အမှတ်တရ ပုဂံပြည် အပိုင်း – ၂

we R oneJanuary 10, 20121min12612

ကန်တော့ပုလ္လင်ဘုရား ဖူးအပြီးမှာ .. မြစေတေီဘုရားကို ဆက်လက်ထွက်ခွါခဲ့ကြပါတယ်..မိုးအုံနေတဲ့ အတွက်  မြစေတီဘုရား က ကန်တော့ပုလ္လင်ဘုရား ရဲ့ အရှေ့ ၊ အနောက် ၊ တောင်၊ မြောက်ဘယ်မှာ ရှိသိကို မသိရှိခဲ့ပါ..    ။  လမ်းဘေးဝဲယာမှာတော့ စေတီပုထိုး အမျိုးမျိုးကို မြင်တွေ့ခဲ့ရပါတယ်..။ အဲဒီ ထဲမှာ မှ ဘယ်မှာခြမ်းမှာ တည်းထားတဲ့  မင်္ဂလာစေတီ က တော့ မိန်းကလေးများ ဦးတစ်ကြိမ်ချရင် ယောက်ျားတစ်ယောက်ရတယ်တဲ့.Guide က ပြောတာ..။ (ရွာထဲက အပျိုကြီးတွေ ကိုသတိရလိုက်တာ.. :D)

မြစေတီဘုရာ ကို ကျန်စစ်သားမင်းကြီးရဲ့ သားတော် ရာဇကုမာရ် တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပါတယ်။ ဖခင် ကျန်စစ်မင်းကြီးနဲ ပုံစံတူ ထုလုပ်ထားတဲ့ ဆင်းထုတော်ကို ဌာပနာထား တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်.။  မြစေတီကျောက်စာ တည်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ မြစေတီဘုရားရဲ့ ထူးခြားချက်က စိန်ဖူး ၅ ခုရှိတာပါ..။

 

တစ်ခါ ကန်တော့ရင် ယောက်ျားတစ်ယောက်ရတဲ့ မင်္ဂလာစေတီ. ရွာထဲက အပျိုကြီးများ အတွက်
တစ်ခါ ကန်တော့ရင် ယောက်ျားတစ်ယောက်ရတဲ့ မင်္ဂလာစေတီ. ရွာထဲက အပျိုကြီးများ အတွက်
မြစေတီဘုရား
မြစေတီဘုရား
ကျန်စစ်သားမင်းနဲ ပုံစံတူ ထုလုပ်ထားတဲ့ ဆင်းထုတော်
ကျန်စစ်သားမင်းနဲ ပုံစံတူ ထုလုပ်ထားတဲ့ ဆင်းထုတော်
မြစေတီကျောက်စာ
မြစေတီကျောက်စာ

မြစေတီဘုရားပေါ်မှာ လိပ်ဥတွေတူလိုက်ကြတာ (ဓါတ်ပုံရိုက်တာကို ဆိုလိုခြင်းဖြစ်သည်.).. 😀 ဗိုက် တဂွီဂွီမြည်လာတော့ မှ နာရီကို ကြည့်မိတော့ ၁၂ နာရီကျော်နေပြီ..။ ကလည်း အလိုက်သိစွာ မြန်မာဘူဖေး ထမင်းဆိုင်ကို သွားမှာ ဖြစ်ကြောင်းပြောပြပါတယ်.. ။ မြန်မာဘူဖေး ဖြစ်လာရခြင်း အကြောင်းရင်းကိုလည်း ထမင်းဆိုင်သွား လမ်းမှာ ပြောပြပါတယ်.။ ပြောပြချက်အရ ပုဂံဘုရင် နရသီဟပတေ့ မင်းလက်ထက စခဲ့တာဆိုပဲ.။ နရသီဟပတေ့ မင်း ဟာ ဘီလူဝင်စားဖြစ်လို့ ဒေါသလည်း အလွန်ကြီးပြီး. ထမင်းစားရင် ဟင်းခွက်က ၃ဝဝ ပြည့်မှ စားတယ်တဲ့..။ အဲဒီကနေ ဆင်းသက်လာတယ်ပြောတာပဲ.။ ဆိုင်ရောက်တော့ ဟင်းခွက်က ၃ဝဝ မရှိပါဘူး. ရ မျိုးလောက်တော့ရှိမယ်ထင်တယ်..။ စားပွဲတစ်ဝိုင်မှာ လူခြောက်ယောက်စာ.။ ကုန်သွားတဲ့ ဟင်းခွက်တွေကို လိုက်ဖြည့်ပေးပါတယ်။ ဗိုက်လည်းဆာဆာနဲ တအားလွေပစ်လိုက်မယ် လို့ စိတ်ကူးထားပေမဲ့လည်း ညံဖြင်းတဲ့ ဟင်းချက်လက်ရာကြောင့် တစ်ပန်ကန်တောင် မနည်းကုန်အောင် စာခဲ့ရတယ်..။ ကျွန်မ စားဖူးသမျှ ဗမာ အစားအစာ ထဲမှာ ဒီဆိုင်အညံဆုံးပါ..။ အမုန်းဆွဲ ၊ ဗုံကြဲ ( မှတ်ချက်။ ။ အမုန်းဆွဲ= ထမင်းစား ၊ ဗုံးကြဲ = အိမ်သာသွား ) 😀 အပြီးမှာ မနူဟာ ဘုရားကို ဆက်လက်ထွက်ခွါခဲ့ကြပါတယ်.။..

