လမ်းလျှောက် ကြပြန်ပါပီ….

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ကျောင်းသားတွေက တော့ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက် တောင်းဆိုနေကြပါပီ။သူတို ့ကျောင်းကို ပြေးဆွဲပေးနေ
တဲ့ သုံးဘီးတက္ကစီခ ကို(၄၀၀)ကျပ် အသွားအပြန် စုစုပေါင်း။တိုးမြှင့်ကောက်ခံလိုက်လို ့
ခုလို ဆန္ဒပြတောင်းဆိုရခြင်းဖြစ်တယ်လို ့ကျောင်းသားခေါင်းဆောင်တစ်ယောက်ကလဲ သူ ့ခံစားချက်ကို ပြောပြပါတယ်။စစ်တွေတက္ကသိုလ် ဟာခုလို ဖယ်ရီကားခနဲ ့ပတ်သက်ပြီး ကျောင်းသားများ ချီတက်လမ်းလျှောက်တောင်းဆိုတာ မြန်မာပြည်မှာ ခုနောက်ပိုင်း အကြိမ်
ရေအများဆုံးပြုလုပ်နေတဲ့ကျောင်းဖြစ်ပါတယ်။မနှစ်က တောင်းဆိုမှုမှာတော့ ပြည်နယ် အစိုးရ
အဖွဲ ့ကနေလိုက်လျောမှုပြုခဲ့ပေမယ့်။ဒီနှစ်လို “ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခွင့်”ဥပဒေ ပြဒါန်းထားတဲ့အတွက်ကြောင့် ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရမှာပါ။
ဒီနေ ့ဇန်နဝါရီလ(၆)ရက်နေ ့ မနက်ကနေစတင်ခဲ့တဲ့ လမ်းလျှောက်တောင်းဆို ဆန္ဒပြပွဲက တော့ နေ ့လည်(၂)နာရီမှာပြီးဆုံးသွားခဲ့ပါပီ။အရေးယူ၊ပိတ်ပင်တားဆီးခြင်း ရှိမရှိ အတိအကျမသိရသေးပါ။

14 comments

  • မိုးနတ်သားလေး

    January 6, 2012 at 4:00 pm

    ဥပဒေထုတ်ထားလိုက်တယ်လေငြိမ်းချမ်းစွာဆန္ဒပြရင်မဖမ်းရဘူးလို့ဆိုတာလေ
    ကျောင်းသားလေးဆန္ဒပြတာသူတို့ခံစားချက်ကိုဖော်ပြတာပါဂုဏ်ယူတယ်ဗျာ
    နတ်သားလေးတို့ကျောင်းတက်တုံးကနဲ့ဘာမှာကိုမဆိုင်ဘူးတခြားစီဘဲလူငယ်တွေခံစားချက်ပြောပြရဲ့
    သတိ္တကိုတောချီးကျူးတယ်ဗျာ

    • တောင်တန်း က မောင်ဆန်း

      January 6, 2012 at 8:05 pm

      အဲဒီ့ဥပဒေကလဲ ကြိုပြောရတယ်တဲ့ခင်ဗျ
      ကြိုမပြောရင် ၊ ခွင့်ပြုချက်မရရင် ဖမ်းနှိုင်တယ်တဲ့ခင်ဗျ

      ကက

  • ငပေါက်ဖော်

    January 6, 2012 at 7:17 pm

    ရဲတွေတော့ ရှိတယ်.ဘာမှတော့ မလုပ်ဘူးပြောတယ်ခင်ည
    နောက်ဆက်တွဲ..လေး.သိရင် ထပ်ပြောပါဦး..ကိုသန်းထွဋ်ဦးရေ

  • tharbaw

    January 6, 2012 at 7:29 pm

    ဖမ်းမယ်ဆီးမယ်ဆိုရင်တော့ အကြောင်းပြချက်မျိုးစုံနဲ ့ကိုင်တွယ်လို ့ရတယ်လေ စာရေးသူ။
    ခုကိစ္စမှာ တပတ်ကြိုတင်ပြီးခွင့်ပြုမိန် ့ယူသလားဆိုတာကလဲအဓိကကျနေတယ်လေ။ထူးရင်
    ပြောပြပါအုံး။

  • maetu

    January 6, 2012 at 7:56 pm

    စုပေါင်း လမ်းလျှောက်ပွဲထင်နေတာ ခုတော့ ဒီမှာက တစ်အိမ်တစ်ယောက်မလိုက်မနေရ
    လမ်ေးလျှောက်ပွဲတွေ ရှိနေလို ့ပါ။ကွန်မန် ့ကဘယ်လို ဖြစ်သွားပါလိမ့်။

  • ဦးဦးပါလေရာ

    January 6, 2012 at 8:32 pm

    ဖယ်ရီက ပုဂ္ဂလိက ဆိုရင်တော့ ညှိပေးလို့လဲ ရချင်မှရမှာ ထင်တယ်။

  • ကောင်းမြတ်သူ

    January 6, 2012 at 9:19 pm

    ဒီကိစ္စက လမ်းလျှောက်ပြီး မတောင်းဆိုသင့်ဘူးဗျာ တော်ကြာ ဒီလောက်တောင်လမ်းလျှောက်ချင်တာ လျှောက်ပလေ့စေဆိုပြီး ကားစီးခတွေကို မလျှော့ခိုင်းမှာဖြင့်……… စုတ်ခ…….. စုတ်ခ…..

