ပန်းသီး ပေးတဲ့ ဒုက္ခ

ムラカミJanuary 5, 201211min11115
ကျနော် သည်ရက်ပိုင်းမအား ။၃ရက်နေ့က စပြီး မအား .. သို့သော် ယခုစာ ကို အိပ်ချိန်ထဲမှ ရေးဖြစ်လိုက် ပါသည်။
ရွာထဲတော့ စာဝင်ဖတ်ဖြစ်သေးသည်။ သို့ရာတွင် ကောမန့် တခုမှ ဝင်မပေးဖြစ်ပါ။ စိတ်ဝင်စားဖွယ်ကောင်းသော
ပို့စ်များ ဝင်ရောက် ဆွေးနွေးလိုသော စာစုများ တပုံတခေါင်း .... နှစ်အသစ်မှာ မိတ်ဆွေတွေရဲ့ ကြိုးစားအားထုတ်မှုကို
အားမပေးနိုင်ခဲ့တာ ကျနော့ ပျက်ကွက်မှု ....


သည်ရက်ပိုင်း ကျနော့် ပန်းသီး ပိုစ့်တွင် လူသစ် ၂ယောက် ကောမန့် အသစ် ၂စုံ စီနှင့် ကျနော့်ကို သမထားတာလည်း
တွေ့ပါသည်။ မတုံ့ပြန်နိုင်ခဲ့တာ စိတ်မကောင်းပါ။ စိတ်မကောင်းဘူးဆိုတာ
၁။ ကျနော် ဘာဆိုလိုသည်ကို သဘောမပေါက် သောကြောင့်။
၂။ ကျနော် မှားတယ် ဆိုပြီး ထောက်ထားသော အချက်များသည် ပင်လျင် မှားယွင်းနေသောကြောင့်
၃။ ကျနော့် ကို စွပ်စွဲ ပုတ်ခတ်ထား သမျှတွေကြောင့် ...



သည်တော့ နည်းနည်း ပြောပြပါမည်။ ကျနော် နှင့်ပန်းသီး အကျိုးပေးပုံတွေအကြောင်း။
ကျနော့် ရည်းစားဦး သည် ပန်းသီး ဖြစ်၏။  Macintosh ကို စတင်ကိုင်တွယ်ခဲ့ဖြစ်သည်။ အလယ်တန်းကျောင်းသားဘဝ က
ဆိုပါတော့။ ကျောင်းမှာ ကျနော် ပန်းချီရေး၏။ Windows 95 ပေါ်မှ MS Paint ထက် အစစ သာလွန်သော Macintosh
paint brush ကို ကျနော် အလွန်နှစ်သက်မိပါသည်။ အမှတ်မမှားလျင် Macintosh G3 လေးတွေ ဟုထင်၏ ။
ကျောင်း လိုဂိုလေး ဆွဲ presentation လေး လုပ် ဟုတ် တုတ်တုတ်ရယ်။ iMac G3 လေးတွေ ထွက်လာတော့
တိုင်ပတ်ပြီ ..... ထိုစဉ်က ကျနော်လည်း coding စစမ်းနေပြီဖြစ်သည်။ Pentium III 450MHz ပြောင်းသုံးဖြစ်၏။
မှတ်မှတ်ရရ ကျနော် ထိပ်ဆုံး ရေးဖြစ်တာက Microsoft Frontpage။ သည်လိုနှင့် အထက်တန်းကျောင်းသားဘဝ
တွင် ကျောင်းစာ သင်ထောက်ကူပြု multiple-choice question တွေ မေး၊ ဖြေ၊ စစ်၊ အောင်ရှုံး ဆုံးဖြတ်။ သည်
programလေးတွေ ရေးသားပေးခဲ့ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျနော် အရေးများခဲ့တာ physics ဘာသာအတွက်ဖြစ်၏။

တောက်လျောက် ကျနော် IBM နှင့် Dell သုံးလာခဲ့၏။ တက္ကသိုလ်ဝင်တန်းအပြီးတွင် ကျနော် C နှင့် Java ကို
ဆက်လက်လေ့လာဖြစ်သည်။ တချိန်တည်းမှာပင် Frontpage ၏ ညီငယ်ဟု ဆိုနိုင်သော VB 6.0 ကိုကျနော်
ဆက်ရေးနေပြီဖြစ်သည်။ ထိုစဉ်က ကျနော် ရည်းစားဦး ကို မေ့နေပြီ ဖြစ်သည်။ iPod Classic စထွက်လာသည်
nano.. shuffle စသည်ဖြင့် စသည်ဖြင့် ...iTunes နှင့် Quicktime အသံပြန်လည် ကျယ်လောင်လာသည်။
iMac တွေဘက် ကျနော် ပြန်လှည့်ကြည့်မိသည်။ ကျနော့် developer ဘဝတွင် ရည်းစားဦးကို လုံးဝ လှည့်ကြည့်
လို့ မရပါ။ အဘယ်ကြောင့်ဆိုသော် ကျနော် ထိုပေါ်တွင် user သက်သက်သာ ဖြစ်မည်။ လုံးဝ productivity ဆုံးရှုံးမည်
ဖြစ်သည်။ 



ကျနော် အလုပ် မဝင်မီ .Net Framewrok လေ့လာ၏ ။ .Net 2.0 တောက်လျောက်ရေး၏။ ရှေးရှေးတုန်းက system
များ mantenance လာအပ်သည့်အခါ VBA (VB5.5) ပြန်ဖတ်ပြီး ရေးပေးရ၏။ ကျနော်လုံးလုံးလျားလျား .Net
ပေါ်က မဆင်းတော့။ Oracle 10g နှင့် VB.Net 2005 ကို ၂နှစ်လောက်ဖြတ်သန်းရ၏။ Developer မို့ Java ကို
နှစ်သက်သော်လည်း လက်တွေ့ဘဝတွင် ဇောင်းပေးခဲ့သည်မှာ Productivity ။ ကျနော်တာဝန်ယူသော development
team သည် .Net team အဖြစ် ရပ်တည်ခဲ့သည်။ ကျနော်တို့ Struts တွေ PHP တွေ လက်ရှောင်၏။ (ကျနော် လုံးဝ
PHP မတတ်ပါ။ PHP သည်ခုနောက်ပိုင်း အလွန်အားကောင်းလာ ...productivity ဖြစ်လာသော်လည်း
ကျနော် မလေ့လာဖြစ်တော့....) ကျနော် management ဘက်ကို ရောက်သွား လို့ ဖြစ်သည်။ ကျနော် PMBok သုံးရ၏။
မကြာခနလည်း ပြန်နွေးရသည်။ ကျနော် PM Charter, Kaminari Sen တွေသုံးသည်။ WBS တွေ ဆွဲသည်။
Development side ၏ PM ပုံစံသည် PMအပြည့်အဝ မဟုတ်ပေ။ Schedule Mgmt: နှင့် HR Mgmt: ဘက်သာ ပိုနီးသည်။

