HAPPY BIRTHDAY inz@ghi

black chawJanuary 6, 20121min65291

ညီလေး အင်ဇာဂီရေ
မနက်ဖြန် January 7, 2012 ဟာ ညီလေးရဲ့ မွေးနေ့လို့ သိထားတော့ အမှတ်တရမွေးနေ့လက်ဆောင်လေး ပေးချင်နေမိပါတယ်။
စဉ်းစားရင်းနဲ့ ညီလေးအတွက် တန်ဖိုးရှိမယ်လို့ထင်တဲ့ စာပိုဒ်လေးတစ်ပိုဒ် လက်ဆောင်ပေးချင်ပါတယ်။ စိတ်ဝင်တစား ဖတ်ပေးပါနော့။
ဖတ်ပြီးသားဖြစ်ဖို့များပေမယ့် ဒီအချိန်မှာ ဒီစာဟာ ကိုယ့်ညီအတွက် သင့်တော်တယ်ထင်လို့ လက်ဆောင် ပေးတာပါ။ ကဲ ဖတ်ကြည့်ဗျာ။

မိမိတန်ဘိုးကို အသိအမှတ်ပြုပါ
တစ်ကြိမ်မကတော့ပါဘူး။ ဒီပုံပြင်ကို ကျွန်တော်ပြောဖြစ်ခဲ့တာ၊ ကျွန်တော်နဲ့ သူငယ်ချင်း ဂယ်ရီစမောလေတို့ဟာ
လူထုပရိသတ်ကို စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက လူထုပရိသတ်တစ်သောင်းလောက်ရှေ့မှာ
ဒေါ်လာ ၅ဝ တန် ငွေစက္ကူ ကို ကိုင်မြှောက်ပြပြီး “ဒီဒေါ်လာ ၅ဝ တန်ကို ဘယ်သူလိုချင်လဲ” လို့ မေးလိုက်ပါတယ်။
နေရာတိုင်းမှာ လက်တွေမြှောက်လာတာ တွေ့ရပါတယ်။
“ကျွန်တော် ဒီဒေါ်လာ ၅ဝ ကို ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကို ပေးမယ်။ ဒါပေမယ့် ကျွန်တော့်ကို ပထမ ဒါတော့ လုပ်ခွင့်ပေးပါ” ဟု ပြောရင်း ငွေစက္ကူကို လက်ဖြင့် ခြေမွပစ်လိုက်ပါသည်။ ပြီးတော့ “ကဲ အခုဆိုရင်ကော၊ ဘယ်သူလိုချင်ကြသေးလဲ” ဟု မေးပါသည်။
မကြာခင်က ထောင်ခဲ့သော လက်တွေ လေထဲ ထောင်လာပြန်ပါသည်။
“ကောင်းပါပြီ။ ကျွန်တော် ဒီလိုလုပ်လိုက်ရင်ကော” ဟု ပြောပြောဆိုဆို ငွေစက္ကူကို မြေကြီးပေါ်ချပြီး ဖိနပ်ဖြင့် နင်းခြေပါသည်။ ပြီးတော့ ကောက်ယူလိုက်ပါသည်။ အားလုံးညစ်ပတ်စုတ်ကြေသွားပါသည်။ ထို့နောက် “ကဲ…အခု ဘယ်သူ လိုချင်သေးလဲ” ဟု
မေးရာ ယခင်က ထောင်ခဲ့သော လက်တွေ လေထဲမြောက်တက်လာပါသည်။
“ခင်ဗျားတို့အားလုံး တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုကို ရသွားပြီ။ ကျွန်တော် ဘာပဲလုပ်လုပ် ခင်ဗျားတို့က လိုချင်တာပဲ။
ဘာကြောင့်လဲဆိုတော့ တန်ဖိုးလျော့မသွားလို့လေ။ ညစ်ပတ်စုတ်ကြေသွားသော်လည်း ဒေါ်လာ ၅ဝ ဟာ ဒေါ်လာ ၅ဝ တန်ဖိုး ရှိနေတယ် မဟုတ်လား”
ဂယ်ရီ၏ ရှင်းလင်းသော သရုပ်ပြကွက်လေးသည် အရေးကြီးသော အချက်တစ်ချက်ကို ထောက်ပြနေပါသည်။
ကျွန်တော်တို့သည် ဘဝတွင် လျော့ကျတာတို့၊ တွန့်ကြေဒဏ်ခံရတာတို့၊ မြေမှာလူးပြီး ညစ်ပတ်သည့်အဖြစ်နှင့် ကြုံရတာတို့ ရှိပါသည်။
ထိုအခါမျိုးမှာ မိမိကိုယ်ကို တန်ဖိုးမရှိတော့သည့်လူ ဟု မိမိဘာသာ မြင်လာတတ်ပါသည်။ အခြားလူတွေ၏ အမြင်မှာလည်း သုံးမရတော့ပါဘူး ဟု မြင်လာတတ်ကြပါသည်။ ဘယ်လို၊ ဘာတွေပဲဖြစ်ဖြစ် လူသားဆိုသော တန်ဖိုးကတော့ ဆုံးရှုံးမသွားပါဘူး။ ထိုတန်ဖိုးကို ဘာကမှ
ယူဖယ်မသွားနိုင်ပါဘူး။ ထိုအချက်ကို ဘယ်တော့မှ မမေ့ပါနှင့်။

