ကျိုက်မရောက ဆုတောင်းပြည့်ဘုရားကြီး

weiweiJanuary 6, 20122min25620
ဆုတောင်းပြည့်ဘုရားပုံတော်
အတွင်းပတ်ပတ်လည်မှ ဘုရားပုံတော်များ
ဦးခေါင်းတော်က ယိုးဒယားနဲ့ဆင်တူတာတွေ့ရတယ်
မျက်နှာတော်က တော်တော်သပ္ပါယ်တယ်
ဘုရားအဆောက်အအုံက တော်တော်ခမ်းနားတယ်
နဂါးရုံဘုရားလို့ ခေါ်မလားမသိဘူး
နဂါးဥတဲ့ ....
ဘုရားဝင်းအတွင်းက အပေါက်ဝမှာ တွေ့ခဲ့ရတယ်
ကျိုက်မရောလမ်း

ဒီပို့စ်မှာ ရေးစရာနဲနဲများတယ်။ ကျိုက်မရောက လမ်းခရီးသာယာတယ်။ ထန်းပင်တွေ တန်းစီနေတာ အများကြီးတွေ့ရတယ်။ ကျိုက်မရောရောက်ရင် ဆုတောင်းပြည့်ဘုရားကြီးကို ဘုရားဖူးတိုင်း သွားဖူးကြပါတယ်။ အဲဒီဘုရားရဲ့ထူးခြားချက်က ထပြီးလမ်းလျှောက်တော့မလို အနေအထားနဲ့ ထုလုပ်ထားတယ်။ မျက်နှာတော်ကိုပဲဖြတ်ကြည့်ရင် ရှေ့တည့်တည့်ကိုကြည့်နေလို့ မတ်တပ်ရပ်နေသလို ထင်ရပါတယ်။ အရင်တုန်းက ခြေထောက်မှာ သံခြေချင်းခတ်ထားပေမယ့် အခုတော့ဖြုတ်ထားလိုက်ပါပြီ။ ဒေသခံတစ်ယောက်ပြောပြတာကတော့ အရင်တုန်းက အဲဒီနေရာတွေက လယ်ကွင်းတွေပဲရှိတယ်။ ရေကြီးတဲ့အချိန်မှာ လူတွေက အဲဒီနေရာကို စွန့်သွားရတဲ့အချိန်မှာ ဘုရားမျောပါသွားမှာစိုးလို့ ခြေချင်းခတ်ထားတာပါတဲ့။ ကျန်တဲ့ရာဇဝင်တွေ သိတဲ့သူရှိရင် ပြောပြပါအုန်း ….

ဘုရားကြီးဘေးနားမှာ အဆောင်တစ်ခုနဲ့ နဂါး အမြုတေထားတဲ့နေရာရှိပါတယ်။ စပ်စုချင်လို့ ဝင်ကြည့်လိုက်တော့ ပုံထဲမှာပြထားတဲ့အတိုင်း ဘဲဥပုံစံကျောက်လုံးလေးတွေ တွေ့ခဲ့ရတယ်။ အဲဒီနေရာက နဂါးရှိရာနေရာမို့ အမတေရှိရာ အမတေစု ဆိုသလိုမျိုး တခြားဒေသကတွေ့ရတဲ့ နဂါးအမတေတွေကိုလဲ အဲဒီမှာ တစ်ပေါင်းထဲ သိမ်းဆည်းထားတယ်လို့ပြောပြပါတယ်။ နဂါးအဖြစ် မပေါက်ပွားဖြစ်ပဲ ကျောက်ဖြစ်သွားတဲ့ နဂါးဥလို့ ယုံကြည်ကြတယ်။ အဓိဌာန်ပြီး နွားနို့ကပ်ရင် နွားနို့ဆူပွက်တယ်တဲ့ …

ဘုရားဆင်းတုတော်တွေအများကြီးရှိပြီး အလွန်သပ္ပါယ်ပါတယ်။ မျက်နှာတော်နဲ့ ဦးခေါင်းက ယိုးဒယားဘက်က ပုံစံနဲ့ ဆင်တူတာတွေ့ရတယ်။