ကျနော် ကိုယ့်ပိုက်ဆံနှင့်ကိုယ် နှစ်ပေါက်အောင် Marketing Management ဖတ်သည်။ ရုံးမှ Branding ကိစ္စတွေ
တာဝန်ယူသည် ။ တခါတလေ Internal Branding ကိစ္စတွေပါ၏ ။ ဒါ အတော်ခက်ပါသည်။ Marketing နှင့် HR
ကြားမှ hybrid subject ဖြစ်သည်။ ၁နှစ်ခန့်ကြာသည်။ ထို့နောက် ကျနော် transfer ဖြစ်သည်။
ထို့နောက် ကျနော့် အလုပ်ပုံစံ လုံးလုံး ပြောင်းလဲသွားသည်။ ကျနော့်မှာ အလုပ်တာဝန် အဓိက ၂ခုဖြစ်၏
၁ခုက trend တွေကို ဇောင်းပေး လေ့လာရခြင်း။
 နောက်၁ခုသည် ရန်ကုန်ရုံးနှင့် ချိတ်ဆက်ပြီး တာဝန်ခံ အဖြစ် ဆောင်ရွက်ရခြင်း။
၂၀၁၁ တွင် ကျနော် Mac Book Pro ၁လုံး ပိုင်ဖူးသည်။ (ကျနော်လေးစားရသော IBM consultant တယောက်
လက်ဆောင်ပေးခြင်း ဖြစ်သည်) ကျနော် မသုံးဖြစ်တာများပါသည်။ အချို့သော testing များမှ လွဲလျင်
ကျနော့် Dell ပေါ်မှာ သာ အနေများ၏။ ကျနော်က အိမ်သုံးဆိုလျင် Latitude series မှသည် ယခု Studio series
အထိ တောက်လျောက် သုံးလာဖြစ်သည်။ ရုံးသုံးကတော့ IBM Think Series ပေါ့ ... ယခုတော့ Lenovo Thinkpad
များ...ဒါကျနော့် ဖြတ်သန်းမှု တစိတ်တဒေသ ဖြစ်ပါသည်။
ကဲ သည်လောက် ပြောပြပြီးပြီ ဆိုရင် ကျနော့် ဖြေရှင်းချက် စမည် ဖြစ်သည်။
၁။ မောင်ဝေဖြိုး သို့
>>>ပော့ကောင် မင်းapple ကိုဖဲ့ချင်ရင် apple product သုံးနိင်အောင်ပဲအရင်ကြိုးစားလိုက်အုံး
>>>မင်းအဘmp3ဆိုတာသီချင်းပဲနားထောင်လို့ရတာ မင်းလိုငမွဲကြိုက်ရင်တော့မပြောတတ်ဘူးပေါ့ကွာ
>>>user တွေကိုတော့မစော်ကားနဲ့ပေါ့ကွာ အဆင့်ရှိရှိနေစမ်းပါ
ကိုယ် မချမ်းသာပေမယ့် မမွဲပါဘူး ညီလေး ...ကိုယ်ပိုင် ဓါတ်ပုံအလုပ် အတွက်ကလွဲရင် ကိုယ့်မှာ
computer ပစ္စည်း ဝယ်စရာမလိုတဲ့ အနေအထား တခုမှာ ရှိတယ်ကွာ။ mp3 သီချင်းပဲနားထောင်တဲ့ ကိစ္စက
ကိုယ့် စာကိုပြန်ဖတ်စေချင်တယ်ကွာ။ Copyright ဆိုတာကြီးကို ဂရုပြုပြီး iTunes ကနေ အမှန်အကန်
ဝယ်နားထောင်တဲ့ လူတွေကိုတော ့ အလေးပြုတယ်ကွ ...။ စာထဲမှာ ဆိုခဲ့သလို ကြွားချင်ဝါချင်လို့ ဝယ်ကိုင်
တဲ့လူတွေကိုတော့ သနားတယ်ကွာ ...။ user တွေကို မစော်ကားပါဘူးကွာ ... user တွေကို သရုပ်ခွဲကြည့်တာပါ...
Apple သုံးတဲ့ ...တကယ် တော်တဲ့ လူတွေ တွေ့ဖူးတယ်ကွ ...ဒါပေမယ့် တချို့ကတော့ ညီ့လို ချာတိတ်တွေကွ ...
ပန်းသီးထိ ဓါးကြည့်လေးတွေ...
(ဆက်မယ်နော့ ညီ့နောက်ထပ် comment တခု..)

>>>တော်တော်အသုံးမကျသောအတွေးခေါ်ပာုကျွန်တော်ထင်ပါသည်။
ဒါ ကတော့ မင်းရဲ့ ကိုယ်ပိုင် အမြင်ပါကွယ် ... မဝေဖန်လိုပါ...
>>>Apple သည်လက်ရှိအချိန်ထိအောင်မြင်မှူအပေါင်းသရဖူဆောင်းနေဆဲဖြစ်ပါသည်။
မငြင်းပါဘူးကွ ...ခုကနေ ဘာဆက်ဖြစ်နိုင်တယ် ဆိုတာပဲ ရေးထားတာ ...သေချာပြန်ဖတ်ဦးနော..


>>>ဘာကြောင့်နည်း အဘယ့်ကြောင့်နည်း……..?လူတိုင်းသိပါသည် apple product
>>>များအားသာချက်ကိုပြောရလျှင် ၁၀ရက် ၁ဝလီကြာသွားနိုင်ပါသည်။အထက်ပါpost
>>>မှာလည်းနိင်ငံခြားweb site တခုမှ apple အတိုက်ခံများရေးသားသွားသည်ကို ဘာသာ
>>>ပြန်ကော်ပီကူးချပြီး ဆရာကြီးလုပ်သွားသည်မှာ computer programmer များအဖို့ရယ်
>>>စရာကြီးဖြစ်နေပါသည်(တမျိုးပြော၇ရင်ငပေါကြီးပေါ့ကွာ)။Apple အကြောင်းသုံးဖူးသူတိုင်း သိပါသည်။
ကူးချထားတယ် ထင်တဲ့ ညီလေးရေ .. လင့်ခ် လေး တဆိတ်လောက် မစ ပါကွာ ..
copy/ paste ဆိုရင် လွန်ခဲ့တဲ့ ၂လလောက် ကတည်းက သဂျီး ကိုယ့်ကို သမ ပီပေါ့ကွာ ။
programmer တွေအတွက် ရယ်စရာ ဆိုတာ ဟုတ်လိမ့်မယ်ကွ ... ကိုယ်ရေးထားတဲ့အထဲမှာ
သမိုင်းတွေ ပါတယ် trend တွေပါတယ် market သဘောတရားတွေပါတယ်..စီးပွားရေး သဘောတရားတွေပါတယ်...
typical programmer တယောက်အတွက် သိပ် မနီးစပ်တဲ့ အရာတွေပါကွာ ...


>>>၁.”i-cloud အား i-deivce များအတွက်သာဖြစ်သည်မှာစိတ်ပျက်စရာကောင်းသည်”ပာုရေးသားချက်မှာ
>>>ရယ်စရာအကောင်းဆုံးဖြစ်ပါသည်။i-cloud အားမကြာသေးမှီအချိန်မှစတင်ခဲ့ပြီးfinancial အရဒေါ်လာ
>>>၃.ရဘီလျှံကုန်ကျခဲ့ပါသည်။Apple စေတနာပာုပြောနိုင်ပါသည်။ ထိုသို့service များသင်တို့တွေ့ဖူးပါလား
Apple ရဲ့ စေတနာ လို့ မပြောနဲ့ ဦးကွ ။ Apple က NGO မဟုတ်လို့ပဲ ...
မျက်လှည့် ကြည့်ရသလိုပဲ ကွ ...what lies beneath ကို သိရင် အံ့ဩစရာမဟုတ်တော့ဘူး...
တကယ် ပညာလည်း ရတယ်ကွ ... ရှာဖတ်ကြည့်ပါကွာ ...သည် အဆင် နဲ့ သည်အဆင်...
စကားမစပ် တခြား cloud တွေအကြောင်း ..ဖတ်ချင်ရင်ပြောကွ ...ကိုယ် လွန်ခဲ့တဲ့ ၆လက စမ်းဖူးတဲ့
IBM Cloud service တခု အကြောင်းပို့ပေးမယ်..
>>>nokia အပါအဝင်အခြားsmart phoneများဝေးစွ။ထိုသို့အကုန်ကျများစွာကုန်ခံထားသည့် service ကို
>>>apple လောက်မစွမ်းဆောင်နိုင်သည့် smart phone များကapproach မလုပ်နိုင်ပါ။သို့သော် သင်က
>>>အထက်ပါအတိုင်း စိတ်ပျက်စရာပာုထင်ပါက သင်ကိုယ်တိုင်သိန်းရာချီကုန်ခံပြီးဖွင့်ထားသည့်အင်တာနက်ဆိုင်
>>>ကိုလာလာ အလကားသုံး ကျ ပာုသင်ပြောနိုင်ပါသလား။အပာတ် …… i-cloud က dollar ၃.ရ billion နော်။
iCulture က platform ကိစ္စဖြစ်သွားပြီ ညီရဲ့ ...အလွယ်လေး တစ်ခုပြောပြမယ်ကွာ ...platform ဆိုတာ
အကုန်ဖွင့်ထားရင် ပိုက်ဆံမရဘူး ..အကုန်ပိတ်ထားပြန်ရင်လည်း sustainability မှာ ပြဿနာရှိတယ်ကွ...
ရှေ့က case studies တွေ အများကြီး ရှိခဲ့ဖူးတယ်....ကြုံရင် ပြောပြပေးမယ်နော...
>>>2.”ဘာမှ access လုပ်လို့မရ ဘဲ i-pod ကိုင်ပြီးကြွားလုံးထုတ်နေတဲ့လူတွေကိုရယ်ချင်ပါတယ်တဲ့” ကျွန်တော်ဖတ်ပြီး
>>>ရီမိသည်မှာကျော့တောင်အောင့်ပါသည်။စာရေးသူက မသုံးဘူးပဲ ရမ်းရေးလိုက်သည်နှင့်တူပါသည်။မြန်မာပြည်
>>>တွင် wi-fi free zone များပေါ်ပေါက်လာသည်ကို ထိုဆရာကြီးမသိရှာနှင့်တူပါသည်။i-pod internet access
>>>လုပ်နှုန်းမှာ တခြားsmart phone များနှင့်မယှဉ်ပါနဲ့အုံး computer ထက် ၂ဆမြန်ပါတယ်။ကွန် စုတ်တဲ့burmaပြည်နဲ့ကွက်တိပါပဲ၊၊ 
အေးကွ ..ကိုယ် စာရေးတာ နည်းနည်းလို သွားကောင်း လိုသွားလိမ့်မယ်..ကိုယ်က အကြောင်းတခုကြောင့်
3GS နဲ့ 4G ၂ သုံးဖူးတယ်ကွ ...တခုမှ ၁နှစ်ထက် ပို စာချုပ် မဆက်ဖြစ်ခဲ့ဘူးကွ ...။ မင်းပြောတဲ့ ကောင်းတဲ့
အချက်တွေ ရှိတာ အမှန်ပဲကွ ... ၂ဆ မြန်တာတော့ ကိုယ်လည်း မသိဘူးကွ ...
ဘယ်အချက်ကို ကြည့်ပြီးတော့များ ၂ဆ မြန်တယ်ပြောပါလိမ့် ...
802.11b/g/n Wi-Fi (802.11n 2.4GHz only) လို့တော့ ရေးထားသားကွ ....


