ဘယ်သူပါ ပြောင်းလဲရမှာလဲ

လွပ်လပ်ရေးနေ့တုန်းက ကျွန်တော်တို့မြို့မှာ လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့်လို့ဆိုပြီး အရေးပေါ် ကတ္တရာခင်းထားတဲ့ လမ်းတိုလေးကို ဖွင့်လှစ်ကြပါတယ်..

ထုံးစံအတိုင်း စည်ပင် မယက ရဲ ပေါ့ ဖဲကြိုးတွေ ဘာတွေ ဖြတ်လို့ …

ဒီမှာ ကျွန်တော် တစ်ခု သွားတွေ့တယ် … လုပ်ဟ မလုပ်မနေရ လုပ်ဟဆို အထက်က ပြော… အောက်ကလဲ ပြီးစလွယ် တာဝန်ကျေလုပ် ..

အဲဒါတွေက အရင်ခေတ်နဲ့ တူတူ ကျန်ခဲ့ဖို့ ကောင်းပြီဗျ …

တကယ်တော့ မယက တို့ ရဲတို့ဆိုတာလဲ အစိုးရယန္တရားထဲမှာ ပါဝင်လည်ပတ်နေတဲ့ သူတွေပါပဲ …

တကယ်ပြောင်းပြီဆို အထက်က ပြောင်းသလို အောက်က ပြီးစလွယ် တာဝန်ကျေ အမှုအကျင့်တွေလဲ ပြောင်းဖို့ ကောင်းပါပြီ …

နောက် လမ်းဖွင့်ပြီးတော့ လူကြီးတွေက လမ်းပေါ်လျှောက်ကြည့်တယ်ပေါ့ဗျာ ….

သုံးလေးနှစ် မပြင်ပဲ ပြစ်ထားတဲ့လမ်း  နှစ်ဆန်းတစ်ရက်နေ့လောက်မှ အရေးပေါ်ပြင် ၄ ရက်နေ့ဖွင့် နောက်နေ့ ပျက်မဲ့လမ်းကိုပေါ့ ..။ ဘာလုပ်ရတယ်မှတ်သတုန်း … ရှေ့က ကောင်မလေးတွေက ပန်းကျဲပေးရတယ်ဗျာ …..။

တကယ်တော့ စည်ပင် သူ့အလုပ်သူလုပ်ပြီး လမ်းခင်းတာ… မယက က လာဖွင့်တာ ဘာပန်းကျဲစရာလိုတုန်း … အထက်ကို ဖားတဲ့ အကျင့်တွေလဲ မပျောက်သေးဘူးနော်….။ တကယ်တော့ အဲဒီလို ဖားတာလဲ ပြည်သူထဲက ကောင်တွေပါပဲ …။ ပြည်သူအားလုံးကို မဆိုလိုပါဘူး …။အဲဒီလို ကိုယ့်တာဝန်ကိုယ်လုပ်တာကို အောက်က မျက်နှာလို မျက်နှာရ ဖားတဲ့သူတွေ ရှိနေသရွေ့ မြန်မာနိုင်ငံ တိုးတက်ဦးမှာ မဟုတ်ပါဘူး … ။

အဲဒီတော့ သူများကိုပဲ ပြောင်းလဲပါ ပြောင်းလဲပါ … ထိုင်အော်နေလို့ မဖြစ်တော့ဘူး … ကျွန်တော်တို့ ကိုယ်တိုင်လဲ ပြောင်းလဲဖို့ လိုပြီထင်တယ် …။

24 comments

  • small cat

    January 6, 2012 at 8:43 pm

    ဟုတ်တာပေါ့မောင်ဆန်းရယ်၊ အသိအမြင်အတွက်လေးစားပါတယ်။

  • မှော်ဆရာ

    January 6, 2012 at 9:15 pm

    အဲဒီလိုမျိုးလေးတွေပြောချင်နေတာ ကြာပြီ …
    ကြောက်လို့ဗျ …. ဟီ ဟိ
    ပြောပေးတာ ကျေးကျေး …

  • memeseku

    January 6, 2012 at 9:51 pm

    သိတယ်မလား…….သူတို့မှာကအလုပ်မရှိတော.အယောင်ရာဆီလူးနေကြတာ……..အရှက်မရှိတဲ.ဗိုက်ရွှဲ..ငတုုံးတွေ….

