ကျနော်ရွာထဲမ၇ာက်တာလည်းကြာပြီ အဝေးသင်တက်နေတုန်း တစ်လလောက် ရွာနဲ့အဆက်သွယ်ပြတ်နေပြီး စာရေးရမှာကိုတော်တော်ကိုပျင်းရိနေမိတယ်
မနေ့ကမှ၇ွာထဲက အွန်လိုင်းဖေဖေကြီးနဲ့ စကားပြောပြီး မပျင်းနဲ့ စာကိုရေးပေးရတယ် ငါတို့တုန်းကလည်း ဒီလိုပဲ နောက်ပိုင်းပိုပျင်းလာလိမ့်မယ်လို့ပြောတာနဲ့
ကိုယ့်ရဲ့ပျင်းနေတဲ့စိတ်ကလေးကိုဖျောက်ပြီး အတတ်နိုင်ဆုံးရေးဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ကိုဆုံးဖြတ်ပြီး ညကျတော့ သူများလက်တော့ကလေး အလွယ်ရတာနဲ့ စပြီး
ရေးဖြစ်တော့တာပဲဗျာ ရွာထဲကလည်း ကိုယ်တွေက တစ်ကျော့ပြန်လိုဖြစ်နေတယ် အသစ်တွေကလည်း မနည်းဘူးဗျနော် ၀မ်းသာပါတယ်
ကိုယ့်ရဲ့ရွာလေး တော်တော်စည်ကားလာတာဂုဏ်လည်းယူပါတယ် မှတ်တောင်မှတ်မိကြပါ့မလားလို့တောင် တွေးမိပါသေးတယ် ရေးနေတာလည်း လိုရင်းကိုမရောက်တော့ဘူး
ပြောချင်တာက လာဒ်ပေးလာဒ်ယူတဲ့ ကိစ္စဗျာ ကျနော်တို့နိုင်ငံမှာတော်တော်ကို ခေတ်စားတဲ့စနစ်ကြီးပေါ့ အနည်းဆုံးလူတစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက်က
လာဒ်ပေးလာဒ်ယူတဲ့ ကိစ္စကိုတော်တော်စိတ်ဝင်စားကြတယ်ဗျာ အကျင့်ပျက်နေတာပေါ့ လူငယ်တွေမှာလည်း ဒါကထုံးစံလိုဖြစ်နေပြီ နေရာတိုင်းကိုလိုက်ကြည့်လိုက်
တော်တော်ကိုအကျင့်တွေပျက်နေကြပြီ ကျနော်ရဲ့တွေ့အကြုံလေးတွေပြောပြမယ်ဗျာ ကျနော်တို့နဲ့ခင်တဲ့လူငယ်လေးတွေပေါ့ ကျနော်တို့လည်း လူငယ်ပါပဲ ဒီလိုအကျင့်ပျက်နေတာ
ကိုဘယ်လိုအများဆုံးတွေ့ရသလဲဆိုတော့ အလုပ်လိုချင်တဲ့ သူငယ်ချင်းတွေပေါ့ အွန်လိုင်းကသူငယ်ချင်းတွေရော အပြင်ကသူငယ်ချင်းအသိတွေရော အလုပ်လိုချင်တယ်ပေါ့
အကူညီတောင်းတာပါ အလုပ်ကဘယ်လိုကောင်းတာလည်း ပညာရလား အတွေ့ကြုံကောင်းကောင်းရလားတော့ ကျနော်အမေးမခံရဖူးဘူးဗျ လစာဘယ်လောက်ရလဲ
လစာဘယ်လောက်ရလဲဆိုတာကိုလည်း အပြစ်မပြောသေးပါဘူး လူတိုင်းက ကိုယ်လုပ်တာလေးတွေတော့ များများရချင်တာပေါ့ ဒါကထုံးစံပဲလေ လူတိုင်းကပိုက်ဆံကို
