အဟောင်းနဲ့အသစ်အားပြိုင်ပွဲ

fattyJanuary 5, 20121min19015

ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အဆောက်အဦဖြစ်တဲ့ High Court ဖြစ်ပါတယ်။
သူနဲ့မျက်နှာချင်းဆိုင်ကတော့ အသစ်တွေဖြစ်သွားပါပြီ။
မကြခင်ရန်ကုန်မြို့ကြီးဟာ မြင်ကွင်းတွေပြောင်းလဲသွားနိုင်ပါတယ်။

MFTB ရှေ့က ဆိုင်ခန်းတွေဖယ်ထုတ်လိုက်ပြီး မြို့တော်ခန်းမ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်တို့ကို
ခန့်ငြားစွာ ထားရှိမှာဖြစ်ပါတယ် ….။

15 comments

  • Thel Nu Aye

    January 5, 2012 at 5:06 pm

    အဟောင်းနဲ့အသစ်ရဲ့လှပမှု့၊ကျက်သရေရှိမှု့တွေကကွာခြားတယ်နော်။ အသစ်တွေကသစ်လွင်မှု့ပဲရှိတာ။ လှပမှု့၊ကျက်သရေရှိမှု့ကျတော့အဟောင်းကိုမမှီဘူးနော်။ ပျက်စီးသွားရင်နှမျောစရာပါ။ အဟောင်းတွေကို အမျိုးသားရေးစိတ် ဓါတ်နဲ့ရေရှည်တည်တံ့အောင်ထိမ်းသိမ်းသင့်ပါတယ်။

  • manawphyulay

    January 5, 2012 at 5:45 pm

    လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် အလေးပြု………………

  • KING

    January 5, 2012 at 6:56 pm

    ရန်ကုန်မှာနေတာ 10 နှစ်ကျော်ပီ
    မဟာဗန္ဓုလ ပန်းခြံ
    တစ်ခါမှ မရောက်ဖူးဘူး
    ရိုက်ထားတာလေးတွေ လှတယ်
    သွားဖြစ်အောင် ကြိုးစားရမည်
    အခုလောလောဆယ် လိုက်မည်သူမရှိသောကြောင့် မသွားချင်သေးပါ …. 😛

    • etone

      January 6, 2012 at 2:02 pm

      မောင်ကင်းရေ .. ရန်ကုန်မှာ နေပြီး မဟာဗန္ဓုလ ပန်းခြံ တစ်ခါလားပဲ ရောက်ဖူးပါတယ် … အမေ့အိမ်က 37လမ်းမှာ ဆိုတော့ နီးလို့ ညနေဘက် လမ်းလျှောက်ရင်း သားမိနှစ်ယောက် ပန်းခြံထဲရောက်ရော …. အတွဲတွေ အနေထိုင်မတတ်တာကြောင့် မျက်နှာ ပူပူနဲ့ ပြန်လစ်ခဲ့ရတာလေး မှတ်မိနေသေးတယ် … ။

      အဲ့ဒီအချိန်တုန်းက အနေထိုင်မတတ်ဘူးဆိုတာက .. ယောကျာ်းကြီးတွေ မိန်းမပေါင်ပေါ် လှဲအိပ်ပြီး ကြူတဲ့အဆင့်လောက်ပဲ ရှိသေးတာ … အခုခေတ်လို မိုးမမြင် လေမမြင် မဟုတ်သေးဘူးလေ .. 🙄

  • hmee

    January 5, 2012 at 7:23 pm

    High court ကြီးကို လေးဖက်က ဓါတ်ပုံရိုက်ပြတော့ အမှတ်ရစရာတခု စိတ်ထဲမှာ ပေါ်လာပြီ။ 🙂 ရန်ကုန်လည်း တော်တော်ပြောင်းလဲနေပြီနော်။ ပြန်ရောက်ရင် မှတ်မှ မှတ်မိပါ့မလား။

  • inz@ghi

    January 5, 2012 at 8:09 pm

    ရုံးတော်သို့ ..ပထမတစ်ခေါက်အလာ …
    တစ်ဦးကိုတစ်ဦး …. ဒါးဒါ့ဒါးဒ့ါဒါ ……
    ဦးဘွဲ့မှူးကို သတိရလို့ပါဗျာ…

    အောက်ဆုံး ပုံ လွတ်လပ်ရေးကျောက်တိုင်ကြီးကိုတော့ ….အလေးပြုသွားပါကြောင်းနှင့်
    ပုံများအားလုံးကို tone, contrast အရမ်း ကြိုက်မိပါကြောင်း..

    ခင်တဲ့
    ဂီ

  • weiwei

    January 5, 2012 at 8:53 pm

    ဒီလိုကြည့်တော့လဲ မဟာဗန္ဓုလပန်းခြံကြီးက လှနေတယ်နော် …
    အဲဒီနားက ဖြတ်သွားဖြတ်လာ ခဏခဏလုပ်ဖြစ်ပေမယ့် တစ်ခါမှ မကြည့်မိဘူး …

  • MaMa

    January 5, 2012 at 9:59 pm

    မန္တလေးကို ကိုပေါက်က မှတ်တမ်းတင်တယ်။
    ရန်ကုန်ကို ကိုဖက်တီးက မှတ်တမ်းတင်တယ်။
    ရန်ကုန်သူားတွေအားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်.. ဦးဖက်

    • Moe Z

      January 6, 2012 at 11:12 am

      မမနဲ့ အတူတူပဲ 😛

      • inz@ghi

        January 6, 2012 at 11:18 am

        မိုးစက်နဲ့ အတူတူပဲ 😛
        အာဟိ

        ခင်တဲ့ ဂီ

  • zaw min

    January 5, 2012 at 10:26 pm

    အဟောင်းတွေကိုလည်း သမိုင်းဝင်အဖြစ်ဆက်လက်ထိန်းသိမ်းနိုင်ပါစေ…အသစ်တွေကိုလည်း ခေတ်နဲ့အညီ ဖေါ်ဆောင်နိုင်ပါစေ….

  • padonmar

    January 6, 2012 at 12:05 am

    ဦးဖက်ရိုက်ပြတော့လည်း ဒို့ရန်ကုန်က လှနေပါလား။

    မဟာဗန္ဓုလပန်းခြံ ဟာ မနက်ဖက်ဆို ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူတွေအတွက် အလွန်တန်ဖိုးရှိသောနေရာဖြစ်ပါတယ်။

  • ကြောင်ကြီး

    January 6, 2012 at 10:53 am

    လွတ်လပ်ရေးကျောက်တိုင်ကြီးကို ဆေးအသစ်သုတ်ထားသဟ… ဦးဖက်ဓာတ်ပုံရိုက်မှာ သိလို့နဲ့တူ၏။။။

  • နွယ်ပင်

    January 6, 2012 at 11:26 am

    ဦးဖက်ပုံထဲမှာတော့ မဟာဗန္ဓုလ ပန်းခြံကြီးက
    လှနေတာပဲနော် .. အပြင်မှာတော့ တစ်ခါမှ
    သေချာမကြည့်ဖူးဘူး ရောက်လဲ မရောက်ဖူးဘူး ………..

Leave a Reply