23 comments

  • အများကြီးတင်ချင်ပေမယ့် အဆင်မပြေတဲ့ကော်နက်ရှင်ကြောင့်
    အကြိုက်ဆုံးတစ်ပုံထည်းတင်ပေးလိုက်ပါတယ်။
    ရွာသူရွာသားများအတွက်လက်ဆောင်လေးပါ။

  • M-Lulin

    January 6, 2012 at 5:27 pm

    ဦးပေါက် ..နေ့ခင်းကြီး သွားရိုက်ထားတာလား။ ငွေရောင်ပြောင်းသွားသလိုပဲ .. သပ္ပယ် တယ်ဗျာ..

  • ဆူး

    January 6, 2012 at 5:30 pm

    ရွှေတိဂုံ ဘုရားမှာ အဲဒီ ဝါးငြမ်းအသေးလေးတွေ ရှိနေတာ ရွှေပြား အချပ်လိုက် ကွာကျတာတွေ ပြန်ကပ်ဖို့ လုပ်ထားတာ.. အောက်ကနေ မှန်ပြောင်းနဲ့ ကြည့်လို့ သေချာ မြင်ပြီး သိသွားတာ။

  • ဟုတ်တယ်ဗျ (5-1-2012)နေ့ မနက် 11နာရီပါတ်ဝန်းကျင် မရိုက်ခင်ကတည်းက ဖွေးနေတာ
    ပြန်ကြည့်တော့ အရမ်းကို သပ္မါယ်နေတာနဲ့တင်လိုက်တာပါ။
    သိပ်မကြာပါဘူး နာရီဝက် တစ်ပုံတက်တယ်လေ။

  • ဦးဦးပါလေရာ

    January 6, 2012 at 5:32 pm

    ငွေရောင်ဖြစ်အောင် ကိုပေါက် ပညာပြထားတာထင်ရဲ့။

    ငြမ်းကြီးကြည့်ရတာ လောလောလတ်လတ်ရိုက်ထားတဲ့အတိုင်းပဲနော်။

  • ငပေါက်ဖော်

    January 6, 2012 at 5:48 pm

    ငွေရောင် နဲ ့..
    ခုမှ မြင်ဖူးတော့တယ်၄ပေါက်ရေ..

    စကားမစပ်..
    ရန်ကုန်နေပြီး ရွှေတိဂုံဘုရားလဲ လေးပေါက်တင်မှ ဖူးရတော့တယ်..
    ငပေါက်ကလေးတို ့ဘာသာရေး ကိုင်းရှိုင်းလိုက်ပုံများ ပြောပါဒယ်..
    😆

  • Thel Nu Aye

    January 6, 2012 at 5:59 pm

    နေရောင်ကြောင့်ငွေရောင်တောက်သွားတာလား။

  • ရွှေဘိုသား

    January 6, 2012 at 6:26 pm

    လေးပေါက်တို့ ရန်ကုန်ကွန်နက်ရှင် ကိုလန့်သွားပြီထင်တယ်

  • windtalker

    January 6, 2012 at 7:21 pm

    ယခု လို ငွေရောင်မျိုးနှင့် တစ်ခါ မှ မဖူးမြင် ဖူးခဲ့ပါ ။
    ကျေးဇူးတင်စွာ သာဓု ခေါ်ဆိုပါ၏

  • koyinmaung

    January 6, 2012 at 8:37 pm

    ကျေးဇူးဘဲဆရာပေါက်ရေ
    သပ္ပါယ်လွန်းလို့ကူးထားလိုက်ပါတယ်

  • naywoonni

    January 6, 2012 at 9:09 pm

    အော်……… ကိုကိုပေါက် ရန်ကုန်အထိ လိုက်ရိုက်နေပြန်ပေါ့……..။

  • padonmar

    January 6, 2012 at 9:14 pm

    မန်းလေးသားကိုပေါက် ရန်ကုန်ကရွာသူရွာသားတွေကို ကိုယ်ချင်းစာ သနားသွားလောက်တယ်။
    (ကိုးနတ်ရှင်အတွက်)

  • zaw min

    January 6, 2012 at 9:26 pm

    ဆရာပေါက်က လုပ်လိုက်ရင် အဆန်းတွေကြီးပဲ….ရွှေတိဂုံ မှ ငွေတိဂုံ သို့ ပြောင်းသွားပါရောလား….
    ဆရာပေါက် ရန်ကုန်သားတွေအတွက်ထားအုံးလေ…မန်းလေးကနေ ရန်ကုန်ထိဆင်းရိုက်နေပီလား….

