ကိုယ့်ရုပ်ကို ကိုယ်ပြင်ကြမယ်

manawphyulayJanuary 6, 20121min12710

ဓာတ်ပုံမှာ ဘောင်ခွေပေးလိုက်မယ်

ဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာလို့ ဓာတ်ပုံတွေရိုက်လိုက် ဆိုင်မှာကူးလိုက်နဲ့ကြာတော့ ဓာတ်ပုံတွေပြန်ကြည့်ရတာ ရိုးသလိုတောင် ဖြစ်လာပါတယ်။ နောက်တစ်ခါ ဓာတ်ပုံထုတ်ရင် 4×6 ပုံရိုးရိုးကြီးမလုပ်ဘဲ ဘောင်ခတ်ပေးလိုက်ရအောင်။photo Frame Maker (www.photofermemaker.com)လို့ဆော့ဖ်ဝဲလေးနဲ့လုပ်ဆောင်နိုင်ပါတယ်။ ဖိုင်အရွက်အစား 3MB မကျော်လို့ download
ချရတာလည်း လွယ်ပါတယ် လေးထောင့်ပုံ အဝိုင်းစသည်(Texture.Color,Cold)အုပ်စုများခွဲပြီframe အတော်များများ အဆင်သင့်ပေးထားပါတယ်။ဘောင်ခတ်ပြီးရင်လည်းပုံကိုလှည့်နိုင်ပါတယ်။ မလိုတဲ့နေရာကို ဖြတ်တောက်နိုင်ပါတယ်။ အလင်းအမှောင်စတာတွေ ချိန်နိုင်ပါသေးတယ်။ ဘောင်နောက်ခံကို ခပ်မှိန်မှိန်ထားမလား။ အလင်းဖောက်ထားမလား။ Backgroundရဲ့ opacity ကို ချိန်ညှိပေးနိုင်ပါတယ်။ဓာတ်ပုံနဲ့ပတ်သက်တဲ့စာသားလည်းရိုက်ထည့်ပေးနိုင်ပါတယ်။ စာသားထည့်ရာမှာစာလုံးအမျိုးအစား အရောင်စုံခြယ်သပေးနိုင်ပါတယ်။
စာသားကိုဓာတ်ပုံရဲ့အောက်ခြေမှာထားမှာလား အပေါ်မှာထားမလား မောက်စ်နဲ့တွန်းရွေ့ရုံပါ။ တကယ်သာ register လုပ်ယူတဲ့ဆော့ဖ်ဝဲ ဆိုင်ရင် frame တွေ အများကြီးရမှာပါ။ ZeallSoftInc.က ထုတ်လုပ်ပါတယ်။ သင်မဝယ်ချင်သေးရင် ရက်အနည်းငယ် အခမဲ့သုံးနိုင်ပါတယ်။ သဘောကျလို့ ဝယ်ချင်ရင် ၄၉-၉၅ဒေါ်လာကျသင့်ပါမယ်။

စိတ်ကူးအိမ်မက်ကို ပုံဖော်ဖို့ရာ

ဓာတ်ပုံတစ်ပုံကို ဝိုင်းလိုက်မယ် ဘေးမှာeffects တွေထည့်မယ် အရောင်တွေရှိုင်းလိုက်မယ်ဆိုရင် အမြင် တစ်မျိုးဆန်းပြီး ကြည့်ရသူအတွက် ရင်မောဖွယ်ဖြစ်မှာ အမှန်ပါ။ ဒီလိုစိတ်ကူးအိမ်မက်ကိုpublisher ထုတ်လုပ်တဲ့DreamLight photo Editor v.3.7 က အကောင်အထည်ဖော်ပေးနိုင်ပါတယ်။ ၎င်းသည်ပုံတစ်ပုံကို dream effects တွေအများကြီးထည့်ပေးပြီး ပြောင်းလဲလိုက်မှာပါ photoshop လို့ဆော့ဖ်ဝဲမျိုးကို သင်မထားရလို့ စိတ်မပျက်ပါနဲ့ ဒီလိုဆော့ဖ်ဝဲငယ်များက ထင်တာထက်ပိုပြီး သုံးရလွယ်တတ်ပါ။ အခုDreamLight photo Editor မှာ မောက်စ်ကလစ်လုပ်ရုံနဲ့effects တွေ အများကြီးပြောင်းနိုင်ပါတယ်။ ပုံကို preset,Light filter.Star filter,Amazing filter,Gradient filter, Texture filter.Edge filter စသည် filter တွေခံပြီး စွဲမက်ဖွယ်ဖြစ်အောင် လုပ်ပေးနိုင်မှာပါ။ရွေးချယ်စရာspecial effects ၁၅ဝ လောက်ပါပါတယ်။ DreamLight photo Editorသည် ရယ်ဒီမိတ်effects တွေထည့်ပေးခြင်း သာမကimage editingဆော့ဖ်ဝဲအဖြစ်လည်း သုံးနိုင်ပါတယ်။ ယခုDreamLight photo Editor version 3.7ကိုshareware အနေနဲ့သုံးခွင့်ပြုမှာဖြစ်ပြီး ဝယ်ရင် ၃၉.၉၅ဒေါ်လာ ကျသင့်ပါမယ်။
အမည်နဲ့လိုက်အောင် သင့် အိပ်မက်ကို အကောင်အထည် ဖော်ပေးမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