  • naywoonni

    January 6, 2012 at 10:25 pm

    ဟုတ်တာပ…..။ တစ်ကယ်လည်းကောင်းအောင်လုပ်နိုင်တာမဟုတ်ပဲနဲ့ စေတနာမပါပဲညာနေတာတွေရပ်သင့်ပြီ …။ ဒါမျိုးများများပြောပေးသင့်တာပေါ့………..။

  • MaMa

    January 6, 2012 at 10:37 pm

    တောင်တန်းက
    မောင်ဆန်း တဲ့ ကွ။
    ရှောင်စမ်း ကွဲ့
    ပန်း (ကြဲ) လမ်း… 😀

    • မှော်ဆရာ

      January 6, 2012 at 11:01 pm

      မှတ်ထားလော့ မောင်ဆန်း
      ကျဲ နဲ့ မရေးရဘူး ကြဲ နဲ့ ရေးရတယ် …
      မမ လာပြီနော် …. မမ လာပြီနော်….

      • Khin Latt

        January 7, 2012 at 6:57 am

        သူတို့ ဘာပြောတယ် ဆိုတာ အရင်က သဘောမပေါက်ဘူး။
        အခုတော့ သိပြီ Spelling Checker ကို ဒီရွာထဲမှာ ON ထားတာကို။
        ကဗျာ လဲ ရသကိုး။ ဂုဏ်ယူပါတယ် မမ ရေ။ 😀

        • မှော်ဆရာ

          January 7, 2012 at 8:35 am

          အခုတော့ ကျွန်မ သိပြီ …. 🙂

        • MaMa

          January 7, 2012 at 8:31 pm

          မလတ်ရေ-
          အထင်မကြီးနဲ့။ သူများလို အင်္ဂလိပ်စာ သင်ခန်းစာ မရေးနိုင်လို့ ဖိုရမ်မှာ သတ်ပုံလေ့ကျင့်ခန်းလေးတွေ ရေးနေတာပါ။
          ကဗျာကလည်း စာရေးသူကို အားပေးချင်လွန်းလို့ ဖြစ်ညှစ်ထုတ်ထားရတာ။ 😀

        • တောင်တန်း က မောင်ဆန်း

          January 7, 2012 at 8:40 pm

          ဘာပဲပြောပြော စီနီယာကြီးတွေရဲ့ ဆုံးမပဲ့ပြင်မှုကို ခံစားရတာ ဂုဏ်ယူပါတယ် ခင်ဗျာ ..
          နောက်လဲ အမြင်မတော်ရင် ဆုံးမ ကြပါ..
          အမြင်တော်ရင်လဲ မုန့်ဖိုးပေးကြပါ …

  • မှန်တဲ့ စကားမို ့လေးစားရပါ၏ မောင်ဆန်းရေ။တကယ်တော့ စေတနာမပါတဲ့ ကတ္တရာမပါ ဟန်ပြလမ်း
    ကား မနက်ဖြန်ပျက်မည်တည်း။

  • Gipsy

    January 6, 2012 at 11:16 pm

    အလကားပါဗျာ…
    အာပလာတွေ…
    အားလုံးပြီးလို့ ညနေစောင်းရောက်ရင် အရက်ဝိုင်းနဲ့ အောင်ပွဲခံကြဦးမှာ…
    မောင်ဆန်းရေးလို့ ပုံဖော်ကြည့်တာ တကယ့်ပုံရိပ်တွေ မြင်နေရတယ်ဗျာ…။

  • Thel Nu Aye

    January 7, 2012 at 10:17 am

    အောင်မယ်။ ဖဲကြိုးဖြတ်တာများလွယ်မှတ်လို့။ သူ့တို့ ( စည်ပင်၊မယက၊ရဲ ) ကိုဖဲကြိုးဖြတ်ခ ( ခြေကြွခ ) ပေး ရသေးတာ။ ဘယ်ဟာမှအလကားမရပါ။