  • MaMa

    January 6, 2012 at 9:34 pm

    ကောင်းကင်ကလည်း အပြာရောင်ဆိုးထားသလိုပဲ 🙂

  • uzin

    January 6, 2012 at 9:56 pm

    စဉ်းစားကြစေချင်ပါတယ်။ သာသနာနှစ်မှ နှစ်ပေါင်း ၂၅၀ဝကျော်ခါပဲ ရှိသေးတယ်။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ တည်ရှိ/မရှိကိုတော့ သမိုင်းပညာရှင်များ၏ အထောက်အထား များစွာ လိုအပ်ပါလိမ့်မယ်။

  • amatmin

    January 6, 2012 at 11:03 pm

    နှစ် ၂၆၀ဝ ပြည့်ပွဲ မကြာခင်ကျင်းပမယ်ဆိုတာဘုရားရင်ပြင်မှာရေးထားတာ တွေ့မိတယ်..
    အဲဒါနဲ့ ဆက်စပ်ပြီး တလောလေးကအမေးခံလိုက်ရတာလေး ပြောပြချင်သား..
    ဧည့်သည်တယောက်လာ လို့ ရွှေတိဂုံလိုက်ပို့ပေးတော့ ဘုရားဖူးရင်းသူကသိချင်တာလေးတွေမေးတော့ ကြားဖူးသလောက်လေးရှင်းပြရင်း
    ဘုရားပေါ်က နှစ်၂၆၀ဝပြည့်ပွဲတော် ဆိုတာတွေ့မိတော့ သူ့ကိုရှင်းလည်းပြလိုက်ရော.
    အဲဒီ နှစ်၂၆၀ဝ ထိ ထိန်းသိမ်းလာတဲ့ တစုံတရာ(ဘုရားပုံ)ကိုမြင်ဖူးချင်ပါတယ်တဲ့.. အပြင်မှာတော့ မရှိဘူး ဆံတော်ကိုအထဲမှာမြုပ်နှံလှူထားတာလို့(ကိုယ်သိသလိုပဲ) ပြောလိုက်ရတယ်.ဒါနဲ့ဘုရားဓါတ်ပုံမှတ်တမ်းတွေမှာတော့ နှစ်ပေါင်းရာကျော်
    ပုံတော့ရှိမှာဘဲဆိုပြီးပြခန်းကိုခေါ်သွားလိုက်တာ ၁၉၀ဝ ကျော်က ပုံမှတ်တမ်းကအစောဆုံးတဲ့.. ဘုရားပတ်လည်ကကြားဖူးနားဝရှိတဲ့ တန်ဆောင်းတွေ ကိုပတ်ရှာတော့လည်း မထူးခြားနား.
    အဲဒီအချိန်အတောအတွင်းမှာခေါင်းထဲရောက်နေတာကအထောက်အထားရဲ့ အရေးပါပုံပဲ..
    ကိုယ့်ယုံကြည်မှုအရတော့ ဆံတော်နှစ်ပေါင်း ၂၆၀ဝကိုလက်ခံနိုင်ပေမဲ့ သူတို့ဘယ်လိုများတွေးမလဲ စဉ်းစားကြည့်တော့လည်း တမျိုးကြီးဗျ..
    နောက်ဆုံးတော့ တမျိုးကြီးခံစားရင်းနဲ့ပဲပါးစပ်လေးအသာပိတ်ထားလိုက်တော့တယ်.
    ့်သိတဲ့လူများ ပြောပြရင်တော့ ကောင်းတာပေါ့ဗျာ..

