လွပ်လပ်ရေးနေ့တုန်းက ကျွန်တော်တို့မြို့မှာ လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့်လို့ဆိုပြီး အရေးပေါ် ကတ္တရာခင်းထားတဲ့ လမ်းတိုလေးကို ဖွင့်လှစ်ကြပါတယ်..

ထုံးစံအတိုင်း စည်ပင် မယက ရဲ ပေါ့ ဖဲကြိုးတွေ ဘာတွေ ဖြတ်လို့ …

ဒီမှာ ကျွန်တော် တစ်ခု သွားတွေ့တယ် … လုပ်ဟ မလုပ်မနေရ လုပ်ဟဆို အထက်က ပြော… အောက်ကလဲ ပြီးစလွယ် တာဝန်ကျေလုပ် ..

အဲဒါတွေက အရင်ခေတ်နဲ့ တူတူ ကျန်ခဲ့ဖို့ ကောင်းပြီဗျ …

တကယ်တော့ မယက တို့ ရဲတို့ဆိုတာလဲ အစိုးရယန္တရားထဲမှာ ပါဝင်လည်ပတ်နေတဲ့ သူတွေပါပဲ …

တကယ်ပြောင်းပြီဆို အထက်က ပြောင်းသလို အောက်က ပြီးစလွယ် တာဝန်ကျေ အမှုအကျင့်တွေလဲ ပြောင်းဖို့ ကောင်းပါပြီ …

နောက် လမ်းဖွင့်ပြီးတော့ လူကြီးတွေက လမ်းပေါ်လျှောက်ကြည့်တယ်ပေါ့ဗျာ ….

သုံးလေးနှစ် မပြင်ပဲ ပြစ်ထားတဲ့လမ်း  နှစ်ဆန်းတစ်ရက်နေ့လောက်မှ အရေးပေါ်ပြင် ၄ ရက်နေ့ဖွင့် နောက်နေ့ ပျက်မဲ့လမ်းကိုပေါ့ ..။ ဘာလုပ်ရတယ်မှတ်သတုန်း … ရှေ့က ကောင်မလေးတွေက ပန်းကျဲပေးရတယ်ဗျာ …..။

တကယ်တော့ စည်ပင် သူ့အလုပ်သူလုပ်ပြီး လမ်းခင်းတာ… မယက က လာဖွင့်တာ ဘာပန်းကျဲစရာလိုတုန်း … အထက်ကို ဖားတဲ့ အကျင့်တွေလဲ မပျောက်သေးဘူးနော်….။ တကယ်တော့ အဲဒီလို ဖားတာလဲ ပြည်သူထဲက ကောင်တွေပါပဲ …။ ပြည်သူအားလုံးကို မဆိုလိုပါဘူး …။အဲဒီလို ကိုယ့်တာဝန်ကိုယ်လုပ်တာကို အောက်က မျက်နှာလို မျက်နှာရ ဖားတဲ့သူတွေ ရှိနေသရွေ့ မြန်မာနိုင်ငံ တိုးတက်ဦးမှာ မဟုတ်ပါဘူး … ။

အဲဒီတော့ သူများကိုပဲ ပြောင်းလဲပါ ပြောင်းလဲပါ … ထိုင်အော်နေလို့ မဖြစ်တော့ဘူး … ကျွန်တော်တို့ ကိုယ်တိုင်လဲ ပြောင်းလဲဖို့ လိုပြီထင်တယ် …။

About တောင်တန်း က မောင်ဆန်း

has written 1 post in this Website..