ကာတွန်း - ဟန်လေး ဧရာဝတီမဂ္ဂဇင်း


၂၀၁၁ခုနှစ် အထူးခြားဆုံး ပုဂ္ဂိုလ်ဆုကို ဖွတ်အလကားဂျာနယ်မှ မျက်နှာလိုအားရ ပေါချောင်ကောင်း စက္ကူသွင်းခွင့်မျှော်၍ ဒီပုပ်ထဲမှဒီပဲ ဆိုသူအား ရွေးချယ်လိုက်လေရာ ၎င်းဂျာနယ် အဓိကပြိုင်ဖက် (အတိအကျ ပြောရင် နှာတဖျား အသာတွင်ရှိသည်) မန်းတာလေဂေဇက်ဒေါ့ကွန်းမှ အားကျမခံ ၂၀၁၁ခုနှစ်၏ အထူချာဆုံး ပုပ်ကိုယ်စုတ် ကို အယ်ဒီတာချုပ်မှူးကြီး ဦးကြောင်မှ သံမဒဂျီး ဦးကြောင်ချီးအား ရွေးချယ်လိုက်သည်။ ဂေဇက် အတိုင်ပင်ခံ အယ်ဒီတာအဖွဲ့နှင့် အမှုဆောင်အယ်ဒီတာအဖွဲ့တို့မှလည်း ကန့်ကွက်ခြင်း အလျဉ်းမရှိကြပေ။ (မရှိဆို အဆိုပါ အဖွဲ့များ လုံးဝမရှိခြင်းဖြစ်သည်။)

သံမဒဦးကြောင်ချီးသည် နှစ်ပေါင်းငါးဆယ်ကျော်အတွင်း စစ်ဗိုလ်ပေါင်းများစွာအနက် ပြည်သူ့အသံကို နားရွက်ဖြင့် ကြားရမှန်းသိသူ ပထမဆုံး စစ်ဗိုလ်ချုပ်ဟောင်း သမဒဂျီး ဖြစ်သည့်အပြင် လက်ညှိုးဖြင့် ညွှန်ပြပြီး ပါးစပ်နှင့် လမ်းညွှန်ချက်များပေးသူ၊ မြစ်ဆုံစီမံကိန်းသို့သော စီမံကိန်းကြီးအား အဘချုပ်ကြီး ခိုင်းသည့်အတိုင်း သရဲမကြောက် တရုတ် မကြောက် ရပ်ဆိုင်းရန် ဆုံးဖြတ်ရဲသူဖြစ်၍ ၂၀၁၁ခုနှစ် “ပါးစပ်အော့ဖ် ယီးတီးယားတား” ဆုအတွက် ရွေးချယ်လိုက်သည်။ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ရေး ကိစ္စတွင်မူ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်နိုင်ငံ၏ ခြိမ်းချောက်မှုကိုပင် ဂြိုလ်တုပဲ့ထိန်း လေဆာဒုံးပျံမကြောက်၊ ပေါင်ငါးထောင် မြေအောက် ဘန်ကာဖျက် လေဆာဗုံးဒဏ် မကြောက် အသက်ကိုပင်မငဲ့ ဆန့်ကျင်အံတုပြသူဖြစ်သည်။

သံမဒဂျီးအား ဖွားမြင်ချိန်တွင် ကောင်းကင်ယံ၌ ကြယ်တာရာများ လင်းလက်သွားကြောင်း ထိုအချိန်၌ လမ်းတွင် ချောင်းအရိုက်ခံရသူ အိမ်နီးနားခြင်း ဘုန်းဂျီးလူထွက် အရက်သမား ဘိုးအောင်ပုမှ ပြန်ပြောပြသည်။ တချိန်ထဲတွင် ရဲစခန်း၌ မသင်္ကာမှုဖြင့် လျှပ်စစ်ကျင်စက် တို့အစစ်ခံခဲ့ရသူ ရာဇဝင်လူဆိုး ဖိုးမောင်ပေမှလည်း ထောက်ခံသည်။ သံမဒဂျီး ၁၀တန်းအောင်ပြီးနောက် ဗိုလ်သင်တန်းတက်ကာ ရာထူးအဆင့်ဆင့်ဖြင့် ဟိုဥစ္စာ လုပ်ခဲ့သည်… တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ခုနှစ်တွင် အာပေါင်အာရင်းသန်သော ကက(ကျီး) တွင် ဗိုလ်ဂျုတ်ကျီး တာဝန်ယူသည်။ ထို့နောက် အစိုးရအဖွဲ့ဝန်ဂျီးခြုပ် ဖြစ်လာခဲ့ပြီး ၂၀၁၀ခိုးနှစ် ရွေးဂေါက်ပွဲ အပြီးတွင် သံမဒအဖြစ် သေးပေါက် ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈၈ခုနှစ်တွင် g့host cow (သရဲနွား) လက်မှတ် ရရှိခဲ့သည်။

