ဂဇက် တံခါးစောင့်ကြီး (5/12)

black chawJanuary 5, 20122min34029

မနေ့က သူကြီးက ကျွန်တော့် ကိုယ်တိုင်ရေးပုံတူ ပို့စ်မှာ ဒီလို ကွန်းမန့်လေးပေးထားပါသည်။

kai says:

နစ်နိမ်းကို.. ကလောင်အမည်ကို.. blackchaw လို့ဘာကြောင့်ပေးသလည်း.. သိချင်သား…။
ပြောရရင်.. တချို့ရွာသူားတွေ.. နာမယ်ပေးကြတာ.. စိတ်ဝင်စားစရာကောင်းတယ် ထင်မိတယ်..။

အဲဒါလေးကို အခု ကျွန်တော် ပြန်ဖြေလိုက်ပါတယ် သူကြီးရေ။

ဘလက်ချော ဆိုတာက မည်းချော ပေါ့ဗျာ။
ကျွန်တော့် ရုပ်ကြီးက မည်းပါတယ်။
ဒါပေမယ့် စိတ်ထားလေးက ချောတယ်ပေါ့ဗျာ
အသားမည်းပေမယ့် စိတ်ထားချောမောလှပသူလို့ ပြောချင်တာပါ။

ရွာမှာ အခုတလော နေရထိုင်ရတာ ပျော်စရာမကောင်းလှပါ။ အသေးအဖွဲလေးတွေနှင့်
ပြသနာအကြီးကြီးတွေ ဖြစ်နေကြတယ်လို့ ထင်မိပါတယ်။ အင်တာနက်ပေါ်စာတက်ရေးနေကြသူတွေဆိုတော့
ဆရာလုပ်ရမယ့်သူတွေ မဟုတ်ပါ။ သို့သော် ရွာသူရွာသားစစ်စစ်တွေကိုတော့ နည်းနည်းလေး အကြံပေးချင်ပါတယ်ဗျာ။

နည်းနည်းလေး လျှော့ကြပါလို့

ဒိုင်ယာလော့ခ် ဟောင်းကြီးကိုပဲ ပြန်သုံးပါရစေဗျာ။
အမေစု နဲ့ ဦးသိန်းစိန် တောင် လက်ဆွဲနှုတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေကြတဲ့
အခါမျိုးမှာ ဘာမဟုတ်တာလေးတွေနဲ့ အချိန်ကုန်ခံမနေကြပါနဲ့တော့ဗျာ။
စိတ်လျှော့ကြပါဗျာ။
အားလုံးကို တောင်းပန်ပါတယ်။
တောင်းပန်ရင်းနဲ့ သောက်တဲ့ စားတဲ့ အကြောင်းလေး သတင်းပေးလိုက်ဦးမယ်ဗျာ။
မနေ့က လွတ်လပ်ရေးနေ့ကြီးမှာပေါ့။
မြန်မာပြည် မြို့တော်ဟောင်းကြီး မန္တလေး က မန်းသားကြီး ကိုပေါက်က ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာ မင်္ဂလာပွဲလာတက်တယ်ဗျ။
အဲဒါကို မြန်မာပြည်မြို့တော်ဟောင်းကြီး ရန်ကုန်က ရန်ကုန်သားကြီး ဘလက်ချောက သွားကြိုလာခဲ့ပြီး ကိုးမိုင်မှာရှိတဲ့ အင်တာနက်ဆိုင်ပိုင်ရှင်
အယ်ဒီပြာ ပေါက်ဖေါ်ကြီးကို ဝင်ခေါ်ပါတယ်။ ပေါက်ဖေါ်ကြီးဆိုင်မှာပဲ ကိုပေါက်ရယ် ကျွန်တော်ရယ် ပေါက်ဖေါ်ရယ် ကွန်ပျူတာတစ်လုံးတည်းနဲ့
ရွာထဲအတူတူ လျှောက်လည်ခဲ့ကြပါတယ်ဗျာ။ အဲဒီ ဖီလင်က အသစ်ဗျ။ တော်တော် ပျော်ဖို့ကောင်းပါတယ်။
အဲဒီမှာပဲ သူကြီးက ကျွန်တော့်ပို့စ်မှာ ပေးတဲ့ ကွန်းမန့်ကို ကိုပေါက်က ပြန်ပြီး ကွန်းမန့်ရေးတယ်ဗျာ။
သူ့ကွန်းမန့်က ဒီလိုဗျ။

ကိုပေါက်(မန္တလေး) says:

သူကြီးသိချင်ရင်ကျနော်ပြောမယ်။
သူ့အရက်မူးတုံးမေးထားတာလေ။
သူ့အဖေက ကိုမဲ အမေက ဒေါ်မှောင်
အဖေနဲ့အမေကို ဆတူချစ်တော့ စကားလုံးတစ်လုံးထဲကို ယူပြီး ဘလက် လို့ယူလိုက်တယ်။
သူ့ချစ်ဇနီးက မချောချော အဲတော့ အားလုံးပါအောင်
ဘလက်ချော ကဲပေးတော့ တစ်ရာ ဖြေခ

ပြီးတော့မှ စွယ်တော်ဘုရားနားက ရေကန်နားမှာ ကားကို သွားကွေ့ရင်း ကိုပေါက်က ဓါတ်ပုံရိုက်ပါသေးတယ်ခင်ဗျာ။
တကယ့် ဓါတ်ပုံ ဝါသနာရှုင်ကြီးပါ။
ပြီးမှ ရှစ်မိုင်မှာ ကျွန်တော်နဲ့ ပေါက်ဖေါ်သောက်ဖို့ အရက်တစ်လုံး၊ ကိုပေါက်သောက်ဖို့ စပိုင် နှစ်လုံးဝင်ဝယ်ပြီး ရှစ်မိုင်မှာပဲရှိတဲ့
HINAN စားသောက်ဆိုင်မှာ ဝိုင်းဖွဲ့ကြပါတယ်ဗျာ။ ကိုရင်စည်သူ ဖုန်းကို ခေါ်ပေမယ့် ဘယ်လိုမှခေါ်လို့မရတာကြောင့်လက်လျှော့လို်က်
ရပါတယ်။ သောက်ရင်း စားရင်း ရွာထဲက လူတွေ အတင်း အဲလေ အကြောင်း ပြောဖြစ်ကြပါတယ်။
အခုမှသတိရတယ်ဗျို့။ ပေါက်ဖေါ် နာမည် ရွေးကောက်ပွဲမှာ မပါဘူး သူကြီးရေ။ သူကြီးများမေ့သွားတာလားလို့။
ဟေးဟေး။
ကဲ ဒီတစ်ခါတော့ ပို့စ်က နည်းနည်း တိုသွားမလား မသိဘူးဗျာ။
တူးချင်ဆွချင်တဲ့ စိတ်က ကုန်သေးဘူးဗျို့။
အခုနောက်ဆုံးပေါ်တူးဆွခြင်းကတော့ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ဆိုတဲ့ ခေါင်းစဉ်နဲ့
ဆရာမကြီး TTNU ၊ ဆရာမောင်ပေ ခေါ် windtalker ၊ ဆရာမ နန်းမတော်မယ်ပုချ် ခေါ် pooch ၊ ဆရာ ကိုဆန်နီ ၊ ဆရာကိုစိန်သော့ တို့ ရဲ့
တန်ဘိုးကြီးသော အဟောင်းများ ကို တူးဆွနေပါကြောင်း သတင်းလေး ပေးချင်ပါတယ်ဗျာ။ ရန်ကုန်မှ ဆရာ ဆရာမတွေရဲ့
ပို့စ်တွေကိုလည်း အချိန်ရရင် ရသလို တူးဆွဖေါ်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း။

Windtalker ရဲ့ သူတို့ ပျော်တဲ့ ဘုရားပွဲ ဆိုတဲ့ ပို့စ်လေးက စလိုက်ရအောင်ပါဗျာ။
အိမ်အပြန်လမ်းမှာ အငြိမ့်ဝင်ကြည့်သော ကိုပေတစ်ယောက် ပွဲဈေးတန်းလျှောက်ရင်း
အပျော်တမ်းသားရေကွင်းပစ် ဆိုင်ရှင်သားအမိနှစ်ယောက်ကို အင်တာဗျူးပြီး ဓါတ်ပုံရိုက်ခဲ့တာပါ တဲ့ဗျာ။
အလကားရခဲ့သော အင်တာဗျူးတစ်ခုမဟုတ်ပါ၊ ငါးထောင်ပေးမှ အဆင်ပြေသွားသော အင်တာဗျူး ပါခင်ဗျာ။
ဘုရားပွဲတွေမှာ လုပ်ကိုင်စားသောက်နေကြသော အခြေခံလူတန်းစားတွေ၏ ဘဝကို
ကိုပေက စိတ်ဝင်တစားဖေါ်ပြချင်တာ ကို လက်ခုတ်တီးပေးပါသည်ခင်ဗျာ။
ကိုပေ က နောက်လည်းကြုံရင် ကြုံသလို ဗျူးဖြစ်သမျှ တင်ပေးပါဦးမည်တဲ့ခင်ဗျာ။
ဓါတ်ပုံလေးတွေပါ တွဲတင်ပေးထားသော အင်တာဗျူးပို့စ်လေးပါ။

ဒီလူတွေ ဘယ်လို လုပ်စားကြသလဲ ဆိုတာလေး ကို သိခဲ့ရသမျှ ပြန်ဝေမျှပေးလိုက်တာပါ ။
နောက်လည်း ကြုံရင် ကြုံသလို ဗျူးဖြစ်သမျှ ကို ပြန်တင်ပေးပါမည်

Manawphyulay ၏ လေ့လာစရာ စွယ်စုံကျမ်းများ ဆိုတဲ့ ပို့စ်ကတော့ စွယ်စုံကျမ်းဆိုက်တွေ ကို
တစ်စုတစ်စည်းတည်း တင်ပေးထားတာပါ။

Moethidasoe ရဲ့ HIV/AIDS ဗဟုသုတပွဲတော် ဆိုတဲ့ ပို့စ်လေးကတော့
ဖိတ်စာလေးတစ်ခုပါ။

HIV/AIDS ဗဟုသုတပွဲတော် ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် ၂၄၉ ရှိ ဆရာဝန်အသင်း ဝင်းအတွင်း
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ မှ ၁ရ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။
မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

လို့ ဖေါ်ပြထားပါတယ်ဗျာ။

Wow ရဲ့ အနေအထိုင်မတတ်တဲ့ အိန်ဂျယ် ဆိုတဲ့ ပို့စ်လေးကတော့
တောသူတစ်ယောက်မြို့ရောက်ကာစ အတွေ့အကြုံလေးပါတဲ့ဗျာ။
ကုမ္ပဏီဝန်ထမ်းဝင်လုပ်တဲ့ အခါ ရိုးသားစွာလုပ်ကိုင်ခဲ့ပေမယ့် အဆင်မပြေတာလေးတွေကို ပြန်ရေးပြထားပါတယ်။
နောက်ဆုံးရေးပြသွားတဲ့ ဝါကျလေးကိုတော့ အကြိုက်တွေ့မိလို့ ဖေါ်ပြပေးပါရစေခင်ဗျာ။

(အကျင့်ပျက်ခြစားမှုဟာ ဂုဏ်ပြုချီးမြှောက်ခံရပြီး ရိုးသားမှုဟာ ကိုယ့်ကိုကိုယ်သတ်သေသလိုဖြစ်လာပြီဆိုရင် သင့်လူ့အဖွဲ့အစည်းဟာ ပျက်စီးနေပြီဆိုတာ သင်သိရမယ် ……

အဲဒါဆိုရင်တော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ပျက်စီးနေပါပြီး wow ရေ။

Mg Ogga ရဲ့ လူမျိုးကြီးဝါဒ မြန်မာပြည် ဆိုတဲ့ ပိုစ်လေးက ဖတ်လို့လည်းကောင်း
ပွားလို့လည်းကောင်းမယ့် ပို့စ်လေးပါဗျာ။ ဗမာလူမျိုး ဗုဒ္ဓဘာသာ တွေက တိုင်းရင်းသားတွေအပေါ်
နှိမ့်ချဆက်ဆံတာတွေကို ရေးပြထားတာပါ။ တချို့ မောင်ဥက္ကာရေးတာလေးတွေကို ကျွန်တော် ထောက်ခံချင်ပါတယ်ဗျာ။
အစိုးရဌာန ဝန်ထမ်းလောကမှာ ဗုဒ္ဓဘာသာမဟုတ်လျှင် ရာထူးအတက်နှေးသည်၊
အခွင့်အရေးနည်းသည် ဆိုတာလောက်အထိတော့ ထောက်ခံပါသည်။
တိုင်းရင်းသားများ ဗိုလ်သင်တန်းတက်ခွင့်မရပါ ဆိုတာကိုတော့ ကန့်ကွက်ပါတယ် မောင်ဥက္ကာရေ။
ခင်ဗျားရေးသွားတဲ့ ပို့စ်က အားလုံးနီးပါးမှန်ပါတယ်။ အဲဒါလေးတစ်ခုကတော့ နည်းနည်းလွဲသွားတာပါ။
ဗိုလ်လောက်တော့ ဖြစ်ခွင့်ရကြပါတယ် ဗျာ။ ကျွန်တော် ပြောတာ ဗိုလ်လောက်တော့ လို့ ပြောထားတယ်နော်။
သိတ်ထူးချွန်ထက်မြက်လွန်းရင် ဗိုလ်မှူးလောက်တော့ ဒီဘက်ခေတ်မှာ ဖြစ်ကြပါတယ်ဗျာ။
ဟိုဘက်ခေတ်ကဆို အယ်လ်ခွန်းရီတို့ အဖေ အယ်လ်ကွန်ဖန်ကြီးဆို တိုင်းမှူးကြီးပဲ နော။
ကျွန်တော်တို့ ငယ်ငယ်က တချို့ တပ်ရင်းမှူးတွေဆိုလည်း ဗိုလ်မှူးကြီး အမ်မ်ဇော်ယော တို့
ဒုဗိုလ်မှူးကြီး ဒိန်ရင်နော်တို့ ဟာ ကချင် ခရစ်ယာန်တွေပါပဲ။ ဒီဘက်ခေတ်မှာတော့ အဲဒီလောက်မပေးတော့ဘူး
လို့ ထင်မိတာပါပဲဗျာ။ ခရစ်ယာန်ကို စီပိုးလို့ ခေါ်ကြတယ်လို့တော့ ကြားဘူးတာပဲဗျ။ ဟေးဟေး။
စိတ်ဝင်စားစရာဒီပို့စ်လေးမှာ ကွန်းမန့် လေးတွေပါ တွဲဖတ်လိုက်ရင် ပိုမိုက်သွားမယ်ဗျာ။ ဖတ်ကြည့်ကြပါဗျာ။

ကြောင်လေးရဲ့ တကယ်ပူးတာလား အလေ့အကျင့်လား ၂ ကို ဖတ်ဖြစ်ပါတယ်ဗျာ။
ကြောင်လေးရဲ့ နတ်ကိုးကွယ်မှု ကို သရော်ထားတဲ့ ပို့စ်လေးပါ။
အရေးအသားကောင်းကောင်းနဲ့ ကြောင်လေးရဲ့ ကြိုးစားမှုကိုတွေ့ရပါမယ်ခင်ဗျာ။

Myanmarcitizen ရဲ့ passport ရုံးမှအပြန် ဆိုတာလေးကတော့
ပတ်စ်ပို့ သက်တမ်းသွားတိုးတဲ့ အတွေ့အကြုံလေးကို ရေးထားတာပါ။

လက်ရှိအစိုးရက clean government ဆိုပြီးတော့သာ အော်နေတယ် သူ့ဝန်ထမ်းတွေ ကတော့
ပိုက်ဆံလေး ပေးမှလုပ်တာ ဟာ အကျင့်ပါနေပါပြီ။

ပိုက်ဆံတောင်းတာတောင် မာရေကျောရေ တောင်းသော ဝန်ထမ်းတွေကို ပေါက်ကွဲထားတဲ့ ပို့စ်လေးပါ။
ဒါမျိုးကတော့ ကျယ်ကျယ်အော်မှ များများကြားပြီး မြန်မြန်ပြင်လို့ရမယ့် ကိစ္စမျိုးမို့ အော်နိုင်သလောက်သာအော်ဗျာ။

အရှင် သုစိတ္တ ရဲ့ လူတိုင်းပိုင်ဆိုင်ထားသော အဆန်းပြားဆုံးလက်နက် ဆိုတဲ့
ပို့စ်လေးကိုလည်း ဖတ်ဖြစ်ပါတယ်။ အဲဒါကတော့ ပါးစပ်သေနတ် ပါတဲ့ ခင်ဗျာ။
ကျည်ဆံကတော့ စကားလုံးကျည်ဆံပဲ ထည့်လို့ရပါတယ်တဲ့။ ချစ်အောင်မုန်းအောင် ပစ်လို့ရသလို
စကားလုံးကျည်ဆံ ထိမှန်ခံရသူဟာ အပြင်ဒဏ်ရာမရပေမယ့် စိတ်ဒဏ်ရာရသွားနိုင်တယ် ဆိုတာလေး ေ
ရးထားတာပါဗျာ။ ဖတ်ပြီး ဆင်ခြင်နိုင်ကြဖို့ပါ။

Moethidasoe ရဲ့ HIV ဆိုတာ ဆိုတဲ့ ပို့စ်လေးကတော့
AIDS ရောဂါဆိုးကြီးကို ဖြစ်စေမယ့် HIV ဗိုင်းရပ်စ်ပိုးအကြောင်း ရှင်းပြထားပြီး ဆောင်ရန်ရှောင်ရန်
လေးတွေကို ဗဟုသုတပေးထားတဲ့ ဆေးပညာပေးပို့စ်လေးပါ။
ကွန်းမန့်လေးများနဲ့ ဖတ်ထားပြီး ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ကြဘို့ ပါဗျာ။

လင်းဝေ ရဲ့ ဝေဠုဝန်က ဖုန်းဆာဗာ မီးလောင်ပျက်စီး၊ ဂျီ ၅ဝ များ လိုင်းပျောက်
ဆိုတာလေးကတော့ ဖုန်းဆာဗာကြီးမီးလောင်လို့ ဖုန်းလိုင်းတွေ ပျက်တာကို သတင်းပေးထားတာပါ။

အင်း… တရုပ်နည်းပညာနဲ့ မြန်မာ အင်.အင်ဂျင်နီယာများ ကိုင်တွယ်တဲ့ နက်တဝါ့ကြီးကလည်း မီးတောင်ထလောင်ရပါလားလို့။
တကယ်တော့ ဒီ ဂျီအက်စ်အမ် အတွက် နည်းပညာကို ဥရောပ နိုင်ငံ ကုမ္ပဏီကြီးများနဲ့ ပူးပေါင်းပြီး တရုပ်ပြည်မှာ အကောင်အထည်ဖော်တာပါ။ တရုပ်ပြည်ဈေးကွက်ကြီး အပြီးမှာ မြန်မာပြည်ဈေးကွက် အတွက် ကျုံးကော်တယ်လီကွန်း ခေါ်
ZTE နဲ့ ရှန်ဟိုင်းဘဲလ်(ပြင်သစ် အက်တဲလ် နဲ့ ဖက်စပ် ဆိုလား )တို့ တစ်ယောက်တစ်ဝက် ခွဲတမ်းချပြီး မြန်မာ့ဆက်သွယ်ရေးကို တစ်လိုင်း ဒေါ်လာ တစ်ရာ့တစ်ဆယ်နဲ့ လာဆောက်ပြီး ရောင်းထားတာပါ။ အခုထိလည်း ထုတ်ကုန်အသစ်အသစ်တွေနဲ့ မြန်မာ့ဆက်သွယ်ရေးက တစ်ဆင့် မြန်မာပြည်က စားသုံးသူတွေရဲ့ ငွေတွေကို သဲ့ယူနေဆဲပါ။