>>>internet သုံးလို့ရတယ်/comand and conquer လိုဂိမ်းကြီးကိုတောင်တချက်မထစ်ပဲဆော့လို့
>>>ရတယ်။အသုံးဝင်တဲ့applications များစွာကိုတချိန်ထဲသုံးလို့ရတယ်။VZO ထက်ကောင်းတဲ့ face time နဲ့မျက်နှာပါ
>>>မြင်ပြီးချက်လို့ရတယ်။you tupe/facebook/အကုန်သုံးလို့ရတယ် i map သုံးပြီးမြေပုံရှာလို့ရတယ်။လက်နဲ့တချက်
>>>မထိတထိတို့တာနဲ့ ဘယ်smart phone နဲ့မှာမယှဉ်နိူင်တဲ့ interact system ဒါတွေတင်မပြီးဘူး လက်သည်းခွံရဲ့လေး
>>>ပုံတပုံ camera လေးရဲ့ resolution က panasonic အိမ်သုံးcamera ထက်တောင်လွန်နေပြီ။ကျွန်တော်ရေးသားခဲ့သည့်
>>>အားသားချက်မှာအနည်းငယ်မျှသာဖြစ်ပါသည်။ဒါတောင် i pad တို့ i phone တို့မပါသေးပါ။


အထက်ပါ ကောင်းပါသည် ဆိုတဲ့အချက်တွေအတော်များများ လက်ခံတယ်ကွာ
ကိုယ်က ၁နှစ်လုံး Fifa 2011 ကန်ခဲ့တဲ့ကောင်ပါကွာ ...(ဝယ်ကန်တာနော် ညီလေး ...ကိုယ် ထောင်မဖောက်ဘူး..အကုသိုလ်များလို့ ....)

ကင်မလာ အကြောင်းတော့ ပြောချင်သေးတယ်ကွ .....
သာမန် အိမ်သုံး ကင်မရာ ထက် သာတယ် လို့တော့ အလွယ် ရမ်းမပြောစေချင်ဘူးကွာ...
Casio က Exilim ဆိုပြီး ထုတ်တယ်ကွ ..Sharp က IS series တွေ ထွက်တယ်ကွ...
Coolpix တွေကို Nikon က ဖုန်းလုပ်ပစ်တယ်ကွ ... ခုနောက်ပိုင်း CMOS sensor နဲ့ကင်မလာဖုန်းတွေ ထွက်ပြီ ညီရေ့ ....

>>>ဒါကို apple i-pod နှင့် mp3 ယှဉ်ပြီး mp3 ထက်ဈေးအများကြီး ကြီးပြီး function မစုံ ဆိုတဲ့စာသားတွေ့သွားတော့
>>>ဪဒီလို ဘုမသိ ဘမသိ ကိုယ်မသိတိုင်း သူများမသိဘူးထင်ပြီး internet ပေါ်တက် အရှက်မရှိ လျှောက်ရေး
>>>လက်ဆော့ ဆရာကြီးလုပ်တဲ့လူတွေကြောင့် မြန်မာပြည်ကြီးမတိုးတက်ပဲ နိုင်ငံတကာက ငပေါတွေလို့သတ်မှတ်နေ
>>>တာပဲကိုလို့တွေးမိပါသေးတယ်။ဒါတောင် technical point of view လို့ရေးထားတော့ ပာား ပာား ပာား ပာား 
>>>ပာုအော်ရီမိပါသည်။
ရီပေါ့ကွာ ... ကိုယ့်ပါးစပ်နဲ့ကိုယ်ရီတာပဲ ... ဖန်ရှင်မစုံဘူး လို့ ကိုယ်မရေးဘူးနော ....လိုကယ်လ်
အနေအထားနဲ့ ဖန်ရှင် အစုံသုံးမရတာကို ပြောတာ ... .. ဖန်ရှင်အစုံ သုံးမရလျက်နဲ့ အဆိုပါ ဖန်ရှင်တွေအတွက်ပါ
ထည့်ပြီး charge လုပ်ခံရလို့ ဈေးများနေတယ် ... ဝယ်ရမှာ ...ကိုက်ရဲ့လား ..ဒါလေးတချက်ပဲ ပြောခဲ့တာမဟုတ်လားကွာ
သေချာဖတ်ပါကွ...ကိုယ်လျောက်ရေးလို့ ဗမာပြည်ကြီး ငပေါတွေလို့ အပြည်ပြည်ဆိုင်ရာ က သတ်မှတ်တာ မသတ်မှတ်တာ
တော့ မသိဘူးကွာ ..မင်း သည်လိုတွေးတာ တော့ စိတ်မကောင်းဘူးကွ ....

>>>၃.လူတော်တွေကတောင် master inventor ပာု Steves ကိုသမုတ်ခဲ့ကြပါသည်။ပာုတ်ပါသည်။မှန်ပါသည်။လူတိုင်းက
>>>ထိုသို့ပင်သတ်မှတ်ကျပါသည် စာဖတ်သူမသိသေးလျှင် Steves ရဲ့ personal biography ကိုမွှေနှောက်နိုင်ပါသည်။
>>>သင်လက်ဖျားခါသွားပါလိမ့်မည်။ကျွန်တော်ပြောနေလျှင် အထက်ပါစာရေးသူတိုင်း လက်ဆော့ရေးနေမည်ပာုအထင်ခံ
>>>ရမှာစိုးလို့မရေးတော့ပါ။အရိုးဆုံးတခုပြောရလျှင်ယခုသင့်လက်ထဲတွင်ကိုင်ထားသော mouse မှာ Steveရဲ့တီထွင်မှူထဲက
>>>အသေးဆုံးပါ။mouse မရှိသောလောကကိုသင်စဉ်းစားဖူးပါလား………………?
ညီလေး ...invention နဲ့ innovation ဘာကွာလဲ သိလားကွ .... မသိသေးရင် စာရှာဖတ် ..ကိုယ်လည်း
မင်းအရွယ်လောက်တုန်းကမသိခဲ့ဘူးကွ ..မှန်တာ ဝန်ခံတာနော .... Steve ရဲ့ biography ကို ဘယ်နားက
 မွှေနှောက်လို့ရလဲ ..လုပ်ပါဦးကွာ ....ကိုယ်ဖြင့် သူ့အကြောင်း ဖတ်ရတာ ဘယ်တော့မှ ပြီးပြည့်စုံတယ် မထင်လို့ပါ။
 ကြွက် ကို Steve တီထွင်တယ်ထင်နေတာလား ... ဗမာလို ဖတ်ချင်ရင် ရွာထဲမှာ အစ်မတော် မခင်လတ် ရေးတဲ့ ပန်းသီး ပိုစ့် တခုရှိတယ်ကွ
..ရှာဖတ်ကြည့် ...ကြွက်မရှိသော လောက ကို စဉ်းစားဖို့ မလိုပါဘူးကွာ ..ကိုယ်တော့ Xerox မရှိခဲ့မှာကို ပို ပူတယ်...


