ကလေးများအတွက် ဘာသာစကားသင်ကြားခြင်း

Moe ZJanuary 6, 20121min33047

ကျွန်မတို့သည် စကားလုံးများကို အသုံးပြုပြီး မိမိတို့၏အတွေးအခေါ်များနှင့် အကြောင်းပြချက်များကို တွေးတောဖော်ထုတ်ခွင့်ရကြပါသည်။ စကားလုံးများကိုအသုံးပြုရာ၌ ဝေါဟာရမကြွယ်ဝလျှင် အကြောင်းပြချက်များအားနည်း နိုင်ပါသည်။ တစ်နည်းအားဖြင့် ဝေါဟာရကြွယ်ဝပါက ဆိုလိုရင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာပေးနိုင်သည့်အပြင် ရေရှည်အဖိုးတန်သည့် စကားပြောစွမ်းရည်ကို မြင့်မားစေပါသည်။ ထိုသို့ဖြစ်စေရန် စကားလုံးများ၊ ဝေါဟာရများကို နှစ်ခြိုက်တတ်ရန် လိုအပ်ပါသည်။ အင်္ဂလိပ်ဘာသာစကားတွင် ဝေါဟာရပေါင်း (၅၀၀၀၀၀) ကျော်ရှိသည့်အနက် (၃၀၀၀) ခန့်ကိုသာ ကျွန်မတို့နေစဉ် ပြောဆိုအသုံးပြုပါသည်။ ထိုစကားလုံးများထဲ၏ ၆၅%ဖြစ်သော ဝေါဟာရ (၄၀၀)ခန့်ကိုသာ ကလေးများအတွက်ထုတ်သောစာအုပ်များတွင် တွေ့ရပါသည်။ ကျွန်မတို့နေ့စဉ်သုံး ဝေါဟာရ (၃၀၀၀)တွင် ရှေ့ဆက်များ ဖြစ်သည့် dis-, mis-, re-, နောက်ဆက်များဖြစ်သည့် -ed, -ful စသည်ဖြင့် စကားလုံး (၅၀၀၀)ခန့်တိုးလာပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်သည် ထိုရှေ့ဆက်၊ နောက်ဆက်စကားလုံးများကို သိရှိနားလည်လာပြီဆိုပါက ဘာသာစကားဝေါဟာရ၏ နက်နဲသော သော့ချက်ကိုဖွင့်ဟနိုင်မည်ဖြစ်ပါသည်။ မူကြိုအရွယ် အသက် ၄နှစ်မှ ၅နှစ်သည် နိုင်ငံခြားဘာသာစကားကို လေ့လာပြောဆိုရန် အသင့်တော်ဆုံးအချိန်ဖြစ် ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏်အသံနေအသံထားကို ပြုပြင်ရန်အလွယ်ကူဆုံးအချိန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ သီချင်းများနှင့် ကဗျာများသည် ကလေးများဘာသာစကားသင်ယူရာတွင် ပျော်ရွှင်စေေသော အချက်တစ်ခုဖြစ်စေပါသည်။

ကလေးငယ်များကို စကားပြောပြီးရင်းပြောပေးပါ။ ကျောင်းစမတက်မီအချိန်တွင် ကလေးသည် ဘာသာစကားတစ်ခု ၏ အခြေခံကို ပြောတတ်နေခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ကလေးကိုစကားများများပြောပေးပါ။ ကလေးသီချင်း၊ ကဗျာများအကြောင်းကိုဆွေးနွေးပေးပါ။ မိမိက တစ်ခုခုကိုပြုလုပ်နေစဉ်တွင်လည်း လုပ်နေသည့်အကြောင်းအရာကို ပြောဆိုခြင်းဖြင့် ကလေး၏ဦးနှောက်သည် သတင်းအချက်အလက်များကို စုဆောင်းနိုင်မည်ဖြစ်ပါသည်။ အရာဝတ္ထုတစ်ခုကိုတွေ့မြင်တိုင်း ကလေးနှင့်ရင်းနှီးပြီးသားဖြစ်သော အကြောင်းအရာများကို ဆက်စပ်ပြောဆိုပေးခြင်းဖြင့် ဝေါဟာရပိုမိုကြွယ်ဝလာစေပါမည်။

ကလေးအားနေ့တိုင်းစာအုပ်ဖတ်ပြပါ။ လွယ်ကူသော စာသားများပါသည့်ကလေးပုံပြင်ထဲမှ အကြောင်းအရာများကို ကလေးစိတ်ဝင်စားသည့်အကြောင်းအရာများဖြင့် ဆက်စပ်၍ အကျိုးအကြောင်းဆွေးနွေးပေးပါ။

ကလေးအား မိမိဘာလုပ်နေသည်ကို ပြောပြပါ။ ဥပမာ- မေမေ(သို့)ဖေဖေ ညစာပြင်နေတယ်၊ ကူညီပေးမလား ဒါကို မုန်လာဥနီလို့ခေါ်တယ် မှတ်ထားနော် စသည်ဖြင့် မတူညီသောအရောင်နှင့် မျက်နှာပြင်အနေအထားများကို ပြောပြပေးပါ။ ကလေးအား အင်္ကျီအဝတ်အစားလဲပေးနေစဉ်တွင်လည်း မေမေ(သို့)ဖေဖေက အခုအင်္ကျီလဲပေးနေတယ်၊ ဒါက ဘယ်ဘက်လက်၊ ဒါက ညာဘက်လက်စသည်ဖြင့်ပြောပြပြီး ကလေးအားပြန်ပြောစေပါ။

