လမ်းဖောက်သူများ

naywoon niJanuary 6, 20121min15712

အလျင်လို
လမ်းအိုလိုက်……….တဲ့
ဟုတ်ကဲ့
ကျွန်ုပ်တို့ အလျင်မလိုကြပါ….။
ဒါကြောင့်…….
လမ်းဟောင်းကိုဖယ်ပြီး
လမ်းသစ်ကောင်းကောင်းတစ်ခုဖောက်ဖို့
ကျွန်ုပ်တို့ဆုံးဖြတ်လိုက်ကြပါတယ်……။
ဒီလမ်းသစ်ဟာ
ဟိုးးးး ဇနပုဒ်ကနေ ရွှေမြို့တော်ကြီးအရောက်
ရွှေမြို့တော်ကြီးဆီကနေ ဟိုးးးး မှုန်ပြပြလှမ်းမြင်နေရတဲ့
ကမ္ဘာ့ရွာ ဟိုင်းဝေးလမ်းမကြီးအရောက်
ဆက်လက်ဖောက်လုပ်သွားမှာပါ….။
အဲသဟာကိုကြည့်ပြီး
လမ်းဟောင်းရှင်အသင်တို့
အကူအညီမပေးချင်နေပါ…..
အနှောက်အယှက်တော့ မပေးကြပါနဲ့…….။
ဒီလမ်းကြီးသာပြီးသွားရင်
ဟိုးးး ဇနပုဒ် သားက ရွှေမြို့တော်ကြီးဆီ
မျက်စေ့မှိတ်လမ်းလျှောက်လာပြီး
အဲဒိကနေ ဟိုးးးး ကမ္ဘာ့ရွာလမ်းမကြီးပေါ်တက်
အသိတွေပွင့်
အမြင်တွေရှင်းပြီး
ကမ္ဘာ့ရွာကစာကွင်းကြီးမှာ
လယ်ဗယ် ညီကစားနိုင်ဖို့
အသိအတတ် နည်းပညာတွေ
ခင်ဗျားတို့ မျှဝေပေးကြပါ….။
ကျွန်ုပ်တို့လမ်းသစ်တစ်လျှှောက်
ပညာတွေဖြန့်ဝေပေးကြပါ….။
အားလုံးဟာ တစ်သားထဲ
လမ်းဟောင်းကိုစွန့်ခွာလို့
လမ်းသစ်တစ်စင်းဖောက်ကြပါစို့……..။

နေဝန်းနီ

12 comments

  • thit min

    January 6, 2012 at 4:31 pm

    ကိုနေကြီးရေ
    အရမ်းကောင်းတယ်ဗျို့။
    ကျနော်တို့လမ်းရှောက်ရင်းလမ်းဖောက်နိုင်သူများထဲက တယောက်လောက်ဖြစ်ချင်ပါတယ်။
    အတားအဆီးတွေကိုစုပေါင်းဖယ်ရှားဖို့ကျနော်တို့ညီညွတ်ရအောင်နော်ကိုကြီးနေရေ့။

  • ငပေါက်ဖော်

    January 6, 2012 at 6:29 pm

    လမ်းသစ်ဖောက်ပွဲ..ပါဝင်ဆင်နွှဲပါ့မယ် ကိုကိုနီရေ

  • MaMa

    January 6, 2012 at 9:49 pm

    အင်းးးး လမ်းဟောင်းကို ပြင်နိုင်ရင်လည်း မဆိုးပါဘူး။ 🙁

    • naywoonni

      January 7, 2012 at 10:36 pm

      လမ်းဟောင်းကပြင်လို့ မရလောက်တော့ဘူးမမရေ့…..။ ဒါကြီးပဲထပ်ကာတစ်လဲလဲ ပြင်နေခဲ့တာ ဘာနဲ့တူလာပြီလဲဆိုတော့ ျနှစ်ရာတန်အပြဲကို တိပ်တွေ အထပ်ထပ်ကပ်ထားသလို ထူအန်းပြီး ရွံ့ စရာတောင်ကောင်းနေပြီ…။ လမ်းပေါ်မှာ အမြဲ ထင်ကျန် ခဲ့တဲ့ မမြင်ရတဲ့ သွေးစက်တွေ မျက်ရည်တွေ လမ်းညာမှုတွေ နိုင်လိုမင်းထက် ပြုမှုမှုတွေ နဲ့ တော်တော်ကို အနံ့ အသက် တွေသာထွက်ခဲ့မယ်ဆိုရင် ညှီစို့စို့ ဖြစ်နေပါပြီ…………..။ ဒါကြောင့် ပြီးပြည့်စုံတဲ့ လမ်းသစ် တစ်စင်းလို ကိုလိုအပ်နေပါပြီ…………။

  • ကြောင်ကြီး

    January 7, 2012 at 1:48 pm

    အလျင်လို
    လမ်းအိုလိုက်
    အလျင်မလို
    ရှမ်းပျိုကြိုက်၊
    သည်လိုနဲ့
    ထိုင်သာဆို
    ကရာအိုကေသွား
    မှိုင်ကာနားတယ်၊
    တိုင်တရာ
    မဆိုင်ပါ
    သည်ခေတ်ကြီးမှာလ
    စိုင်ဆိုတာ
    ငွေပေးနိုင်ရင်ရ၊
    မပြိုင်ပါ
    ယိုင်ချာချာ
    ရှေ့ခရီးကိုကြွ၊
    အိုဗျာ…
    အရပ်ကတို့ရယ်
    နေဝန်းနီမှာ
    ကိုကြီးကျော်ကိုတ…။

  • pooch

    January 7, 2012 at 6:58 pm

    လမ်းတွေဖောက်ပြီး ကောင်းအောင် မခင်းရင် လမ်းသွားလမ်းလာတွေ ဒုက္ခရောက်နေမှာလည်း စိုးတယ်…

  • windtalker

    January 7, 2012 at 7:28 pm

    လမ်းပြင် = လင်ပြမ်း
    နမ်းစဉ် = နင်စမ်း

  • naywoonni

    January 7, 2012 at 9:57 pm

    ဒီမောင်ပေတော့ နင်ကြမ်း လွှတ်လိုက်တာကောင်းမယ်ထင်ပ…။

  • inz@ghi

    January 7, 2012 at 11:23 pm

    (အောက်ပါ စာစုကို ကိုလေးဖြူ လေသံဖြင့် ဆိုပါ…)
    လမ်း ဟမ်း..အမ်ဟမ်းဟမ်းဟမ်……ဘယ်မှာရှာဖွေရမလဲ အဲဟယ်ဟယ့်ဟယ်အယ်..
    မင်းစိတ်မလျှော့နဲ့ လုံးဝ မလျှော့နဲ့…မင်းစိတ်မပျက်နဲ့ လုံးဝမပျက်နဲ့…………….

  • nature

    January 7, 2012 at 11:59 pm

    လမ်းသစ်လမ်းဟောင်းဆိုတာထက်လမ်းမှန်ကို ရှာတွေ့ဖို့က ပို အရေးကြီးတယ်ထင်မိတယ်။

  • Zayar kyaw

    January 11, 2012 at 7:19 am

    အခြေအနေ အချိန်အခါနဲ ့လိုက်ဖက်ပါပေတယ်ဗျာ

  • etone

    January 11, 2012 at 10:05 am

    ပညာသားပါပါ ရေးထားတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ အဘနီရေ ။ 🙂

Leave a Reply