ဘုရားကြီးနားက အသုတ်ဆိုင်တစ်ဆိုင် နံမည်ကြီးတယ် (နံမည်မေ့သွားပြီ) … အသုတ်မျိုးစုံရပါတယ်။ ကျွန်မတောင် တစ်ခါမှမစားဖူးတဲ့ ငှက်ပျောဖူးသုတ် စားခဲ့သေးတယ်။

မော်လမြိုင်ရောက်ရင် တစ်ခါတစ်ခေါက်လောက် ကျိုက်မရောကို သွားရောက်လည်ပတ်သင့်ပါကြောင်း သတင်းကောင်းပါးရင်း …..

20 comments

  • padonmar

    January 6, 2012 at 6:44 pm

    ကျိုက်မရောဘုရားကြီးက ထထလမ်းလျှောက်တတ်လို့ ခြေကျဉ်းခတ်တယ်လို့ ကြားဘူးတယ်။
    သိပ်တော့ မဆီလျော်သလိုဘဲ။ဝေဝေရေးပြတာက ပိုသင့်မယ်ထင်တယ်။
    အဲဒီနယ်ကျွမ်းတဲ့ ပုပုကို မေးကြစို့၊
    ကျိုက်မရောလမ်းပုံလေးကတော့ တစ်ချိန်က ပြက္ခဒိန်တွေ writing pad တွေမှာ ခေတ်စားခဲ့တဲ့ ရှုခင်းလေးပါဘဲ။

  • တညင်သား

    January 6, 2012 at 6:49 pm

    အဲဒီ ထန်းပင်တွေနား အမှတ်တရ ရူးရူးပေါက်ခဲ့ဘူးတယ် ..အရင်တုန်းက ကင်မလာ မရှိဘူးလေ.. အမှတ်ရအောင်လို့ …… 🙂
    မွန်ပြည်နယ်ရဲ့ အထိမ်းအမှတ်တခုပဲ… ပြက္ခဒိန်တောင် အဲဒီထန်းပင်တွေပါတဲ့ ပြက္ခဒိန် တောင်ရှိသေးတယ် ထင်ပါတယ်….

  • ငပေါက်ဖော်

    January 6, 2012 at 7:12 pm

    တညင်သားကို အားကျပြီး
    ထန်းပင်လမ်းရောက်ရင် ရှူရှူး ပေါက်ပြီး မှတ်တိုင်ထူအုန်းမှ 😆

    ထန်းပင်တွေ စီတန်းနေတဲ့ ကျိုက်မရောလမ်း အကြိုက်ဆုံးဘဲ

  • memeseku

    January 6, 2012 at 7:20 pm

    မဝေဝေ….မွန်ပြည်နယ်တော်တော်နှံတယ်ဆိုတော့ဘီလူးကျွန်းရောရောက်သေးလား……….
    မဝေကိုအားကျလိုက်တာ…
    ဓါတ်ပုံတွေအတွက်တော.ကျေးဇူးနော်
    😛 😛 😀

  • windtalker

    January 6, 2012 at 7:27 pm

    ကြည်ညိုစွာ ဖူးမျှော်ခွင့်ရပါ၏
    ဘုရားဒါယိကာမ ဒေါ်ဝေဝေ အားကျေးကျေး ပါ

  • memeseku

    January 6, 2012 at 10:22 pm

    နဂါးဥကတကယ်ဟုတ်ဝူးမလား………..
    ကြက်ဥထက်တော့ကြီးတယ်….
    နဂါးဥ….နဂါဥ….

  • MaMa

    January 6, 2012 at 10:28 pm

    ရှင်စောပု ဘုရင်မကြီးရဲ့ မောင်းကို သဘောကျတယ်။ 🙂

  • New User

    January 6, 2012 at 11:04 pm

    အစ်မ ဝေဝေ ကျွန်တော်ကြားဖူးတာတော့ အတွင်းပတ်ပတ်လည်က ဘုရားဆင်းတုတွေကို လိုက်ရေတွက်ကြည့်ရင် တစ်ကြိမ်နဲ့တစ်ကြိမ်မတူဖူးဆို… ဟုတ်မဟုတ်မတော့မသိဝူးးးး ဟီဟိ…