ကလေးအားအပြုသဘောဆောင်ပြီး အားပေးပါ။ ဥပမာ- ကလေးက I goed to Grandma ဟု ဝါကျကို သဒ္ဒါအမှားဖြင့်ပြောဆိုပါက မှားနေတယ်လို့ပြောမယ့်အစား You went to grandma’s, didn’t you? And I went too. Tomorrow , we’ll both go again ဟုပြောပေးပါ။

ဝေါဟာရနှင့်ဆိုင်သော ကစားနည်းများကို ကစားပေးပါ။ ကားမောင်းနေစဉ်တွင်လည်း  ဝေါဟာရဆိုင်ရာ ကစားနည်း တစ်မျိုးဖြစ်သော အစစာလုံးတူသော စကားလုံးများကိုပြောဆိုကစားနိုင်ပါသည်။

ပုံပြင်များကိုတီထွင်ပြောဆိုခြင်းသည် အကောင်းဆုံးလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ မိမိမှစတင်ပြောပေးကာ ကလေးငယ်နှင့် အလှည့်ကျစာကြောင်းတစ်ကြောင်းစီတိုး၍ ပုံပြင်တစ်ပုဒ်ဖန်တီးစေပါ။ ထိုသို့တီထွင်ထားသော ပုံပြင်များထဲမှ အကောင်းဆုံးပုံပြင်များကို ရေးသားထားပြီး ကလေးအားပြန်၍ဖတ်ပြနိုင်ပါသည်။

ကလေး၏စကားပြောစွမ်းရည်ကို သဘာဝနည်းလမ်းများဖြင့်တိုးတက်ပါစေ။ ကလေးအား အရင်က(သို့)မနေ့က အကြောင်းအားမေးမြန်းခြင်းဖြင့် အတိတ်ကာလနှင့်ဆိုင်သော စကားလုံးအသုံးအနှုန်းများကို တိုးတက်စေနိုင်ပါသည်။ ကလေးအား စာအုပ်(သို့)ရုပ်ရှင်ထဲမှ အဖြစ်အပျက်များကို မေးပေးပါ။ ယခင်ခရီးထွက်စဉ်က ဓာတ်ပုံများကိုပြန်ပြပြီး စကားလုံးအသုံးအနှုန်းများဖြင့် အသေးစိတ်ထပ်ရှင်းပြစေခြင်းဖြင့် မှတ်ဉာဏ်ကိုလည်း သွေးပေးရာရောက်ပါသည်။ ဖေဖေပြန်လာရင် ဘာလုပ်မလဲ၊ ဖွားဖွားလာလည်ရင် ဘာလုပ်ကြမလဲ စသည့်မေးခွန်းများကိုမေးပေးခြင်းဖြင့်လည်း အနာဂတ်ကာလဆိုင်ရာ စကားလုံးအသုံးအနှုန်းများကို သိရှိစေနိုင်ပါသည်။

ကလေးများအား စကားလုံးအသစ်များကို အမြဲမပြတ်မိတ်ဆက်ပေးပါ။ စကားလုံးအသစ်တစ်လုံးနှင့် မိတ်ဆက်ပြီး ပါက ထိုစကားလုံးကို မကြာခဏ အဓိပ္ပာယ်အနည်းငယ်ကွဲပြားသော စာကြောင်းများတွင် အသုံးပြုပြပါ။ ထိုစကားလုံးကို အထပ်ထပ်အသုံးပြုခြင်းဖြင့် ကလေး၏မှတ်ဉာဏ်၌ စွဲသွားစေမည်ဖြစ်ပါသည်။

Language is the most powerful instrument of human progress”

Ref; Learning Fundamental

47 comments

  • inz@ghi

    January 6, 2012 at 12:48 pm

    ပုံပြင်များကိုတီထွင်ပြောဆိုခြင်းသည် အကောင်းဆုံးလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။
    တဲ့ ….

    ကျနော် အမြဲ လုပ်ပါဒယ်ဂျာ …အဲ့လာတော့
    ဟီး…

  • blackchaw

    January 6, 2012 at 1:04 pm

    ပုံပြင်များကို တီထွင်ပြောဆိုခြင်းဆိုလို့ တိုက်ဆိုင်တာလေး ပြောပြတာပါဗျာ။
    ကျွန်တော့် တူလေးတွေ တူမလေးတွေ ငယ်စဉ်က ကျွန်တော် ပုံပြောပြလေ့ရှိပါတယ်။
    သူတို့ စိတ်ဝင်စားအောင် သူတို့ကို ပုံပြင်ထဲထည့်ပြီး ဇာတ်လိုက်လုပ်ပေးလိုက်တာပဲဗျ။
    တစ်ခါတစ်လေ ပုံပြင်ပြောပြနေရင်း သူတို့နာမည်မပါသေးရင်
    သားမပါသေးဘူးလား ဆိုပြီး ခဏခဏမေးနေတတ်ကြတယ်ဗျာ။
    အထူးသဖြင့်တော့ ပါဝါရိမ်းဂျားဇာတ်လမ်းလေးတွေ ပြောပြရတာပေါ့ဗျာ။ အဲဒါ။

  • Moe Z

    January 6, 2012 at 1:34 pm

    ဟာ ဟ ဘဘဘလက်က တူလေးတွေ တူမလေးတွေဆိုတော့
    မသိရင်လူပြိုဂျီးလိုလို ဘာလိုလို 😀

    မိုးစက်ကတော့ ကလေးတွေကို ပါဝါရိမ်းဂျားတို့ Tom and Jerry တို့ကို ပေးမကြည့်စေချင်ဘူး
    သူတို့အတွက်တကယ်အကျိုးမရှိဘူးလို့ယူဆလို့ပါ ..