>>>၄.Limitation မှာ IT သမားတွေအတွက် အရေးပါလှပါသည်။ကောင်းကျိုးဆိုးကျိုးပာု၂ ဖက်ရှိစမြဲပါ။Limit မရှိ ရှိသမျှsoftware 
>>>applicationအကုန်ပေး run ကောင်းကျိုးကဘာလဲ—-ရှင်းပါတယ်အကုန်သုံးလို့ရတာပေါ့ ဆိုးကျိုးကဘာလဲ——virus 
>>>တွေခြိမ်းခြောက်တာကောင်းကောင်းကြီးခံရတာပေါ့ ပြီးတော့securtiy က လဲquality ကျတာပေါ့။
>>>တခြားမကြည့်နဲ့ window တင်ထားတဲ့ pc နဲ့ Android သုံးထားတဲ့ smart ph တွေပဲကြည့် virus မကိုက်ခံရဘူးသေး
>>>တဲ့စက်ရှိရင်ပြပါ။ကျုပ်တို့burma ပြည်မှာက online သိပ်မကျယ်ပြန့်သေးလို့ bank တွေpersonal file တွေသိ်ပ် အhackမခံရသေးတာ 
>>>တခြားတိုင်းပြည်မှာ အhack ခံရလို့ မွဲသွားတဲ့သူတွေ အရှက်ကွဲတဲ့လူတွေဒူနဲ့ဒေး။အဲ့ဒါတွေကိုဘယ်သူဘာလုပ်ပေးလဲ
>>> ရှင်းပါတယ် ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး antivirus လေး ထည့်လိုက် online security လုပ်နဲ့ပဲ အချိန်ကုန်နေကျ 
>>>money ကုန်နေကျတာ။



ကိုယ် ရန်ကုန်ရုံးက သယ်လာတဲ့ ပီစီနဲ့ ကိုယ်လက်ရှိသုံးနေတဲ့ Galapagos ကတော့
ခုထိ Virus အကိုက်မခံရသေးဘူးကွ ...ပြလို့ ရရင် ပြချင်ပါရဲ့. ..Security ဆိုတာ
proactive ကွ ..reactive မဟုတ်ဘူး ...ဘယ်လောက် အသေးစိတ်ထားပြီး သုံးလဲ ဘယ်တွေ
လိုက်နာရလဲ ..ဘာတွေ စောင့်စည်းရလဲ ...ပြောရရင် ရှည်တယ်ကွ ....
အကောင်ကိုက်တာမကိုက်တာနဲ့ ...ကိုယ်ဘယ်လောက် စည်းကမ်း သတိ ..ကျင့်ဝတ်နဲ့
သုံးသလဲ ဆိုတာ အရေးကြီးသည်ထင်ပါကြောင်း...


>>>Apple product တွေကတော့ရှင်းတယ် စာဖတ်သူတုို့ virus ပါတယ်ထင်တဲ့ document ဒါမှမပာုတ် သီချင်းကြိုက်တာသွားပြီး
>>>i-podထဲ ဖြစ်ဖြစ် i-pad ထဲဖြစ်ဖြစ်sync လုပ်လိုက်……..အဖြေကဘာလဲ ဘာ virus program မှ အဲ့ဒီစက်ပေါ်မှာအလုပ်မလုပ်နိင်ပဲ
>>>ဂိကုန်တယ်။virus ကပာိုသီချင်းလို သေးသေးလေးပဲလား ကြီးကြီးလား တောင် ဖြစ်သွားအုံးမယ် ရတယ် အကုန်ထည့် Don’t Care
>>> ပဲ ပာဲ ပာဲ မိုက်တယ်နော်။ကြားရတာတော့စိတ်မကောင်းပါဘူး android ဖုန်းတွေကတော့ gone gone gone ပေါ့။

အေးကွာ ... Amazon ကရောင်းတဲ့ စာအုပ်တွေ ..သီချင်းတွေ မှာ Virus ပါလို့ကတော့
ကိုယ်တော့ သေရချည်ရဲ့ ...နော ..... စကားမစပ် ...သေချာ ခိုင်မာတဲ့ online-store
တခုကနေ ဝယ်တာ ဒါမှ မဟုတ် ကိုယ်တိုင် ရေးတာ မဟုတ်တဲ့ doc တွေ ကိုယ် စက်ထဲ
ဖုန်းထဲ ထည့်လေ့ မရှိဘူးကွာ ....ပြောရတာ အားတော့နာပါရဲ့....

>>>၅. Adobe company က ထုတ်တဲ့ flash ကဘာလို့ပေးမrun လဲ steve က Sပေါ Sရှူးမှမပာုတ်တာ သူ.user တွေ
>>>ပိုသုံး၇ရင် သူတောင်ပိုအောင်မြင်သေးတယ် ဘာလို့လဲ…. Adobe Photoshop တို့ flash တို့ဆိုတာနာမည်ကြီးပြီးအသုံးဝင်တဲ့ 
>>>software တွေပါသူပါလို့ကန့်တာလဲ………..လူတွေကအပြစ်တင်ကြတယ်(ငပေါတွေပေါ့)
>>>အဖြေက—————ဒီadobe ကစထုတ်ခဲ့တဲ့photoshopဆိုတာ Thomas Knoll စရေးခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး 
>>>နောက်ပိုင်းတော့အောင်မြင်လာပါတယ် flash လဲဒီလိုပါပဲ ဒါပေမဲ့ ခုချိန်ထိ flash မှာအားနည်းချက်တွေကများလွန်းလှပါတယ် 
>>>သုံးနေတဲ့လူတွေဆိုရင်သိမှာပါ flash က ပုံတွေကို2D 3D လှည့်ပြနိုင်ပါတယ် animation နဲ့ပေါ့ အဲ steve ရဲ့ 
>>>touch system က 3D ကော 
>>>2Dကောကို object တွေသုံးပြီးanimated လုပ်နိုင်ပါတယ်။ ကဲ flash သုံးဖို့လိုသေးလား………………………?
>>>ကိုယ့်ကိုကိုပဲဖြေလိုက် ကျပါတော့

အကျိုးအမြတ် ခွဲဝေပေးရမှု ပေါ်လစီ လို့ ခေါင်းစဉ် တပ်ရမယ့် ကိစ္စကွ ...Steve ရဲ့ ..no plug-in ပေါ်လစီ ကိုပဲ ပြန်သွားရမှာပဲ ...
မင်း အထက်ကပြောတဲ့ ၃.ရ ဘီလီယံ ဆိုတာကြီးလေကွာ.ဆက်စပ် တွေးကြည့် ရှာဖတ်ကြည့်ပါဦးကွာ ... ..
ရှင်းရှင်းပြောရရင် လက်တဆုံးနှိုက်တာတော့ ကိုယ် မကြိုက်ဘူးကွ....
ကိုယ်ပြောဖူးပါတယ်ကွ ာ...Flash player တွေ တပ်ထားတဲ့ ဖုန်းတွေ PC တွေ အကောင်ကိုက်မခံရတာတွေ အများကြီးပါ...
proactive security ပါဆို ...စောင့်ထိန်းရတဲ့ .. ကျင့်ဝတ်လည်း ပါတာပေါ့ကွာ .. ပေါက်ကရ ဆိုက် မသွားဘူး ...
အလကား ရတိုင်း မဒေါင်းဘူး ..ပြောရရင် မောတယ်ကွ။ ...
ခင်လို့ လက်တို့မယ်နော ...www.academicearth.org ကိုသွားကြည့်ကွ ... အဲ့သည့်မှာ MIT နဲ့ standford, Yale က
course တွေ Video file တွေ ...အလကား ပေးတယ်... လွန်ခဲ့တဲ့ ၄နှစ်ကတော့ OOP ကို လက်ချာ အခု ၃ဝလောက်နဲ့ တင်
ထားပေးတာ ကွာ အလွန် ကောင်းမွန်တယ် .ရှိဦးမလားတော့ မသိဘူး...ညီက programmer ဆိုတော့ အကျိုးရှိမယ် ထင်ပါတယ်..
အဲ့ ..တခုတော့ ရှိတယ်ကွ ...PC နဲ့ ဝင်နော ....flash video တွေ မို့ပါကွယ်...
နောက်ထပ် example တွေ လိုချင်ရင် လည်း ပြော ....

