126
မန္တလေးဂေဇက်ဧ။် ပထမဆုံးသော စုပေါင်းအလှူ
၂၀၁၂ မှာ သဂျီးနဲ့တကွ ရွာသူ ရွာသားများနဲ့ စာဖတ်သူ အားလုံးပဲ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာပြီး လာဘ်လာဘတွေ ပွင့်လန်းပါစေလို့ ဆုတောင်းပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB ကနေ နာရေး ကူညီမှုအသင်းအကြောင်း ရိုက်ထားတဲ့ ဗီဒွီယိုအပိုင်းတိုလေးကို အမှတ်မထင် ကြည့်လိုက်ရပါတယ် ။ အယုတ် ၊အလတ် ၊ အမြတ်မရွေး သေဆုံးမှု နာရေးဖြစ်တာနဲ့ အခကြေးငွေ တပြားမှ မယူပဲ အခမဲ့ လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ သူတို့ လုပ်ရပ်ကိုကြည့်ပြီး သာဓုခေါ်လို့ မဆုံးပါဘူး ။ ဒါ့ပြင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးပါသေးတယ် ။ မသန်မစွမ်းသူတွေ အဆင်ပြေပြေ သွားလာရန်အတွက်လည်း ၊ အထောက်အကူပြု ပစ္စည်းတွေ သုံးပြီး ဖေးမကူညီ ပို့ဆောင်ပေးတာ တွေ့ရပါတယ် ။လူတွေသေပြီဆိုလျှင် ဘယ်သူကမှ မထိချင် မကိုင်ချင်တော့ပဲ ကြောက်ရွံ့ စက်ဆုပ်တတ်ကြပါတယ် … ဒါ့ပြင် ရှေးအယူစွဲတွေကြောင့် ရွာပြင်မှာ သေလျှင် ရွာထဲ ပြန်မသယ်လာရတာမျိုး ၊ အသုဘယာဉ် ကိုယ့်အိမ်ရှေ့မရပ်ရတာမျိုး .. မဖြတ်ရတာမျိုး စသဖြင့် အမျိုးမျိုးကြုံတွေ့ခဲ့ကြရပါသတဲ့ .. ။ ဒါတင်မကပဲ … ရထားကြိတ်လို့ သေတဲ့ လူ ၊ ရေနစ်လို့ သေတဲ့ လူ ၊မီးလောင်လို့ သေတဲ့ လူ .. ဆွဲကြိုးချ သေတဲ့လူ စသဖြင့် ပုံဆိုး ပန်းဆိုး သေတဲ့ လူတွေကိုလည်း နာရေး ကူညီမှုအသင်းက ကူညီပို့ဆောင် သဂြိုလ်ပေးပါသေးတယ် ။ ဘယ်လောက်ပဲ ခက်ခဲတဲ့ လမ်းပဲဖြစ်ဖြစ် ၊ သယ်ဆောင်ရမလွယ်တဲ့ လမ်းဖြစ်ဖြစ် နာရေးကူညီမှု အသင်းသားတွေရောက်အောင်သွားပြီး ခက်ခက်ခဲခဲ သယ်ဆောင်ကြတဲ့ မြင်ကွင်းမျိုးမြင်ရတဲ့အခါ ကြက်သီးထရလောက်အောင် ချီးကျူးစိတ်တွေဖြစ်မိပါတယ် ။ ဒါကြောင့်လည်း နာရေး ကူညီမှုအသင်းမှာ အလှူငွေ သွားလှူချင်စိတ်ဖြစ်လာမိပါတယ် ။ အဲ့ဒီအကြောင်းကို ရွာသား ရွှေတိုက်စိုးနဲ့ ပြောပြမိတော့ သူလည်း သဒ္ဓါပေါက်ပြီး တတ်နိုင်သလောက် အတူအလှူလုပ်ချင်တယ်လို့ပြောရာက … စုပေါင်းအလှူလုပ်ဖို့ အကြံကို ရခဲ့ပါတယ် … ။ ဒါ့ကြောင့် ကျွန်မတို့နှစ်ယောက်မှ စတင်ပြီး ဂေဇက်ရွာရဲ့ ပထမဆုံး စုပေါင်း အလှူဖြစ်မြောက်အောင် လုပ်မယ်လို့ တွေးမိတာကြောင့် … တတ်နိုင်သလောက် ၊ ကုသိုလ်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်နော် ။ ဆန်တစေ့ချင်းစီပေါင်းမှ ဆန်တအိတ်ဖြစ်သလိုပါပဲ … နည်းတာများတာ က ပဓါနမဟုတ်ပါဘူး ….။ တတ်နိုင်သလောက်ထည့်ဝင်နိုင်ပါတယ် ။
ပထမအလှူအောင်မြင်တာနဲ့ နောက်ပိုင်းအကြိမ်တွေပါ ထပ်ပြီး တခြားသော မိဘမဲ့ကလေးဂေဟာတို့ ၊ ဘုန်းကြီးပညာသင်ကျောင်းတို့ ၊ ဆွံ့အနားမကြားကျောင်းတို့ စသဖြင့် အလှည့်ကျ လှူဒါန်းသွားဖို့ကိုလည်း စဉ်းစားထားပါတယ် ။