များသောအားဖြင့်မက်မောကြတာပဲ ကျနော်လည်းဒီလိုပါပဲ ဒါပေမဲ့ တစ်ချို့မတူတာလေးတွေက ကျနော်ကိုအလုပ်ရှာခိုင်းတဲ့ သူတွေက အကုန်လုံးနီးပါ အချောင်ရချင်ကြတဲ့
သူကများနေတယ်ဗျ စလာကတည်းကမေးတာက ပညာရလား အတွေ့ကြုံကောင်းကောင်းရလားတော့မရှိဘူး အောက်ဆိုက် ရှာလို့ရလား ဖျောင်လို့ရလားဆိုတာတွေချည်းပဲ
ဒါနဲ့ကိုယ်ပါကူညီချင်တဲ့စေတနာတောင် မရှိတော့ဘူးဗျ ပြောချင်တာကလူတွေ ဒီလိုအကျင့်တွေဖြစ်ကုန်တာ အဓိက ကတော့ ကိုယ်ကျင့်တ၇ားကိုမစောင့်ထိန်းတာ၇ယ်
လူတိုင်းနီးပါးက ၇တဲ့လစာနဲ့စားဖို့နေေ၇းက မဖူလုံလို့လို့တော့ ပြောလို့၇ပါတယ် လွယ်၇င်သန်းကြွယ်တောင်မနေ ဘူးဆိုတဲ့ စကားပုံကလည်း၇ှိတာကိုးဗျနော် အလွယ်လိုက်ချင်တဲ့
လူ့စိတ်ကလည်း၇ှိနေသေးတော့ ခက်တာပေါ့ဗျာ အဲလို လာဒ်ပေးလာဒ်ယူတဲ့ဟာလေးနဲ့ ပတ်သတ်ပြီး ဒဂုံဘက်သွားတုန်းကတွေ့ခဲ့သေးတယ်ဗျာ အခုမြန်မာနိုင်ငံမှာ အများဆုံးလုပ်
တဲ့ အစိုးရရုံးတွေမှာမဟုတ်သေးဘူးဗျ အစိုး၇နဲ့ဆိုင်တဲ့ အောက်ခြေကအုလုပ်သမားလို့ပြောလို့ရတဲ့နေရာမှာပေါ့ မြောက်ဒဂုံဘက်သွားတော့ဗျာ လမ်းမှာ သံလမ်းရှိသေးတယ်
အဲဒီဘက်နေတဲ့သူတွေတော့ မသိဘူး ကျနော်ကတော့ နှစ်ခါလောက်ကြုံဖူးပြီးတော့ နည်းနည်းတော့လန့်တယ်ဗျာ ဘယ်လိုကြုံတွေ့ရသလဲဆိုတာကတော့ ရထားလမ်းဂိတ်စောင့်
လေးတွေက ရထားလာရင် ကားလမ်းကိုပိတ်ပေါ့ ရထားလွန်သွားပြီဆိုမှကားလမ်းကိုပြန်ဖွင့်ပေးပေါ့ ဒါကသူတို့ရဲ့နေစဉ်လုပ်ရမဲ့အလုပ်ပေါ့ ကျနော်နှစ်ခါလောက် ကြုံရတာကဖြင့်
တော်တော်ကိုရင်ထိတ်ရပါတယ် ကိုယ်ကပဲကြောက်တတ်လို့လား အစိုးရိမ်လွန်တတ်လို့လားတော့မသိဘူးဗျာ ရထားဂိတ်စောင့်တဲ့သူတွေကဗျာ ရထားလာနေလို့ ကားလမ်းကို
ပိတ်လိုက်ပါတယ် စပါယ်ယာကဆင်းပြီး ၂၀၀ တန်းအနွမ်းလေး ၂ ရွက်လောက်ပေးလိုက်တာနဲ့ ရထားဘယ်လောက်နီးနေပါစေ ဖွင့်ပေးတယ်ဗျာ
ကိုယ်တွေကအစိုးရိမ်ကြီးလို့လားမသိဘူး အဲဒီအချိန်လေးကို ဘုရားတစီးနေရတယ်ဗျာ ရှေ့ကမောင်းနေတဲ့ ကားမောင်းသူကတော့ ဖော်မြူလာဝမ်းက ချန်ပီယံ လိုယုံကြည်မှုနဲ့ဗျာ
