Easy english-part 1

Wai PhyoeJanuary 5, 20121min30815

ဒီpost သည် English စာစလေ့လာသူများအတွက်သာဖြစ်ပါသည်
ကျွန်တော် ဖတ်ခဲ့သမျှ သင်ခဲ့ရသမျှကို ပြန်ပြီးဝေမျှပေးတာပါ။ ဒီ Pattern လေးတွေကလူသုံးနည်းပါတယ်
ဒါပေမဲ့အရမ်းအသုံးဝင်ပါတယ် သင်ပြောချင်သမျှပါးစပ်ကမထွက်တာ ကျွန်တော်သိပါတယ် ဒါပေမဲ့ဒါလေးတွေကို
အခုပဲစမ်းသုံးကြည့်လိုက်ပါ လက်ငင်းအကျိုးရှိပါလိမ့်မယ်။

၁။ တခုခုကို စိတ်ကူးပြီးပြောချင်ပါတယ် eg.ငါသာမင်းနေရာမှာဆိုရင်ကွာ  လိုမျိုးပေါ့ ဘလိုပြောမလဲ လွယ်လွယ်လေးပါဒါလေးကိုသာမှတ်ထားလိုက်ပါ
If I +V2+ Noun
ဒါလေးပါပဲ pattern လေးထဲအစားသွင်းကြည့်ရအောင်
If I  were  you = ငါသာမင်းဆိုရင်
If I  were  a  women = ငါသာမိန်းမဆိုရင်
If I  were  a rich man = ငါသာချမ်းသာမယ်ဆိုရင်
If I were an actor = ငါသာမင်းသားဆိုရင်
If I had  a lot of money = ငါမှာသာပိုက်ဆံအများကြီးရှိရင်
ကဲ ဘယ်လောက်လွယ်လဲနော် အရမ်းလဲအသုံးဝင်ပါတယ် ပြောလို့လဲကောင်းပါတယ် အရေးကြီးတာကတော့ verb ကို V2 ပဲသုံးဖို့ပါ။Noun နေရာ
တွေမှာကြိုက်တာသာသုံးကြည့်ပါတော့။

၂။အင်း………ပြီးတော့ ငါသာဘာဖြစ်ရင် ညာဖြစ်ရင် ပြောတတ်သွားပြီဆိုတော့  ဘာဖြစ်ရင် ညာဖြစ်ရင် ဘာလုပ်မယ်ဆိုတာလဲပြောချင်မှာပေါ့  ပိုလွယ်သွားပါ
ပြီခုနက pattern လေးနောက်မှာ လိုက်ပြောလိုက်ရုံပါပဲ။
I + would + verb
ပေါင်းပြီးပြောကြည့်ရအောင်နော်
If I + were + Noun,I would +Verb
If I  were you,I would  go there = ငါသာမင်းဆိုရင် အဲ့ဒီကိုသွားမှာပဲ
If I  had a lot of money,I would donate to needy people = ငါ့မှာသာပိုက်ဆံတွေရှိရင် ငါလိုအပ်တဲ့လူတွေကိုလှူပစ်မှာပဲ

Part 1 မှာတော့ဒီလောက်ပါပဲ နောက်အပတ်တွေမှာလဲကောင်းနိုးရာရာလေးတွေ ဝေမျှသွားပါအုံးမယ်။ကျွမ်းပြီးသားလူများကလဲ ကျွန်တော့်ကိုပြန်ဝေမျှပေးကြပါ။

Thank you all .

15 comments

  • windtalker

    January 5, 2012 at 2:54 pm

    ဂူး တယ်ဗျာ
    ရွာထဲမှာ အင်္ဂလိပ်ဆရာ တစ်ဦး ထပ်တိုးလာတဲ့ အတွက် ဝမ်းသာမိပါ၏
    ဝင်ဆွေးနွေးဖို ့ကြတော့ ပညာချို ့တဲ့ လို ့
    လေ့လာရုံသာ ဖတ်ရုံသာ တတ်နိုင်ပါ၏
    တစ်ရက်လျှင် နှစ်ပို ့စ် တင်ခြင်းဖြင့်
    မိတ်ဆွေ၏ ပညာရပ်များ ကို ဆက်လက် ဖြန် ့ဝေပေးစေလိုပါကြောင်း
    ခင်မင်စွာဖြင့်

  • ငပေါက်ဖော်

    January 5, 2012 at 3:51 pm

    တိုင်းကျူး ဘဲထီးမတ်ချ် ပါ
    အိုးရက်စ်….
    အစ်ဖ် အိုင် ဟတ်ထ် အလော့ထော့ မန်းနီး အိုင်ဝတ် ဒရင့်ခ် ဂျော်နီလမ်းလျှောက် အန် ငါးရှဥ့်ခြောက်စပ် အိုးရက်စ်

