စက်ဆန်းမီးလောင်ရာမှာ မီးသတ်သမားလေးတွေ သေသူသေ ဒဏ်ရာရသူရဖြစ်တဲ့ သတင်းကြားရတော့ ပြည်သူတွေနဲ့ မီးသတ်တွေကြားမှာ

အမြင်မကြည်လင်ခဲ့တာလေးတွေ ပါးသွားပါတယ်။

ကျွန်မတို့ မိတ်ဆွေတစ်စုလည်း မီးဘေးပေါက်ကွဲမှုဘေးခံခဲ့ရတဲ့ ဒုက္ခရောက်ရှာသူတွေကို အားပေးကူညီရင်း

တာမွေမီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း သွားရောက်အားပေးဖြစ်ခဲ့ပါတယ်။

ဒီမီးလောင်မှုမှာ အသက်စွန့်သွားတဲ့ မီးသတ် တပ်ဖွဲ့ဝင်၅ဦးလုံးဟာ တာမွေမီးသတ်ကဖြစ်ပါတယ်။မီးလောင်ပြင်ကနေ မေးသွားတော့ ကျောက်မြောင်းဈေးရှေ့မှာရှိတဲ့ တာမွေမီးသတ်ကြီးကိုရောက်ပါတယ်။

ဒါကြောင့် တာမွေမီးသတ်ကို ဦးတည်ပြီး သွားရောက်ခဲ့ကြပါတယ်။

တာမွေမီးသတ်ကြီး

အသက်ဆုံးပါးသွားတဲ့ မီးသတ်၅ဦးပုံပါ

သူတို့တွေရဲ့ မိသားစုဝင်တွေ လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုထောက်ပံ့ငွေပေးရင်းအားပေးခဲ့ကြပါတယ်။

လူပုံတွေပါနေလို့ ဒီဓာတ်ပုံတော့ မတင်တော့ဘူး။

ဒဏ်ရာရသူစာရင်းပါ

ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက သူတို့အတွေ့အကြုံရှင်းပြပါတယ်။

မီးလောင်ပြီဆိုရင် မီးလောင်ခံရတဲ့ အိမ်ရှင် လုပ်ငန်းရှင်တွေက သူတို့နေရာကို အန္တရာယ်ရှိလို့ စွန့်ခွာသွားကြပါတယ်။အဲဒီလိုအချိန်မှာမှ မီးသတ်တွေက

အန္တရာယ်ကိုချဉ်းကပ်ရတာပါတဲ့။သူဆိုရင် ပေါက်ကွဲမှု အရှိန်ကြောင့် ပေ၂၀ လောက်လွင့်သွားရပါတယ်တဲ့၊သတိလည်း ခဏလစ်သွားပါတယ်တဲ့။

သူက လက်မှာဒဏ်ရာရတာပါ။ကျန်တဲ့သူတွေက ဆေးရုံကမဆင်းကြရသေးပါဘူး။

စမ်းချောင်းနဲ့ ကျောက်တံတားက မီးသတ်တွေလည်း ဒဏ်ရာရကြပါတယ်။

အချိန်မရလို့ တစ်ခါတည်းသွားမလှူဖြစ်လိုက်ပါ။

အခွင့်သင့်ရင်တော့ သူတို့အတွက်လည်း အားပေးကူညီချင်ပါတယ်။

အလှူစာရင်းလေးမှတ်တမ်းပါ။

ဆရာအော်ပီကျယ်ရဲ့ One More က သိန်း၂၀ လှူသွားပါတယ်။
သာဓု သာဓု သာဓု

အဘဖော post ထဲက ဆူးရဲ့ comment လေးကို ပြန်ပြီးမှီငြမ်းချင်ပါတယ်။

ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးမယ့် မီးသတ်သမားလေးတွေအတွက် လုံလောက်တဲ့ အကာအကွယ်ပစ္စည်းတွေ၊နည်းပညာတွေ အမြန်ဆုံး ရရှိပါစေလို့ ဆန္ဒပြုပါတယ်။

ဆူး says:

စက်ဆန်းမှာဖြစ်တဲ့မီးလောင် ပေါက်ကွဲမှုမှာ မီးသတ်တွေရောက်လာပြီး မိနစ် ၂၀ လောက်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးသတ်တွေအပါအ၀င် ပြည်သူတွေ သေကြေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ် ၊ ဒါအားလုံးသိပြီးသားပါ ထူးခြားတာက အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာ ရသွားတဲ့အထဲမှာ ရန်ကုန်တိုင်းမီးသတ်က တိုင်းမှူး ဦးကြည်ဝင်းပါနေတယ်ဆိုတာပါဘဲ ဒါဆိုရင် ဒီမီးသတ်တိုင်းမှူးဟာ မီးလောင်လောင်ချင်း သူ့တပည့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးလောင်တဲ့နေရာကို ချက်ချင်းဆိုသလို ရောက်နေတယ်ဆိုတာ ထင်ရှားပါတယ် ၊ နောက်ပြီးမီးလောင်တဲ့ အချိန်က နေ့ခင်းရုံးချိန်ဆိုရင် သိပ်မထူးခြားပါဘူး ခုဟာက ညသန်းခေါင်ကျော် ကြီးမှာလောင်တာ ဆိုတော့ သိပ်ကို ထူးခြားသွားပါပြီ ။

မီးလောင်တယ်လို့ မီးသတ်က သတင်းရရချင်း သူ့ကိုအကြောင်းကြား ၊ သူကအိပ်ယာကချက်ချင်းထ ၊ မျက်နှာသစ် ယူနီဖေါင်းဝတ် ပြီးတာနဲ့ ကိုယ့်ကားကို ကိုယ်မောင်းသွားရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ပါဘူး ၊ ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ရင် တော့ဒုက္ခပါဘဲ ငါစောင့်နေမယ် မအိပ်ဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ တိုင်းဦးစီးမှူးကြီးပါဘဲ ၊ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကြီးပါဘဲ ၊ လူထုအပေါ်သိပ်ကိုတာဝန်ကျေတဲ့ ပြည်သူ့ သားကောင်းကြီးပါဘဲ ။ ဦးကြည်ဝင်းသာ ကျန်းမာရေးအရ တာဝန်ဆက်ပြီးထမ်းဆောင်နိုင်ဘို့ အခြေအနေပေးလို့ သူသာ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ရန်ကုန်တိုင်းက ပြည်သူတွေဟာ မီးလောင်ရင် တို့ဦးကြည်ဝင်းရှိတယ်ကွ ဆိုပြီး အားကိုးလောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါဘဲ ၊ မချီးကျူးပဲ နေကို မနေနိုင်ဘူးဗျာ

ပေါက်ကွဲမှုအဖြေရှာဖို့ တွင်းထဲက ကျန်နေတဲ့ရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပေးနေတဲ့ မီးသတ်များ

မီဒလောင်တာငြိမ်းသတ်ပြီးလည်း မီးသတ်ရဲ့ တာဝန်တွေ ဆက်လက်ထမ်းဆောင်နေရတာလေး သိသာအောင်ကျန်နေတဲ့ပုံလေးပါ ထပ်တင်ပေးလိုက်ပါတယ်။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)