သစ္စာပြတင်းပန်းချီပြပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်း

တေစၧJanuary 6, 20121min1136

တောင်ကြီးမှာ လွတ်လပ်ရေးနေ့က ဗိုလ်ချုပ်အောင်ဆန်းပုံတွေသီးသန့် ပြခဲ့တဲ့ သစ္စာပြတင်းပန်းချီပြပွဲလုပ်ခဲ့ပါတယ် အဲဒီပြပွဲမှာ ထူးထူးခြားခြား ဗိုလ်ချုပ်ပုံကို တက်တူးထိုးပေးနေတာကိုလည်း တွေ့ခဲ့ရပြီး အမှောင်ခန်းထဲမှာ အဏုမြူအလင်းနဲ့ပုံဖော်ထားတဲ့ ဗိုလ်ချုပ်ပုံတွေ နောက်ပြီးတော့ မှတ်တမ်းတွေကို ပြန်ပြပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကော်နက်ရှင်ကမကောင်းတာနဲ့ တင်နေတာ ၃ ရက်ကြာသွားတယ် ( ဆိုးလိုက်တာ )။ မတွေ့တာကြာပြီဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပုံတွေကို ပြန်မြင်ရတဲ့ခါ စိတ်ထဲမှာ တစ်မျိုးခံစားရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ သီချင်းကိုလည်း ရေဒီယိုကနေ တိုက်ရိုက်လွှင့်နေတဲ့ပုံနဲ့ performance လုပ်ထားတာလည်း တွေ့ခဲ့ရတယ် သီချင်းကတော့ ဆိုဒ်ကြီးနေလို့ ကော်နက်ရှင်နဲ့အဆင်မပြေတဲ့အတွက် မတင်ပေးတော့ပါဘူး ပုံတွေတောင် အများကြီးရိုက်လာတယ် တင်တာဘယ်လိုမှအဆင်မပြေဘူး ဒါကြောင့် ဝမ်းနည်းစွာနဲ့ပဲ ပုံနည်းနည်းပဲ တင်လိုက်ပါတယ် ပုံတွေကိုတော့ အမှတ်တရ တင်ပေးလိုက်ပါတယ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တစ်ချို့ပုံတွေကိုတော့ အဲဒီလင့်လေးမှာဝင်ကြည့်လို့ရပါတယ်

https://myanmargazette.net/wp-content/uploads/2012/01/IMAG02434.jpg

ဒါကတော့ ရေဒီယိုအသံတိုက်ရိုက်လွှင့်နေတဲ့ပုံကို perfromance လုပ်ထားတာပါ

https://myanmargazette.net/wp-content/uploads/2012/01/IMAG02641.jpg

https://myanmargazette.net/wp-content/uploads/2012/01/IMAG02462.jpg

https://myanmargazette.net/wp-content/uploads/2012/01/IMAG02434.jpg

ဒါကတော့ ဗိုလ်ချုပ်ပုံကိုတက်တူးထိုးပြီးစ ပုံပါ

https://myanmargazette.net/wp-content/uploads/2012/01/IMAG02651.jpg

 

 

 

 

 

6 comments

  • mandalarthu

    January 6, 2012 at 9:51 pm

    ဗိုလ်ချုပ်ပုံတွေ ကို ကြည ့်ရတာ အားမရဘူး။ ပြခန်းတခုလုံးထဲကဒီလို လက်ရာမြောက်တဲ ့ ့ပုံတွေကိုချည်းရွေးတင်ရင်ကောင်းမှာဘဲနော်။နောက်ဆုံးပုံ ကို အကြိုက်ဆုံး ဘဲ။အရောင်စပ်ပုံ ထူးခြားလို ့။
    တောင်ကြီးမှာ ဒီလို “လွတ်လပ်ရေး့” အမှတ်တရ နေ ့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေသီးသန့် ပြခဲ့တဲ့ သစ္စာပြတင်းပန်းချီပြပွဲရှိခဲ ့တာ ထူးခြားတယ်နော်။ ပြပွဲလေးကို တင်ပေးတဲ ့အတွက် ကျေးဇူးပါနော်။

  • phantom

    January 8, 2012 at 4:02 pm

    ကျွန်တော်ကတော ့ပုံတွေအကုန်တင်ချင်တာဗျာ ဒါပေမယ့် ကော်နက်ရှင်က အရမ်းဆိုးတော့ ပုံတွေက တင်လိုက် ပျက်သွားလိုက်နဲ့ အဆင်ကိုမပြေဘူး ဒါကြောင့် အဆင်ပြေတဲ့ပုံတွေပဲ ရွေးတင်နိုင်ပါတယ် ပုံတော်တော်များများ ကျန်ခဲ့တဲ့အတွက် စိတ်တော့ မကောင်းဘူးဗျ

  • fatty

    January 8, 2012 at 5:53 pm

    ကြိုးစားပြီး တင်လို့ရတဲ့အချိန် နောက်ဆက်တွဲ ဆိုပြီး ထပ်တင်ပေးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျား ။

    • phantom

      January 9, 2012 at 6:03 pm

      အဆင်ပြေရင်တော့ တင်ပေးပါ့မယ်ဗျာ ဒါပေမယ့် ကျွန်တော့်ဆီမှာပဲကွက်ပြီးဆိုးနေသလားတော့မသိပါဘူး ကော်နက်ရှင်က 😛 အခုပဲတက်တယ် အခုပဲကျကျနေလို့ ကွန်မန့်ပေးဖို့တောင် ရ ခါလောက် ပို့နေရပါသဗျာ

  • ကို phantom ရေကျေးဇူးပါဗျာ။တက်တူးတော့ မထိုးရဲပါဘူး။
    ဗိုလ်ချုပ်ပုံတွေ ကြည့်ခွင့်ရလို ့ပါ။အောက်ဆုံးပုံ တော်တော်လေး
    လှတယ်ဗျာ။

    • phantom

      January 9, 2012 at 6:07 pm

      အောက်ဆုံးပုံက အောင်ဆန်းရဲ့ အောင်ဆန်းဆိုတဲ့ အခန်းလေးသီးသန့်လုပ်ထားတဲ့ ထဲကပါ အဲဒီမှာက ဗိုလ်ချုပ်ပုံတွေကို အမှောင်ခန်းထဲမှာ ဖန်ချောင်းပြာလေးတစ်ချောင်းပဲထွန်းထားပြီး အဏုမြူနဲ့ အလင်းထွက်နေအောင် ပါဖေါမန့်လုပ်ထားတာပါ။ ပန်းချီဆရာကတော့ ကိုအောင်ဆန်းဖြစ်ပါတယ်

Leave a Reply