သတင်းအပြင် အဲဒါမျိုးအရေးအသားမျိုးလေးတွေပါ ဖတ်ရမယ့် ပို့စ်လေးပါဗျာ။

Hmee ရဲ့ ယေရှုနှစ်ခြင်းခံရာ ဂျော်ဒန်မြစ် ဆိုတဲ့ ပို့စ်လေးက လူကြိုက်များခဲ့တဲ့ ပို့စ်လေးပါခင်ဗျာ။ ယေရှုနှစ်ခြင်းခံခဲ့တဲ့ နေရာကို ရောက်ခဲ့တဲ့ မမှီ ရဲ့ အတွေ့အကြုံလေးတွေက
ခရစ်ယာန်ဘာသာဝင်သာဆို ဘယ်လောက်တန်ဘိုးကြီးလိုက်မလဲ လို့လည်း တွေးမိပါတယ်။ ဓါတ်ပုံလေးများကလည်း ပို့စ်ကို အထောက်အကူဖြစ်စေခဲ့ပါတယ်ဗျာ။ ငွေကြေးချမ်းသာရုံနဲ့ ရောက်နိုင်တဲ့ နေရာတွေမဟုတ်တာကြောင့် အစ္စရေးရောက် မမှီရဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဖတ်ကြည့်ကြပါဗျာ။

ကျွန်ုပ်တို့၏ ဆရာမကြီး TTNU ရဲ့ စကားလုံးများရဲ့ ရာဇဝင် ၄ က
ဒီတစ်ခါ လူစည်စည်ကားကားနဲ့ ပျော်ဘို့ ကောင်းခဲ့ပါတယ်ဗျာ။ ဒီတစ်ခါ ဆရာမကြီး သင်ပေးတဲ့
စကားလုံးငါးလုံးကိုလည်းကြည့်ပါဦးခင်ဗျာ။
(16) Black sheep
(17) Blowing hot and cold
(18) Born with a silver spoon in your mouth
(19) Box and Cox
(20) Brand-new
ဆရာမကြီးက အထက်ပါစကားလုံးငါးလုံးကို အသေးစိတ်ပြန်ရှင်းပြထားပါသေးတယ်။ အဲဒီမှာ သိုးမည်းဆိုတာကြီးက ပါလာခဲ့ပါတယ်ဗျာ။

(16) Black sheep
မိသားစုကို အရှက်ရစေ၊ ဂုဏ်သိက္ခာ ကျစေသူ
E.g. I don’t want to be regarded as the black sheep of my family.
မိသားစုကို အရှက်ရစေ၊ ဂုဏ်သိက္ခာ ကျစေသူ အဖြစ်နဲ့ ကျွန်တော် အထင်မခံချင်ပါဘူး။
သိုးမည်းတွေဟာ သိုးဖြူတွေလောက် တန်ဖိုးမရကြဘူး။
ဟိုးခေတ်တွေတုန်းက သိုးမည်းတွေဟာ မကောင်းဆိုးဝါးတွေ သယ်ဆောင်လာတယ်
လို့ အယူသည်းခဲ့ကြတယ်တဲ့။ ဒီလိုနဲ့ နောက်ပိုင်းမှာ …မိသားစု အသိုင်းအဝိုင်းကို
သိက္ခာကျအောင်လုပ်ရင် အရှက်ကွဲစေရင် သိုးမည်းလို့ ခေါ်ကြတော့တယ်။
(ဗဒင် သီချင်းထဲမှာ Sunday School မတက်တဲ့ သိုးမည်းကြီးတွေ လိ်ု့ပါတာမဟုတ်လား)

အဲဒီမှာပဲ ရွာထဲက သိုးမည်းဟောင်းကြီးတွေ နဲ့ သိုးမည်းအသစ်စက်စက် ကလေးတွေရဲ့ ကွန်းမန့်တွေနဲ့ စည်ကားခဲ့တာပါ ဗျာ။
ငယ်ငယ်က တက်ခဲ့ရတဲ့ ကျောင်းခန်းထဲပြန်ရောက်သွားရသလို ဖီလင်လေးဖြစ်စေခဲ့တဲ့
ဆရာမကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

TTNU says:
မိုးစက်၊ မောင်ဂီ၊ မောင်သစ်၊ မမ၊ မောင်ကြောင်ကြီး၊ဘလက်၊ ဆူပါ၊ ပူးချ်၊ မောင်ပေ၊ မနောလေးဖြူ။
ကလေးတွေ ရန်မဖြစ်ကြနဲ့။ စာတွေ ဖတ်ကြ။ ကူးယူကြ ။ မှတ်မိအောင် ကြိုးစားကြ။
(I’m a brand-new black sheep in certain box and Cox situation attending your class together with a girl who was born with a silver spoon in her mouth and so she always blows hot and cold.) မောင်ဂီ့ ဝါကျ A+ ရ ။
အားလုံးကိုချစ်သော
ဆရာမ

phone kyaw ရဲ့ ကျွန်တော်တို့ ဗမာတွေ မညံ့ပါဘူး ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်။

ကျနော်နိုင်ငံခြားမှာနေတာပါ။ မြန်မာတွေဟာ တခြားနိုင်ငံသားတွေနဲ ့ယှဉ်ပြီး ပညာသင်၊ အလုပ်လုပ်တဲ့အခါမှာ
မြန်မာတွေမညံ့ကြောင်း ၊ တော်ကြောင်း တွေ ့ရတယ်။

ဗမာတွေဟာ နိုင်ငံခြားသားတွေထက် မညံ့ကြောင်း၊ လူမျိုးပေါင်းစုံနဲ့ အလုပ်တွဲလုပ်ဖူးတဲ့အကြောင်း၊
ဗမာတွေထက်ညံ့တဲ့ လူမျိုးတွေ အများကြီးတွေ့ဘူးကြောင်း သူ့အတွေ့အကြုံလေးတွေနဲ့ ရှင်းလင်းပြောဆိုသွားတာ
လက်ခံလောက်စရာ ပါပဲဗျာ။ အဲဒီလိုမညံ့တဲ့လူမျိုးကို ညံ့အောင်မလုပ်မိဖို့ လူကြီးတွေကို ဆုံးမ အဲ တောင်းဆိုထားပါတယ်ဗျာ။

ဒါ့ကြောင့် မညံ့တဲ့လူမျိူးကို ညံ့အောင်မလုပ်မိဖို ့လူကြီးတွေအနေနဲ ့လုံးဝတာဝန်ယူရပါလိမ့်မယ်။
ဒီတာဝန်ကတော့ ကျနော်တို ့မျိူးဆက်ကို အခွင့်အလမ်းတွေ အခွင့်အရေးတွေ များများဖွင့်ပေးပါ။
ဒါမှ ကျနော်တို ့ရဲ ့မျိူးဆက်တွေကို ကျနော်တို ့ထက်မြင့်တဲ့ ဘဝတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။
ဒီလိုမြင့်လာရင် ကျနော်တို ့တာဝန်ကျေပါပြီ။ ကျနော်တို ့သေပျော်ပါပြီ။

ဘုန်းကျော် ဟာ ဒီပို့စ်အထိ သူ့အမြင်လေးတွေကို ရိုးရိုးသားသားတင်ပြခဲ့ပါတယ်။ ရွာသူရွာသားတွေနဲ့လည်း
ပြသနာ တစ်စုံတစ်ရာ တက်တာ မရှိခဲ့ပါဘူး။ နေုာက်ပိုင်းပို့စ်တွေမှာတော့ ဗမာတွေကို နည်းနည်း နှိမ်ချချင်တဲ့
အပြောအဆိုအရေး အသားတွေပါလာလို့ ရွာသူရွာသားတွေနဲ့ ပြသနာ အနည်းငယ်ရှိလာခဲ့ပါတယ်ဗျာ။
လိုက်လျောညီထွေ ပြုမူပြောဆိုနေထိုင်ခြင်း ဟာလည်း ပညာတတ်တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ကိုဘုန်းကျော် သိမှာပါဗျာ။ အားလုံး အေးအေးဆေးဆေး နွေးနွေးထွေးထွေးဖြစ်အောင် ပြုမူပြောဆို နေထိုင်ကြရအောင်ပါ နော။
ဗမာတွေ မညံ့တဲ့ အကြောင်းပြောပြပေးတဲ့ ကိုဘုန်းကျော်ကို ကျေးဇူးတင်ပါတယ်ဗျာ။

ကြောင်လတ် ရဲ့ အမေသို့ ကန်တော့ပန်း ဆိုတဲ့ ပို့စ်လေးက မိခင်မေတ္တာဘွဲ့လေးပါ။

အလုပ်ကိစ္စ သားဒုက္ခရောက်မှာစိုးလို့ စေတနာနဲ့ ဝင်ပြောခဲ့တုန်းက အမေ့ကိစ္စမဟုတ်ပါဘူး၊
အမေ အေးအေးနေပါလို့ ပြောမိလိုက်လို့ အနားကအသိအိမ်သွား၊ ရင်ဖွင့်ရင်းမျက်ရေကျခဲ့တဲ့အမေ။ “အမေ အရာရာအတွက် တွေးပူရင်းစိတ်သသောက ရောက်နေရင် ရောဂါရလိမ့်မယ်၊ ဒါကြောင့် တချို့ကိစ္စတွေမှာ နေသာသလိုနေပြီးတရားစိတ်နဲ့ အေးအေးချမ်းချမ်းနေစေချင်လို့ သားကပြောတာပါ”
လို့ ဖြေသိမ့်စကား ကျနော် မပြောဖြစ်ခဲ့ပါလား။

ဒီစာထဲမှာ ပါတဲ့ အတိုင်းဆို ကြောင်လတ်က အသိစိတ်ရှိပါလျက်နဲ့ အမေကို ဂရုမစိုက်နိုင်တဲ့
သားတစ်ယောက်လို့ ထင်ရပါတယ်ဗျာ။ ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးကို ဖတ်ကြည့်ပါဗျာ။