ဒေါက်တာသိန်းလွင် ရေးသားသော အောင်မြင်လိုလျှင် လူတွေ အောင်မြင်အောင် ကူညီပါ စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

ဒီစာစုလေးကို ကိုယ့်ဘဝမှာ လူတွေရဲ့ တစ်ဖက်သတ် ဖိနှိတ်ပြောဆိုမှုတွေကို ကြုံခဲ့ရတဲ့ ၂၀၀၉ ခုနှစ်လောက်က စဖတ်မိခဲ့တာပါ။ ဖတ်လိုက်ကတည်းက ငါဟာ သူတစ်ပါး မဟုတ်မတရားပြောဆိုရုံနဲ့တော့ ငါ့တန်ဖိုးလျော့ကျမသွားပါဘူး ဆိုတဲ့ စိတ်ခွန်အားကို ရရှိခဲ့ပါတယ်။ ညီလေးလည်း ဘဝမှာ နိမ့်မြင့်တက်ကျတွေ ကြုံရဦးမှာပါ။ တစ်ဖက်သတ်စွတ်စွဲပြောဆိုမှုတွေကို ရင်ဆိုင်ရဦးမှာပါ။ အဲဒီအခါ ဒီစာစုလေးကိုဖတ်ပြီး ညီလေးရဲ့ ကျနေတဲ့စိတ်ကို ပြန်လည်မြှင့်တင်နိုင်ပါစေ။

မွေးနေ့မှာ ပျော်ရွှင်ပါစေ။
ဘဝရဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်ပါစေ။
ချစ်တဲ့သူကို ပိုင်ဆိုင်နိုင်ပါစေ။
မန်းဂဇက်မှာ အသက်ထက်ဆုံး နေထိုင်သွားနိုင်ပါစေ။

ခင်တဲ့
ဘဘ ဘလက်

91 comments

  • blackchaw

    January 7, 2012 at 5:03 pm

    လူချစ်လူခင် များလိုက်တာ
    ဘဘ ဘလက် ကတော့ ပွိုင့်တွေ ထားစရာ မရှိတော့ဘူး ဗျို့။
    HAPPY BIRTHDAY ပါဗျာ။

  • တောင်တန်း က မောင်ဆန်း

    January 7, 2012 at 8:06 pm

    လူချင်း မရင်းနှီးပေမယ့် ကိုအင်ဇာဂီလို နာမည်ကြီးကိုတော့ သိပါတယ်ဗျာ…
    ဒီတော့ ကျမ်းမာ ချမ်းသာပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် …
    နောက်ကျသွားရင် ခွင့်လွှတ်ပါ ..