  • Gipsy

    January 6, 2012 at 9:56 pm

    ကျောင်းသူားလေးတွေ အတွက်လဲ ရင်မောပါတယ် ….၊
    ကျောင်းစာကို အေးချမ်းစွာ သင်ကြားနိုင်အောင် ပြည်နယ် အစိုးရအနေနဲ့ အဆင်ပြေအောင်
    လုပ်ဆောင်ပေးသင့်ကြောင်းပါ…။

  • moethuzar

    January 6, 2012 at 10:26 pm

    သေချာတာလေးတစ်ခုက ဒီမှာ ဖတ်ကြည့်ပါလား။နည်းနည်းပြည့်စုံသွားတာပေါ့။သူကသတင်းဦးအောင် တင်လိုက်တော့ မပြည့်
    စုံဘူးဖြစ်နေတယ်ထင်ပါတယ်။

    ယနေ ့နံနက် ၉ နာရီမှ စတင်ပြီး စစ်တွေ တက္ကသိုလ် ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြလျှက် ရှိကြောင်း စစ်တွေ မြို ့မှ သိရပါတယ်။ ကျောင်းသား အယောက်ငါးရာခန် ့မှာ စစ်တွေ တက္ကသိုလ်မှ နေပြီး မြို ့ထဲဘက်သို ့ငြိမ်းချမ်းစွာဖြင့် လမ်းလျှောက် ဆန္ဒပြနေခြင်း ဖြစ်ပြီး ယခု ညနေ ၃ နာရီခွဲ ခန် ့အထိ စစ်တွေမြို ့လောကနန္ဒဘုရားနှင့် နာရီစင် တို ့အနီးတွင် ငြိမ်းချမ်းစွာဖြင့် စုဝေး လမ်းလျှောက်နေကြပါတယ်။ကျောင်းသားအချို ့မှာ ပြည်နယ်ဝန်ကြီးချုပ်ရုံးအရှေ့တွင် စုဝည်းနေကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသားများနှင့် တွေ ့ဆုံ ညှိုနှိုင်းရန် ကြိုးပမ်းနေကြောင်းသိရပါတယ်။ ရဲအင်အား၇ဝ ခန် ့က ဝတ်စုံပြည့်ဖြင့် ဝန်ကြီးချုပ်ရုံးအရှေ့တွင် ကာကွယ်စောင့်ကြပ်နေကြပါတယ်။ ကျောင်းသားများ အား အာဏာပိုင်များဘက်မှ တစုံတရာ အရေးယူမှု မရှိသေးသော်လည်း လိုက်ပါစောင့်ကြည့်နေကြောင်း သိရပါတယ်။ ယခင်က ကားခများ ဈေးနှုန်းကြီးမြင့်သဖြင့် ယခုကဲ့သို ့ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပြီး အာဏာပိုင်များက တစုံတရာ အတိုင်းအတာအထိ အရေးယူ ဖြေရှင်းပေးခဲ့သော်လည်း ယခုအကြိမ်တွင် ယခု လက်ရှိ ၂၀ဝ ကျပ်မှ ၅၀ဝ ကျပ်အထိ တိုးမြှင့်မည် ဖြစ်သဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း စစ်တွေ မြို ့ခံတဦးက ပြောပါတယ်။

    ဒီမှာသွားဖတ်လိုက်ပါ။

    http://www.lanpyakye.com/2012/01/blog-post_06.html

  • ဟုတ်ပါတယ် ခုကိစ္စမှာ တက္ကသိုလ်က ပါမေက္ခအပါအဝင်၊ရဲဝန်ထမ်းတွေ၊ယာဉ်ထိန်းရဲတွေကပါ လိုက်လံပြီးအခြေအနေ
    ပိုမဆိုးရအောင် ထိန်းသိမ်းတဲ့အနေအထားလောက်ပါဘဲ လို ့ကြားရပါတယ်။သုံးဘီးတက္ကစီခတွေကို အသွားအပြန်(၅၀၀)
    ကျပ်သို ့တိုးမြှင့်လိုက်လို ့ခုလို တောင်းဆိုရတာပါလို ့ အဆိုပါကျောင်းသား ကပြောပြပါတယ်။လိုက်လျောမလားဆိုတာကို
    တော့ လာမယ့် တနလာင်္နေ ့မှာ သိရပါမယ်လို ့ပြောသွားပါတယ်။

  • blackchaw

    January 9, 2012 at 1:27 pm

    လမ်းလျှောက်ရမယ့် အချိန်အခါမျိုးလားဆိုတာတော့
    မပြောတတ်တော့ပါဘူး မောင်သန်းထွဋ်ဦး ရေ။

  • ခုချိန်ထိတော့ ဘယ်လိုအရေးယူမယ်ဆိုတာ မသိရသေးသလို။ဘယ်လောက်ထိဈေးနှုန်းလျှော့ပေးမှာလဲ ဆိုတာလဲ
    မတိကျသေးပါဘူး။

  • nature

    January 9, 2012 at 5:06 pm

    တကယ်တော့ အရင်ကလိုအစိုးရကအဆောင်ပေးတာဆိုရင်ပိုကောင်းတာပေါ့။ စရိပ်မကုန်တော့ဘူး။ အဆောင်သားတွေစုမိတော့ဆန္ဒပြ၊ ဆန္ဒပြတော့ ကျောင်းသားတွေမစုမိအောင် အစိုးရကအဆောင်တွေဖြုတ်ပြစ်တော့ ကျောင်းသွားကျောင်းပြန်စရိပ်ကထောင်း။ခက်တော့ခက်နေကြတာပဲ။
    ငြိမ်းချမ်းစွာပညာသင်ကြားလိုသူများကို အဆောင်တွေပြန်စီစဉ်ပေးနိုင်ရင်ကောင်းမှာပဲ။ အဲ.. ဆန္ဒပြရင်တော့ ကျွန်တော်နဲ့မဆိုင်ဘူးနော်။

Leave a Reply