    • inz@ghi

      January 6, 2012 at 1:43 pm

      Power Rangers ကြည့်လို့ ထိုးချင်ခုတ်ချင် ဖြစ်မယ်..ဆိုပေမယ့် …
      အနည်းလေးတော့ လူဆိုးနဲ့ လူကောင်း ဆိုတာတို့
      ဖျက်ဆီးသူ နဲ့ ကာကွယ်သူ ဆိုတာတို့ …
      နောက်ဆုံးမတော့ အမှန်တရား သာ အနိုင်ရစမြဲ ဆိုတာတို့ ..
      ပါဝင်သေးတယ် မဟုတ်လားဗျာ ….(သူရဲကောင်း ဝါဒီပေါ့..)

      ကျနော့် အနေနဲ့ ကလေးတွေအတွက် တကယ့် အဆိပ် အတောက်လို့
      မြင်တာကတော့ …Smark Down & RAW တို့ပါ …
      သူတို့ဟာ သူတို့ ကြိုတင်သတ်မှတ်ပြီး အနိုင်အရှုံး အလှ ကစားကြ(လုပ်ပွဲပေါ့)
      violence တွေပြ … နီးတာနဲ့ ကောက်ထုတာ ဒိုင်ကို သမတာ ဒါတွေကသာ
      ဘာ အနှစ်သာရမှ မပေးတဲ့ဟာတွေ လို့သာ မြင်မိကြောင်း…

      Tom & Jerry ကိုတော့ ဘာလို့ မပြမှန်း နားမလည်ဘူးဗျာ…

      • Moe Z

        January 6, 2012 at 1:55 pm

        ဒီပို့စ်ကို မိုးစက်ရည်ရွယ်တာက Nursery to Kindergarten အရွယ်ကလေးတွေအတွက်ပါ
        Power Rangers ကြောင့် ထိုးချင်ခုတ်ချင်လာမယ်ဆိုတာထက်
        အဲဒီလိုအပြင်မှာတကယ်မရှိနိုင်တဲ့ လက်တွေ့ဘဝနဲ့ကွာခြားတဲ့ ပါဝါမျိုးကိုကလေးတွေတောင့်တမှာကို သဘောမကျတာပါ

        Tom and Jerry ကစကားပြောမပါဘူးလေ စကားပြောသင်ကာစကလေးတွေအတွက် အချိန်ကုန်တယ်လို့ယူဆပါတယ် တချို့ private မူကြိုတွေမှာ ကလေးတွေငြိမ်အောင် အဲဒီလိုကာတွန်းတွေဖွင့်ပြထားတတ်တယ် အဲဒါ positive way မဟုတ်ဘူးလို့မြင်မိပါတယ်

        • inz@ghi

          January 6, 2012 at 2:01 pm

          ဒါချို ….
          ကလေးတွေ စကား မပီတာကို ဘယ်လိုပြင်ရတုန်းဟင် ….
          စကားမပီတဲ့ …ကလေးတယောက် တွေ့ဖူးလို့ပါ ..

          အင်း ..အဲ့ကလေးတောင် နက်ဖန် ၆နှစ်ပြည့်ဘီ …:P

          သူမပီတာက -ှ (ဟထိုး) သံတွေခည ..
          သတိထားပီး ပြောရင်တော့ ပီတယ်.. .ပုံမှန်ပြောနေကျအတိုင်း
          ဆိုရင်တော့ …
          “မှန်” ကို “မန်” “လှ” တယ် ကို “လတယ်” ..အဲ့လိုဖြစ်နေလို့ဗျာ ..

          သနားဇယာလေးဘာ …ကူညီဘာ ….
          😀

        • hmee

          January 6, 2012 at 4:47 pm

          မိုးဇက်ရေ မမှီက သားကို pooh ကားလေးတွေပြတယ်။ အင်္ဂလိပ်စာတန်းထိုးတာကို တမင်ဝယ်ပေးတယ်။ အခုသားက ဇတ်ကောင်လေးတွေရဲ့ စကားတွေ လိုက်ပြောတယ်။ သီချင်းတောင် မပီကလာ ပီကလာ လိုက်ဆိုနေတယ်။ မှားနေရင်တော့ သူနဲ့ အတူအမှန်ကို လိုက်ဆိုပြတယ်။ ၃နှစ်ကလေး အင်္ဂလိပ်သီချင်း လိုက်ဆိုတယ် ပြောရင် ယုံပါ့မလား။ အဂ်လိပ် မြန်မာ ရောင်စုံပုံပြအဘိဓာန် စာအုပ် ဝယ်ပေးထားတယ်။ သူ့ကို ဖတ်ပြတယ်။ တခါတခါဆို အသီးအနှံတွေကအစ အိမ်ထဲမှာ ရှိတာတွေ စာအုပ်ထဲပါတာကို အပြင်မှာပါ လက်တွေ့ပြတော့ အင်္ဂလိပ်လိုပါတွဲသိတယ်။ မိဘကို ကူညီတတ်အောင် သူလုပ်နိုင်တာလေးတွေ လုပ်ခိုင်းတော့ သူလုပ်ပေးချင်ရင် သားသားက မိဘကူလေတဲ့။ ညအိပ်ရင် သူ့ကို ရွေးခွင့်ပေးထားတယ်။ သီချင်းဆိုရမလား၊ ရှေးရှေးတုန်းက နားထောင်ချင်လား၊ စာဖတ်ချင်လားဆို သူတခုရွေးတာ လုပ်ပြတယ်။ အင်္ဂလိပ်စာလုံးတလုံးကို အသံထွက် ရွတ်ပြ ဘာစာလုံးနဲ့ စတယ်ဆိုတာ သူချက်ချင်းပြောနိုင်တယ်။ ဥပမာ- school ကို စကူးလို့ အသံထွက်ပြောလိုက်တာနဲ့ S for School လို့ ချက်ချင်းဆိုနိုင်တယ် စာလုံးပေါင်းတော့ သူမသိဘူး။ You tube ကနေ သူ့ဘာသာ သင်ရင်းကနေ တတ်နေတာ တော်တော် အံ့ဩဖို့ကောင်းတယ်။ ကလေးလေးတွေ ဒီအရွယ် မှတ်ဉာဏ်တော်တော်ကောင်းပုံပဲ။ ဂျုးလို ၁ ကနေ ၁ဝ ထိကို သူက ရေနိုင်သေးတယ်။ တီဗွီကနေ ကာတွန်းကြည့်ရင်းသိတာ။ နောက် ကလေးမိဘ တွေ ဗဟုသုတရအောင်ပြောချင်တာပါ မစ်ကီးမောက် ကလပ်ဟောက်ကာတွန်းလည်း ပြသင့်ပါတယ်။ ပါဝါရိန်းဂျားလို အလကားနေချနေတာထက် အများကြီးကောင်းပါတယ်။ မစ်ကီးမောက် ကလပ်ဟောက်က စာသင်ပေးတာမို့ ကလေးတွေ အတွက် အရမ်းအဆင်ပြေပါတယ်။