“၈၈ အရေးအခင်းမှာ အိန္ဒိယနယ်စပ်ကို ထွက်သွားတဲ့ ကျနော့်သားအပါအဝင် ဆေးကျောင်းအဖွဲ့ကို ကလေးမှာရှိတဲ့ တပ်ရင်းတရင်းက တားဆီးထားတယ်။ ကျနော် လိုက်သွားပြီး တပ်ရင်းမှူးနဲ့ သွားတွေ့တယ်။ တပ်ရင်းမှူးက ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားပြီး မိဖရပ်ထံ ပြန်အပ်နှံတယ်။ ကျနော်တို့လည်း ဝမ်းသာတာနဲ့ မီးတောက်အရက် လက်ဆောင်ပေးခဲ့တယ်၊ သောက်လိုက်တာ ဂွပ်ခနဲ.. ရေတောင်မရောဘူး။ အရမ်းလည်း ဘောကန်ကောင်းတယ်၊ မူလတန်းတုန်းက ကျောင်းဘောလုံးအသင်း အရန်လူ ဖြစ်ခဲ့ဘူးတယ်။ ရိုးလည်းရိုးတယ်၊ မောက်မယ် သနပ်ခါးတောင် မလိမ်းတတ်ဘူး။ ခလေးတွေကို ဆုံးမစကားပြောတဲ့အခါလည်း ခြောက်ကြိုးကဝေ၊ ဒေါ်အိုဇာ၊ ယောနယ်ကရွာသူမကြီး စသဖြင့် စီကာပတ်ကုံး ပြောပြတယ်။ အဲဒီတပ်ရင်းမှူးက အသက်၄၀ကျော်ပဲ ရှိသေးတယ်။ အခုသံမဒဂျီး ဦးကြောင်ချီးပါ။” ဟုဂေဇက်ရွာ အတင်းထောက် အင်ဖော်မာနှင့် ပါလာသော သားရေအိတ်လွယ်၊ ကတုံးဆံတောက်နှင့် နေကာမျက်မှန်တပ် အံကြိတ်ပြနေသူ လူအချို့အား ကြည့်လျက် မြန်မာ့သစ်ခိုးထုတ်ရေးလုပ်ငန်း အရာရှိ ဦးတောပြုန်းမှ ကတုန်ကရင်ဖြင့် ပြောကြားခဲ့သည်။

ဦးတောပြုန်း၏ ပြောဆိုချက်များ မှန်ကန်ကြောင်းကို ထိုအချိန်က ၎င်းတို့ဆေးကျောင်းသား အဖွဲ့မှ အိမ်မပြန်ဘဲ တောခိုသွားခဲ့ကြသော အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရပြီး ယခုအခါ ကြီးပွား ချမ်းသာနေသူ ဒေါက်တာအောင်နိုင်ဥ၊ ဒေါက်တာဇော်ဥနှင့် နော်ဝေနိုင်ငံ ဒီမိုကရက်တစ်မြန်မာ့အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာAချမ်းနိုင်တို့မှ အတည်ပြုချက်ပေးသည်။ အိမ်ပြန်သွားခဲ့သူ ဒေါက်တာမှတ်ကြီးမှာမူ ယနေ့အချိန်တွင် ဝေးလံခေါင်ဖျား နယ်စပ်တောင်တန်း တနေရာတွင် လခစား အစိုးရဆရာဝန်ဘဝဖြင့် နိုင်ငံတာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်လျက်ရှိသည်။

သံမဒဂျီး ဦးကြောင်ချီး တားဝန်ယူခဲ့ပြီးချိန်တလျောက် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့သည်ဟု အကဲခတ်အမဲဖျက် အချို့က ဆိုကြသော်လည်း “သံမဒဂျီး ဟန်ပြရွှီး မာန်ထတီး လန်ကျအပြီး” ဟူ၍ တဘောင် စကား ရပ်ရွာထဲတွင် အုတ်အော်သောင်းနင်း ပြောဆိုလျက် ရှိနေပေသည်။ ထို့ပြင် သံမဒဂျီး ရရှိထားသော အဂ္ဂမသာ အစချီသည့် မြင့်မားလှသည့်ဘွဲ့ကြောင့် နာရေးကူညီမှုအသင်းမှ အရေးပေါ်လာလျင် ကူညီပေးရန် မချဉ်းကပ်ဝံ့ကြောင်းလည်း ကြားသိရပေသည်။
Chief of editor-in-chief မစ္စတာကြောင်ကြီး :cool:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး