ငွေတောင်ပြည် သို့ အပိုင်း – ၂

Mလုလင္January 6, 20122min20114

နောက်တနေ့မှာတော့ ဒီမောဆိုး မြို ့နယ်က ငွေတောင်ဆည် နဲ့ လိမ္မော်ခြံ (မျိုးသစ် စမ်းသပ်စိုက်ပျိုးရေးခြံ) ကိုရောက်ခဲ့ပါတယ်။


၁။ ငွေတောင်ဆည် ဘက်က နေထွက်တဲ့ မြင်ကွင်းပါ။ မနက် 5 နာရီ 45 လောက်မှာပါ။ နေစထွက်ခါစ ဆိုတော့ အနီ ရောင်များတယ်..နောက် တဖြည်ဖြည်း ဝါ သွားမယ်။


၂။ ဝမ်းရေးပါ၊ ဒီလောက် အေးတဲ့အချိန်မှာ ငါးထွက်ဖမ်းနေတယ်။


၃။ ဝမ်းရေးပါ – ၂၊ ဒီလောက် အေးတဲ့အချိန် မှာ ငါးထွက်ဖမ်းနေတယ်။


၄။ ငွေတောင် ဆည်အလွန် စိုက်ခင်းဘက် အသွား လမ်းမှာတွေ့သော သဘာဝ စိမ့်။ တောကောင်တွေ ရေသောက်ဆင်းတတ်တယ်တဲ့။


၅။ ငွေတောင် ဆည်အလွန် စိုက်ခင်းဘက် အသွား လမ်းမှာတွေ့သော သဘာဝ စိမ့်။ တောကောင်တွေ ရေသောက်ဆင်းတတ်တယ်တဲ့ – ၂။


၆။စိုက်ခင်း မှ အပြန်။


၇။ လိမ္မေ္မာ် စိုက်ခင်း၊ နောက် နှစ်လောက်မှာ ဈေးကွက် တွင်တွေ့ရမယ့် မျိုးသစ်။ လိမ္မေ္မာ်သီး အနံ့ နဲ့ ဆန်းကစ် အရသာ။ ခြံစည်းရိုးကို အလကား မထားဘူး။ နဂါးမောက် အပင် စိုက်ထားလိုက်တယ်။


၈။ လိမ္မေ္မာ် စိုက်ခင်း၊ နောက် နှစ်လောက်မှာ ဈေးကွက် တွင်တွေ့ရမယ့် မျိုးသစ်။ လိမ္မေ္မာ်သီး အနံ့ နဲ့ ဆန်းကစ် အရသာ။


၉။ ရွာနီးချုပ်စပ် က နွားကျောင်းသားလေး


၁၀။ စိုက်ခင်းအနောက် ဘက်က တောင်တန်းကြီး။ တိမ်တွေ အလွန်နိမ့်၏။

နောက်ဆုံးတော့ ရသွားပါပြီ .. ဒီပိုစ့် တင်ဖို့ ၃ နာရီလောက် တင်ခဲ့ရတယ်။ နောက်ဆုံး တော့ ကွန်ကောင်းတုန်း .ပုံတွေ အကုန် မြန်မြန်တင် ပြီးမှ စာလိုက်ရေး .. အဲလို နဲ့ တက်သွားခဲ့ပါပြီ။
M-လုလင်

14 comments

  • M-Lulin

    January 6, 2012 at 5:09 pm

    ပုံ ၂ က စာနဲ့ ပုံ နဲ့ နေရာ လွဲ သွားတယ်။ ပြင်လို့ ရရင်ပြင်ပေးကြပါဦး ဗျ ..

  • ငပေါက်ဖော်

    January 6, 2012 at 7:06 pm

    ငွေတောင်က မေပေါင်
    မန်ကလာပင်ကြီး ဖက်လို ့ပါကလား

    • M-Lulin

      January 7, 2012 at 10:38 am

      ကလေးက .. စကား သိပ်နားမလည်ဘူး ဗျ။ စာလဲ သိပ်တတ်ပုံ မရဘူး။

      • ငပေါက်ဖော်

        January 7, 2012 at 10:44 am

        ခလေးဘဝ…သနားစရာပဲဗျာ
        အော်.
        ငွေတော်က မေပေါင်..မေပေါင်
        လိမ်မော်သီးလေး ခူးစားလိုက်..နွားလေးကျောင်းလိုက်နဲ ့..သူ ့ဟာသူတော့သာယာနေမှာပဲလေ