TTNU says:
ကြောင်လတ်ရေ
အမေဆိုတာ “အတုမရှိ သမားတော်ကြီး” လို့ ကဗျာတစ်ပုဒ်မှာ
ဖတ်ဖူးတယ်။ နေမကောင်းရင် အမေ ကိုယ်ပူလာစမ်းပေးတာနဲ့ စိတ်သက်သာသွားလို့လေ။
ရှင် အခုရေးတာတွေ တကယ်ဆိုရင် အခု အမေတို့ဆီခဏပြန်လိုက်ပါလား။
ပြီးတော့ ဒီ ကဗျာလေးဖတ်ပြလိုက်ပါ။
ရှင့်အမေ ပြုံးနေမှာသေချာတယ်။

ဆရာမကြီး ပြောသလိုပါပဲ ကြောင်လတ်ရေ။ ဒီစာစုလေးသာ ခင်ဗျားအမေကို ဖတ်ပြလိုက်ရင် ပြုံးနေမှာသေချာပါတယ်ဗျာ။

Whowho ရဲ့ ရာထူးတိုးအလုပ်ပေးအပ်ပွဲ ဆိုတဲ့ ပို့စ်လေးကတော့
နမူနာကောင်းကောင်းလေးတွေနဲ့ တရားပြထားတဲ့ ပို့စ်လေးပါဗျာ။

Wow ရဲ့ အကယ်၍ / IF ဆိုတဲ့ ပို့စ်လေးကတော့ Rudvard Kipline (1865-1936) ရေးတဲ့ IF ဆိုတဲ့ကဗျာလေးကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ပေးထားတာလေးပါဗျာ။ ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ပါ။

Kotun winlatt ရဲ့ ပေါ့ပေါ့ပါးပါး ခရီးသွား ဆိုတဲ့ ပို့စ်လေးကတော့
တကယ့်ကိုပေါ့ပေါ့ပါးပါးလေးနှင့် ဖတ်လို့ကောင်းသော ပို့စ်လေးတစ်ပုဒ်ဖြစ်ခဲ့ပါသည်။
ရွာမှ မိုင်သုံးဆယ်ကျော်ဝေးသော မြို့ငယ်လေးသို့ တစ်ယောက်တည်း ဆိုင်ကယ်နှင့်သွားရင်း
လမ်းမှာကြုံတွေ့ခဲ့ရသော သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေကို တစ်ခုခြင်းရေးပြသွား
ခဲ့ပါသည်။ အရေးအသားကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသော kotun winlatt ရဲ့ ပေါ့ပေါ့ပါးပါးခရီးသွား
ဆိုတဲ့ ပို့စ်လေးကိုတော့ မဖတ်မဖြစ် ဖတ်ကြည့်ကြဘို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Thunderstorm ရဲ့ နှစ်သီးစားသောပုဇွန်စိမ်းများအကြောင်း ပို့စ်လေးကလည်း
တော်တော် ကောင်းတဲ့ ပို့စ်လေးပါခင်ဗျာ။ သူ့မူရင်းအတိုင်းဖတ်ကြည့်မှ အဆင်ပြေမှာမို့
မူရင်းလေးနည်းနည်း ဖေါ်ပြပေးချင်ပါတယ်ဗျာ။

ကဲစားလို ့ရတဲ့ပုဇွန်တွေအကြောင်းပြီးရင် ဦးနှောက်ထဲမှာ တကယ့်ချေးတွေရှိတဲ့စားလို ့
မရတဲ့ ပုဇွန်တွေအကြောင်းကိုပြောမယ်။ အခု အစိုးရဌာနဆိုင်ရာအရာထမ်းတွေတော်တော်များများဟာ
စစ်တပ်ကနေ အစိမ်းရောင် အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်ပြီး အရောင်ပြောင်းလာကြသူတွေဖြစ်ပါတယ်။
ဘယ်လိုအရာထမ်း (သေး၊ လတ်၊ ကြီး) ဘဲဖြစ်ဖြစ်သူတို ့ချည်းပါဘဲ။ အဆင့်ခြင်းတူပေမဲ့
တပ်ကနေဌာနကိုပြောင်းလာရင်တစ်ဆင့်မြင့်၊ နှစ်ဆင့်မြင့် ရာထူးတွေရရှိကြပါတယ်။
တပ်ကနေထွက်တဲ့အတွက် လုပ်သက်ဆုငွေ အများအပြားနဲ ့လစဉ်
ပင်စင်အမြောက်အများ ရရှိကြပါတယ်။ အောက်မှာခန် ့မှန်းဖော်ပြထားပါတယ်
လုပ်သက်ဆုငွေ (လုပ်သက်အလိုက်အနည်းဆုံး) ( ဗိုလ်ကြီး =ဆယ်သိန်းမှသိန်း၃ဝခန် ့၊ဗိုလ်မှူး=သုံးဆယ်သိန်းမှသိန်း၅ဝခန် ့၊ ဒုဗိုလ်မှူးကြီး = ငါးဆယ်သိန်းမှသိန်း၇ဝခန် ့၊
ဗိုလ်မှူးကြီး = ခုနှစ်ဆယ်သိန်းမှသိန်း၁၀ဝခန် ့)
လစဉ်ပင်စင်(လုပ်သက်အလိုက်အနည်းဆုံး) ( ဗိုလ်ကြီး = တစ်သိန်းမှ တစ်နှစ်သောင်းခန် ့၊ ဗိုလ်မှူး = တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲခန် ့၊ ဒုဗိုလ်မှူးကြီး = တစ်သိန်းခွဲမှတစ်သိန်းခုနှစ်သောင်းခန် ့၊ ဗိုလ်မှူးကြီး = တစ်သိန်းခုနှစ်သောင်းမှနှစ်သိန်းခန် ့)
(ဒီထက်အပေါ်ကိုတော့မသိတော့ပါ။ ဒု / ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်သက်ဆုငွေကတော့မသိဘူး၊
သေသွားတာတောင် သူတို့ရဲ ့ spouse က လစဉ်ပင်စင် ဆယ်သိန်းကနေ
သိန်း၃ဝ လောက်ရကြတယ်လို ့ဘဏ်တွေကပြောတယ်) ဒီတော့ကာဒီလို
အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်ပြီးအရောင်ပြောင်းလာကြသူတွေ ကအဲ့ဒီ့ခံစားခွင့်တွေအပြင်
ဌာနဆိုင်ရာရဲ ့လက်ရှိလစာခံစားခွင့်အသီးသီးကိုပါရရှိနေကြတော့
နှစ်သီးစားသောပုဇွန်စိမ်းများလို ့title ပေးထားရခြင်းဖြစ်ပါတယ်။

စာရေးသူဟာ သူပြောချင်တာကို စာဖတ်သူတွေ နားလည်အောင် ပြောပြသွားနိုင်တဲ့ ပို့စ်လေးပါဗျာ။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်အသိထဲမှာစွဲနေတာကတော့ ကိုသစ်မင်းရဲ့
“ ဤသုံးမျိုး (၃) …{တာဝန်ကိုယ်စီလဲရှိ အချိန်လဲတန်ပါပြီ ” post ထဲကဆရာ
ပေါလ်ကိုလီယာရဲ ့ The Bottom Billion စာအုပ်ထဲမှာပါတဲ့
(၄)မကောင်းသော အုပ်ချုပ်မှုရှိနေခြင်း ဆိုတဲ့အပိုင်းထဲက စာသားတွေနဲ ့နဲ့ငယ်ငယ်တုန်းကဆရာ
တစ်ယောက်ပြောခဲ့ဘူးတဲ့ ဦးနှောက်ထဲမှာချေးတွေရှိတဲ့ စားလို ့မရတဲ့ပုဇွန်ခေါင်းတွေအကြောင်းပါဘဲ။

မကောင်းသော အုပ်ချုပ်မှုရဲ့ဒဏ်ကို မခံမရပ်နိုင်ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ညည်းတွားသံပါဗျာ။
သေသေချာချာကို ဖတ်ကြည့်ရမယ့် ပို့စ်လေးပါ။ သူကြီးရဲ့ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

kai says:
တကယ်တော့…
စစ်သား..အရပ်ဖက်ဝင်လုပ်ကြတာဟာ.. တိုင်းပြည်နွံနစ်သွားစေတဲ့.. အဓိကအကြောင်းအချက်တခုပါပဲ..။
စစ်သား…စစ်တိုက်ချင်လို့စစ်ထဲဝင်ခဲ့တာကွာ..
အရပ်ဖက်မှာဝန်ကြီးမလုပ်ချင်ဘူး.. ပြောခဲ့တဲ့.. စစ်သားစစ်စစ်ကြီးကို သတိရမိတယ်..။
တိုင်းပြည်အေးချမ်းလာရင်.. စစ်သားတွေ.. ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ.. တလ ဒေါ်လာ ၃ထောင်လောက်ယူပြီး အမှုထမ်းနိုင်ကြမှာပါ..။
စစ်တန်းလျှား..စစ်ရာရှင်..စစ်ဘား..စစ်ပစ္စည်းအကောင်းစားတွေနဲ့.. နေနိုင်တဲ့နေ့ရောက်လာမှာပါလို့…
အခု.. တိုင်းပြည်ငြိမ်းချမ်းရေးအတွက်လုပ်နေ/လာမယ့်.. အဆင့်ဆင့်တွေမှာကိုယ်ရောစိတ်ပါ.. ကူညီကြပါလို့..