>>>၆.အင်း…………….နောက်တချက်ကဈေးကြီးတယ်ဆိုပဲ ပာဲပာဲ လေးဘီးကားနဲ့ မားစီးဒီးနဲ့ကတော့ဈေးကွာတာပေါ့နော့
>>>လေးဘီးကားစီးနေတဲ့လူတွေကတော့ မားစီးဒီးစီးနေတဲ့လူတွေကိုဘယ်အကောင်းမြင်မလဲ ဒီတော့ ဆီစားတယ် 
>>>အင်ဂျင်မကောင်းဘူးပါဘူး ပေါ့ကွာ
>>>ဒါပေမဲ့သူတို့ကော မစီးချင်ဘူးလားဆိုတော့ စိတ်ထဲမှာတော့ စီးချင်တာပေါ့ကွယ် သူတို့ဘလိုပြောပြော မာစီဒီးကောင်းတယ် 
>>>ဆိုတာတစ်လောကလုံးသိပါကြောင်း။
>>>University of computer ကျောင်းသားလေး
>>>မောင်ဝေဖြိုး
မာစီးဒီးစ် ကောင်းတာ တလောကလုံး သိတယ်ကွ ...
ဒါပေမယ့်ကွာ  ဥပမာ ..ယှဉ်ရွေးစရာ volkswagen ရှိမယ် BMW ရှိမယ် Ferrari ရှိမယ်ပေါ့ကွာ...
best နဲ့ best-fit မတူဘူးနော... ဒါလေး တခုပဲ သတိချပ်စေချင်တယ်...
တော်သေးဘီ ညီရေ့



၂။ မစ်စတာ စမစ်သ်ရေ့ ...


>>>ပို့စ်ရေးတယ်ဆိုတာ သူများကိုစော်ကားတာမကောင်းပါဘူး
>>>မကြိုက်ရင်လဲနေပေါ့ လူဆိုတာကို့အကြိုက်နဲ့ကိုပါ
>>>apple product သုံးတဲ့လူတွေကိုပါ ကြွားလုံးထုတ်တယ် ဘာတွေရယ်ချင်တယ်ဘာတွေရေးတာ
>>>တော့ရိုင်းတာပေါ့
>>>ကိုယ်ကျတော့ရိုင်းပြီး တချို့မခံနိုင်တဲ့လူတွေ ပြန်ပြောတာကျတော့ personal ကိုစော်ကားတယ်လို့
>>>ပြောတာတော့ ရှေ့နောက်မညီ ပဲ human right ကိုဖောက်ချိုးနေတာပါပဲ
>>>ဒီလို user တွေကိုစော်ကားတဲ့ post မျိုးတွေရတာ ရင်ထဲတကယ်မကောင်းလှပါဘူး
>>>ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အားနည်းချက်ပါ ကိုယ်မသိတိုင်း ကောင်းကောင်းမသုံး
>>>ဖူးတိုင်း ဆရာကြီးလုပ်ပြီး စော်ကားတတ်တဲ့အကျင့်ပါ
>>>အားလုံးဒီလိုအကျင့်မျိုးနဲ့ကင်းဝေးပြီး ဒီလိုလူမျိုးကိုရှောင်နိင်ကြပါစေလို့…………………. 
အပေါ်က ညီလေး မောင်ဝေဖြိုး ကို ရှင်းခဲ့တာတွေနဲ့ လုံလောက်မယ် ထင်လို့ သည် ကွန်းမန့်ကို မဖြေတော့ဘူးနော်...



>>>ပြဆိုတော့လဲပြရတာပေါ့ ကလေးတို့ရယ်
>>>အန်ကယ်က ဘယ်တော့မှလူတစ်ဖက်သားကိုရမ်းမယိုးစွပ်ဘူးကွဲ့
>>>ဒဲ့ပဲပြောတယ် နောက်ထပ်ဒဲ့တခုပြောလိုက်အုံးမယ် သူများ site တင် copy ကူးချရုံမကဘူး
>>>Dark Side of Apple ဆိုတဲ့Title ကြီးပါ စော်ရလုပ်ထားတယ် ကလေးတို့ရေ သတိသာထား
>>>အန်ကယ်တို့ ဂေဇက်မှာ သူများပာာ မကူးရ ဆိုတဲ့စည်းကမ်းကိုချိုးဖောက်နေတယ့်လူတွေတ
>>>ပုံကြီး တခုထဲတောင် မပာုတ်ဘူး ဒါတွေအကုန် ကူးထားတာ မောင်ရင်ငပေါက်ဖော်ေ၇…
http://forbes.com/sites/…/10/…/the-dark-
>>>side-of-apple-part-12/
>>>http://www.smh.com
>>>http://www.triplepundit.com/…/dark-side-apples-supply-chain-core/

ခင်ဗျား ပေးထားတဲ့ ပထမလင့်ခ်..ကဖွင့်မရလို့ ကျုပ် ပြန်ရှာပြီး တင်ထားပေးလိုက်တယ်နော...
http://www.forbes.com/sites/stevedenning/2011/10/04/the-dark-side-of-apple-part-12/

ဒုတိယ လင့်ခ်
http://www.smh.com/
က SMH ရဲ့ homepage ကိုပဲ သွားပါတယ်ဗျ ....health care system နဲ့ ပန်းသီး ဘယ်လို ပတ်သတ်သည် ကျုပ်ဉာဏ် မမှီတော့..
တတိယလင့်ခ်
http://www.triplepundit.com/2011/09/dark-side-apples-supply-chain-core/
က supply chain အကြောင်းဗျ .... ကျုပ် ဖတ်ကြည့်တယ် .. Forbes နဲ့ မကွာ တဲ့အကြောင်းတွေဗျ...
ကိုယ့် ဆြာ အဲ့သည့်ထဲက စာတွေ ..ဖတ်ကြည့်ပြီး ရေးတာမှ ဟုတ်ရဲ့လားဗျာ.... ခေါင်းစဉ် ကို Googling လုပ်ပြီးများ
ရေးလိုက်သလား လို့ ...
မဖတ်ရသေးရင် ကျုပ် ဖတ်ပြီး ဆွေးနွေးမယ်နော ..အနှီ ဆိုက်တွေမှာ ရေးထားတာတွေက  radical management တွေအကြောင်းဗျ ....
HR နဲ့ အများကြီးဆိုင်တဲ့ ..အလုပ်သမားတွေ ရဲ့ အခွင့်အရေး Rights တွေ  Corporate Social Responsibility တွေလည်းပါတယ်...
ကျုပ်ရေးတာ သမိုင်း၊ technology နဲ့ market trend .. ဘာမှ မဆိုင်ဘူးနော ....
Title ကြီးကို စောရလုပ်တယ် လို့တော့ ရက်ရက်စက်စက် မစွပ်စွဲပါနဲ့ ဗျာ ...
၁၉၇၃ တုန်းက The Dark Side of the Moon ဆိုတဲ့ သီချင်းခွေထွက်ဖူးတယ်ဗျ ...
စီးကရက် တွေ မားကတ်တင်း လုပ်တဲ့အကြောင်းကိုလည်း The Dark Side of Marketing ဆိုပြီး ရုပ်ရှင်ကြည့်ဖူးသလိုပဲ ...
ပြောရရင် The Dark Side of blah blah blah က ကုန်မှာ မဟုတ်ဘူးဗျ...
ပန်းသီး အကြောင်းရေးလို့ The Dark Side of ပန်း သီး ...ပေါ့ဗျာ ..Forbes က တီထွင်ထားတဲ့ မူပိုင် စာလုံးမှ မဟုတ်ဘဲ..
Apple Inc. အကြောင်း ရေးလို့  The Dark Side of Apple Inc. က သူခိုးတဲ့လားကွယ် ...
သည်မယ် ကို စမစ်သ်ရေ ...
ကွန်းမန့် ပေးထားသူများကို ကလေးတို့ အစချီပြီး ခေါ်ထားတယ်...
အန်ကယ်က ဘယ်တော့မှလူတစ်ဖက်သားကိုရမ်းမယိုးစွပ်ဘူးကွဲ့ လို့လည်း ပြောထားသေးတယ်..
ကွန်းမန့်သမားတွေကို အထက်စီးလေနဲ့ ... ခေါ်ရုံတင်မကဘူး ... ကျုပ်ကိုပါ စောရတွေရော စည်းကမ်း ချိုးဖောက် တာတွေရော
ပြောထားတယ်..
အဲ့ .... ကြည့်လိုက်တော့ ....ပေးထားတဲ့ လင့်ခ် တွေ ကလည်း တလွဲတွေချည်း ...
ခင်ဗျား အဲ့ဆိုက်ဒ်တွေ တကယ် သွားဖတ်တယ် ဆိုရင် ... သည်လောက် လွဲမယ် မထင်ဘူးနော ....