    • Khin Latt

      January 7, 2012 at 6:23 am

      ဟုတ်တယ် New User ရေ။ အဲလို ကြားဘူး တယ်။ 🙂

      ဝေဝေ ရေ –
      ~~~ ဦးခေါင်းတော်က ယိုးဒယားနဲ့ဆင်တူတာတွေ့ရတယ် ~~~~
      ထိစပ်တဲ့ ရေမြေ လိုက် ပြီး ဘုရားပုံသဏ္ဌာန် တွေတူ ကြတာ များလားနော်။
      ကိုယ်တိုင် တကယ် ရောက်ပြီး ဘုရား တွေ ကို ဖူး ရသလို ခံစားမိပါတယ်။
      ကျေးဇူးပါ ဝေဝေ ရေ။

  • New User

    January 6, 2012 at 11:12 pm

    ရေတွေဘယ်လောက်အမြင့်ကြီးတတ်တတ်မမြုပ်တဲ့ ကျိုက်ခမီရေလယ်ဘုရားရောရောက်သေးလား ခင်ဗျ…..
    ဦးဇိန ဘုရားရှေ့က ပန်ရံပျံ ဝတ်တော်ကြီးလည်း စိတ်ဝင်စားဖို့ကောင်းတယ်နော်….. အဲဒါက မော်လမြိုင်မှာပဲလေ….

    • weiwei

      January 6, 2012 at 11:54 pm

      မြို့ထဲက ဘုရားတွေ ရောက်ခဲ့ပါသေးတယ် ..
      နောက်နေ့မှ ဖြည်းဖြည်းချင်း တင်ပါအုန်းမယ် …
      ပုံတင်ရတာ မလွယ်ဘူး … အချိန်အရမ်းကြာတယ် …

  • New User

    January 6, 2012 at 11:24 pm

    လာလည်တဲ့သူတောင် အပုံတွေတင်သွားတာ အားကျစရာ… ရာသီဥတု သာယာမျှတသော… တောင်ရိုးတန်းရှိသော… ကမ်းနားလမ်းရှိသော… လက်ရှိ မြန်မာနိုင်ငံရဲ့အရှည်ဆုံးတံတားကြီး (သံလွင်တံတား)ရှိသော… အပျင်းနည်းနည်းကြီးသော… မော်လမြိုင်မြို့ကပုံတွေကို အခွင့်သင့်လျှင် တင်ဖို့ကြိုးစားပါဦးမည်။။။။

  • သာမိညောင်

    January 7, 2012 at 9:50 am

    သားငယ်ငယ်တုန်းက
    သဂျန်ဆိုရင် အဲ့သည်ဘုရားဝင်းကြီးထဲ သွားလည်ဘူးတယ် ( သွားဖူးတာဟုတ်ဘူး )
    အပျိုမတွေ လက်ကုန်များတယ်
    အဲ့သည်ရွာမှာ အဲ့သည်ဘုရားကို ကျိုက်မရောဝတ် လို့ခေါ်ကြတယ်လို့တော့ထင်တာဘဲ
    ဆုတောင်းပြည့်တယ်ဆိုတာကြီးကတော့ သဂျီးဦးခိုင်နဲ့ ပလာဘလမ်နိုင်တယ်လို့ သတိပေးဘာဒယ်
    အပေါ်က အမကြီး နတ်ယူးစာ ပြောသလိုပါဘဲ
    ဆင်းတုတော်တွေကို လိုက်ရေတွက်ကြည့်ရင် တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး
    မတူဆို ရှုပ်နေအောင်လုပ်ထားတာဂိုး
    တစ်ဆူခြင်းထုံးသုတ်ပြီးရေကြည့်ရင်တော့ ရတန်ကောင်းပါရဲ့
    အဲ့သည်ဘာဥတွေလဲတော့သိဘူး
    အရိုးတွေ ကျောက်ခဲဖြစ်နေတဲ့ဟာတွေကို လိုက်ရှောက်တူးတဲ့
    နိုင်ငံဂျားဂ အင်္ဂလိပ်တွေကို ပြကြည့်ရင် ဘာဥလို့ပြောမလဲဆိုတာ
    သိခြင်လိုက်တာ

