ်း ချိုးဖောက် တာတွေရော
ပြောထားတယ်..
အဲ့ .... ကြည့်လိုက်တော့ ....ပေးထားတဲ့ လင့်ခ် တွေ ကလည်း တလွဲတွေချည်း ...
ခင်ဗျား အဲ့ဆိုက်ဒ်တွေ တကယ် သွားဖတ်တယ် ဆိုရင် ... သည်လောက် လွဲမယ် မထင်ဘူးနော ....

ကျုပ်ကို copy/paste သမားလို့ ပြောရင် လက်ခံပါတယ် .... MS Word ပေါ်မှာရေးပြီး MG မှာ လာပေ့စ့် ထားတာကိုး ဗျ...
မောင်ဝေဖြိုးရော ...မစ္စတာ စမစ်သ် ကိုပါ တခုတော့ ပြောချင်ရဲ့ ...
သည်ပိုစ့် အပေါ်ပိုင်းမှာ ရေးသား ဆွေးနွေးထားတဲ့ သဂျီး အပါအ၀င် မန်ဘာတွေအားလုံး က ကျုပ် ခိုးတာကိုသတိမပြုမိဘဲ ...
ကွန်းမန့် ၅၅ခုကျော်မှ ခင်ဗျားတို့ ၂ယောက်က စတင်ပြီး ရှက်သလေး ရယ်ရသလေး လုပ်တာကတော့ သိပ် ပုံစံမကျဘူးဗျ...
ကျုပ် မဟုတ်တာ လုပ်ခဲ့ရင် ...အပေါ်က လူတွေ မသိစရာ အကြောင်းကို မရှိဘူး ... ကောင်း၂မွန်၂ ဆွေးနွေး သမျှလည်း ..
ကျုပ် တို့ ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့တာချည်း .... သည်တော့ တွေးကြည့်ပေါ့ဗျာ....
နောက်တခါ ကျုပ်ကို သမ မယ်ဆိုရင် အချက်အလက် ခိုင်မာသေချာ ကြပါစေဗျာ ....


၃။ သဂျီး

ဘယ်သူက ဘယ်သူ့ ကို ဘယ်မှာ ဘယ်လောက် စော်ကား ထားတယ် ဆိုတာ သဂျီးတွေ့မယ်ထင်တယ်နော .....စကားမစပ်
တပ်မ ၇၇ နဲ့ လေးပေါက် ကဗျာ ကိစ္စမှာ ဆဲတာနဲ့ ပါတ်သတ်ပြီး သဂျီး define လုပ်တာလေး ..ကျနော် အလွန်သဘောကျသဗျ...
သည်အတိုင်း ဆို ကျုပ် အဆဲခံ နေရတာပေါ့ ...။ ကျုပ်ပြန် မဆဲချင်ဘူးဗျ ....ရန်လည်းမဖြစ်ချင်ဘူး ...။ ချီးကျူးတာရော
တောင်းပန်တာပါ ဖီလင် မလာပါဘူးဗျာ .... ။ အင်း ပုထုစဉ် ဖြစ်တဲ့ ကျုပ် မကျေနပ်တာတော့ အမှန်ပဲ ....မကျေနပ်လို့လဲ ...
ခုလို တခုတ်တရ ပိုစ့်ရေးပြီး ကာယကံရှင် ၂ယောက်ကို သိစေအပ်တာပေါ့ .... ။ ခုတော့ ရေးပြီးပြီ မို့ ဘာမှ ဆက် မပြောဆို
အဆွေးနွေးလိုတော့ပါ ...။

ကျုပ် အယူအဆ တခုကို ဆွဲယူပြီး ရေးသည် .. ထိုအယူ သည် မှားသည် ဆိုလျင် အချက်အလက်နှင့်တကွ ..ဝေဖန် ထောက်ပြ
ဆွေးနွေး နိုင်ပါသည်။ (တနည်း) ဆဲနိုင်ပါသည် ။ ခုဟာကတော့ အဆဲတော့ ခံလိုက်ရတယ် ...ဆဲတဲ့လူတွေ ရေးတာတွေ trace
လိုက်ကြည့်တော့ ချေချေမြစ်မြစ် မရှိ ရေရာမှုမရှိ ..။ သည်အတိုင်းဆို ...မဟုတ်သေး ...။ သဂျီး သိအောင် ပြောပြတာပါ ....
တော်သေးပြီ ...


၎။ စာဖတ်သူအပေါင်း ...
ကျနော့်ကို အားပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ်ဗျာ .... ခုလို စာဖတ်သူအတွက် မရည်စူးတဲ့ ပိုစ့်မျိုး ...
နောက်နောင် ရေးသားတော့မှာ မဟုတ်ကြောင်းလည်းထပ်လောင်း ကတိပေးပါ၏ ။


ခင်တဲ့ ...

			

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011