ပြောချင်တာက လောဘပေါ့ ကားမောင်းသူကလည်း ရှေ့ကကားကိုကျော်ပြီး ခရီးသည် ရချင်တာ ဂိတ်စောင့်တဲ့သူကလည်း ပိုက်ဆံရတာနဲ့ ရှေ့နောက်ဖြစ်လာမဲ့ အန္တရာယ်ကို
မစဉ်းစားပဲဂိတ်ကိုဖွင့်ပေးတာတွေ တော်တော်ကိုဆိုးလွန်းပါတယ် ကားမီးပွိုင့်တွေမှာတော့တော်တော်များများ ယာဉ်ထိန်းရဲတွေရှိနေတော့တော်သေးတယ်ဗျ အဲလိုနေရာတွေမှာလည်း
ထားပေးသင့်တယ်လို့တောင် တွေ့မိတယ်ဗျာ ဒါကကိုယ့်အတွေးပါ အောက်ဆိုက် နည်းနည်းရလို့အစိုးရ၀န်ထမ်းအများစုမလုပ်ချင်လို့မှ ရပ်ကွက်က
ရထားဂိတ်နဲ့နီးတဲ့သူတွေဝင်လုပ်နေတာပဲနော် အော်ငါတို့နိုင်ငံမှာလည်း ရထားလက်မှတ်ဖြတ်တော့လည်း လက်ဖက်ရည်ဖိုးပေးရ ဘယ်နေရာသွားသွား သက်ဆိုင်ရာလေးတွေကို
မပေးရင် ဘယ်လိုမှ ကိုမရပါလားလို့တွေးမိတယ် နယ်ကိုပြန်မယ်ဆိုလည်း ရထားလက်မှတ်ကို ဘယ်တော့မှ သတ်မှတ်ချက်အတိုင်းပေးရမယ်လို့ စိတ်ထဲကမတွေးဘူး စိတ်ကိုယ်က
အကျင့်ပါနေပြီ ပိုပေးရမယ်လို့တွေးနေတယ်ဗျာ တစ်ခါတစ်လေးကျတော့လည်း ဦးကျော်ရဲအောင်ကြီး ကြော်ငြာသလို ဆရာလက်ဖက်ရည်ဖိုးဆိုရင် လက်ဖက်ရည်ထုတ်လေးထုတ်ပေး
နိုင်အောင် အသင့်ဆောင်ထားရင်ကောင်းမလားလို့တောင်တွေးမိသေးတယ် ကြုံတုန်းအင်တာနက်မှာ ကြည့်ရတာလေး ပြောလိုက်အုံးမယ် လာဒ်ထိုးရတဲ့ ကိစ္စပါပဲ
လွတ်လပ်ချင်းအနုပညာပြပွဲက ဆုရသွားတဲ့ ဒါရိုက်တာ ၀ိုင်း ရဲ့ (အဲဒီအခန်းဖြတ်)ဆိုတဲ့အခန်းကဟာသလေးတွေပါ တော်တော်များများလည်း ကြည့်ပြီးလောက်ပါပြီ
ဆင်ဆာအဖွဲ့ကို သရော်ထားတာ တော်တော်ကိုကောင်းပါတယ် ဆင်ဆာအဖွဲ့ကို လာဒ်ထိုးရတာပါ ဆင်ဆာလူကြီးတွေ စားဖို့သောက်ဖို့ကအစ ပေးနေရတာပါထည့်ရိုက်ထားတာတွေ
ဇာတ်ကားထဲက မီးပျက်တဲ့အခန်းကို ဆင်ဆာလူကြီးက မြန်မာနိုင်ငံမှာ မီးမပျက်ဖူး အဲဒီအခန်းဖြတ်ဆိုတဲ့အချိန်မှာ ဆင်ဆာရုံးမှာ မီးပျက်သွားတာတွေတော်တော်ကိုထိမိပါတယ်
နေရာတိုင်းမှာ လာဒ်ပေးလာဒ်ယူရှိနေတဲ့ ဟာတွေ တော်တော်ကိုဆိုးပါတယ် အစိုးရက အဂတိလိုက်စားတဲ့ အကျင့်ဆိုးတွေ ဖျောက်ဖို့ပြောနေပေမဲ့ သူတို့ကိုယ်တိုင် လက်မလွှတ်နိုင်