    • Moe Z

      January 6, 2012 at 4:59 pm

      မမမှီရေ မမမှီရေးတဲ့စာတွေဖတ်ပြီး သားလေးကို ကောင်းကောင်းပျိုးထောင်ပေးနိုင်မယ်ဆိုတာယုံကြည်ပါတယ်
      ၃နှစ်ကလေးက သီချင်းဆိုတတ်တာယုံတယ် မိုးစက်ရဲ့တူလေးကလည်း မိုက်ခ်ကိုင်ပြီး Nursery Rhyme တွေကို ကောင်းကောင်းဆိုနိုင်တယ်လေ မမမှီရဲ့သားလေးကိုမြင်ဖူးချင်လိုက်တာ
      ကွန်မန့်အရှည်ကြီးအတွက် ကျေးဇူးတင်ပါတယ်နော်

  • blackchaw

    January 6, 2012 at 1:54 pm

    အော် ဒွတ်ခပါပဲ အန်တီမိုးစက်ရယ်
    ဘဘက ရွာထဲဝင်လာကတည်းက
    အိမ်ထောင်ရှိတယ်ဆိုတာ ကြေညာပြီး ဝင်လာတာပါကွယ်။
    ဘဘတို့က ကလေး မရှိဘူးလေ။
    အစ်မတွေက မွေးလာသမျှ တူတွေ တူမတွေ ကတော့
    ငယ်တုန်းတော့ ဘဘ မှ ဘဘ ပဲဗျ။
    နည်းနည်းကြီးလာရင်တော့ အနားကို မကပ်ကြတော့ဘူးလေ။
    အဲဒါလေး ကိုသစ်မင်းရေးတဲ့ ပို့စ်လေးတစ်ခုမှာ ကွန်းမန့်ရေးထားဘူးတယ်။
    ထားလိုက်ပါ အဲဒီအကြောင်း။
    ဂီဂီရေ။ ပါဝါရိမ်းဂျားအကြောင်းလေး ပြောလို့။
    အဲဒီ ပါဝါရိမ်းဂျား ကြိုက်တဲ့ ကောင်
    ဘယ်လောက်ဆိုးလဲဆိုရင်
    သူ့အမေက အိမ်ကထည့်ပေးလိုက်တာ ဟင်းက ဘဲဥပဲဖြစ်ဖြစ်
    ငါးပဲဖြစ်ဖြစ် ကြက်သားပဲဖြစ်ဖြစ်
    သူ့အတန်းထဲက သူ့သူငယ်ချင်းတွေ အကုန်လုံးက
    သူတို့ထည့်လာတဲ့ ဟင်းကို သူ့ကို အရင်ဦးချပြီးမှ စားရပါတယ်တဲ့။
    ပုဇွန်ထုတ်ထည့်လာတဲ့လူကလည်း သူ့ကိုတော့ လာဦးချရတယ်ဆိုပဲ။
    တစ်ခါတစ်လေ သူ့အမေကို ပြောနေတာကြားရတာ။
    အမေဟင်းထည့်မပေးလိုက်နဲ့ ဆိုပဲ။ ဟင်းက ကျောင်းမှာ စားချင်တာ စားလို့ရတယ်တဲ့ဗျာ။
    သူ့ကို အတန်းထဲမှာ အကုန်ကြောက်ရတာ ပြောပါတယ်။
    စာလည်း တော်တယ်နော်။ အတန်းထဲမှာ အဆင့် ၁ နဲ့ ၂ ကြီးပဲရတာ။
    အဲဒါ။

    • inz@ghi

      January 6, 2012 at 1:57 pm

      ကတောက် …
      ဂလိုမှန်းတိရင် …တားတားလည်း.. ငယ်တုန်းက ပါဝါရိန်းဂျား များများ ကျိဘာဒယ်…
      ဝေ့ မိမိုးလေး ..ညည်း ဂနေ့ …ဘာဟင်းချက်တုန်းဝေ့…..

