6.1.2012 FA Cup 3rd Round

မောင် ပေJanuary 6, 20121min852

မင်္ဂလာပါ ခင်ဗျာ ။
စနေ နေ ့မနက် ၂:၃ဝ မှာ ကစားမယ့် အက်ဖ်အေ ဖလား တတိယအဆင့် ပွဲစဉ် ဖြစ်တဲ့
“ လီဗာပူး – အိုးဟမ် ” ပွဲအကြောင်း ကို ပြောပြချင်ပါတယ် ။
သည်နှစ်သင်း နောက်ဆုံးတွေ ့ဆုံခဲ့တာ ၁၉၉၃-၁၉၉၄ တုန်း က အိုးဟမ် အိမ်ကွင်းမှာ လီဗာပူး က ၃-ဝ နဲ ့နိုင်ခဲ့ပါတယ် ။
အိုးဟမ်အသလက်တစ် ဆိုတဲ့ အသင်း ဟာ အင်္ဂလန် လိဂ်ဝမ်း မှာ ကစားနေတဲ့ အသင်းပါ ။
လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ပွဲ မှာ မန်စီးတီး အသင်း ကို ၃-ဝ နဲ ့ရှုံးနိမ့်ထားပြီး ၊ အိုးဟမ် အသင်းကတော့ လိဂ်ဝမ်းမှာ ချက်စတာဖီး အသင်း ကို ၁-၁ သရေ ကျထားပါတယ် ။
လီဗာပူး အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့
ဂိုး Doni
နောက် Kelly, Coates, Carragher, Aurelio
လယ် Maxi, Shelvey, Gerrard, Downing
ရှေ ့ Kuyt, Bellamy
အိုးဟမ် အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့
ဂိုး Cisak
နောက် Lee, Diamond, Clarke, Black
လယ် Taylor, Adeyemi, Furman, Morais
ရှေ ့ Simpson, Kuqi
ဈေးအနေအထားအရ လီဗာပူး ၂ဂိုးသွင်းရင် ခပ်ပါးပါးဆုံးရှုံးမှာ ဖြစ်ပါတယ် ။
ခပ်ရိုးရိုးတွေးကြည့်ရင်တော့ အိုးဟမ် ဆိုတာ လီဗာပူး အတွက် တစ်ကယ်ကို လွယ်ကူလွန်းတဲ့ ပြိုင်ဘက် ပါ ။
အိုးဟမ် အသင်း က လည်း လီဗာပူး ကွင်းမှာ လွယ်လွယ်နဲ ့တော့ အလျှော့ပေးမှာ မဟုတ်ပါဘူး ။
အိုးဟမ် အသင်း ဟာ လီဗာပူး ရဲ ့အိမ်ကွင်း အန်ဖီးမှာ အနိုင်ကစားနိုင်ခဲ့တာ ၁၉၁၄ ခုနှစ် တုန်း က ဆိုတော့ တော်တော်လေး ကို ဝေးနေပါပြီ ။
လက်ရှိအချိန်မှာ မန်စီးတီး ကို ၃-ဝ နဲ ့ရှုံး ထား တဲ့ အတွက် လီဗာပူး ဟာ ဒီပွဲ ကို အနိုင်ပြန်ကန်ပြီး စိတ်ဓါတ်ပြန်မြှင့်မယ့် သဘောပါဘဲ ။
ူသည်ပွဲ မှာ လီဗာပူး က ကူရစ် နဲ ့ဘယ်လာမီ တို ့ဘယ်နှစ်ဂိုးသွင်းမလဲ ၊ ဂျာရတ် ကော ဂိုး သွင်းဦးမလား ။ ကျွန်တော် စောင့်ကြည့်နေမယ် ဗျာ ။
********************************************
******* ဖိုက်တာအားလုံး အောင်မြင်ရွှင်လန်းကြပါစေ *******

2 comments

  • windtalker

    January 7, 2012 at 10:03 am

    လီဗာပူး ၅-၁ အိုးဟမ်
    ၂၈ Simpson
    ၃ဝ Bellamy
    ၄၅+၁ Gerrard (Penalty)
    ၆၈ Shelvey
    ၈၉ Carroll
    ၉၀+၅ Downing

    • ငပေါက်ဖော်

      January 7, 2012 at 10:11 am

      ပြောသားပဲ
      လီဗာကိုပူးပါဆို..
      အခုတော့
      ခိုင်ပြီမလား..

      လာ..

      သွားကစ်ကြမယ်..
      ညစ်နေဒယ်..ဘီဘီနဲ ့ ဆေးကြောပေးပါ
      😆

Leave a Reply