ကျုပ်ကို copy/paste သမားလို့ ပြောရင် လက်ခံပါတယ် .... MS Word ပေါ်မှာရေးပြီး MG မှာ လာပေ့စ့် ထားတာကိုး ဗျ...
မောင်ဝေဖြိုးရော ...မစ္စတာ စမစ်သ် ကိုပါ တခုတော့ ပြောချင်ရဲ့ ...
သည်ပိုစ့် အပေါ်ပိုင်းမှာ ရေးသား ဆွေးနွေးထားတဲ့ သဂျီး အပါအဝင် မန်ဘာတွေအားလုံး က ကျုပ် ခိုးတာကိုသတိမပြုမိဘဲ ...
ကွန်းမန့် ၅၅ခုကျော်မှ ခင်ဗျားတို့ ၂ယောက်က စတင်ပြီး ရှက်သလေး ရယ်ရသလေး လုပ်တာကတော့ သိပ် ပုံစံမကျဘူးဗျ...
ကျုပ် မဟုတ်တာ လုပ်ခဲ့ရင် ...အပေါ်က လူတွေ မသိစရာ အကြောင်းကို မရှိဘူး ... ကောင်း၂မွန်၂ ဆွေးနွေး သမျှလည်း ..
ကျုပ် တို့ ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့တာချည်း .... သည်တော့ တွေးကြည့်ပေါ့ဗျာ....
နောက်တခါ ကျုပ်ကို သမ မယ်ဆိုရင် အချက်အလက် ခိုင်မာသေချာ ကြပါစေဗျာ ....


၃။ သဂျီး

ဘယ်သူက ဘယ်သူ့ ကို ဘယ်မှာ ဘယ်လောက် စော်ကား ထားတယ် ဆိုတာ သဂျီးတွေ့မယ်ထင်တယ်နော .....စကားမစပ်
တပ်မ ၇ရ နဲ့ လေးပေါက် ကဗျာ ကိစ္စမှာ ဆဲတာနဲ့ ပါတ်သတ်ပြီး သဂျီး define လုပ်တာလေး ..ကျနော် အလွန်သဘောကျသဗျ...
သည်အတိုင်း ဆို ကျုပ် အဆဲခံ နေရတာပေါ့ ...။ ကျုပ်ပြန် မဆဲချင်ဘူးဗျ ....ရန်လည်းမဖြစ်ချင်ဘူး ...။ ချီးကျူးတာရော
တောင်းပန်တာပါ ဖီလင် မလာပါဘူးဗျာ .... ။ အင်း ပုထုစဉ် ဖြစ်တဲ့ ကျုပ် မကျေနပ်တာတော့ အမှန်ပဲ ....မကျေနပ်လို့လဲ ...
ခုလို တခုတ်တရ ပိုစ့်ရေးပြီး ကာယကံရှင် ၂ယောက်ကို သိစေအပ်တာပေါ့ .... ။ ခုတော့ ရေးပြီးပြီ မို့ ဘာမှ ဆက် မပြောဆို
အဆွေးနွေးလိုတော့ပါ ...။

ကျုပ် အယူအဆ တခုကို ဆွဲယူပြီး ရေးသည် .. ထိုအယူ သည် မှားသည် ဆိုလျင် အချက်အလက်နှင့်တကွ ..ဝေဖန် ထောက်ပြ
ဆွေးနွေး နိုင်ပါသည်။ (တနည်း) ဆဲနိုင်ပါသည် ။ ခုဟာကတော့ အဆဲတော့ ခံလိုက်ရတယ် ...ဆဲတဲ့လူတွေ ရေးတာတွေ trace
လိုက်ကြည့်တော့ ချေချေမြစ်မြစ် မရှိ ရေရာမှုမရှိ ..။ သည်အတိုင် းဆို ...မဟုတ်သေး ...။ သဂျီး သိအောင် ပြောပြတာပါ ....
တော်သေးပြီ ...


၄။ စာဖတ်သူအပေါင်း ...
ကျနော့်ကို အားပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ်ဗျာ .... ခုလို စာဖတ်သူအတွက် မရည်စူးတဲ့ ပိုစ့်မျိုး ...
နောက်နောင် ရေးသားတော့မှာ မဟုတ်ကြောင်းလည် းထပ်လောင်း ကတိပေးပါ၏ ။


ခင်တဲ့ ...

15 comments

  • blackchaw

    January 5, 2012 at 10:14 am

    ဂီဂီ ရေ သိတ်နားမလည်ပေမယ့်
    ထုံးစံအတိုင်း ဝင်ဖတ်သွားပါတယ်။
    ဂီဂီ့ မွေးနေ့အတွက် မြန်မာပြည်နေ ညီအစ်ကိုမောင်နှမတွေက
    အမှတ်တရလေးတစ်ခုခုတော့ လုပ်ပေးဖြစ်ကြမယ် ထင်ပါရဲ့။

  • မှော်ဆရာ

    January 5, 2012 at 11:15 am

    ဟုတ်ပါ့ဗျာ … ပါစင်နယ်ကိစ္စတွေ မပါကြေး ဝေဖန်မယ်ဆိုရင်တော့
    ကောင်းမယ်ဗျာ ..
    အခုတော့ ခင်ဗျား အစား စိတ်မကောင်းပါဘူး ..

  • နီကီတာ

    January 5, 2012 at 12:59 pm

    ဒီပို့စ်ဖတ်ပြီး စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတယ်
    ဒီနေ့ နေသိ်ပ်မကောင်းလို့ စိတ်ကြည်မလားလို့
    ဂေဇတ်ထဲ ဝင်လိုက်တာ
    ……………..
    Dark side of Apple Inc. ကိုပါ သေချာ ပြန်ဖတ်ကြည့်မိတယ်….

    ဖတ်ပီးသကာလ ဘာမှ ဝင်ပြောချင်စိတ်မရှိတော့ပါ..
    (apple က နာ့ကမ်ပနီမှ မဟုတ်တာ အနေသာကြီး… 🙂
    မေဘယ်လင်းတို့ ရယ်ဗလွန်တို့ပဲ စိတ်ဝင်စားတယ်…. ဒါပဲ.)

    ဒါနဲ့ စကားမစပ်
    ရုံးက myanmargazette.net ကို ဘမ်းလိုက်ပြီ… 🙁

  • kai

    January 5, 2012 at 1:54 pm

    အဟမ်း..
    ဖတ်ကြည့်ရတာ.. အခုမှ ပန်းသီးအကြောင်းက… ပိုကောင်းပြည့်စုံသွားသလိုပဲ..။ 😆

    ပန်းသီးရယ်..။ ဝင်းဒိုးစ်ရယ်..။ လင်းနတ်စ်ရယ်..။
    ကိုင်ပြောနေရင်.. လှည့်ပါတ်ပြောရင်.. ကုန်နိုင်တာလည်းမဟုတ်..။
    နောက် ၁ဝစုနှစ်တခုမက.. ပြီးမယ့်ဇတ်လမ်းလည်းမဟုတ်..။ သူတို့ကြောင့်.. ကမ္ဘာကျော်ဖိုရမ်တွေ..ဘလော့ဂ်တွေမှာလည်း.. အငြင်းပွားတာ..၊ ဆဲတာတွေ.. ပြီးခဲ့ရပ်ခဲ့တာလည်း မဟုတ်..။
    ကြားထဲက.. အခုကိစ္စမှာ.. အဒိုဘီကပါ..အဆစ်လိုက်ပါသေးသမို့.. မလွယ်ရေးချ… မလွယ်ပေါ့…။

    ထားပါတော့…
    ဂီဂီတင်တဲ့.. ပို့စ်လိုမျိုး.. အကြောင်းအရာတခုကို.. . အထွေထွေနေရာတွေကနေ.. လေ့လာ..ပြန်မှတ်..ဖတ်ထားပြီး.. စုဆောင်းပြီး.. ပြန်ရေးတာမျိုးခွင့်လည်းပြုပါတယ်..။ ကြိုက်လည်းကြိုက်ပါတယ်..။ ဆက်လည်းရေးစေချင်တာပါ..။ ဖတ်သူတွေလည်း အကျိုးများပါတယ်..။

    ဆိုတော့…
    လမ်းဆက်လျှောက်ကြပါခင်ဗျာ..။
    ရွာသူားအချင်းချင်း… ပုဂ္ဂိုလ်ရေး.. ထိခိုက်အောင်ရေးတာမျိုးတော့.. ရှောင်ကြပါလို့နော..။
    ပိုဖြစ်နိုင်ရင်. ဂီဂီစာကို ခြေလိုသူများက.. . The Bright Side of Apple’s Tyranny ဆိုပြီးရေးတင်ပါ..။
    http://www.marketingvox.com/the-bright-side-of-apples-tyranny-048605/

    ပြောရရင်.. ကျုပ်အိမ်မှာ ပန်းသီးကထုတ်တာ.. တလုံးမှကို မရှိဘူး..။
    မကြိုက်လွန်းလို့.. ပန်းသီးတောင် မဝယ်ထားဘူး..။ ပန်းသီးဖျော်ရည်တော့ရှိတယ်..။
    သမီးကတော့.. အရမ်းကြိုက်..။
    ဒီခေတ်လူငယ်များကလည်း.. အရမ်းကြိုက်.. ကြိုက်..ကြိုက်..။