      အာဟိ…

      ခင်တဲ့ ဂီ

  • pooch

    January 6, 2012 at 2:07 pm

    မိုးဇက်ရေ အိမ်က တူလေးကတော့ ပါဝါရိမ်းဂျားဆို သိပ်ကြိုက် ခွေတွေလည်း ကြည့်လွန်းလို့ ထစ်ကုန်လို့ ခဏခဏ ဝယ်ပေးရတယ်.. တချို့ မူကြိုများကတော့ ပါဝါရိမ်းဂျား မကြည့်ခိုင်းဖူး…
    စကားကလည်း ကြွယ်လွန်းလို့ သူကတောင် ကိုယ့်ပြန်မေးပြီး ဆရာလုပ်နေပြီ ခုလာမဲ့ ၂ လပိုင်းမှ ၅ နှစ်ပြည့်မှာ …

    စိတ်အထင်ပေါ့နော် ခုခေတ်ကလေးတွေ လူဖြစ်မြန်သလားလို့ အရွယ်နဲ့ မလိုက်အောင် သိနေတတ်နေလို့ နောက် သူတို့ အရွယ်ရောက်ရင် လိုက်မှီပါ့မလားတောင်မသိဘူး..

    • Moe Z

      January 6, 2012 at 2:19 pm

      ဟုတ်တယ် မမpoochရေ အခုကလေးတွေ အတတ်မြန်တာတော့ မနည်းလိုက်နေရတယ်
      ပါဝါရိမ်းဂျားကတော့ ကလေးတိုင်းလိုလိုကြိုက်ကြတယ် ဆရာမတွေကလည်း အမြင်တစ်မျိုးစီပေါ့နော် မိုးစက်ကတော့ မကြိုက်တဲ့ဘက်က ၆နှစ်အောက်ကလေးတွေအတွက်လေ …
      မိုးစက်ရဲ့တူလေးတစ်ယောက်ကတော့ အံ့ဩစရာကောင်းလောက်အောင်ကို မကြိုက်ဘူးတဲ့ 🙂
      သူက Lion King တို့ Robin Hood တို့သိပ်ကြိုက်တယ် အခု primary 1 တက်နေတယ် ..

  • MaMa

    January 6, 2012 at 3:37 pm

    ထောက်ခံပါတယ် ဆရာမလေး မိုးစက်ရေ။

    ကြားဖူးတာတစ်ခုက …
    (နာဇီခေါင်းဆောင် ဟစ်တလာရဲ့ ပြောစကားထင်တယ်။
    မှားမှား မှန်မှန် ကိုယ်ဖြစ်စေချင်တာကို မကြာခဏပြောပေးရတယ်။
    ကြားတာ ကြာလာရင် အမှားကိုလည်း အမှန်ထင်လာတယ်တဲ့။)
    အမှားကို အမှန်ထင်တာတော့ မကောင်းဘူးပေ့ါ။

    ဒါပေမယ့် လူကြီးသူမတွေရဲ့ ဘဝအတွေ့အကြုံတွေဆိုတာ ယူတတ်ရင် ကိုယ့်အတွက် အကျိုးများစေနိုင်ပါတယ်။

    “Language is the most powerful instrument of human progress”
    အဲဒီစွမ်းအားပြည့်လက်နက်ကို အကြိုက်ဆုံးပဲ။

    • Moe Z

      January 6, 2012 at 4:08 pm

      ကျေးဇူးတင်ပါတယ် မမရေ
      မိုးစက်ကဆရာမလေးဆိုရင် မမရဲ့လက်ထောက်ပေါ့
      အခုတောင်သူများပို့စ်မှာ သတ်ပုံသွားပြင်နေလို့
      ပို့စ်ပိုင်ရှင်ကတော့ စိတ်မဆိုးလောက်ဘူးထင်တာပဲ 😛

      ((မှားမှား မှန်မှန် ကိုယ်ဖြစ်စေချင်တာကို မကြာခဏပြောပေးရတယ်
      ကြားတာ ကြာလာရင် အမှားကိုလည်း အမှန်ထင်လာတယ်တဲ့))
      ဒီ message လေးအတွက်လည်းကျေးဇူးတင်ပါတယ်နော် …

  • တော်လဒယ် တော်လဒယ်
    မိုးဂျက်ကလေးက ချာတန်းပြုစုတတ်တယ်
    Ph.D ရအောင်ဆက်ရုပ် …. 😀
    ……………………………………………………………………………………………………………………..
    မိန်းကလေးတွေကတော့ ကြောင်နဲ့ကြွက်ကို ပိုကြိုက်တယ် …
    ကဗျာဆိုရင် ပိုစိတ်ဝင်စားကြတယ် … အိုင်တင်တွေ မလိုင်တွေ ထုတ်တဲ့နေရာမှာလည်း လက်ဖျားခါလောက်တယ်
    အတုမြင် အတတ်သင်ကတော့ ထိပ်ဆုံးပဲ
    လူကြီးတွေက သူတို့ကို မကောင်းတာတွေ မသင်ယူမိအောင် နမူနာ ဖြစ်အောင် နေပေးကြရမယ် …
    ကလေးမ မိုးဇက် ဆက်ရေးပါ အားပေးနေတယ် … Fighting ..