    • kai

      January 7, 2012 at 1:18 am

      နိုင်ငံတပါးကလာတဲ့ ဘာသာခြားတွေကို သိသလောက်အမှန်ပြောပြခြင်းကသာ မြန်မာတွေအပေါ်… ယုံကြည်ခြင်းနဲ့…လေးစားခြင်းဖြစ်စေနိုင်မှာပါ..။

      ဆိုတော့..
      ရွေတိဂုံစေတီသက်တန်းက လွန်ရောကျွံရော နှစ် ၇၀ဝ မကျော်နိုင်ပါဘူး..။
      ဘုရင်မကြီးရှင်စောပု (၁၄၅၃-၁၄၆၀)က တည်ခဲ့တယ်ယူဆမိပါတယ်..။ သမိုင်းသက်သေအထောက်အထားလည်း ရှိတယ်..။ပြလို့ရနိုင်ပါလိမ့်မယ်..။ အောက်မှာ ကုဒ်ထားပေးတယ်..။

      ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။

      =
      ပိုတိတိကျကျကတော့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းစာတွေထဲမှာ ပါပါတယ်..။

      • amatmin

        January 7, 2012 at 8:31 am

        သဂျီးရေ..
        ကျန်တော်က ပုံမှန်အားဖြင့်တော့ အထောက်အထားမှီးငြမ်းမှုမှာ အားနည်းလေ့ရှိပါတယ်.အဲဒီအဖြစ်လေးကတော့ ကျနော့ကိုအမြင်တမျိုးရလာစေပါတယ်..အခုလို သဂျီးကပြောပြပေးတဲ့အတွက်လည်းကျေးဇူးပါ..
        ကျောက်စာတိုင်ကိုလည်းသွားကြည့်ပါဦးမယ်.အမှန်ကတော့ ကျနောတို့အနေနဲ့ကိုယ့်ယုံကြည်မှုကို အရှည်တည်တံ့အောင်
        ထိန်းသိမ်းရင်းနဲ့ ဖြစ်နိုင်ခြေတွေကိုလည်းမျက်ကွယ်မပြုတာ
        အကောင်းဆုံးပဲထင်တယ်..
        ကျနော်လည်းဒေါက်တာသန်းထွန်းစာအုပ်တွေကိုပြန်ရှာဖတ်ပြီး
        ဖြစ်နိုင်ဖွယ်ရာ လေးတွေ့ရင် ပြန်ရှယ်ပေးပါ့မယ်.
        ဒါနဲ့ အမလတ်ပြောသလို ကျနော်လည်းပြောပြလိုက်တာပါပဲဗျာ.

        ကိုပေါက်ရေ..အကို့ဘုရားပုံလေးဖူးရင်းနဲ့ဆက်စပ်ပြီးသိချင်တာလေးတွေ မေးခွင့်ရလို့ကျေးဇူးပါဗျာ.. 🙂

  • Khin Latt

    January 7, 2012 at 6:11 am

    ကျွန်မ သိခဲ့တဲ့ “2600 Years of Buddha’s Enlightenment” ဗုဒ္ဓ ဘုရားဖြစ် (ဘုရား ဉာဏ်အလင်း ရတာ) တာ နှစ် ၂၆၀ဝ ပြည့် ဆိုပြီး ကျင်းပတာ မနှစ် (၂၀၁၁) မေ ကပါ။
    အဲဒါ နဲ့ ဆက်စပ်/ မစပ်တော့ မပြောတတ်ဘူး။
    ရွှေတိဂုံ ဘုရား ကြီး ကတော့ ဘယ်အချိန်ဘဲ ဖူးဖူး အစဉ် သပ်ပါယ် နေတာပါဘဲ။
    ကျေးဇူးပါ ကိုပေါက်ရေ။