        • M-Lulin

          January 7, 2012 at 12:04 pm

          ကလေး ငယ်ငယ် ကျောင်းထားမယ်။ ဆိုတာမျိုး မရှိဘူးဗျ သိလား။ ခုမှ ပညာပေးတွေလုပ်ပြီး ကျောင်းအတင်း အပ်ခိုင်းနေရတာ။ ဒါတောင် အလယ်တန်းထိ ကျောင်းအပ်ခ ပေးရတာ မဟုတ်ဘူးရယ်။

        • M-Lulin

          January 7, 2012 at 1:48 pm

          စကား မစပ် .. မေပေါင် ဆိုတာ မောင်ပေ ပေါ့ .. (ကလော်တိုင်း ထွက်နေပါလားဗျို ့)

  • MaMa

    January 6, 2012 at 8:44 pm

    ကောင်းကင်ပြာကြီးကို သဘောကျတယ်။
    လိမ္မော်သီး စားချင်တယ်။
    နွားကျောင်းသားလေးက သဘာဝကျတယ်။

    နောက်ဆုံး ပြောရရင်-

    စိုင်မပါတဲ့ ပုံတွေလည်း လှတယ်။ 😀

    • M-Lulin

      January 6, 2012 at 10:52 pm

      အန်တီ မမ .. အနော် စိုင် ရိုက် မကျွမ်းဘူး။ လှတယ်ပြော လို့ ကျေးဇူးပါ။

  • နွယ်ပင်

    January 7, 2012 at 11:14 am

    သဘာဝရှုခင်းလေးတွေနဲ့ ပုံလေးတွေက အရမ်းလှတာပဲ

    • M-Lulin

      January 7, 2012 at 12:05 pm

      ခရစ်စမတ် အကြိုထဲက ပုံလေးတွေ မိုက်တယ်။ ညဘက် ရိုက်တာဆိုတော့ DSLR နဲ့ ထင်တယ်။ ပုံလေးတွေ မိုက်တယ်။

  • pooch

    January 7, 2012 at 6:47 pm

    အခုဈေးထဲဝယ်လို့ရတဲ့ လိမ္မော်သီး ဆန်းကစ်အရသာဆိုတာ အဲ့ဒီဘက်က အသီးတော့ မဟုတ်လောက်ဖူးထင်တယ် အရောင်လေး နည်းနည်း ကွဲသလားလို့ ….

    ပုံတွေ အတော်လှတယ်နော် … ရေသောက်ဆင်းတယ်ဆိုတဲ့ပုံလေး တော်တော်ကြိုက်တယ်…

    • M-Lulin

      January 7, 2012 at 9:43 pm

      အဲ့ဒီက မျိုးတော့ မဟုတ်လောက်ဘူး သူတို့က ခုမှ စမ်းခါစ ပဲရှိသေးတယ်။ ဂျပန် မျိုး လို့ခေါ်တယ်လို့ သိရတယ်ဗျ

  • Thaw Zin Loikaw

    January 7, 2012 at 7:03 pm

    ဓါတ်ပုံတွေကြည့်ရင်း ငွေတောင်ပြည်ကိုပြန်ရောက်သွားသလိုပါပဲ။ ဒါနဲ့ ကန်ခုနှစ်ဆင့်ဘက်ကိုရော မသွားခဲ့ဘူးလား။ ကျနော်မရောက်ဖူးလို့ ဓါတ်ပုံတွေမြင်ဖူးချင်နေတာ။ လွိုင်ကော်သားတော့ လွိုင်ကော်သားပဲ ဒါပေမယ့် ငွေတောင်ဆည်ကလွန်ရင် ဘယ်မှမရောက်ဖူးလို့ပါ။ ပြန်မရောက်တာကြာပြီဖြစ်တဲ့ ငွေတောင်ဆည်ပုံကို နံနက်နေထွက်အလှနဲ့တွေ့လိုက်ရလို့ ရင်ထဲကိုအေးသွားတယ် ကျေးဇူးဗျာ..။

    • M-Lulin

      January 7, 2012 at 9:45 pm

      ငွေတောင်ဆည် ကလွန် လို့ နည်းနည်း သွားရင် ဖရူးဆိုး လေ ကိုရင် သော်ဇင်ရဲ့ .. ကျွန်တော်လဲ မရောက်ခဲ့ပါဘူး။ ကန်ခုနှစ်ဆင့် ဆိုတာ ဒွေးမယ်နော် ရေချိုးတဲ့ ထီးပွင့်ကံ ကိုပြောတာလား … ရင်ထဲအေးသွားတယ်ဆိုလို့ ..မနက် အစောကြီး ချမ်းချမ်းစီးစီး နဲ့ ထရိုက် ရကျိုး နပ်ပါတယ်ဗျာ။

Leave a Reply