    ……………………………………………………………………………………………………………………..
    ချရာမ မိုးဂျက်
    တားတားက မခြစ်တတ်ရို့
    ခြစ်တက်အောင် တင်ပေးပါ …. 😛
    ဤကား စကားချပ် … 😀

    • Moe Z

      January 6, 2012 at 4:30 pm

      အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING က ချီးကျူးတာမခံယူဝံ့ကြောင်းပါ
      Ref; ကိုညွှန်းထားပေးပါတယ်နော် 😛
      …………………………………..
      အားပေးတာကျေးဇူးတင်ပါကြောင်း 🙂

      …………………………………..
      မိုးစက်လည်း ခြစ်ရမှာကြောက်လို့ သင်္ဘောသီးထောင်းတောင် ဆိုင်ကပဲဝယ်စားတယ်
      အိမ်မှာလုပ်မစားဘူး (ဤကား စကားချပ်) 😀

      • ကိုရင်စည်သူ

        January 7, 2012 at 8:27 pm

        မိုးချက်ဂလေး သင်္ဘောသီးတောင် ခြစ်ရမြွာ မကြောက်လေနဲ့..
        ဒီက ကိုရင်လို ခြစ်ပြီးသား ရယ်ဒီမိတ်သင်္ဘောသီးခြစ်လေးကို
        အားပေးပါရားဟင်… မိုးဇက်က ကလေးတွေချစ်တတ်တယ်ဆိုတာပြောပြထားလို့
        အိမ်က တူမဂလေးဆိုရင် မိုးစက်လို့ ကိုရင့် စာရိုက်သံကြားတာနဲ့…
        အန်တီ့မိုးလေးကို ခေါ်ဘေး.. ခေါ်ဘေးဆိုပြီး ငိုနေတယ်…
        တူမလေးကော ဦးဦးကောကို မိုးရေးက ဘာကားတွေပြပြီး ပျော်အောင်
        ချော့သိပ်မှာလဲဟင်… 😳 😳

        • inz@ghi

          January 7, 2012 at 8:46 pm

          သင်္ဘောသီး မခြစ် ဘူး ကြွေးကျော် ထားတဲ့ …အလွန်လိမ္မာသော မိန်းကလေးပါ ကိုရင် ရယ်…
          စိတ်လျော့ စိတ်လျော့ ……

          ပုံ..
          အရှေ့ကျွန်းကြက်မောက် ကိုယ်တော်ဂျီး…
          နှူးဘာဂီ

  • ကောင်းမြတ်သူ

    January 6, 2012 at 4:31 pm

    ကြိုက်တယ်ဗျာ (စာသား) ။ ဒီနေ့ကစပြီး ကျွန်တော့်သားကို လေ့ကျင့်ပေးလိုက်ပါ့မယ်

    • Moe Z

      January 8, 2012 at 3:58 pm

      ဟုတ်ကဲ့ပါ သေချာလေ့ကျင့်ပေးပြီးပြုစုပျိုးထောင်ပေးလိုက်ပါ
      နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်ကောင်းဖြစ်အောင်လေ 🙂

  • ငပေါက်ဖော်

    January 6, 2012 at 4:41 pm

    ချာမ
    တားတားမိန်းမရလို ့ ဘေဘီလေးတွေ ထွက်လာရင် ချာမပြောသလို ကြုကြင်သင်ပြ ပေးလိုက်ပါ့မယ်ခည

    လောလောချယ်..ချာမပေါတလိုလုပ်ဖို ့က ကိုယ်ပိုင်ဘေဘီလေးတွေမရှိလို ့..သားအငယ်ဆုံး..အဲအဲ..
    မောင်ပေ့သား အငယ်ဆုံး ပေတလူလေးကိုသာ လမ်းကြောင်းပေးပါတော့မယ်ခင်ည
    ပုံ၊
    တားတား-ဘိုးဘွားရိပ်သာ

    • Moe Z

      January 8, 2012 at 9:10 am

      ဪ ဘဘပေါက်ဖော်ရယ် ဘိုးဘွားရိပ်သာရောက်တာတောင် စကားမပီရှာဘူးနော်
      သနားပါတယ် 😀 ကိုယ်ပိုင်ဘေဘီမရှိလည်း မိဘမဲ့ကျောင်းကလေးတွေက ကြိုဆိုနေပါတယ်နော် စိတ်ဝင်စားရင် လုပ်အားပေးလို့ရပါကြောင်း

      • ငပေါက်ဖော်

        January 8, 2012 at 9:26 am

        ဝုတ်ပါဒယ် ချာမ
        တားတား လေတစ်ခြမ်းခွဲဖြတ်ပြီး အာရွဲ ့သွားလို ့..ဘိုးဘွားရိပ်သာကို ပို ့လိုက်ကြတာပါ
        ဂယ်တော့ .တားတားအတက်က သုံးဆယ်နှစ်လီပဲ ချိပါတေးတယ် ခင်ည

  • Thel Nu Aye

    January 6, 2012 at 5:03 pm

    ကျွန်မအသိကလေးတယောက်ကတော့ပါဝါရိမ်းဂျားတွေကြည့်ပြီးအိမ်လှေကား ၂၁ ထစ်ကနေခုန်ချလိုက် တာတော်သေးတယ်မကျိုးမပဲ့ပဲအိပ်ယာထဲပဲလဲသွားလို့။ သူ့မိဘတွေကပြောတယ်ဘယ်နေ့တော့ အိမ်ဝရန် တာကခုန်ချမလဲမသိဘူးတဲ့။ ကျွန်မလဲကြောက်ပြီးကျွန်မသားကိုပါဝါရိမ်းဂျားမပြတော့ဘူး။ Tom & Jerry ပဲပြတော့တယ်။ သူကဟာသဆိုတော့ကလေးကရီနေတာကလွဲလို့ကျန်တာမစိုးရိမ်ရတော့ဘူးလေ။ တခါတရံကျွန်မတို့ပါဝင်ကြည့်ပြီးရီရင်းစိတ်အပန်းပြေသွားတယ်။