    အမတ်မင်း ရေ – ကျွန်မထင်တာ ပြောတာနော်။
    ဘုရားဖြစ်တာ အိန္ဒိယမှာ၊ ပြီးမှ ဘုရားဆံတော် ကို မြန်မာပြည်ထဲ ကို ပင့်လာတဲ့ ရသေ့ ညီနောင် နှစ်ပါး ကိုလဲ ကြားဘူးပါတယ်။
    ဒီကြား ထဲနှစ်တွေ gap ဖြစ်သွားတာများလား။
    သမိုင်းတွေ ကို ပြန်လေ့လာ ရင်တော့ အဖြေတွေ့နိုင်မှာပါ။ ငြင်းစရာ လဲ ပါချင်ပါမှာပေါ့။ 😉

  • သာမိညောင်

    January 7, 2012 at 10:19 am

    သားအထင်ကတော့
    အဲ့သည်အချိန် လွန်ခဲ့တဲ့နှစ်ပေါင်း 2600 ဆိုတဲ့အချိန်မှာ စေတီကိုးကွယ်တဲ့သဘောရှိမရှိ
    ဆိုတာလေး တွက်ချက်ဘို့လိုမယ်ထင်ပါတယ်
    ဌာပဏာတွေကိုပါချိန်ဆလိုက်ရင် လွန်လေပြီးသော မြတ်စွာဘုရားရဲ့
    ရေစစ်တော်တွေဘာတွေရှိတယ်ဆိုတာကို ဝေဖန်ကြရာမှာ
    လွန်လေပြီးသော မြတ်စွာဘုရားရှင်တော်တို့နှင့် လက်ရှိမြတ်စွာဘုရား ရှင်တော် ၏
    ဓမ္မ သဘောခြင်းတူသော်လည်း
    လက်ရှိမြတ်စွာဘုရားရှင်တော်ပွင့်တော်မူရန်အတွက် လွန်လေပြီးသော မြတ်စွာဘုရားရှင်တော်တို့၏
    အသုံးအဆောင်တော်များ ကွယ်ပေးရတာ သဘာဝ ( ဓမ္မတာ ) ဖြစ်တယ်လို့တော့
    ဆိုကြတာဘဲ
    မဟုတ်လို့ကတော့
    လက်ရှိမြန်မာနိုင်ငံက ခေါင်းမှာသန်းဘောကန်ကွင်းရှိတဲ့ ဦးလေးကြီးက သမ္မတသာဆိုတယ်
    သူ့နောက်က တစ်ယောက်ယောက်ထိန်းချုပ်နေသလိုမျိုး မရှင်းမရှင်းကြီးဖြစ်နေပါတယ်လို့
    မတူသောအတွေးဖြင့်

  • ဟုတ်ပါဗျာ ကော်နက်ရှင်ကတော့ အတော်လေးစိတ်ပျက်စရာ။
    မန်းလေးမှာနေရတာ ကံကောင်းတယ်လို့ ဒီတစ်ခါဘဲထင်မိသေးပါတယ်။

  • ကြောင်ကြီး

    January 7, 2012 at 2:16 pm

    သိသလောက် မူလစေတီအမှတ်အသားကို နှောင်းလူများ အဆက်ဆက် ပိုမိုကြီးမားတဲ့ စေတီပုထိုးတော်များနဲ့ ငုံပြီးတည်ထား ဘွဲ့တော်အသစ်များ ဆပ်ကပ်လှူဒါန်းကြတာပါ။ အစဉ်အဆက် ယုံကြည်မှုအရ ဘုရားစေတီများ မဖျက်ကောင်းဆိုတဲ့ အယူအရလည်းကောင်း၊ စစ်မှန်တန်ခိုးကြီးတယ် အောင်မြေဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုအရ လည်းကောင်း ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပါတယ်။ ဒီတော့ နှစ်၂၆၀ဝ ဆိုတာ မှားတယ်ပြောလို့ မရဘူး၊ သို့သော် ဖြစ်စဉ်အဆင့်ဆင့်ကိုတော့ ပြောပြသင့်တယ်။

Leave a Reply