  • amatmin

    January 5, 2012 at 2:15 pm

    ကိုဂီရေ.နဲနဲပဲလို့ .. ပြောထားပေလို့သာ နော်
    ဒီလို ပြန်ခြေထားတာ ကိုသဘောကျတယ်ဗျာ .
    ဒါမှပဲ ကျုပ်တို့ပန်းသီး အကြောင်းပိုသိရမှာ ပေါ့.. 🙂

  • windtalker

    January 5, 2012 at 2:34 pm

    မူးဒလယ် မူးဒလယ်
    ဘာမှ လဲ မသိဘူး
    ပန်းသီး ဆိုရင် သစ်သီး ဘဲ ဝယ်နိုင်တယ်
    ဖတ်ရင်းနဲ ့ခေါင်းတွေ နောက်လာဘီ
    မာဆတ် ပို ့ပေး
    မာဆတ် လိုက်ပို ့

  • ငပေါက်ဖော်

    January 5, 2012 at 3:19 pm

    ဖြစ်တတ်ပါတယ် ဂိရယ်
    စိတ်ရှော့..ဝိတ်ရှော့..ထမီရှော့
    အဘတို ့တော့ ဘာချိုဘာမှမသုံးနိုင်လို ့..ဘာချိုဘာမှ မတိဝူး
    ဒါဗဲ..
    ရေဆာတယ်..
    ပန်းသီးဖျော်ရည်တော့ ဝယ်သောက်နိုင်လို ့..အကြွေးတစ်ခွက်မှာလိုက်ဦးမယ်..
    ဟေ့…ပြွတ်.ပြွတ်..
    ဝိတ်တာ..ညီလေး..ငပေလေး.
    အကို ့ကို…တစ်ခွက်လောက်ကွာ

  • pooch

    January 5, 2012 at 5:59 pm

    မစ္စတာဂီရေ စာရေးဆရာဖြစ်ဖို့ ဆန္ဒရှိတယ် မဟုတ်လား …
    ဘယ်လိုအကြောင်းအရာကို ရေးသည်ဖြစ်စေ

    ဒီလိုမျိုး ဝေဖန်မှုလေးတွေကို လည်း မလွဲမသွေကြုံရပါလိမ့်မယ်…

    နားလည်မှုလွဲလို့ဖြစ်စေ … တခြားအကြောင်းကြောင့်ဖြစ်စေ…..ဒါကတော့ ထုံးစံပါ..

    နောက်ဆို ဒီဝေဖန်မှုလေးတွေကနေ ဒီထက်ပိုပြည့်စုံတဲ့ ဆောင်ရန် ရှောင်ရန်အတွေ့အကြုံလေးတွေရပြီး စာကောင်းလေးတွေ ပိုပြီးဖန်တီးနိုင်ပါလိမ့်မယ်…..

    စိတ်ထဲမှာ အရမ်းကြီးတော့ မခံစားစေချင်ပါဘူး … ထိုင်မရထမရ စိတ်ထဲ ခိုးလို့ ခုလု လည်း မဖြစ်ပါနဲ့ …

    ဝေဖန်မှုတွေရဲ့ နောက်မှာ ကိုယ့်စာက တဖက်သားကို ဘယ်လောက်တောင် ဆွဲဆောင်မှုရှိခဲ့တာလဲ ဆိုတာကို တချက်လောက်တွေးကြည့်လိုက်ပါ….

  • MaMa

    January 5, 2012 at 6:04 pm

    လူကြီးလူကောင်းပီပီ တုန့်ပြန်တတ်တာပဲ။
    ကောင်းပါလေ့။

    ညစ်နေတဲ့လူကို တွန်းလိုက်ဦးမယ်။
    (ပန်းသီးကပေးတဲ့ ဒုက္ခ) ဆိုရင် ပိုပြီးအဓိပ္ပါယ်ပေါက်လွယ် မလားလို့။

  • thit min

    January 5, 2012 at 8:10 pm

    ညီလေးရေ
    ကော်မန့်ဆိုပေမဲ့ အများစုကကောင်းတာရှိသလို
    မကောင်းဆိုးဝါးကော်မန့်တွေလဲပါလာတတ်တာပေါ့။
    ၁။ဆရာဝင်လုပ်တာ
    ၂။ဝင်နှမ်းဖြူးတာ
    ၃။ဝင်စော်ကားသွားတာ
    ၄။ ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားတာ
    ဆိုပြီး ဒီဂရီ တွေတက်ပြီးရှိမယ်နော်။
    (စုတ်စက်ခတ်နေရော::::::::စိတ်ကုန်း ::::::::::::)
    တခါတလေကျတော့လဲ ကိုယ့်ထက်သာ မနာလို ကွ။
    ရိုးရိုးသားသား ပြိုင်ပြီး ကောင်းအောင်မရေးနိုင်ရှာလို့လဲပါတယ်။
    ပြောရရင်တော့ သနားစရာပါ။ ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းပေါ့ကွာ။
    သူများကောင်းရာ ကောင်းကြောင်းရေးတာကိုတောင် ဖျက်လိုဖျက်စီး အနှုတ်ပေး တတ်တဲ့ စိတ်ယုတ်
    နဲ့ လူ လုပ်နေရတာတွေလည်း ရှိတယ်ဆိုတော့ အဲဒီလူမျိုးတွေ ရေးရင်လည်း “စာ” ဘယ်ကောင်းပါ့မလဲ။
    ဆရာကြီးတယောက်ပြောဘူးတယ် စာကောင်းရေးဘို့ စိတ်ကောင်းမွေးရတယ်တဲ့ ကွ။
    ငါ့ညီလေး စိတ်ကောင်းရှိသူပါ။
    လောကမှာ စိတ်ကောင်း ရှိရုံလေးနဲ့ အောင်မြင်သွားသူတွေအကြောင်းရေးစရာတွေရှိတယ်ကွ။
    စိတ်ပုပ် စိတ်ယုတ်နဲ့လူလုပ်နေရသူတွေကတော့ ပူလောင်နေသော “ပေါင်လူ” တွေပေါ့ကွာ။
    ပေါင်လူ ဆိုတော့ လူဖြစ်ရှုံးနေတာလေ၊ လူပြန်ဖြစ်ဖို့ ရွေးရအုန်းမယ်မဟုတ်လား(^^)။
    မင်း ပျော်ရွှင်ပါစေညီရေ့။

  • KING

    January 5, 2012 at 9:06 pm

    ပန်းသီးအကြောင်းသိပ်မသိတော့ ဘာမှတော့ မဆွေးနွေးတတ်ဘူး
    ပို့စ်အကြောင်းတော့ သိတယ် … ဆန့်ကျင်ဘက်ဆွေးနွေးတာကို လက်ခံနိုင်တယ်
    တိုက်ခိုက်တာကိုတော့ အားမပေးဘူး
    ဂီဂီ အခုပို့စ်မှာ အမြတ်တစ်ခုထွက်သွားတယ် … ဘာလဲဆိုတော့
    သူဂျီးမှာ တမီးရှိတာ တိတွားဘီ
    တွားတောင်းမယ် …. ဒန် တန့် တန် .. 😛

  • Khin Latt

    January 6, 2012 at 5:10 am

    မောင်တော်ငယ် လေး ဂီဂီ ရေ –
    မောင်တော်ငယ် လေး ရဲ့ Post ကို နေ့လည်ကဖတ်ပြီး ဘာပြောရမှန်း တောင် မသိခဲ့ပါ။
    ဤသို့ မောင်တော်လေး စိတ်ဒုက္ခရောက် ရခြင်း အတွက် အမ တော် စိတ်မကောင်း ကြီး စွာဖြစ်ရပါတယ်။
    မောင်တော်လေး ခေါင်းစဉ် က ပန်းသီး ပေးတဲ့ ဒုက္ခ ဆို၍ ကြားဘူးနားဝ ရှိသော “လူရွှင်တော် ပန်းသီး” ဟုထင်မိ ကာ ပထမဆုံး ထို “ပန်းသီး” ကို မေတ္တာပို့ လိုက်မိသေး၏။
    သေသေချာချာ ဖတ် လိုက်မှ ထင်သလို မဟုတ်ဘဲ အများကဲ့ သို့ပင် ချာချာလည် သွားခဲ့၏။
    ချာချာလည်သည့်ကြားမှ အရင်က Programmer အနံ့ရခဲ့တာ မမှားဟု တွေးလိုက်မိ၏။ 😉