    • Moe Z

      January 8, 2012 at 9:14 am

      မမ သဲနုအေးရေ သားကဘယ်အရွယ်ရှိပြီလဲမသိဘူးနော်
      ၆နှစ်အောက်ဆိုရင်တော့ Tom & Jerry ပြမယ့်အစား စကားပြောပါတဲ့ကားလေးတွေ ရွေးပြစေချင်တယ်
      ကွန်မန့်အတွက်ကျေးဇူးပါနော်

  • manawphyulay

    January 6, 2012 at 5:16 pm

    ဝေါဟာရနှင့်ဆိုင်သော ကစားနည်းများကို ကစားပေးပါ။

    ကဲ လာကြ… မီးမီးနဲ့ ကဂျားမယ်…. လာပါဆို… တိုင်ပြောလိုက်မယ်နော် တီတီမိုးဇက်ရေ… မီးမီးနဲ့ ဘယ်တူမှ ဂဂျားလည်း ဂဂျားကြဘူး…

    • Moe Z

      January 8, 2012 at 9:19 am

      မမမနောက စကစားမယ်ဆိုရင် စကားလုံး ၁လုံးရွေးလိုက်လေ
      စိတ်ဝင်စားတဲ့သူက လာကစားမှာပေါ့ 😀

  • weiwei

    January 6, 2012 at 5:24 pm

    အိမ်မှာ မူကြိုအရွယ်တူလေးတစ်ယောက်ရှိတယ် …
    ဝေါဟာရတွေကို မြန်မာ အင်္ဂလိပ် ၂ မျိုးလုံးသိအောင် အမြဲကြိုးစားနေတာသတိထားမိတယ် …
    ကာတွန်းကားထဲက ဒိုင်ယာလော့တွေကို အလွတ်ရနေတယ် …
    သူ့အမေကိုတောင် အသံထွက်မမှန်ဘူးဆိုပြီး ပြန်ပြင်ပြောခိုင်းလို့ … 😛

    • Moe Z

      January 8, 2012 at 9:25 am

      ဟုတ်တယ် မမဝေရဲ့ မူကြိုအရွယ်ကလေးတွေက အရမ်းအတတ်မြန်ကြတယ်
      အဲဒီအရွယ်ကတည်းက ကောင်းကောင်းလေ့ကျင့်ပျိုးထောင်ပေးသင့်တယ်
      အခုကလေးတွေက အချိန်ရှားပါးကြတယ်လေ ငယ်ငယ်လေးနဲ့တက်လိုက်ရတဲ့ကျောင်း သွားလိုက်ရတဲ့ကျူရှင် တစ်ချို့ကျတော့လည်း မိဘတွေကကလေးရဲ့အခြေအနေကို သေချာမသိပဲ အတင်းမောင်းနေတာ သနားစရာတောင်ကောင်းသေးတယ်..

  • windtalker

    January 6, 2012 at 7:57 pm

    အိမ်း
    အဘ က လေ
    မူဂျို ဖွင့် စားမလို ့
    စဉ်းစားနေတုန်းရှိသေးဒလယ်
    ဇိကလေး က
    ပို ့စ်တင်ပေးတော့
    ရေကန်အသင့် ပါပေါ့လကွယ်

  • ကြောင်ကြီး

    January 7, 2012 at 2:30 pm

    “dis-, mis-, re-, နောက်ဆက်များ”
    ဆြာမမိုးစက် – မင်္ဂလာပါ ချစ်တပည့်။
    တပည့်ကြောင်ကြီး – ချစ်ပါတယ်…
    ဆြာမမိုးစက် – အဲလိုပြောရဘူးလေ ကြောင်ကြီး၊ ပြန်ပြောစမ်း။
    တပည့်ကြောင်ကြီး – မ..ချစ်ပါတယ်.. 😳

    • ကိုရင်စည်သူ

      January 7, 2012 at 3:02 pm

      ဆြာမမိုးစက် – အဲလိုပြောရဘူးလေ ကြောင်ကြီး၊ ပြန်ပြောစမ်း။
      တပည့်ကြောင်ကြီး – မ..ချစ်ပါတယ်.. 😳
      တပည့်ကိုရင်စည် – မ.. အိုင်လက်စ်ယူ အန်.. ကဒ်ကြီး လိုင်းမ်ယူ… အိုင် အော့ဝေးမစ်ယူ.. 😳
      ဆြာမမိုးစက် – ဟင်… ဆြာမကို ဘာဒွေလာပြောနေတာလဲ ကတုံးလေး ကိုရင် … ဗြန်း..ဗြန်း..
      🙁 🙁

  • Moe Z

    January 8, 2012 at 9:29 am

    ကိုပေက မူကြိုဖွင့်မလို့ မလုပ်ပါနဲ့
    ကလေးတွေကိုသနားလို့ပါ 😀

    ဦးကြောင် မြန်မာစာအဘိဓာန်အသစ်ရေးပါလားဟင် 😛

    ကိုရင်စည်သွပ် တူမလေးက ဘယ်အရွယ်ရှိပြီလဲ
    တူမရောဟုတ်လို့လား 😀

    • inz@ghi

      January 8, 2012 at 11:53 am

      ကရင်စီ ..ကရင်စီ. ….
      အော်. …. အိဒ္ဒါလေး နဲ့ သာမီးလေးတောင် ရဘီပေါ့နော……

      ရင်ထဲမချိတော့ ….