Manawphyulay ရဲ့ ဒေလီယာပန်းအလှ ဆိုတဲ့ ပို့စ်လေးကတော့
အဝါရောင်ပန်းလှလှလေးတွေရဲ့ ပုံလေးတွေဖြစ်ပါတယ်ဗျာ။

ကိုရင်စည်သူ ရဲ့ အဘမင်းသိင်္ခ စီးရီး ဖြစ်တဲ့ ဒညင်းသီးနှင့်ချက်သော ဝက်နို့အုံသား
ပို့စ်လေးကတော့ ဖတ်ပြီးတာနဲ့ ဗိုက်ဆာ လာတော့တာပဲ ကိုရင်ရေ။ သွေးတောင် နည်းနည်း တိုးလာသလိုပဲဗျာ။
စားကောင်းသောက်ဖွယ်တွေကို စားချင်စဖွယ် ဖြစ်အောင် ရေးပြရင်း မှတ်သားစရာလေးတွေထည့်ထည့်ရေးတတ်တဲ့
ထုံးစံအတိုင်း ဒီပို့စ်မှာလည်း ကိုပီတာကြီးပြောတဲ့ ပုံပြင်လေးက မှတ်သားဖို့ကောင်းတာကြောင့် ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

ထိုအခါ၌ ကိုပီတာကြီးက.. “တစ်ခါက တောအုပ်ကြီးတစ်ခုအတွင်းကို လူနှစ်ယောက် ဖြတ်သန်းခရီးနှင်ခဲ့ဖူးတယ်၊
တစ်ယောက်က အတွေးအခေါ်သမား၊ တစ်ယောက်ကတော့ ဘာမှမတွေးတတ်ရှာဘူး၊ သူကလုပ်စရာရှိတာကို
ချက်ချင်းလုပ်မယ်ဆိုတဲ့ လူစား၊ ဘာမှကို မစဉ်းစားတတ်ဘူး၊ တောနက်ထဲလည်း ရောက်ရော လေကြီးမိုးကြီး
ကျပြီး နှစ်ယောက်စလုံး လမ်းပျောက် သွားကြတယ်ကွဲ့ အဲသည်လို လမ်းပျောက်သွားပေမဲ့ လျှပ်စီးက ဖျန်းကနဲ့
ဖျန်းကနဲ့ လက်တာပေါ့ကွယ်၊ အဲသည်လို လျှပ်စီးလက်တဲ့ အခါအခါမှာ အတွေးအခေါ်သမားက
ကောင်းကင်ကိုမော့ကြည့်ပြီး “လျှပ်စီး ဘာကြောင့် လက်တယ်၊ လျှပ်စီးလက်တဲ့အခါမှာ ဘယ်ောလက်လင်းသွားတယ်၊ လျှပ်စီးတစ်ကြိမ်လက်တာနဲ့ နောက်တစ်ကြိမ်လက် တာ အချိန်ဘယ်လောက်ကြာတယ်” ဆိုတာတွေကို တွက်ချက်ပြီး
စဉ်းစားတယ်ကွဲ့ ရှေ့ဆက်ပြီး မလျှောက်ဘူး၊လက်တွေ့လုပ် တတ်တဲ့လူကတော့ လျှပ်စီးလက်တဲ့အခါတိုင်း
မှာ လမ်းကိုရှာပြီး လမ်းမြင်တာနဲ့ အတင်းပြေးသွားတာပဲ၊ သူကတော့ လျှပ်စီးတစ်ခါ လက်တိုင်း လမ်းကိုတွေ့တယ်၊
တွေ့တဲ့လမ်းအတိုင်း ပြေးသွားတယ်၊ အတွေးအခေါ်သမားကတော့ ရပ်နေတယ်ကွဲ့၊ လျှပ်စီးလက် တဲ့အခါမှာ
လျှပ်စီးအကြောင်းကို တွေးခေါ်နေတယ်၊ အဲဒီတော့ကွာ လျှပ်စီးလက်လို့ လမ်းကိုမြင်တာနဲ့
အဲဒီလမ်းအတိုင်းပြေးသွားတဲ့ လူက တောအုပ်ကြီးက ထွက်သွားနိုင်တာပေါ့၊ လျှပ်စီးလက်တာကို
သဘောကျပြီး လျှပ်စီးလက်တဲ့ အလင်းရောင်ကို ကျေနပ်နေတဲ့ အတွေးအခေါ်သမားကတော့
တောကြီးမျက်မည်းထဲက မထွက်နိုင်ရှာဘူး၊
အဲဒီလိုပဲကွာ ဒီကမ္ဘာကြီးမှာ အားကျစရာကောင်းတဲ့ ဆရာသခင်တွေက လျှပ်စီးပေါင်းများစွာ
လက်ြပြီးပါပြီကွာ၊ ဥပမာ လောက်ဇူးတို့၊ ချောင်ဖူးတို့၊ ကျွန်ဖြူးရှပ်စ်တို့ စတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဟာ
ကမ္ဘာလောကကြီးကို အလင်းရောင်ပေးခဲ့ပါတယ်၊ ဒါပေမဲ့အချိန်ကာလဆိုတဲ့အရာနဲ့ ကြည့်လိုက်မယ်ဆိုရင်
သိပ်ပြီးတိုတောင်း လွန်းပါတယ်၊ ကမ္ဘာလောကကြီးကို လျှပ်စီးလက်သလို အလင်းရောင်း လှစ်ပြခဲ့
တဲ့ပဂ္ဂိုလ်ထူးကြီးတွေပါပဲ၊ အဲဒီအလင်းရောင်ကိုမြင် တာနဲ့ လမ်းတွေ့ပြီဆိုရင် အလင်းရောင်မှာ
ကျေနပ်နေဖို့ မဟုတ်ဘူး၊ သူတို့ပြတဲ့ အလင်းရောင်မှာ တွေ့ရတဲ့လမ်းအတိုင်း အတင်း ပြေးသွားရမှာ မဟုတ်လား။

ကိုပီတာကြီးပြောပြတဲ့ ပုံပြင်လေးအတွက် ကိုရင်စည်သူကို ကျေးဇူးတင်ပါတယ်ဗျာ။ အဘမင်းသိင်္ခရဲ့ ဝတ္ထုများကို အပင်ပန်းခံ တင်ပြပေးနေတဲ့ ကိုရင့် စေတနာကိုလည်း လေးစားပါကြောင်း ပြောပါရစေခင်ဗျာ။ ကွန်းမန့်လေးတွေ စည်စည် ကားကားနဲ့ ဖတ်ကြရမယ့်ပို့စ်လေးပါဗျာ။

ကိုရင်စည်သူ ရဲ့ ဂဏန်းဗေဒင်မှပြောသော သင်၏ ချစ်သူအကြောင်း
ကတော့ ချစ်သူရဲ့ မွေးရက်ကို တစ်လုံးတည်းရအောင်ပေါင်းပြီး ရတဲ့ ဂဏန်းလေးတွေနဲ့ ဟောထားတဲ့ ဗေဒင်ဟောစာတမ်းလေးပါဗျာ။ ချစ်သူရှိတဲ့လူတွေအတွက် ပျော်စရာကောင်းခဲ့တဲ့ ပို့စ်လေးမှာ pooch ရဲ့ ချစ်သူအကြောင်းအဟောလေး ဖတ်ကြည့်ဗျာ။

pooch says:
.စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုးနည်းနည်းဆန်ပြီး..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်…
မှန်လိုက်တာ ကိုရင်ရယ် …
တကယ့်ကို ဆရာတဆူအလားပဲ

ကဲ pooch ကတော့ ကိုရင်စည်သူ ရဲ့ ဟောချက်က မှန်ပါကြောင်း ဝန်ခံသွားခဲ့ပါပြီဗျာ။
မိုးစက်ကလည်း ၆ဝ ရာခိုင်နှုန်း မှန် ပါသတဲ့။ ချစ်သူရှိတယ် ဆိုတဲ့ သဘောပေါ့ဗျာ။
ရွာထဲက ကာလသားတွေ ကို ကြော်ငြာဝင်သွားပါတယ်ဗျာ။ ဟေးဟေး။
တညင်သား ကလည်း မှန်ပြန်သတဲ့ဗျာ။

တညင်သား says:
မှန်ပါတယ် ၉၈.၇၆ % လောက် မှန်ပါတယ်… ကျန်တဲ့ ရာခိုင်နှုုံး က မပြောနိင်သေးဘူး..
မမှန်ပါစေနဲ့လို့ ဆုတောင်းရမလိုပါပဲ..:

ထူးခြားတာက နီကီတာ က မှန်လိုက်တာ တဲ့ ခင်ဗျာ။ ဒါတော့ မရိုးတော့ဘူးဗျို့။ ဗေဒင်ဆရာကိုပြောပါတယ်။
အေးလေ ကိုယ့် ငါးချဉ်မှ ကိုယ်မချဉ်ရင် သူများဝင်ချဉ်သွားမှာပေါ့နော။

လုံးဝနီးပါး ပျောက်နေသော ကိုစိန်သော့ကြီးရဲ့ မလေးရှားသို့ တစ်ခေါက်တစ်ခါ ၅
ကတော့ အခန်းဆက်အားပေးလာသူ တွေအတွက်ပါ။ ဒီတစ်ခါတော့ ဂိမ်းဆိုင် အတွေ့အကြုံလေးတွေပါ။

Manawphyulay ရဲ့ အဝေးရောက်သားများကိုယ်စား အငှားလွမ်းခြင်း
ဆိုတာကတော့ ပန်းချီပုံလေးနှစ်ပုံနဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ဖတ်ကြည့်ပါ။

အမေ
ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘဝနဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။

ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ခင်ဗျာ။

TTNU says:
မနောဖြူလေးရေ…
စာသားလေးတွေက ရင်ကိုလာမှန်တယ်မနောရယ်။
“စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ။”
အမေက အပြစ်မဖို့ရက်တာကို
သားလူလှက နှစ်ချို ့အောင် နေရက်ရသလားဟင်။
“အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။”
အေးပါလေ.. မင်းအခုမှ လာပြော
တစ်ချိန်က နားကလောခဲ့တဲ့
အမေ့ ဆူဆဲသံ
အခု ဂီတသံမှတ်ပြီလားငါ့သား။
မင်းသိထားရမှာက မီးဖိုချောင်မှာ
အမေသာရှိရင် ပဒေသာပင် မင်းမလိုဘူးနော်။
တီချာ ဝင်ခံစားကြည့်တာ မနောဖြူလေးရေ
မေတ္တာပို့သလျက်

ဦးဦး ပါလေရာ ရဲ့ ကာလခရီးသွားကြီး နှင့် တိုက်တိုက်ဆိုင်ဆိုင်
ကတော့ အတိတ်ကို သွားလည်သော ကိုပါလေရာကြီး၏ အတွေးတွေကို ဖတ်ရမယ်ဗျာ။