    ~~~~~~ ခုလို စာဖတ်သူအတွက် မရည်စူးတဲ့ ပိုစ့်မျိုး …
    နောက်နောင် ရေးသားတော့မှာ မဟုတ်ကြောင်းလည် းထပ်လောင်း ကတိပေးပါ၏ ။ ~~~~~~~~

    အဲသလိုကြီး လုပ်ရင် နည်းပညာကို ဗဟုသုတ အမှန်လိုချင်သူ များ ကို မထောက်ထားရာ ရောက်သည်။
    “သစ်ပင်မြင့် ရင် လေပိုတိုက်ခံ ရသည်” ဟုတွေး ရင်း စာဖတ်သူများ ချာချာဆက်လည် နေနိုင်ရန် 😉 စိတ်စေတနာ အပြည့်ဖြင့် ဆက်လက်ရေးသား ပါလော့ ဟု အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည်။
    စတာနော် …… jk
    ခင်မင်သော
    အစ်မတော် 🙂

    သူကြီး မှတ်ချက်မှ
    ~~~~~ ပန်းသီးရယ်..။ ဝင်းဒိုးစ်ရယ်..။ လင်းနတ်စ်ရယ်..။ ~~~~~
    “လင်းနတ်စ်ရယ်” – —— သူကြီး စည်းမကျော်ပါနှင့်။ 😉

    Pooh နဲ့ မမ ပြောတာလဲ မောင်တော်လေး နားထောင်သင့်၏။
    ဆရာသစ်၏ ” ပေါင်လူ” စကား မှ ဆက်၍ အရင်က သိခဲ့သော “ပေါင်ချိန်” ကို မဆီမဆိုင် သတိရသည်။ (jk)

    KING သို့ – ချာချာလည်တဲ့ ကြားမှ အမြတ်ထုတ်နိုင်သေးတာ ချီးကျူး ပါ၏။ တော်ရုံ အရည်အချင်း မဟုတ်။

    ခင်မင်စွာဖြင့်

    • inz@ghi

      January 6, 2012 at 6:37 am

      အားပေးတာ ကျေးကျေးပါနော …
      စိတ်ဒုက္ခမရောက်တော့ပါဘူး အစ်မတော်ရယ်..
      မဖြေရှင်းပြဖြစ်ခဲ့တာ ကိုပဲ စိတ်မကောင်းဖြစ်ခဲ့တာပါ..
      ပိုစ့်တွေ ကွန်းမန့်တွေ ဖတ်ယုံလောက်သာ အချိန်ရပြီး
      ရေးဖို့ ရှင်းဖို့ အတွက် အချိန် မပေးနိုင်ခဲ့လို့သာ ခိုးလိုးခုလုဖြစ်ခဲ့ဖူးတာ
      ခုတော့ ..ဖြေရှင်းပြဖြစ်ခဲ့ပြီး ဖြစ်တဲ့အတွက် စိတ်ထဲ လုံးဝ မထားတော့ပါ
      ကျနော် မေ့ပစ်လိုက်ပါပြီ…

      စကားမစပ် ..
      လင်းနက်စ် ပါထည့်ပြောရရင် သေရောပေါ့ အစ်မတော်ရယ်….
      Steve နဲ့ မရှေးမနှောင်းမှာ ကွယ်လွန်သွားရှာတဲ့ …Dennis Ritchieကြီး
      အကြောင်းတွေ ပါ ထည့်ပြောရမှာ ..သူပါလာရင် C ပါလာမယ် C ပါလာရင်
      C++ နဲ့ C# သမားတွေ ရွာထဲ ရောက်လာပီး သတ်ကြဖြတ်ကြရင် …ရွာဆူမယ်
      ရေးဇယာလား ….ရေးဝူး ….ဟီး ….

      သဂျီးက အဲ့လို ကျပ်ကျပ်ပေးတတ်တယ်. ….သူက ငယ်ငယ်က ဂေါ်လီရိုက်ကတည်းက
      စည်းခိုးတာ …ဝါသနာပါတာ ဖြစ်မယ်. ..ဟီဟိ ….(စကားမစပ် သူ့ဂေါ်လီရိုက်ဖက်တွေ
      ရွာထဲရောက်လာရင် ကောင်းမယ်နော….)

      ခုနည်းနည်း မတူတဲ့အတွေး တွေးကြည့်နေတယ်ဗျာ … သည်လိုပါ …
      ကျနော်တို့ Steve အကြောင်းပဲ တူးတူး ..Billအကြောင်းပဲ ရေးရေး …
      ဇာတ်ပို့ နေရာတောင် မကဘဲ ဗီလိန် ဖြစ်ဖြစ်နေရရှာတဲ့ IBM အကြောင်း ပါဗျာ …
      Steve အခေါ်တော့ big brother ပေါ့ …
      (ရေးပါမယ် လို့ ကတိ မပေးရဲသေးပါဗျား …. ကျမ ဘဝ ကို လက်စ သတ်ရဦးမယ် ..)

      ခင်တဲ့ …
      ဂီ

  • bigchef

    January 6, 2012 at 8:31 am

    ကျွန်တော် က ပညာ ရှင် တယောက် တော ့ မဟုတ်ပါ။လက်ရှိ i pad ၂ သုံး နေ ပါတယ်။ကျွန်တော့ အ တွက် တော ့ apple က ရ သ သိပ် မပေး နိုင်ဘူး ထင်တာ ဘဲ.update software လဲ ဆွဲ မရ ဘူး။flash player လဲ မရ ဘူး.အဲ ဒါ ကို မဒမ် က အီး ပေါက် နေ တယ်။samgsung ဝယ် ရင် ကောင်းသား တဲ.။ဒါ ပေမဲ့ ဒီ ဇိုင်းကတော ့ လန်း တယ် ။ နောက် ဖြည့် ဝယ် ရ တာတွေ က တော ့ဈေး ကြီး တယ်။တကယ် တမ်း တော ့ apple က မာ စီ ဒီး ဆို android က toyota ပါ. သူ(android) က လူ တန်း စား အား လုံး အ တွက် ရည် ရွယ် မယ် ထင် တာ ဘဲ. land cruiser လို ဈေး ကြီး ဆုံး က နေ saloon လိုဈေး သက် သာ တဲ. ကား တွေ ရှိ သလို ပါ.
    ခုနောက် ဆုံး ထွက် တဲ့ i phone 4s နဲ့ 4 က camera က လွဲ ရင် ဘာ မှ သိပ် မကွာ ဆို လား ဘဲ။phone camera ကို တော ့ sony erisson နဲ့ nokia n8 ကို

    ကြိုက် တယ်။

  • FattyCat

    January 6, 2012 at 9:39 am

    ဂီဂီနဲ့ ပန်းသီးကိစ္စက အခုထက်အထိမပြီးသေးဘူးပဲကွယ်….
    ပန်းကြီးကြိုက်တဲ့ကြောင်တစ်ကောင်က ဂီဂီကို User point of View ကနေ ချေပပြီးခဲ့ပြီလေ…
    ဂီဂီ Post ကို ပြန်ဖတ်ကြည့်တဲ့အခါကျမှ နင်နဲ့ငါ ကွန်ပျူတာလောကထဲရောက်တဲ့အချိန် သိပ်မကွာဘူးလို့ ထင်မိတယ်…
    တကယ်တော့ ငါက Programmer မဟုတ်ဘူး…Networking သမား၊ Hardware သမား…
    Networking စလေ့လာတော့ Windows NT 4 ကိုလေ့လာခဲ့တဲ့ကောင်..PC လောကမှာ တစ်သက်လုံးနေလာတဲ့လူ…
    ဒါပေမယ့် အခုချိန်အထိ Crazy ဖြစ်တာ PC မှာဆို Sony VIAO နဲ့ Mac Product တော်တော်များများ…
    ထပ်ပြောရင် Apple Product မှာ iPad ကို သဘောမကျပါ…
    အဲဒီတော့…
    ပစ္စည်းတစ်ခုချင်းစီမှာ User တစ်ယောက်ချင်းစီအတွက် အမြင်တွေရှိတယ်…
    အမြင်မတူတိုင်း ရန်သူတော့မဟုတ်ဘူး
    Windows သမားတွေက တစ်ချိန်တုန်းက Linux နဲ့ ရန်သူတွေလိုတော့ဖြစ်ခဲ့ဖူးတာပဲ…
    အခုတော့ PC ကိုတော့ အသက်မွေးဝမ်းကြောင်းအတွက်ဆက်ဆံနေပြီး..Mac ကိုတော့ Feeling နဲ့ Crazy အတွက် ရူးသွပ်နေပါတယ်….

Leave a Reply