      တချိန်က ….ဂီ..
      အရှေ့ကျွန်း တနေရာ…

      • Moe Z

        January 8, 2012 at 11:58 am

        အင်း ထင်သားပဲ
        ဒါနဲ့ ကလေးနာမည်မှာ “မင်း”မပါဘူးလားဟင် 😀

      • ငပေါက်ဖော်

        January 8, 2012 at 12:11 pm

        ဪ…
        ဖိတ်စာပို ့တာမကြာသေးဘူး
        ခရေးတောင် ရကုန်ကြပါပကောလား..
        ဒုံးပျံခေတ်ဆိုတာ ဒါပဲထင်တယ်နော်

  • FattyCat

    January 9, 2012 at 2:13 pm

    သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်….
    သူတို့ လင်မယားက ပြင်သစ်လိုပြောတတ်တော့ လင်မယားအချင်းချင်း ပြင်သစ်လိုပြောတယ်တဲ့…
    မွေးလာတဲ့ကလေးကို အင်္ဂလိပ်လိုပဲပြောတယ်တဲ့….
    ကျန်တဲ့ မိသားစုဝင်တွေနဲ့ စကားပြောရင် ဗမာလိုပြောတယ်တဲ့….
    အဲဒီတော့ အချိန်ကြာလာတာနဲ့အမျှ အဲဒီကလေးက ဘာသာစကား (၃)မျိုး အလိုလို တတ်သွားတယ်တဲ့….
    စမ်းတော့မကြည့်ဖူးဘူး….(ကလေးမွေးထားတာမှမဟုတ်တာ)
    တစ်နေ့နေ့တော့ စမ်းကြည့်ဦးမည်…..(ကလေးတော့သနားပါတယ်)

    • Moe Z

      January 9, 2012 at 2:30 pm

      ကလေးတွေက ပိုပြီးအတတ်မြန်ပါတယ် ကိုကြောင်ဝတုတ်ရေ
      မိုးစက်ရဲ့မိတ်ဆွေလင်မယားနှစ်ယောက်မှာ ယောက်ျားက တရုတ် မိန်းမကဖိလစ်ပိုင်
      ကလေးထိန်းက မြန်မာ ၃နှစ်ပဲရှိသေးတဲ့ကလေးက တရုတ်၊ အင်္ဂလိပ်၊ ဖိလစ်ပိုင်၊ မြန်မာ
      ၄ဘာသာလုံးနဲ့ပြောလို့ရတယ် သူနားလည်တယ် ..

  • FattyCat

    January 9, 2012 at 2:50 pm

    ကျွန်တော်များဗျာ…..
    အင်္ဂလိပ်စာကို ၄နှစ်သင်ရတယ်…
    အခု ပြင်သစ်တွေနဲ့နေနေလို့ ပြင်သစ်စာသင်မလားမှတ်တယ်…ဘယ်လိုမှအာရုံဝင်စားလို့မရဘူးဖြစ်နေတယ်.အသက်အရွယ်ထင်ပါ့

  • nature

    January 9, 2012 at 3:44 pm

    ကျေးဇူးတင်ပါတယ် Moe Z ရေ။ ပုံပြင်ဆို ဘယ်လိုပုံပြင်တွေပြောသင့်တယ်။ ဝေါဟာရနဲ့ဆိုင်တဲ့ကစားနည်းတွေဆို ဘယ်လိုကစားရလဲဆိုတာပြောပြပါလား။

    • Moe Z

      January 9, 2012 at 4:03 pm

      ပုံပြောတာနဲ့ပတ်သတ်ပြီး ပို့စ်တစ်ခုတင်ပေးပါ့မယ်ရှင့်
      ဝေါဟာရနဲ့ဆိုင်တဲ့ကစားနည်းတွေကတော့ အများကြီးရှိပေမယ့်
      ၄နှစ်အောက်ဆိုရင် ဝါကျတစ်ကြောင်းလုံး ကောင်းကောင်းမွန်မွန်ပြောနိုင်မယ့်ကလေးက အနည်းစုပဲရှိမှာပါ အလွယ်ဆုံးကတော့ စကားလုံးတစ်လုံးရွေးလိုက်ပါ (ဥပမာ – mother ဆိုပါတော့) သူနဲ့အစစာလုံးတူတဲ့ “m” နဲ့စတဲ့ စကားလုံးတွေကို ကလေးနဲ့ အလှည့်ကျပြောရမှာပါ
      ကလေးနားလည်မယ့် level က စကားလုံးတွေဖြစ်သင့်ပါတယ် …

      • inz@ghi

        January 9, 2012 at 4:08 pm

        M လား … ရဒယ် စမယ် …
        mighty male & marvelous Myanmar marketer
        ဆက်ဆွဲကြပါဦး

        😛

        • Moe Z

          January 9, 2012 at 4:35 pm

          ကလေးတွေနားလည်မယ့် စကားလုံးပါဆို …
          “monkey” 😛

        • inz@ghi

          January 9, 2012 at 4:40 pm

          “mouse” !

        • MaMa

          January 9, 2012 at 8:09 pm

          moon!

        • inz@ghi

          January 9, 2012 at 8:34 pm

          ဘိုလို “mom”
          ပါဠိလို “မာတာ”
          တရုတ်လို “မာမား” ဗျာ …..

          (ကျနော် ဖုန်းကတ် အဝယ်မှားသဖြင့် အမေ့ဆီ မွေးနေ့က ဖုန်းမဆက်ခဲ့ရပါ…
          အမေ့ကို လွမ်းထှာ …….)

          :'(

        • ငပေါက်ဖော်

          January 9, 2012 at 8:44 pm

          မာမီပေါက်
          😛

Leave a Reply