  • စုံ စုံ

    January 5, 2012 at 4:41 pm

    ဒီလိုပို့စ်လေးတွေကိုအရမ်းကြိုဆိုပါတယ်
    လေ့လာမှတ်သားသွားပါတယ်
    ဒီpart-1 က အရင်ကလေ့လာဖူးပေမယ့်
    အခုတခါထပ်သင်ပေးမယ့်သူရှိတော့ ပိုအကျိုးရှိစေပါတယ်
    ကျေးဇူးအထူးပါနော်

  • Rapperboy

    January 5, 2012 at 5:57 pm

    အရမ်းကောင်းတဲ့post လေးပါ လေးစားပါတယ်
    နောက်လဲ ဝေမျှသွားပေးပါအုံး အရမ်းလဲအကျိုးရှိပါတယ်
    Thank you very much

  • MaMa

    January 5, 2012 at 6:16 pm

    ပြောမထွက်သူတွေကို ပြောထွက်အောင် သင်ပေးတဲ့ သင်တန်းကို ကျေးဇူးတင်စွာဖြင့် ဖတ်ရှု့မှတ်သားသွားကြောင်းပါ။

  • TTNU

    January 5, 2012 at 6:40 pm

    ဝေဖြိုးရေ…
    Typo လေးတစ်ခု ထင်ပါတယ်။
    If I were a woman, ဖြစ်ရမှာ women ဖြစ်နေတယ်ကွယ်။

    မေတ္တာဖြင့်
    တီချာနု

    • ငပေါက်ဖော်

      January 5, 2012 at 6:53 pm

      ဝုတ်တယ် တီချယ်ကြီးရေ..
      အဲလိုလေးတွေလဲ လျှမ်းတတ်တယ်
      စေ့စပ်ပါပေ့ကွယ်
      😆

  • Khin Latt

    January 5, 2012 at 7:15 pm

    If I were a boy …. I think I could understand
    How it feels to love a girl … I swear I’d be a better man .. I’d listen to her

    ဖတ်ရင်း Beyonce ကို သတိရလိုက်လို့ပါ။

    စကားမစပ် ဂီဂီ ပြောတာ၊ ရှင်းပြတာကို လဲ နားလည်မှု ရခဲ့ပြီ ထင်ပါတယ်။
    ဂီဂီ က အင်မတန် ပျော်တတ်၊ ခင်မင် တတ်သူပါ။
    ဆရာဝင်လုပ်သည်ဟု မထင်စေချင်ပါ။ အခု ရွာထဲမှာ ငြိမ်းချမ်းရေး ချိုးဖြူ ငှက် လေးတွေ တွေ့နေလို့ပါ။ 🙂

  • manawphyulay

    January 5, 2012 at 8:15 pm

    If I had a lot of money, I would donate to needy people = ငါ့မှာသာပိုက်ဆံတွေရှိရင် ငါလိုအပ်တဲ့လူတွေကိုလှူပစ်မှာပဲ

    ဒီစကားလုံးလေးကို အလွတ်ကျက်မှတ်ထားလိုက်ပါတယ်။

  • Kyaemon

    January 6, 2012 at 1:23 am

    Excellent!

    Permit me to point out an error for the sake of the students.

    However, the word “english” in the title “Easy english-part 1” should be “English,” with a capital “E.”

  • Wai Phyoe

    January 6, 2012 at 12:20 pm

    အားလုံးကိုကျေးဇူးပါ
    တကယ်ကိုကျေးဇူးတင်ပါတယ်
    ကျွန်တော့်အမှားလေးတွေကိုလဲခွင့်လွှတ်ပေးစေချင်ပါတယ်
    နောက်ဆို E အကြီးနဲ့ပဲရေးပါတော့မယ်
    women ဖြစ်သွားတာကိုလဲတောင်းပန်ပါတယ်
    အားလုံးကိုလေးစားခင်မင်စွာဖြင့်

  • Wai Phyoe

    January 6, 2012 at 12:24 pm

    windtalker ကိုလဲအရင်က သူများ comment မှာကတောက်ကဆဖြစ်ခဲ့တာတွေကို အနူးအညွတ်တောင်းပန်ပါတယ်

  • Mr.Smith

    January 6, 2012 at 12:52 pm

    This pattern is very essential for every people .So,we should remember it which is good for speaking . Thank you for your post………………………………………

  • blackchaw

    January 6, 2012 at 12:59 pm

    ဝေဖြိုးရေ
    ကျေးဇူးတင်ပါတယ်ဗျာ။
    နောက်လည်း ဆက်ပြီး ရေးနိုင်ပါစေဗျာ။

  • Wai Phyoe

    January 7, 2012 at 6:22 pm

    ပာုတ်ကဲ့အခုကျွန်တော် Part 2 နဲ့ Easy Computer Part 1ကိုတင်လိုက်ပါပြီး အားပေးတား ကျေးဇူးပါ။
    If I had a lot of money,I would make party for Gazette’s member.
    Blackchaw ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

Leave a Reply