ငါက ၂၀၁၁ ခုနှစ်ကလာတာ။ ငါ့မိန်းမပေးထားတဲ့ ဒီလအတွက်တလလုံးအသုံးစရိတ်ကို သုံးရက်ထဲနဲ့အကုန်နီးပါးသုံးလိုက်မိလို့ အိတ်ကပ်ထဲ နှစ်သောင်းကျော်ပဲကျန်တော့တယ်။ အဲဒီပိုက်ဆံလောက်နဲ့ အနာဂတ်နှစ်သုံးဆယ်ကိုသွားရင် နေကြာစေ့တထုပ်ပဲရမှာ။
အခု အတိတ်ကိုလာမိတော့ တနေကုန်လျှောက်သုံးနေတာ ဆယ့်ငါးကျပ်မကုန်သေးဘူး။ ဘယ့်နှယ်လဲ…။

အဲဒီလို အရေးအသားတွေကို သူကြီး ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ ဖတ်ရမယ့် ပို့စ်လေးတစ်ခုပါဗျာ။

အလင်းဆက်ရဲ့ သေဆုံးသွားသော ဆိုတာကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။
မော်ဒန်ကဗျာလို့ ခေါင်းစဉ်တတ်ရမယ် ထင်ပါတယ်ဗျာ။ ဖတ်ကြည့်ကြဖို့ပါ။

မောင်သန်းထွဋ်ဦး ရဲ့ လွဲသွားတဲ့ ဆုကြေးသိန်း ၂၀
ပို့စ်ကတော့ သံတွဲခရိုင်အသင်းနဲ့ စစ်တွေခရိုင်အသင်းတို့ ကန်တဲ့ ဘောလုံးပွဲမှာ ဒိုင်လူကြီး
ဘက်လိုက်တယ်လို့ ရေးချင်တာနဲ့တူပါတယ်ဗျာ။ ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။

Nigimi 77 ရဲ့ Guess Who ??? ဆိုတဲ့ ပို့စ်လေးကတော့
ရခိုင်ပြည်နယ်ရောက် နီဂိမိ ရဲ့ ရွာသူားတွေကို လှမ်းနှုတ်ဆက်ထားတဲ့ အပျော်ပို့စ်လေးပါဗျာ။

အခုတလော အယ်ဒီပြာ့ ချွိုက်စ် ပို့စ် ကော်လက်ရှင် ပို့စ်ဖြင့် ရွာသူားတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ထားနိုင်ပါသော
(ကွန်းမန့်က ၅ ရက်နေ့ မနက် ၁ဝနာရီ ခွဲလောက်အထိ ၈၉ ခု လက်မကြီးတွေကလည်းထောင်ထားလိုက်တာ ၁၄ ချောင်း)
ပေါက်ဖေါ်၏ ကျွန်ုပ်နှင့် အီးခေတ်နောက်ကျခြင်း ဆိုတဲ့ ပို့စ်လေးကတော့
ဟာသပို့စ်လေးဖြစ်ပါတယ်။ မောင်ပေတစ်ယောက် ရန်ကုန်ရောက်တုန်းက အီးပြသနာဖြင့် ဖင်လေးလိန်ကျစ်လိန်ကျစ်လုပ်ကာ အငှားကားငှားပြီး ဟော်တယ်ပြန်ပြေးတာလေးကို အမှတ်တရ ဟာသလုပ်ရေးထားခြင်း ဖြစ်ပါ၏။
ပေါက်ဖေါ်ရဲ့ ဟာသဉာဏ်ကို သိချင်ရင် ပြီးတော့ ရယ်ချင်ကြရင် ဖတ်သာကြည့်ကြတော့ဗျာ။

Chatsu ရဲ့ အမေစုရဲ့ ကိုယ်အလေးချိန်က 106 ပေါင်တဲ့ ပို့စ်လေးကတော့
ဒီမိုဖက်တီး ရဲ့ ဖေ့စ်ဘွတ်က ကော်ပီလုပ်ပေးထား တဲ့ ပို့စ်လေးပါ။
အမေစုကို ချစ်သူများ ဖတ်ကြည့်ရမယ့် ပို့စ်ပါလို့ ညွှန်းချင်ပါတယ်ဗျာ။

Windtalker ရဲ့ အလှူမျှော် ဂွင်ရှာ ခြံကြီး မိတ်ဆက် ဆိုတဲ့ ပို့စ်ကတော့
ကိုပေရဲ့ ဟာသဉာဏ်ကို ဖတ်ရမယ့်ပို့စ်ပါဗျာ။ ကိုရင်စည်သူရဲ့ ပို့စ်တစ်ခုကို ဖတ်မိရာမှ
အိုင်ဒီယာ ရခဲ့သည်ဟု ဆိုပါသည်။ ရယ်ချင်ရင် ဖတ်ကြည့်ကြပါဗျာ။

Sonny ရဲ့ ဘုရင်တစ်ပါးရဲ့ ချစ်ခြင်းတရား အပိုင်း ၈ ကတော့ အခန်းဆက်
ဘာသာပြန်ဝတ္ထုလေးပါဗျာ။ အစအဆုံးပြီးသွား ရင်ဖြင့် သူကြီးက ဘာသာပြန်လုံးချင်းထုတ်ပေးလျှင်
သင့်တော်မည့်အကြောင်းလေး အကြံပေးချင်ပါသည်ခင်ဗျား။

နှစ်မကူးခင် ရွာသူရွာသားတွေရဲ့ မေတ္တာကို သိမ်းကျုံးရယူသွားသူ
phone-kyaw ရဲ့ စာရေးဆရာ ကဗျာဆရာဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ
ဆိုတဲ့ ပို့စ်ကတော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးလို့ ပြောရမယ့်ပို့စ်ပါဗျာ။
ကွန်းမန့် ၅ဝ ကျော်နဲ့ ပို့စ်မို့ သီးသန့်ကြီး မဆွေးနွေးချင်တော့ ပါဘူး။ ဖတ်သာကြည့်ကြပါတော့ဗျာ။

M-Lulin ရဲ့ ပဲခူးမှ ရန်ကုန် ဆိုတဲ့ ပို့စ်လေးကတော့ ဓါတ်ပုံလှလှလေးတွေပဲ ဖြစ်ပါတယ်။
ဓါတ်ပုံဆရာကောင်းတစ်ယောက် ရွာထဲကို ရောက်လာတဲ့ အတွက် ကြိုဆိုပါတယ်ဗျာ။

ကိုရှုံး ရဲ့ အကျဉ်းသား ဆိုတဲ့ ပို့စ်လေးကတော့ နိုင်ငံခြားမှာ
အလုပ်လုပ်နေသူတစ်ယောက်ရဲ့ ညည်းချင်းပဲဖြစ်ပါတယ်။

ထို့ကြောင့်ပင်လျင် ဘယ်သူမှ စီရင်ချက်ချထားသည်မဟုတ်ပါဘဲနှင့်
ကိုယ်တိုင် အကျဉ်းကျခံနေရသည်မှာ ကျွန်တော်၊ နိုင်ငံခြားမှာ အလုပ်လုပ်နေသောသူ ဖြစ်ပေတော့သည်တကား..။

ကိုယ့်ကိုယ်ကို အကျဉ်းသားတစ်ယောက်အဖြစ် တင်စားထားသော ပို့စ်လေးကို ဖတ်ကြည့်ကြဖို့ပါဗျာ။
ကွန်းမန့်လေးများထဲက ခင်မင်ရင်းနှီးစွာပေးထားတဲ့ pooch ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

pooch says:
ရှုံးလူ မွေးနေ့ အမှတ်တရလေး ရေးတာလား ဒါဆို အမှတ်တရလေးတော့ရေးမှဖြစ်မယ်
အားပေးတဲ့ အနေနဲ့
နည်းနည်းလေးတော့ ဝေဖန်ခွင့်ပြုပါနော်….
ရှုံးလူကို ကြည့်ရတာ စိတ်က တက်လွယ်ကျလွယ်ရှိမဲ့ပုံ ပဲ အငုံစိတ်လေးလည်း ရှိနေတယ်
နောက် အမြဲပဲ အားငယ်တဲ့စိတ်က ကြီးစိုးနေသလိုပဲ … တခုလောက်အကြံလေးပေးပါရစေ..
” No one is perfect ” တဲ့ ကြားဖူးပြီးသားဖြစ်မှာပါ… ဘယ်သူမှ မပြည့်စုံပါဘူး လူတိုင်းလိုအပ်ချက်တွေနဲ့ပါ
ကျမဆို အများကြီး ရှိတယ်.. …
အမြဲတစေ ကိုယ်မလုပ်နိုင်တာ မတတ်နိုင်တာ မဖြစ်နိုင်တာတွေ အတွက်
သိပ်စိတ်ဆင်းရဲခံမနေပါနဲ့ …အားကုန်တယ် ….
မလုပ်နိုင်သေးတာ မတတ်နိုင်သေးတာ မဖြစ်နိုင်သေးတာလို့ပဲ တွေးကြည့်လိုက်ပါ…
ပြောကြတယ် မလား ရေချင်းတူရင်တောင် ဟိုးအမြင့်ကြီးက ကျလာတဲ့
ရေက ပိုတင်ရှယ်( Potential ) ရှိလို့ စွမ်းအားပြင်းတယ်လို့ …
အောက်ရောက်နေတဲ့ စိတ်ကို ဟိုးအမြင့်ဆုံးကို ဆွဲတင်ထားလိုက်ပါ..
အားငယ်တတ်တဲ့စိတ်ကို ဟိုး………..အဝေးကြီးကို နှစ်ဟောင်းနဲ့ အတူ လွှင့်ပစ်လိုက်ပါ…
စိတ်တွေကို ရှင်းထုတ်လိုက်…
ကဲ… အကောင်းလေးတွေ ပြောကြည့်ရအောင် …
၁။ ခြေစုံလက်စုံနဲ့ ဦးနှောက်ကလည်း အကောင်းကြီး (စာရေးကလည်း ကောင်းသေး)
၂။ သူများတွေ မရောက်ဖူးတဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖူးတာကိုက သူများနဲ့ မတူတဲ့ အမြင်တွေ
အတွေးအခေါ်တွေက တပန်းသာနေပြီ။
၃။ဘဝအတွေ့အကြုံတွေကလည်း စုံမှစုံ။ (အလွမ်းရော အကြမ်းရော)
၄။နိုင်ငံတကာ ဗဟုသုတတွေကလည်း ကြွယ်မှကြွယ်
( အနည်းဆုံးတော့ ရောက်ရာဒေသကလူမျိုးတွေရဲ့ အလေ့အကျင့်တွေ စရိုက်တွေကို ကိုယ်က သူများထက်ပိုသိတယ်)
၅။အေးတူပူမျှ ခံစားပေးမဲ့ ချစ်သူတယောက် ကိုယ့်ဘေးနားမှာ ရှိတယ်။
(တကယ်ချစ်တဲ့သူကို ရှာတွေ့တယ် ဆိုတာ အင်မတန်ထူးတဲ့ ကုသိုလ်ပါနော်။
တွေ့ကရာလူကို တကယ်စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်လို့ရတာမှ မဟုတ်တာ)
၆။အခုလောလောလတ်လတ် ရှုံးလူမှာ ဘာသာစကား အရည်အချင်းလေးမျိုးကို ပိုင်ဆိုင်ထားတယ်။
၁။Mother Language (မြန်မာ)
၂။International Language( English)
၃။ Regional Language ( အခုလက်ရှိ့တိုင်းပြည်မှာ ပြောတာမျိုးပေါ့)
၄။Computer Language (အခုရွာထဲ မှာ စာရေးနိုင်တယ်လေ ၊ ချစ်သူနဲ့ တွေ့လို့ရတယ်)
၇။ကိုယ်လိုချင်သလောက်ပိုက်ဆံ မရှာနိုင်သေးပေမဲ့ ကြိုးစားရင် အခွင့်အရေးရနိုင်ပါသေးတယ်။
ကဲ ဘယ်လောက်တော်တဲ့ ရှုံးလူလဲ။
“ရှုံးလူရဲ့ မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး
လိုအင်ဆန္ဒတွေ တလုံးတဝထဲပြည့်စုံနိုင်ပါစေလို့”
အော်….မေ့လို့ ဒီပြန်လာရင် ” ပါပီလွန်နဲ့ ဗင်ဂို” ဆိုတဲ့ စာအုပ်လေးကို ဝယ်ဖတ်ကြည့်ပါ
ဘဝတခုလုံးရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပေးပါလိမ့်မယ် ။
ရှုံးလူအတွက် အဲ့ဒီစာအုပ်လေး လိုအပ်နေပါတယ်