တာတွေ အစိုးရ၀န်းထမ်းတွေ တော်တော်များများက ပြုလုပ်နေတာတွေကို အရင်ဆုံး စည်းကမ်းတကျလုပ်လိုပါတယ် ကျနော်အဝေးသင်အနီးကပ်တက်ရတုန်းက အတွေ့ကြုံလေးရှိသေးတယ်ဗျ
အခန်းထဲစာလာသင်တဲ့ ဆရာမတစ်ယောက်က စာကိုကမန်းကတန်းသင်ပြီး အနီးကပ်ရက် ပြီးခါနီးမှာ ၀ှိုက်ဘုတ် ပေါ်မှာဗျာ (၀၉———–)ပေါ့ သူ.ဖုန်းနံပါတ်ကိုရေးပေးခဲ့တယ်ဗျာ
အကူညီလိုရင်ပြောတဲ့ သိတယ်မလား ရွေဘိုသားတို့က ဒါမျိုးဆိုရင် သိပ်စိတ်ဝင်စားတာမှမဟုတ်တာ အွန်လိုင်းက ကောင်မလေးကသူ့ဖုန်းနံပါတ်ပေးတာဆိုရင် မှတ်ချင်မှတ်အုံးမယ် ဒါ့မို့လည်း အဝေးသင် ပထမနှစ်ကို
(၃)နှစ်မြောက်နောက်ဆုံးနှစ်လိုတက်နေရတာလားမသိပါဘူး သုံးနှစ်လုံးကျတာတော့မဟုတ်ပါဘူးဗျာ ကြား (၁)နှစ်နားလိုက်လို့ပါ ဘေးကသူငယ်ချင်းတွေကတောင်ပြောသေးတယ်ဗျာ မင်းအဲဒါကြောင့်လည်း ပထမနှစ်က မတက်ရတာတဲ့
ဟုတ်တော့လည်းဟုတ်ပါတယ်လေ ကိုယ်တွေကလည်း အရင်နှစ်တွေက လာဒ်မထိုးတော့ ကိုယ့်စံချိန်လေးတော့ အပျက်မခံချင်ဘူးဗျ လူကသာဘာမှမဟုတ်တာ အဲဒါမျိုး သူများ ခ ရမဲ့အလုပ်ဆိုေ၇ွှဘိုသားတို့ကတော့ ဝေါင်ဝေါင်ရှေးတယ်ဗျာ
သူငယ်ချင်းတွေကတောင် ကိုယ့်ကိုတရားချနေပါသေးတယ် ဟိတ်ကောင်ရ သစ်ပင်လေးတွေတောင် ရေလောင်းမှ ကြီးထွားတာ မင်းလည်းမဖြေနိုင်ရင်ရေလောင်းလိုက်တဲ့ ရေလောင်းရင်စိမ်းလန်းမှာသေချာတယ်တဲ့ ဒါဆို တစ်ဘာသာ ဘယ်လောက်
လဲလို့စပ်စုကြည့်တော့ သူ့ဈေးနဲ့သူဗျ တစ်ဘာသာကျတော့ ၅၀၀၀၀ တဲ့ဘာသာစုံကျတော့ ၁၅၀၀၀၀ တဲ့ တစ်ဘာသာက ဈေးကြီးလှချည်လားဆိုတော့ မင်းကလည်း ဈေးကွက်ကိုနားမလည်ဘူးတဲ့ တစ်ဘာသာထဲမဖြေနိုင်တာနဲ့ ဘယ်သူမှ
မင်းလို နောက်တစ်နှစ်ထပ်မနေချင်မှန်းသိလို့ ဈေးကိုသတ်သတ်ကြီးထားတာတဲ့ အော်အော် ဂလိုလား လို့ပဲပြောမိပါတယ် ပေးဘူး အဲဒါမျိုးတော့ သူတို့ပေးမဲတူတူ ဘောပွဲလေးလောင်းရတာမှ ရင်ခုန်ရအုံးမယ် ဒါကကိုယ့်အတွေးပါ
