ရွာသားအားလုံးအတွက် 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၂)

True AnswerJanuary 5, 20121min1294

အပြောလျော့

-အကျိုးမဲ့အချည်းနှီးဖြစ်သော စကားအခွန်း တစ်
ထောင် နာကြားရသည်ထက်ငြိမ်းချမ်းမှုကိုရရှိမည့်
အကျိုးရှိသောစကားတစ်ခွန်းက သာ၍မြတ်၏။

-ဝါဒငြင်းခုန်ခြင်းကိုပြုလုပ်သဖြင့် အတွင်းသဘော
စင်ကြယ်မှုမဖြစ်နိုင်ပေ၊ မာန်မာနပွားများခြင်း၏
အကျိုးကျေးဇူးသာလျှင် အဖတ်တင်သည်။

-တစ်ယောက်ကိုတစ်ယောက် လူမိုက်လူအ ဟူ၍
ပြောဆိုနေကြသူတို့သည် လူတော်လူကောင်း
မဟုတ်ကြပေ၊ အကြောင်းမူကား သူတို့သည်
မိမိ၏အယူဝါဒကိုသာလျှင် အမှန်ဟုယူဆကြ၍
သူတစ်ပါးတို့ကိုမူ လူမိုက်လူအဟု ထင်မှတ်ကြ
သောကြောင့် ဖြစ်သည်။

စွမ်းရည်သတ္တိကို အဓိကထား

-အကယ်၍ တစ်စုံတစ်ယောက်သောသူသည် လုံ့လ
ရှိသူ လမ်းကောင်းလမ်းမှန်သို့သွားသူ ဇွဲရှိသူ
မိတ်ဆွေမျိုးကို တွေ့ရလျှင် ဒုက္ခဟူသမျှ အနှောင့်
အယှက်ဟူသမျှကို တွေ့ကြုံခံစားရသော်လည်း
ထိုမိတ်ဆွေနှင့် အတူတကွ နေသင့်သည်။

ကြည့်တဲ့အတိုင်း မြင်တယ်

-လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိ၊ ချီးမွမ်း
စရာ တစ်ကွက်မျှမရှိသောသူ ကဲ့ရဲ့စရာတစ်ကွက်
မျှ မရှိသောသူဟူ၍ ရှေးကလည်းမရှိခဲ့ နောင်သော
အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုလည်းမရှိ။

-အချို့သောသူတို့က မြတ်၏ဟု အထင်ရှိသော
တရားကိုပင် အချို့သောသူတို့က ယုတ်၏ဟု
အထင်ရှိကြသည်။ ပုဂ္ဂိုလ်အားလုံးသည် ကိုယ့်
ငါးချဉ် ကိုယ်ချဉ်တတ်ကြသည်ဖြစ်ရာ ယင်းတို့၏
ဝါဒအနက် အဘယ်ဝါဒသည် မှန်ကန်သင့်လျော်
သည်ဟု ပြောမည်နည်း။

မှန်သောအဓိကထားခြင်း

-ဘယ်သူဘယ်ဝါဆိုတာထက် ဘာလုပ်သလဲ
ဆိုတာကို ပိုအဓိကထားပါ၊

-ဖြစ်တဲ့အကျိုးထက် ပြုလုပ်တဲ့အကြောင်းကို
ပိုအဓိကထားပါ။

-ဖြစ်တာ မဖြစ်တာ၊ လုပ်တာ မလုပ်တာ၊ သိတာ
မသိတာတွေကို အဓိကထားမှုကြောင့် လုပ်ချင်
မလုပ်ချင်၊ ဖြစ်ချင်မဖြစ်ချင်၊ သိချင်မသိချင်ဆိုတဲ့
လိုအင်ဆန္ဒတွေ မဆုံးနိုင်အောင်ဖြစ်ရတယ်၊

အဟုတ်ထင်-ငြိတွယ်-အဓိကထားမှုကိုစွန့်နိုင်မှ လိုအင်ဆန္ဒတွေ အဖြစ်ရပ်မယ်။

-ဟိုဟာလုပ်ချင်၊ဒီဟာလုပ်ချင်ဆိုတာတွေက ကိုယ်
ရဲ့ သေးသိမ်တဲ့လိုအင်ဆန္ဒနဲ့ ပတ်သက်နေတယ်။

နာမည်ကို အဓိကထားရင် နာမည်ခံပဲဖြစ်မယ်၊
အလုပ်နဲ့ စွမ်းဆောင်ရည်ကို အဓိကထားမှ
အမှန်အကန်ဖြစ်မယ်။

-စကားကို အဓိကထားတာ၊ စိတ်ကို အဓိကထား
တာထက် တရားနားလည်ဖို့ကို အဓိကထားမှ
မှန်တယ်။

-အပူဇော်ခံရတာမခံရတာထက် အပူဇော်ခံထိုက်တဲ့
စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-လာဘ်လာဘပေါတာ မပေါတာထက် အလှူခံယူ
ထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-သူများကြည်ညိုတာ မကြည်ညိုတာထက်အကြည်
ညိုခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီး
တယ်။

-အသုံးပြုတဲ့နည်းလမ်းတွေ၊ အချိန်ကာလ၊ နေရာ
ဒေသတွေ၊ တွေ့ကြုံတဲ့ အတွေ့အကြုံတွေကိုအဓိက
ထားမှုကိုစွန့်ပြီး ကြိုးပမ်းအားထုတ်မှုကိုသာ
အဓိကထားပါ။

(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်)

ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

4 comments

  • ငပေါက်ဖော်

    January 5, 2012 at 6:32 pm

    -အပူဇော်ခံရတာမခံရတာထက် အပူဇော်ခံထိုက်တဲ့
    စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

    ဆိုတာလေး.စွဲမြဲမှတ်သွားပါ၏..

  • TTNU

    January 5, 2012 at 7:00 pm

    True Answer ရေ…
    တန်ဖိုးရှိသော အနှစ်သာရရှိသော အချက်များဖြစ်တဲ့
    (၁)အပြောလျော့
    (၂)စွမ်းရည်သတ္တိကို အဓိကထား
    (၃)ကြည့်တဲ့အတိုင်း မြင်
    (၄)မှန်သောအဓိကထား
    (၅)-ဖြစ်တဲ့အကျိုးထက် ပြုလုပ်တဲ့အကြောင်းကို
    ပိုအဓိကထား
    (၆)လိုအင်ဆန္ဒတွေ မဆုံးနိုင်အောင်ဖြစ်ရတာရပ်
    (၇)နာမည်ကို အဓိကထားရင် နာမည်ခံပဲဖြစ်တာမှတ်
    ဆိုတာတွေ ဟာ တကယ့်လက်ဆောင်တွေပါ။
    ကျေးဇူးတင်ပါတယ်ကွယ်။

  • windtalker

    January 5, 2012 at 9:26 pm

    အားလုံး ကောင်းတယ် ဗျာ
    အားလုံး လဲ လိုက်နာသင့်တယ် လို ့ထင်တယ်
    လေးစားစွာဖြင့် မှတ်သား ကူးယူ သွားပါတယ် ခင်ဗျ

Leave a Reply