10 comments

  • small cat

    January 6, 2012 at 8:51 pm

    မလှတဲ့ ပုံကို မပြင်တော့ပါဘူးမနောရယ်။ ရှိပါစေတော့ ၄၉ ဒေါ်လာလဲပေးမဝယ်တော့ပါဘူးကွယ်။

  • ကောင်းမြတ်သူ

    January 6, 2012 at 9:24 pm

    အားပါး ကြော်ညာကြီးပဲ………

    • manawphyulay

      January 8, 2012 at 2:04 pm

      ကောင်းမြတ်သူရေ… ကြော်ညာရအောင် ကိုယ်တီထွင်တဲ့ဆော့ဝဲလ်မှမဟုတ်တာ။ အလကားရသလောက် သုံးလို့အဆင်ပြေအောင် တင်ပေးခြင်းသာ ဖြစ်ပါတယ်။

  • mandalarthu

    January 6, 2012 at 10:04 pm

    မနောေ၇
    ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါဘဲနော်။
    ရှုခင်းနဲ ့သတင်းဓာတ်ပုံတွေတင်တိုင်း သူများတွေလို ဘောင်လေးခတ်ပြီး လှလှပပလေးတင်တတ်ချင်တာ
    ပုံအောက်မှာ စာတွေကလည်းထည် ့ချင်သေး။ဖိုတိုရှော ့ကလည်းမတတ် နဲ ့ တော်တော်ဒုက္ခရောက်တာဘဲ ။ အခုတော ့ဒီလို အခက်အခဲတွေ ပြေလည်သွားလို ့
    အရမ်းကို ကျေးဇူးတင်လိုက်တာနော်။
    နောက်လဲ ဓာတ်ပုံနဲ ့ပတ်သက်လို ့ကောင်းတာလေးတွေ ရှိရင် မျှဝေပါဦးနော်။

    • manawphyulay

      January 8, 2012 at 2:05 pm

      ဟုတ်ကဲ့ mandalarthu ရေ… မနောလည်း ဝါသနာပါလို့။ ရှာဖွေ စမ်းသပ်နေပါတယ်။ သိတာလေးတွေ ထပ်မံမျှပါဦးမယ်။

  • htoosan

    January 7, 2012 at 11:15 am

    ကျေးဇူးပါ မနောရေ..

  • Moe Z

    January 8, 2012 at 9:55 am

    မမ မနောရေ လှတဲ့သူကတော့ ဘယ်လိုရိုက်ရိုက်လှမှာပဲနော်
    ဒါကြောင့် ဘာမှမပြင်ဘူး 😀 😀 ပြင်လည်းလှမှာမှမဟုတ်ပဲ

    • manawphyulay

      January 8, 2012 at 2:06 pm

      မိုးဇက်လေးက လှပြီးသားပဲဟာ ပြင်ဖို့ လိုတော့ဘူးလေနော်… ဒီတိုင်းလေးလည်း ကောင်းပါတယ်။

  • ဆူး

    January 22, 2012 at 4:54 pm

    အဲဒီ ဆော့ဝဲ မရှိဘူး.. ဘယ်လို လုပ်မလဲ.. ဖိုတိုရှော့ပဲ ရှိတယ်။

  • snow white

    February 24, 2012 at 2:17 pm

    ကောင်းလိုက်တဲ့သတင်းပါဘဲမမမနောရေ ညီမကဓာတ်ပုံရိုက်ရတာဝါသနာပါပါတယ် မမမနောကောညီမ ဓာတ်ပုံသင်တန်းတက်လို့ရိုက်တက်ရင်မမမနောကိုအရင်လှအောင်ရိုက်ပေးမယ်နော် မမမနောပြောတဲ့သတင်းလေးတွေကောင်းတယ်

Leave a Reply