အစ်မဆူးတို့ အစ်မနွယ်ပင်တို့ကလည်း တတ်နိုင်တဲ့ ဘက်က ကူညီနှိုးဆော်ပြီး ပါဝင်ကုသိုလ်ယူမယ်လို့ပြောပါတယ် ။ ဒီလိုပါပဲ အထက်မြန်မာပြည် မန္တလေးက ပေါက်ပေပု အသင်း ကိုယ်စား လေးပေါက်ကြီးကလည်း လှိုက်လှိုက်လှဲလှဲ ကူညီပူးပေါင်းပြီး ကုသိုလ်ပါဝင်ပါမယ်တဲ့လေ ။ ၂၀၁၂ကနေ စပြီး ဂေဇက်ရွာရဲ့ စုပေါင်း အလှူအနေနဲ့ ပရဟိတ္တလုပ်ငန်းတွေကို လက်လှမ်းမှီသလောက်လုပ်ကြပါစို့လို့ နှိုးဆော်တိုက်တွန်းပါတယ် … ။
ပထမဆုံးအလှူအနေနဲ့ နာရေး ကူညီမှုအသင်းကို လှူဒါန်းပါမယ် ။ ယနေ့မှစ၍ အလှူငွေကောက်ခံမှာဖြစ်ပြီး အောက်ပါဖုန်းနံပါတ်များသို့ ချိတ်ဆက်လှူဒါန်း ကုသိုလ်ယူဖို့ ဖိတ်ခေါ်ပါတယ် ။ အလှူငွေကောက်ခံမှုကိုတော့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ (၁၀) ရက်နေ့အထိကောက်ခံပေးမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဖေဖော်ဝါရီလ (၅)ရက်နေ့ နောက်ဆုံးထားပြီးကောက်ခံပေးမှာပါ ။ ၂၀၁၂ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်တော့ နာရေး ကူညီမှုအသင်းကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ် ။ အလှူငွေထည့်ဝင်ရုံတင်မဟုတ်ပဲ … သွားရောက်လှူဒါန်းရာတွင် လိုက်ပါဖို့ ကိုလည်း ဖိတ်ခေါ်ပါတယ် ။
မန္တလေးမြို့ – ********* / ပေါက်ပေပုအဖွဲ့ သို့လည်းကောင်း
ရန်ကုန်မြို့ -*********/ AKKO
********* / ရွှေတိုက်စိုး
*********/ etone
*********/ ET သို့လည်းကောင်း ပါဝင်ကုသိုလ်ယူ လှူဒါန်းဖို့ ဖိတ်ခေါ်ပါတယ်
အခုဆိုရင် ရန်ကုန်ရော၊ မန်းလေးရော၊နယ်တွေကရော ရက်ရက်ရောရောလှူလိုက်ကြတာ.. အခုဆို.. ၅သိန်းကျော်နေပြီး အလှူငွေက
အခုလို အင်တိုက်အားတိုက်လှူပေးကြတဲ့ မန်းဘာ တွေ စာဖတ်သူတွေ အားလုံးရော အားပေးကူညီကြသော သူများကို လဲ ထပ်တလဲလဲကျေးဇူးတင်ပါတယ်ဗျာ……..
ကိုသစ်မင်းပြောတဲ့ အစီအစဉ်ကိုလဲ နောက်ဆက်လက်လုပ်ဆောင်သွားပါမယ်ဗျာ…
Was this answer helpful?
LikeDislikeဆက်လုပ်ကြမယ်နော် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Was this answer helpful?
LikeDislikeကောင်မွန်တဲ့လုပ်ရက်ဖြစ်တဲ့အတွက်အားပေးပါတယ်….
Was this answer helpful?
LikeDislikeကောမန့်တွေမမြင်ရတော့ပါလား။
Was this answer helpful?
LikeDislikeကောမန့်များ၏..ပထမစာမျက်နှာ…
http://myanmargazette.net/91382/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle/comment-page-1
Was this answer helpful?
LikeDislikeတို့တွေ ဘယ်နေ့သွားကြမလဲ
Was this answer helpful?
LikeDislikeဖေဖော်ဝါရီ ၁၂လို.တော့မှန်းထားတာပဲ ဦးဖက်ရေ. လိုက်မယ်မဟုတ်လား
Was this answer helpful?