ကိုယ်တွေက ဘွဲ့ရဲ့တန်ဖိုး မသိသေးလို့လည်းပါမှာပေါ့ ဘောပွဲလောင်းတာကမှ ကိုယ်လောင်းတဲ့အသင်းဘောလုံးရရင် ရင်ခုန်စွာနဲ့အားပေးနေရတာတော်တော်ကိုဖီလင်ကမိုက်တယ်ဗျာ အဲလိုရင်ခုန်မှုမျိုး ကောင်မလေးတောင် ပြုလုပ်နိုင်မယ်မထင်ဘူး
မပေးဘူးကွာ မင်းတို့ဘာသာ လာဒ်ထိုးရင်ထိုးငါကတော့ မထိုးတော့ဘူး နောက်နှစ်တစ်နှစ်ပညာသင်နှစ်ကိုတိုးမယ်ဆိုတော့ အတော်အသင့်ဖြေနိုင်ရင် အောင်နိုင်ပါတယ်ဆိုတဲ့ ကိုယ်ယုံကြည်ရာ မျှော်လင့်ချက်ကလေးနဲ့ အခုချိန်ထိ ဒီတိုင်းပဲနေနေတာဘယ်လိုလာမလဲတော့ မသိသေးဘူး အိမ်ကအမေကတော့ ပြောပါတယ် မောင်တာရယ် ငါတို့သေလို့တောင် ဘွဲ့ရတဲ့ ဓာတ်ပုံလေးတူတူ ရိုက်ရပါ့မလားတဲ့

စာကလည်း နိဒါန်းမပျိုးတတ် နိဂုံးကောင်းကောင်းမချုပ်တတ်နဲ့ စာဖတ်တဲ့သူတွေကိုတော့ အားနာပါတယ်
ကိုယ်ပြောချင်တာလေးကိုယ် အနှစ်ချုပ်မယ်ဆိုရင် လူတွေအကျင့်ဆိုးတွေပါကုန်တာ တော်တော်ကိုဝမ်းနည်းစရာကောင်းပါတယ် အဲလိုအကျင့်ဆိုးတွေကို အတတ်နိုင်ဆုံး ဆေးကြောပြစ်ကြပါလို့ပြောချင်ပါတယ်
ဒီလိုရေးဖြစ်တာကလည်း ဆရာမကြောင့်ရယ် အွန်လိုင်းက အလုပ်ရှာခိုင်းတဲ့သူတစ်ယောက် မေးတဲ့မေးခွန်းရယ် ရထားဂိတ်ကအဖြစ်အပျက်လေးတွေရယ်ကြောင့်ရေးဖြစ်တာပါ စာကတော့ကောင်းကောင်းမရေးတတ်ဘူးဗျာ
သည်းခံပြီးဖတ်ပေးကြပါ ဝေဖန်ပေးကြပါလို့ပြောချင်ပါတယ် ရွာထဲပြန်စာရေးဖြစ်အောင် တိုက်တွန်းပေးတဲ့ အွန်လိုင်းဖေဖေကြီးကိုလည်း ကျေးဇူးတင်ပါတယ်

းကိုယ် အနှစ်ချုပ်မယ်ဆိုရင် လူတွေအကျင့်ဆိုးတွေပါကုန်တာ တော်တော်ကိုဝမ်းနည်းစရာကောင်းပါတယ် အဲလိုအကျင့်ဆိုးတွေကို အတတ်နိုင်ဆုံး ဆေးကြောပြစ်ကြပါလို့ပြောချင်ပါတယ်
ဒီလိုရေးဖြစ်တာကလည်း ဆရာမကြောင့်ရယ် အွန်လိုင်းက အလုပ်ရှာခိုင်းတဲ့သူတစ်ယောက် မေးတဲ့မေးခွန်းရယ် ရထားဂိတ်ကအဖြစ်အပျက်လေးတွေရယ်ကြောင့်ရေးဖြစ်တာပါ စာကတော့ကောင်းကောင်းမရေးတတ်ဘူးဗျာ
သည်းခံပြီးဖတ်ပေးကြပါ ဝေဖန်ပေးကြပါလို့ပြောချင်ပါတယ် ရွာထဲပြန်စာရေးဖြစ်အောင် တိုက်တွန်းပေးတဲ့ အွန်လိုင်းဖေဖေကြီးကိုလည်း ကျေးဇူးတင်ပါတယ်

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