  • Khin Latt

    January 7, 2012 at 8:55 pm

    အစ်မ ပဒုမ္မာ ရေ – ကျွန်မ က ၁၉၈၆မှာ ကျောင်းတက်တုန်း ပေမဲ့ အခုချိန်မှာ ဂီဂီ တို့နှင့် ယှဉ်လိုက်တော့ အစ်မ နဲ့ ကျွန်မတို့ အသက် သိပ်ကွာမည် မဟုတ်တော့ပါ။ ဒီလို လူငယ်လေး တွေကြား မှာ ကိုယ် နဲ့ Generation တူသူများ ကို တွေ့ရလို့ အားတက်ဝမ်းမြောက် ကာ ပိုမိုခင်မင် ရပါသည်။:-)

    တူတော်လေး ဂီဂီ ရေ – အရီးတော် က မင်းရဲ့ အရှေ့ကျွန်း နဲ့ ဆန့်ကျင်ရာ အနောက်ကျွန်း မှာနေပါတယ်။
    တစ်ချိန်က နယ်ချဲ့ ဆိုသူတွေ ကို အရီးတော် တို့ အခုပြန် နယ်ချဲ့တဲ့ သဘော၊ ရာဇဝင်ကြွေး ပြန်ဆပ်တဲ့ သဘော ပေါ့။ (jk)
    IT Admin အလုပ်လုပ်ပါတယ်။ Linux Server မှာ ထိုင်ပါတယ်။ Open Source များနဲ့ နပန်းလုံး ပါ တယ်။ 😉
    လူငယ်သော်လည်း ပညာမငယ်သော ၊ ကြိုးစားသော ဂီဂီ နှင့် တူဝရီး တော်လိုက်ရလို့ ဂုဏ်ယူပါတယ်။
    မွေးနေ့မှာ အကောင်းဆုံး၊ အလိုချင်ဆုံး လက်ဆောင်များရပါစေ။ ပျော်ရွှင်ဖွယ် မွေးနေ့ ညနေခင်း ဖြစ်ပါစေ။
    ဆုမွန်ဖြင့်
    အရီးတော်

    • inz@ghi

      January 7, 2012 at 9:12 pm

      အရီးတော်ရေ …

      ကျနော်တို့က တတပ်တအား ဖက်ဆစ်နဲ့ ကိုလိုနီတွေကို သမိုင်းကြွေးဆပ်နေကြသူတွေပေါ့ဗျာ….
      😛

      လိုင်းနပ် ဆာဗာဒွေလား ဂျာ …ဟီး ….အဲ့လာဂျီးဒွေ တိုင်ပတ်တယ်နော…..
      (ကျောလော့ဘာဘူးလေ အိုးပန်းဆော့စ် တွေအကြောင်း……ကျန်းမာဂျင်းသည် လာဘ်ဒဘား ဒဲ့…ခိခိ…)

      အော်လကယ် ..SAP သိချင်လို့ အရီးတော်ရေ့ ….. (Sell After Purchase တော့ မလုပ်နဲ့နော… )

      ခင်တဲ့ ဂီ…

      • Khin Latt

        January 7, 2012 at 9:23 pm

        အရီးတော်က အော်လကယ် လိုင်းမဟုတ်။ သို့သော် အနီးမှာ အော်လကယ် စာမေးပွဲ အောင်ထားသူတော့ ရှိသကွဲ့။ လက်တွေ့လဲ ရေးနေသကွဲ့။
        ဘာသိချင်တာလဲ ပြောကြည့်ပါလား။ 🙂
        ခင်တဲ့ အရီးတော်

  • windtalker

    January 7, 2012 at 9:40 pm

    ဟက်ပိ ဟက်ပိ ဟက်ပိ
    ဘက်ဒလေး ပါလို ့
    ကိုဘလက် ပို ့စ်ကနေ
    ဝင်ရောက် ဆုတောင်းပေးလိုက်ပါဒယ်

  • E.T

    January 12, 2012 at 12:19 am

    ဟတ်ပီးဘတ်ဒေးပါ ကိုအင်ကြီး 😛
    စောကတီး နောက်ကျသွားလို ့
    မြန်မြန်ပြန်လာ တီတီစောင့်နေတယ်။
    နင့်ဖို ့ ဘီဘီဆိုင်တွေ ကရင်စည်နဲ ့လိုက်ရှာထားတယ် 😛

Leave a Reply