LikeDislike(….တကယ်လိုအပ်တဲ့ နေရာမျိုး၊ နိုင်ငံရေးမနွယ် ၊ ဘာသာရေးမရောတဲ့ နေရာမျိုးကိုပဲ လှူသွားဖို့ စိတ်ကူးပါတယ် …. ။)
တကယ့် ကောင်းတဲ့ ရည်ရွယ်ချက်ပါပဲ။
ကျနော်က, ရန်ကုန်ကမဟုတ်တော့  နိုင်ငံခြားကနေ အမ etone တို့ ဆီကို တိုက်ရိုက်ပို့ ရအောင်
ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ဒီမေးလ်ထဲ ကျေးဇူးပြုပြီးတော့ ပို့ ပေးပါ။
tawtwinpyaw@gmail.com
Was this answer helpful?
LikeDislikeနာဂစ်မွှေသွားတဲ့.. နေရာမှာ…. နာဂစ် အထိမ်းအမှတ်.. ရင်ပြင်လေးလုပ်ချင်တာ…
ထီပေါက်ရင်..
..
ကြေးနဲ့ထုထားတဲ့..ရုပ်ထုတွေနဲ့.. သေဆုံးပျောက်ကွယ်သူတွေကို အမှတ်တရဖြစ်နေအောင်… နာမယ်ထိုးထားတဲ့.. ကျောက်နံ၇ံကြီးတွေနဲ့..
..
….လှူမယ်..။
Was this answer helpful?
LikeDislikeမီး လဲ ပါမယ်နော်…လှူလဲလှူမယ် လိုက်လဲလိုက်မယ်…
Was this answer helpful?
LikeDislikeကျနော်က နေပြည်တော်ကဆိုတော့..
ရွာက စုပေါင်းအလှူမှာ တတ်နိုင်သလောက်လေး ပါဝင်ချင်တာ
ဘဏ်ကပဲ လွှဲပေးရမယ်ဆိုရင်.. မှတ်ပုံတင်အမှတ်တွေ လိုမယ်ထင်တယ်..
Was this answer helpful?
LikeDislikeရှေ့က ကွန်မန့် ပြန်ဖတ်ကြည့်တာ ဘဏ်အကောင့်ကို မှတ်ထားလိုက်ပါဘီ
အဆင်ပြေမယ့် ဘဏ်မှ ထည့်ဝင်လှူဒါန်းပါမယ်.
Was this answer helpful?
LikeDislikeနေပြည်တော်ကနေ … ဒီက ဘဏ်ကို အချင်းချင်း ချိတ်ဆက်ပြီး ထည့်ဝင်လှူဒါန်းနိုင်ပါတယ် … ။ တစ်ခုတော့ရှိတယ် … ဘဏ်ကို ငွေလှူပြီးလျှင် .. ကျွန်မတို့ဆီ တစ်ချက်တော့ အကြောင်းကြားပေးပါ … ။ record သွင်းချင်လို့ပါ … ဘဏ်က ငွေဝင်လျှင် အကြောင်းကြားမယ်လို့သာပြောတာ .. (တစ်ခါမှ) အကြောင်းမကြားခဲ့ဘူး .. ကိုယ့်ဘက်က အင်ကွာရီလုပ်ရတာချည်းပဲ … ။
ကွန်ပလိန်းတက်တော့လည်း .. သူတို့ဘက်က ခေါ်ပါတယ် .. ဘယ်နှစ်နာရီ ၊ ဘယ်နှစ်မိနစ်က ဘယ်နှစ်ကြိမ်စသဖြင့် ဆင်ခြေပေးတတ်ပြီး … တကယ်တမ်း ဘာ missed call မှ ကျွန်မတို့ဘက်က မရခဲ့ဘူး … ။ တစ်ကြိမ် … နှစ်ကြိမ်မဟုတ်ဘူး .. အကြိမ်ကြိမ်ပါပဲ .. ။
Was this answer helpful?
LikeDislikeMOB က နေပြည်တော်မှာ မရှိဘူး.. မြ၀တီဘဏ် နဲ့တော့ ချိတ်ဆက်မှု ရှိတယ်လို့ နေပြည်တော်လမ်းညွှန်မှာ ရှာတွေ့ပါတယ်…
အကောင့်ထဲ လွှဲလို့ရရင်လည်း အကြောင်းကြားပါ့မယ်…
ဘဏ်တွေကတော့ ငွေစာရင်းအကောင့်ထဲ ၀င်တာကို အကြောင်းကြားလေ့မရှိဘဲ မှတ်ပုံတင်နဲ့ ငွေလွှဲရောက်တာကိုသာ အကြောင်းကြားပေးလေ့ရှိတယ်လို့ ထင်ပါတယ် ..
Was this answer helpful?