Bigchef ရဲ့ မန်းဂဇက်အတွက် လက်ဆောင် ပို့စ်လေးကတော့ မန်းမြို့ရိုး ဓါတ်ပုံလေးတွေပါခင်ဗျာ။

ဘီလူးကြီး ရဲ့ ရီဆိုက်ကယ် သမား
ဆိုတဲ့ ပို့စ်လေးကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်လေးနဲ့ ရေးထားတဲ့ပို့စ်လေးပါ။
အမှိုက်ကောက်သမားလေးတစ်ယောက်ရဲ့ အမှိုက်မကောင်းကြောင်းပြောထားတဲ့ ပို့စ်လေးပါ။
ဓါတ်ပုံလေးနှစ်ပုံပါ ဖေါ်ပြထားပါတယ်ဗျာ။ ကွန်းမန့် ၂၃ ခု
လက်မကြီး နှစ်ချောင်းထောင်ထားတဲ့ ဘီလူးကြီးရဲ့ အောင်မြင်တဲ့ ပို့စ်လေးတစ်ခုပါ။ ဖတ်ကြည့်ကြပါဗျာ။

29 comments

  • thit min

    January 5, 2012 at 1:22 pm

    ဖတ်ကောင်းအောင်လဲရေးတတ်ပါ့ဗျာ။
    ရှူလုံး ဆိုတဲ့ ကိုရှုံးလူစာတွေလဲတော်တော်ကောင်းတဲ့စာတွေဘဲဗျနော်။သူက အားငယ်နေတတ်လို့
    ပြောပြတာ ။ကျနော်တော့သူ့စာတွေမညံ့ဘူးလို့သိထားတယ်။

  • Moe Z

    January 5, 2012 at 1:23 pm

    ဖတ်သွားပါတယ် ဘဘဘလက်ရေ ဒီထဲကပို့စ်တွေကတော့ဖတ်ပြီးသားတွေဆိုပေမယ့်
    မေ့နေတာလေးတွေပြန်သတိရလို့ ကျေးဇူးပါ
    ကျောသားရင်သားမခွဲပဲ အားလုံးကိုမေတ္တာထားပေးတာကိုလေးစားပါကြောင်း
    အားလုံးအဆင်ပြေပြေနဲ့ ရွာထဲမှာရန်မဖြစ်ကြရင်ကောင်းမှာပဲ….

  • amatmin

    January 5, 2012 at 2:32 pm

    ဒီတမနက်လုံး ရွာထဲမှာ လိုက်ဖတ်နေရတာ အဆင်မချောသလို ဖြစ်နေတုန်း ..
    ကိုဘလက် ပို့စ် ဝင်ဖတ်လိုက်တော့မှ ပဲအဆင်ပြေသွားတော့တယ်…ကျေးဇူးပါဗျာ
    ကျန်ခဲ့တဲ့ ၅ ရက်လောက်ကပဲ နှစ်သစ်မှာ ဂေဇတ်ရွာကြီး အေးချမ်းပါစေ ဆိုတဲ့ ဆုတောင်းတွေက..
    အကုန်မမြန်လောက်သေး ထင်ပါတယ်နော်.. 🙂

  • windtalker

    January 5, 2012 at 2:48 pm

    အရှိန်အဟုန် ပြင်းနေပြီ ဖြစ်သော အက် ကို ပီးပဲ အတွက် ထာဝရ ဖန်ဆင်းနိုင်ပါစေ ဗျာ

  • ငပေါက်ဖော်

    January 5, 2012 at 3:08 pm

    ဟမငေး..
    သများ အင်တာပျက်ဆိုင် မပိုင်ပါဘူးချင်
    သများက လခစား အလုပ်သမား၊ပြာတာ၊စတပ်ဖ်၊အက်ဒ်မင်၊သန် ့ရှင်းရေးပါ ချင်
    စဂါးမစပ်
    ပြာပြာဖော့်ကို လက်ဆောင်မပေးချင်တဲ့ သဂျီးကိုမုန်းဒယ်..
    သဂျီးကဒေါ်ကိုလဲ မုန်းဒယ်
    သဂျီးတူမကိုလဲ မုန်းဒယ်…
    သဂျီးသမီး ဂွမ်းစိန်ကိုလဲ မုန်းဒယ်..
    မုန်းဒယ်.. 😆

    Oh yeah..!..Oh yeah!..oh..! အရဂါးနောက်ဒါပါ..မရရင်တော့ မယူတော့ပါဘူး

    ကိုဘလက်ကြီးရေ
    တိုင်းကျူးပါ

    • MaMa

      January 5, 2012 at 3:20 pm

      အင်းးးးးးးးးးး ပြာပြာဖော့် ကြည့်ရတာ သဂျီးသားဆိုလျှင်တော့ မုန်းမယ့်ပုံ မပေါ်ဘူး။ 😆

      • pooch

        January 5, 2012 at 4:53 pm

        မမပြောတာ ဟုတ်လောက်တယ် … ခုတလော စကားပြောရင် သများသများနဲ့ တမျိုးပဲ ကိုယ့်မျက်စိရှေ့အောက်တင် ပြောင်းလဲသွားတာ… ဟီး.. :mrgreen:

      • inz@ghi

        January 5, 2012 at 7:33 pm

        သူက သဂျားသီး ကို
        တအားဖြီး ပြီး ..
        မတရား တီး ချင်သူ မာမီဖော် လေ …ခိခိ…

        ဝင်နောက်တွားဘာဒယ် ချင့် ..အဲ့လေ ယောင်ကုန်ဘာဘီ … ဗျ…

  • hmee

    January 5, 2012 at 4:06 pm

    ကိုဘလက်ရေ အခုပို့စ်ကနေ ကိုပေါက်ဖော်က ကိုးမိုင်မှာ အင်တာနက်ဆိုင်ဖွင့်တာလို့ သိလိုက်ရပြီ။ ကျွန်မ ရန်ကုန် ပြန်ရောက်ရင် နေရမှာက ကိုးမိုင်။ မသုံးမဖြစ်သုံးရမှာက အင်တာနက်။ ဒါကြောင့် ဘယ်နားက ဆိုင်ပါလိမ့် တရွာတည်းသားချင်းမို့ ဈေးများလျှော့ပေးမလားလို့။ 🙂

    • ငပေါက်ဖော်

      January 5, 2012 at 4:18 pm

      မလာနဲ ့…ဆိုင်ထဲမှာ… ဒေဝေါကြီး ရှိတယ်.. 😆

      အရဂါးပြောတာပါ

      ရွာဆူရွာစားတွေလာရင် ဖဒီးပဲ….ဖဒီး.ဖဒီး..

  • TTNU

    January 5, 2012 at 4:29 pm

    ကိုဘလက်ချောရေ…
    ဂဇက်တံခါးစောင့်ကြီးလည်း ကြာလေ လုပ်ကွက်တွေ သပ်ရပ်လာလေပါလား။
    အပင်ပန်းခံနှိုင်ဆု အော်စကာပေးချင်ပါတယ်။

    ကိုပေါက်နဲ့ ရန်ကုန်မှာ ဆုံကြတယ်လား။ပျော်စရာနေမှာပဲ။
    တီချာတို့ က ရန်ကုန်အဖွဲ့တွေကိုစိတ်ပူနေတာ။
    မီးလောင်၊ ပေါက်ကွဲ၊ ဘာညာ စိတ်ပူစရာတွေမို့လို့။

    ဂဇက်စောင့်ကြီးတို့ အိမ်က မင်္ဂလာတောင်ညွှန့်နဲ့နီးသလား။ 🙁

  • nozomi

    January 5, 2012 at 4:50 pm

    သူကြီးပြောသလို မတူတဲ့ အမြင်တစ်ခုနဲ့ မန်းကြည့်မယ်
    အရင်တုန်းက တံခါးတွေ အပေါက်တွေမှာ လူတွေနဲ့စောင့်ကြရတယ်
    နောက်ပိုင်း နည်းပညာ တိုးတက်လာတော့ စီစီတီဗီ တပ်ထားပြီး အခန်းတစ်ခုထဲကနေပဲ စောင့်ကြည့်တော့တယ်
    ကိုချောလဲ နောက်ဆို နည်းပညာသုံးပြီး စောင့်တဲ့ တံခါးစောင့် ဖြစ်လာနိုင်တယ်နော

  • ဦးဦးပါလေရာ

    January 5, 2012 at 5:06 pm

    တံခါးစောင့်ကြီးက နာမည်ရွေး တော်လိုက်တာ။
    ကျုပ်တို့များဆို ပြီးစလွယ် ပြောင်စပ်စပ် ပေးမိတယ်။
    အင်း.. ပညာတွေ .. ယူလို့မကုန်နိုင်ပါလား.. 🙂

    လက်စသပ်တော့ ကိုပေါက်ဖေါ်က အင်ချာနက်ဘောစိကြီးကိုး..
    ဒါကြောင့် အကျော်အခွတွေ ကျွမ်းတယ်လို့ ကြွားထားတာ။
    နောက်များ .. ဆရာတင်ပါရစေ ဆြာတို့ ….