  • char too lan

    January 7, 2012 at 6:14 pm

    အဲ့ဒါကြောင့် နိုင်ငံကျော်ကပ်ဖား ဆိုပီး စကားလုံးပေါ်လာတာပေါ့
    သံတွဲက အဖွဲ ့တွေဆီကလေ …………. 😀 😀

  • ကိုရင်စည်သူ

    January 7, 2012 at 8:38 pm

    တောင်တန်းက မောင်ဆန်း
    ထောင်တန်းကို လျော့မတွက်လေနဲ့
    ပန်းကြဲဖို့ မလို
    ဗန်းထဲထည့်ဖို့သာလိုသည်

    စေတနာမပါသော ပေတရာတွေပေါ်မှာလျှောက်နေရတဲ့
    ကိုရင်မိုးတိမ်

    • တောင်တန်း က မောင်ဆန်း

      January 7, 2012 at 8:44 pm

      ဟုတ်ကဲ့ မှတ်ထားပါ့မယ် ကိုရင်မိုးတိမ် ….

  • water-melon

    January 7, 2012 at 9:10 pm

    ဟဲ့ ဘာလို့ပန်းကဲတာလဲ သိလား
    ဖာထားတဲ့ အပေါက်တွေမမြင်အောင် ပန်းကြဲပေးတာဟဲ့
    (စာလုံးပေါင်းမှန်ပါတယ်နော် တော်ကြာ မမရောက်လာမှာစိုးလို့ 😀 )

  • ပေစိ

    January 8, 2012 at 12:18 am

    မသဲနုအေး တွက်ထားတဲ့စရိတ်နည်းနေသေးတယ် ထပ်ပိုတွက်ပေးပါဦး အဲအဲ လမ်းက ပျက်သွားပြီဗျ

  • nature

    January 8, 2012 at 1:03 am

    လူကြီးတွေလာတော့လည်းလေးစားဖို့တော့လိုမယ်ထင်တယ်ဗျ။ ဒါမှ နောက်လမ်းပျက်ရင်ပြင်ပေးချင်တဲ့စိတ်ရှိမှာ။ အဲ …ကြဲတဲ့ပန်းဖိုးကတော့ သိပ်မကုန်လောက်ဘူးထင်တာပဲ။ 🙂

  • padonmar

    January 8, 2012 at 1:06 am

    အားပေးပါတယ် မောင်ဆန်းရေ၊
    ကြည့်သောသူတွေမြင်ပြီး
    မြင်သောသူတွေ ပြောရဲကြစေချင်ပါတယ်၊
    ပြောရဲတာကိုလည်း အပြစ်မမြင်ဘဲ ပြင်သင့်တာတွေပြင်ပေးကြရင် လောကကြီးလှလာမှာပါ။

  • Wow

    January 8, 2012 at 12:11 pm

    အင်း ဘယ်တော့များမှ ဒီအကျင့်တွေပျောက်မှာလဲ မသိဘူးနော်… ဟော လမ်းထိပ်အလှုခံမဏပ်က သီချင်းလာနေတယ် … ဘာတဲ့… “ယနေ့မှစနှစ်တစ်ရာတိုင်ကွယ်” တဲ့…
    😀

    • တောင်တန်း က မောင်ဆန်း

      January 8, 2012 at 12:53 pm

      I Can Change
      WE CAN CHANGE …..

      • မှော်ဆရာ

        January 8, 2012 at 1:01 pm

        ဟုတ်ပါ့ မောင်ဆန်းရယ် …
        ပြောင်းလဲနှိုင်ဖို့ ကြိုးစားရမှာပေါ့
        ကိုယ်စီ ကိုယ်စီ တာဝန်ရှိသပေါ့

  • ဝေးလွင့်တိမ်

    January 12, 2012 at 7:28 pm

    အစဉ်အမြဲပြောင်းလဲနေခြင်းသည် ဘယ်တော့မှမပြောင်းလဲသောအမှန်တရားတစ်ခုသာဖြစ်သည် ။

Leave a Reply