LikeDislikeဟုတ်ကဲ့ … ဘဏ်အချင်းချင်း ချိတ်ပြီး ငွေလွှဲလို့ ရပါတယ် … ။ နေပြည်တော်က စာဖတ်သူအန်ကယ်တစ်ယောက်လည်း အဲ့ဒီနည်းနဲ့ .. ရန်ကုန်ကို ငွေလှူဒါန်းထားပါသေးတယ် … ။ ရွာစားကျော် ပါဝင်လှူဒါန်းမယ်ဆိုလို့ ကျေးဇူးတင်ပါတယ် …။
ကျွန်မတို့ MOB မှာ အကောင့်ဖွင့်ကတည်းက သူတို့ ဆားဗစ်ကို အရင် အင်ကွာရီလုပ်ပြီးမှ ဖွင့်ခဲ့တာပါ … ငွေဝင်တာနဲ့ ဖုန်းဆက် အကြောင်းကြားပေးမယ်ဆိုတဲ့ ဆားဗစ်လည်း ပါတဲ့အတွက် အဲ့ဒီမှာပဲ အကောင့်ဖွင့်ဖြစ်ခဲ့တာလေ … ။
ယနေ့ထိ လက်ခံရရှိသော အလှူငွေပေါင်း 6 သိန်းကျော်သွားပါပြီ ။ နာမည်စာရင်းပေးပြီး အလှူငွေမကောက်ခံရသေးသူများလည်းရှိပါသေးတယ် …. ။
Was this answer helpful?
LikeDislikeဂေါပက အဖွဲ့ခင်ဗျား ၃၀ရက်ကျော်မှ ရောက်မည်ဖြစ်ပါကြောင်း ဒီရက်ထဲမှာဘယ်ဒူမှအလုဎ်မလုဎ်ကြပါ နောက်ကျခြင်းကိုတောင်းပန်ပါကြောင်း ပုံပြောတတ်သူ
Was this answer helpful?
LikeDislikeဒီနေ့ထိ ကောက်ခံရရှိထားသော အလှူငွေ စုစုပေါင်းမှာ ခြောက်သိန်းရှစ်သောင်း သုံးထောင်ကျပ် တိတိရရှိပြီးဖြစ်ပါသည် ။
လှူဒါန်းရန်စာရင်းပေးထားသူများ အနေဖြင့်လည်း ဖေဖော်ဝါရီ ဆယ်ရက်နေ့ နောက်ဆုံးထားပြီး ကုသိုလ်ယူ လှူဒါန်းပေးကြပါရန် နှိုးဆော်လိုက်ပါတယ် ။
သွားလှူမယ့်နေ့အကြောင်းကိုတော့ ရွှေတိုက်စိုးက ပြည့်စုံစွာဖော်ပြပေးပြီး ၊ လိုက်ပါမည့်လူစာရင်း မှတ်သားပေးထားမှာ ဖြစ်ပါတယ် .. ။
Was this answer helpful?
LikeDislikeဒီနေ့ အီးမေးလ်လုံးဝဖွင့်မရတာကြောင့် …. ပါဝင်ကုသိုလ်ယူ လှူဒါန်းသူများကို အပ်ဒိတ်လုပ်တိုင်းပို့ပေးတဲ့ …လတ်တလော အလှူငွေကောက်ခံမှု အခြေနေဒီနေ့အပ်ဒိတ်ကို မပို့နိုင်ပါကြောင်း ………. နဲ့ ယနေ့ထိ ကောက်ခံ ရရှိငွေပေါင်း ရှစ်သိန်း ၊ နှစ်သောင်း ၊ သုံးထောင်ကျပ်တိတိ ရရှိထားပါကြောင်း .. အသိပေးပါတယ်နော် ။
Was this answer helpful?
LikeDislikeမနက်ဖြန် မနက် ဆယ်နာရီထက် နောက်မကျစေပဲ … ကြည့်မြင်တိုင် မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းပေါ်က (ယခင် RC3) ယခု အမှတ်၃ အခြေခံပညာဦးစီးဌာနရှေ့သို့ လာရောက် လိုက်ပါ လှူဒါန်းရန် ဖိတ်ခေါ်ပါတယ် … ။
ယခုရှိရရှိငွေပေါင်း ဆယ်သိန်းကျော်သွားပါပြီ … ပြည်ပနိုင်ငံမှ စာရေး/စာဖတ်သူများကလည်း … ယနေ့နေ့လည်ထိ ငွေလှူဒါန်းရန်ဆက်သွယ်နေဆဲဖြစ်ပါတယ် … ယနေ့ နေ့လည် 5နာရီနောက်ဆုံးထားပြီး ကောက်ခံပေးပါမည် ။
Was this answer helpful?
LikeDislike