  • manawphyulay

    January 7, 2012 at 10:15 am

    ကျေးဇူးပဲ မမဝေရေ… မနောပြောတာ ဒီဘုရားကိုပြောတာ မနောထပ်မံသွားရောက်ဖူးချင်နေတာကြာပြီ မမဝေရဲ့။ ခုမှ ထပ်မံဖူးရတော့တယ်။ နောက်ဝင်းစိန်တောရ မုဒုံက လျောင်းတော်မူဘုရားလည်းတင်ပေးဦးနော် သိလား…

  • ဆူး

    January 7, 2012 at 11:05 am

    နဂါးဥတွေ ဒီတိုင်းထားတော့ ဘယ်အကောင်ပေါက်လိမ့်မလဲ..
    နဂါးမတွေ မဝပ်လို့ ဥတွေ ခြောက်ကုန်တာနဲ့ ကျောက်ဖြစ်သွားတာနဲ့ တူတယ်။
    နဂါးဥ ကိစ္စတော့ ခဏခဏ တော်တော် အငြင်းအခုန် ဖြစ်တယ်။

  • etone

    January 7, 2012 at 11:25 am

    ဒီတစ်ခါ မဝေ ခရီးထွက်တာ မော်လမြိုင် ဘုရားစုံရောက်တာ အရမ်းကောင်းတာပဲ … မရောက်ဖူးတဲ့ နေရာတွေရဲ့ ဓါတ်ပုံမြင်ရလို့ပါ ။ ကျိုက်မရောက ကြားသာ ကြားဖူးနေတာ တစ်ခါမှ မရောက်ဖူးဘူး ။ နဂါး အမြူတေလေးတွေက ဘဲဥလုံးလေးတွေလိုပဲနော် .. ဒါပေမယ့် ကျောက်သားဖြစ်နေလို့ လုံးချောလေးတွေ ကြည့်ရတာ ဘဲဥလေးတွေနဲ့အတော်တူတယ် … ။ 🙂
    မဝေရေ … မော်လမြိုင်ဘုရားတွေကို ပက်ကေ့ချ်နဲ့သွားတာ လား ။ ကိုုယ့် အစီစဉ်နဲ ့သွားတာလားဟင် ။

  • နွယ်ပင်

    January 7, 2012 at 11:53 am

    မဝေရွာထဲ့ ပျောက်သွားတာ မော်လမြိုင်မှာ ဘုရားစုံလိုက်ဖူးနေလို့ကို
    အခုလို ပြန်လည်ဝေမျှပေးတာ ကျေးဇူးပါ မဝေရေ …
    အဲဒီဘက်ကို မရောက်ဖူးသေးလို့ ဓာတ်ပုံထဲက ဖူးသွားပါတယ်နော် ………..

  • ကြောင်ကြီး

    January 7, 2012 at 2:10 pm

    အန်တီဝေ ရွာထဲမှာ မန်းလို့မမှီနိုင်အာင် ထကြွသောင်းကျန်းနေပါတယ်။ ရာမညတိုင်းသားလေး တယောက်ရဲ့ ဆေးမိနေပြီလို့ ပြောချင်ပါတယ်။ ဆေးဖြေပေးနိုင်သူကတော့ အလွန်တရာမှ ယဉ်ကျေးသိမ်မွေ့နူးညံ့လှတဲ့ မွန်သားလေး မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်ပါတယ်။

  • blackchaw

    January 9, 2012 at 1:15 pm

    အန်တီဝေရေ။
    ကွန်းမန့် ရေးတာ တော်တော် တောင် နောက်ကျနေပြီဗျာ။
    နဂါးဥက အရုပ်တွေလားဗျ။
    အဲဒီဘက်တွေ ရောက်ကို မရောက်ဖူးဘူးဗျာ။
    သိတ်လည်းဝေးလှတာမဟုတ်ပဲနဲ့။
    သွားမယ်၊ ရောက်အောင်သွားမယ်၊
    တစ်နေ့နေ့တော့ ရောက်အောင်သွားမယ်ဗျို့။

Leave a Reply