ဆက်ပါအုံးမည်…

we R one

 

12 comments

  • ငပေါက်ဖော်

    January 10, 2012 at 7:04 pm

    ဟယ်..
    တစ်ခါ ကန်တော့ရင် ယောက်ျား တစ်ယောက်ရသတဲ့
    မှတ်ထားဦးမှ..
    ဘာတဲ့..ဘာတဲ့..မင်္ဂလာ စေတီဟဲ့ 😆

    ဝရုန်းပြောမှ သိတော့တယ်..
    ဘူဖေးစနစ်ကို နရသီဟပတေ့မင်း တီထွင်ခဲ့တာဂိုး..

    • we R one

      January 11, 2012 at 6:02 pm

      ဘာလဲ ကပေါက်ဖော် သွား ကန်တော့မလို့လား.. တစ်ခါကန်တော့ရင် ယောက်ျားတစ်ယောက်တဲ့နော်… ကန်တော့ပြီးရင်တော့ မာမီပေါက်ဖော် လို့ဘဲနာမည်ပြောင်းလိုက်တော့.. 😀

  • yaungchikha

    January 10, 2012 at 8:29 pm

    ပုဂံကတော့ ဘယ်နှစ်ခေါက်သွားသွား မရိုးပဲ ……. သွားချင်နေတဲ့ နေရာတစ်ခုပါပဲ၊ ပုဂံက တရုပ်ပြေးဘုရားပေါ်က ကြည့်ရတဲ့ ရူ့ခင်းလေးကို အရမ်းသဘောကျတယ် ………

  • windtalker

    January 10, 2012 at 9:23 pm

    သရပါ တံခါး နားက ရွှေမြန်မာ မြန်မာဘူဖေး ထမင်းဆိုင် ကို မစားဖူးခဲ့ရင် ၊ မပြည့်စုံလှဘူး အမတော် ရဲ ့
    ဘုရားပုံတော်တွေ ကို ဖူးမျှော်ခွင့်ရလို ့ကျေးကျေးပါနော်

    • we R one

      January 11, 2012 at 6:06 pm

      ဘယ်သိပါမလဲ… လိုက်ပို့တဲ့ ဆိုင်စားရတာပေါ့.. ဟွန်းကြိုမပြောဘူး..လူဆိုး. 😛

  • koyinmaung

    January 10, 2012 at 10:08 pm

    အင်…တခါကန်တော့ရင်ယောကျာ်းတယောက်ရတယ်ဆိုတော့
    ဟာမငေးငေးငေးအခါတရာများကန်တော့မိရင်တော့..ဟေဟေ့

  • kyawmonkhant

    January 11, 2012 at 7:12 am

    အဲဒီ ဟင်းခွက် ၃၀ဝ ပြည့်အောင်စားတဲ့ မင်းလက်ထက်မှာ မုန့်ဟင်းခါးကို တီထွင်ခဲ့တာဟုပြောသံကြားဖူးသည်။ ဟင်းခွက် ၃၀ဝ မပြည့်လို့ ၃၀ဝ ပြည့်အောင် မုန့်ဟင်းခါးလုပ်ခဲ့လို့ မုန့်ဟင်းခါးစတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ပြောသံကြားဖူးကို တဆင့်မျှ ဝေခြင်းပါ။ ဟုတ်သည်မဟုတ်သည် မသိ။ စိတ်ဝင်စားသူများ ဆက်လက် သုတေနပြု ရှာဖွေရန်။

  • MaMa

    January 11, 2012 at 8:50 am

    ပုဂံလား၊ ညောင်ဦးလားတော့ မသိဘူး။
    ရောက်ခဲ့တုန်းကတော့ ပုန်းရည်ကြီးသုတ် အရမ်းကောင်းပဲ။
    အမုန်းဆွဲရုံမက၊ ဗုံးပါ ကြဲခဲ့သေးသကိုးးးးး 😆

    • we R one

      January 11, 2012 at 6:50 pm

      အမုန်းက တော့ ထမင်းဆိုင်ရောက်မှ ဆွဲရတာ ဗုံကတော့ ရောက်တဲ့ နေမှာ ကြဲတာပဲ… 😀

      • ငပေါက်ဖော်

        January 11, 2012 at 6:55 pm

        ဖြည်းဖြည်း ကျဲနော်
        မောင်ပေ့ကို မစင်စေနဲ ့..
        😆

        • windtalker

          January 11, 2012 at 7:39 pm

          အဲဒါ သူ ့မျက်နှာ မှာ အပြည့်စင်ခံလိုက်ရလို ့
          ကျေနပ်နေတဲ့ လေသံ နဲ ့မန် ့ထားတာ
          ကိုယ်က ရန်ကုန်မှာ မဟုတ်လို ့အေးဆေး…
          ဟဲဟဲ

  • ဆူး

    January 11, 2012 at 11:45 am

    ခရီးသွားထုံးစံကတော့ အမုန်းဆွဲပြီး ဗုံးကျဲတာပါပဲ..
    နောက်ထပ် ဘယ်နားမှာ ရပ်မှ ကျဲရမယ်မှန်း မသိတော့.. ရတဲ့ နေရာမှာ မဖြစ်ဖြစ်အောင် ကျဲရတာ ထုံးစံလို ဖြစ်နေပြီ။
    ဗိုက်ဆာနေရင်တော့ ဘာမဆို စားကောင်းတာ အမှန်ပဲ..
    ဘူဖေး အစ မြန်မာပေါ့..

Leave a Reply