  • inz@ghi

    January 5, 2012 at 7:34 pm

    အားပေးသွားပါတယ် ဘဘ ဘလက်ရေ့ …
    ရင်ထဲမကောင်းရသော ..ကိုရင်စည်သွပ် ဟောစာတမ်းက လွဲရင်
    ကျန် ပို့စ်တွေ (ဖတ်ပီးသားပေမယ့်) ပြန်ဖတ်သွားပါတယ်ခင်ဗျား…

    ခင်တဲ့ ဂီ…
    ဆံပင်ညှပ်ပီးတဲ့ ဂီ
    ညစ်နေတာတွေ လစ်သွားပီ ဖြစ်တဲ့ ဂီ
    အရင် လို ပြန်လည် အားလပ်သွားတဲ့ ဂီ….
    ပြန်လည် သောင်းဂျန်းဒေါ့မယ့် ဂီ

  • မှော်ဆရာ

    January 5, 2012 at 7:59 pm

    ပိုစ်နာမည်လေးတွေ ပြန်ဖတ်မိတော့ အရင်တုန်းက အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကွန်မန့်တွေ အပြန်အလှန် ရေးခဲ့တာကို သတိရမိတယ် ………………………………………………………………………….. 🙁

  • manawphyulay

    January 5, 2012 at 8:25 pm

    ခုမှပဲ အစုံလည်းဖတ်ရသလို စိတ်ဝင်စားစရာတွေ ဆိုက်မှာတင်ထားတယ်လို့လည်း မြင်ယောင်လာမိတယ်။ ကွန်က ခုတစ်လောမကောင်းဘူးဖြစ်နေလို့ အစုံမဖတ်ရသေးတာ အတော်ပဲဖြစ်သွားတယ်။ ဦးဦးဘလက်ကို မျှော်နေတာ ခုလိုအကုန်တစ်ထိုင်ထဲဖတ်ချင်လို့လေ…

  • “ဘီလူးကြီး”ogre

    January 6, 2012 at 6:41 pm

    ချီကျူးပါတယ်ဗျာ
    တော်ရုံဇွဲနဲ့မရေးနိုင်ဘူးဗျ
    ဂေးဇက်ရဲ့ အင်အားတစ်ရပ်အဖြစ်ရပ်တည်နေတဲ့ ကိုဘလက်ကို
    လေးစားပါတယ်
    များများရေးနိုင်ပါစေ။။

  • M-Lulin

    January 6, 2012 at 6:59 pm

    အသစ် တစ်ယောက် အနေနဲ့ လက်ခံပြီး post ခေါင်းစဉ် လေး ထည့်ထည့် ပေးတဲ့ အတွက် .. ကျေးဇူးတင်ပါတယ်။

  • ရွှေဘိုသား

    January 6, 2012 at 7:09 pm

    ကျနော်မပါဘူး ကန့်ကွက်ပါတယ် ဒီပို့စ်ကို ဘီယာသောက်လေးတော့ ခေါ်သင့်တာပေါ့ ဖေကြီးနဲ့ ထိပ်ထိုင်ပြီး သောက်ချင်တာ စတာနော်

  • MaMa

    January 6, 2012 at 8:32 pm

    ဂေဇက်မှာ စာရေးအားတွေကောင်းလာတာ တံခါးစောင့်ကြီးကြောင့်လည်း ပါတယ်။ 🙂

  • Khin Latt

    January 7, 2012 at 7:13 am

    မဖတ်ဖြစ်ခဲ့တာတွေ အများကြီး ဘဲ ဆိုတာ သိလာပါ၏။ ကျေးဇူးပါ ကိုဘလက်ရေ။ 🙂

  • tt lay

    January 7, 2012 at 10:20 am

    မဖတ်ရသေးတဲ့စာတွေ အများကြီးကို ဖော်ပြပေးထားတဲ့အတွက် ကျေးဇူးတင်ပါ ကိုဘလက်ရေ……..။

  • ကိုရင်စည်သူ

    January 7, 2012 at 4:03 pm

    ကျေနပ်ဘူးဗျို့..ကျေနပ်ဘူး… ကျနော် သောက်မယ့် အရက်တစ်လုံးလုံး
    ငပေါက်ဖော် သောက်သွားတယ်.. ဗြဲဗြဲ… 😆 😆
    ကိုဘလက်ရေ.. ဖုန်းခေါ်တာ ခုမှသိတာဗျို့… အိမ်မှာလူမရှိလို့နေမယ်…
    ကိုပေါက်နဲ့ တွေ့တုန်းဆုံခိုက်တခွက်တဖလား မချလိုက်ရလို့…
    တော်တော်နာတယ်ဗျာ… အသဲသဲ…
    ဒီတခါ ကိုဘလက်တံခါးစောင့်တာတော့ ဘဲရီးဂွတ်……. ဘဲရီးးဘတ်ပဲဗျို့..
    အညွှန်းတွေသေချာ ပုံစံကျလာတာတွေတွေ့ရလို့ ဘဲရီးဂွတ်..
    တခွက်တဖလား မကစ်လိုက်ရတော့.. ဘဲရီးဘတ်ဒ်…

  • alinsett

    January 7, 2012 at 8:17 pm

    ဖတ်ညွှန်းလေးတွေ အရေးကောင်းတဲ ့ကိုဘလက်..ရေ။
    ကျွန်တော့် ကဗျာလေးကို ညွှန်းပေတာရော.. အားလုံးရဲ ့ စာတွေ ကို တူးဖော် တင်ပြပေးလို ့ရော..
    ကျေးဇူးတင်ရပါတယ် ။

    ဆက်လုပ်ပါ။
    သိပ်ကောင်းတဲ ့ ကဏ္ဍလေးတစ်ခုကို ..တာဝန်ယူထားနိုင်နေပြီလို ့ မြင်ပါတယ် ။

    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • alinsett

    January 7, 2012 at 8:17 pm

    ဖတ်ညွှန်းလေးတွေ အရေးကောင်းတဲ ့ကိုဘလက်..ရေ။
    ကျွန်တော့် ကဗျာလေးကို ညွှန်းပေးတာရော.. အားလုံးရဲ ့ စာတွေ ကို တူးဖော် တင်ပြပေးလို ့ရော..
    ကျေးဇူးတင်ရပါတယ် ။

    ဆက်လုပ်ပါ။
    သိပ်ကောင်းတဲ ့ ကဏ္ဍလေးတစ်ခုကို ..တာဝန်ယူထားနိုင်နေပြီလို ့ မြင်ပါတယ် ။

    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • nature

    January 7, 2012 at 9:31 pm

    အားလုံးထဲမှာ တံခါးစောင့်တဲ့အလုပ်က ပို့စ်ရေးတဲ့အလုပ်ထက်အများကြီးပိုအပင်ပန်းခံရေးရတယ်ဆိုတာ သတိပြုမိပါတယ်။ blaclchaw ရဲ့ဒီ ပိုစ့်လေး က ရွာကို တမျိုးတဖုံစည်ကားစေပါတယ်။ ကျနော်ကစာဖတ်တာပျင်းတော့ စာများများရေးထားတဲ့ပို့စ်တွေဆို မျက်စိတွေရှုပ်ပြီး သိပ်မမန့်ဖြစ်ပေမဲ့ blackchaw ရဲ့ ပို့စ်ကိုတော့ဖတ်ဖြစ်ပါတယ်။

  • padonmar

    January 8, 2012 at 2:40 am

    ကိုဘလက်ရေးတာ ဖတ်လိုက်ရမှ ရွာထဲမဝင်တာကြာလို့ နားမရှင်းမျက်စိလည်နေရတဲ့ ပြဿနာရဲ့ အကြောင်းရင်းသိရတော့တယ်။

  • Diamond Key

    January 9, 2012 at 3:44 pm

    မအားတာကြောင့် ရွာနဲ့ ဝေးနေရတာ ဂဇက် တံခါးစောင့်ကြီး ဖတ်ပြီး မှ အာသာပြေတယ်ဗျာ 😀
    နော်တို့တွေကို သတိတရ ရှိနေတာကပဲ အားရှိလှပါပြီလေ။ 😆

  • ကိုဘလက်က ကျနော်ကို တကူးတက ကိုလာစောင့်ခေါ်လို့သာ အယ်ဒီပြာနဲ့ဆုံလိုက်ရတယ်။
    ကျနော်အလိုအရသာဆိုရင် သွားနေကျနေရာကလွဲပြီးဘယ်မှရောက်မှာ မဟုတ်တာသေချာတယ်။
    ကရင်စည်သူကို ဖုန်းခေါ်တယ် မရလိုက်လို့။
    ရွွှေဘိုသားကရော အဘရေ သောက်သောက်လို့ ဆိုပြိး တိုက်မလို့တွေ့ချင်တာနေမှာ
    ဟုတ်တယ်ဟုတ်
    သုံးယောက်သားထို်င်ပြီး စကားတွေပြောခဲ့ကြတာပျော်စရာ .
    သွားရင်းလာရင်း စွယ်တော်ပုံတွေရလိုက်သေးတယ်။

Leave a Reply