ထေရဝါဒမှနှုတ်ထွက်ရခြင်းအကြောင်းအပိုင်းအစ – ၁

ဘုရားဟောပါဠိတော်+အဌကထာ+ဋီကာ တို့ကို ထေရဝါဒလို့ခေါ်ပါတယ်။အဌကထာဆိုတာဘုရားဟောခဲ့တဲ့ စကားတွေကိုအနက်ဖေါ်ပြတာတွေပါပဲ။အဌကထာလို့ဆိုတဲ့ကျမ်းပြုဆရာတွေရဲ့

ဘုရားစကားအပေါ်မှားမှားယွင်းယွင်း ကောက်ယူဖွင့်ဆိုချက်တွေကြောင့်

ဗုဒ္ဓဝါဒဟာကမာ္ဘမှာ ကျဆုံးခဲ့ရပါတယ်။ နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးဟာ

ဘာသာတရားတိုင်းမှာရှိနေတာတွေပါ။ ဗုဒ္ဓလက်ထက်က ဘာသာရေးဆရာကြီးတွေလည်း

နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးတွေပဲ လမ်းညွှန်ခဲ့ကြသူတွေပဲ၊ ဘာသာတရားတိုင်းရဲ့

အသည်းနှလုံးပါပဲ။ အဲ့ဒီအသည်းနှလုံးမရှိတဲ့ သဘောတရားဟာ ဘာသာတရားမဟုတ်တဲ့

သဘောတရားပဲ။

ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့

ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို

နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ

ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။

ဗုဒ္ဓဟာ ဒါပဲပြောသူဆိုရင်တော့ ဘာမှမယူတဲ့အယူကို ယူသူလို့

ပြောရမှာဖြစ်ပေမယ့် ဗုဒ္ဓက ဒါပဲပြောသူမဟုတ်တာပဲ ဖြစ်တယ်။

လူ့ဒုက္ခရောက်မှုနဲ့ ဒုက္ခရောက်ကြောင်း၊ လူ့လွတ်လပ်ငြိမ်းချမ်းမှုနဲ့

လွတ်လပ်ငြိမ်းချမ်းကြောင်းတွေကို သူပြောတယ်လို့ ပြောခဲ့သူပဲဖြစ်တယ်။

လူမှာဒုက္ခရောက်တာနဲ့ လွတ်လပ်တာအပြင် လေးနက်တာဟာ

မရှိတော့တာပါပဲ။ အဲ့ဒီအချက်လေးချက်ကို အဌကထာကျမ်းပြုသူတွေ

နည်းနည်းလေးတောင် မရိပ်မိကြဘူးဖြစ်နေတယ်။ဒုက္ခရောက်တယ်ဆိုတဲ့

မလွတ်လပ်တာတွေ လူမှာဘယ်လိုဖြစ်သလဲဆိုတာ လုံးဝမသိသူတွေပါပဲ။

လူမှာဒါဟာအရေးကြီးဆုံးပဲ၊ ဒါမသိတော့ ရှေ့ပြော၊ နောက်ပြော၊အထက်ပြော၊

အောက်ပြော အဲ့ဒီအပြောတွေနဲ့ ဝေဆာလှပအောင် ပြောတာတွေထဲ မြောနေ၊

နစ်နေတဲ့ ထေရဝါဒဟာ ယုံကြည်ရုံထက် ဘာအသိအမြင်ဒဿနမှ မရတော့လည်း

ထေရဝါဒမှ နှုတ်ထွက်ရခြင်း အပိုင်းအစ တစ်ခုဖြစ်ခဲ့ရပြီပေါ့။

84 comments

  • we ren thu

    January 18, 2012 at 10:00 pm

    ဦးဉာဏက စိတ်ကစဉ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ စိတ္တဇလူသတ်သမားတွေ၊ ထူးဆန်း မော်ဒန်ဘာသာရေးဂိုဏ်းထောင်ပြီး နောက်လိုက်တွေကို ဂွတီးဂွကျ နေထိုင်နည်းတွေ ညွှန်ကြားတတ်တဲ့ အနောက်တိုင်း ဘိုးတော်တွေထဲမှာလဲ ဒီဝေဒနာသည်တွေ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ဂြိုဟ်မွှေသွားတဲ့ နာဇီအာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာလဲ ဒီရောဂါမျိုး ခံစားခဲ့ရပုံ ပေါ်တယ်။

    -ဘုရားသခင်နဲ့ တွေ့ရအောင်ဆိုပြီး တစ်ရွာလုံးကို အဆိပ်ခတ်ထားတဲ့ အစာတွေကျွေးပြီး သေရွာခေါ်သွားတဲ့ ဘာသာရေးဆရာကြီး–
    -ဘူတာရုံမှာ အဆိပ်ငွေ့တွေလွှတ်ပြီး လူတွေ အစုလိုက်သေစေခဲ့တဲ့ ဂျပန်ဘိုးတော်

    သူတို့တွေလဲ စိတ်ဝေဒနာ တစ်မျိုးမျိုး ခံစားခဲ့ရသူတွေပါပဲ။ အပြောကောင်းတယ်၊ မြှောက်တန်မြှောက် ချော့တန်ချော့ ဟောပြောတတ်တယ်။ သူတို့ဖြစ်စေချင်တာတွေကို စိတ်ထဲက ဖန်ဆင်းထားတတ်တယ်။ type ၂ မျိုး ခွဲခြားရမှာက

    ၁- အုပ်စုက ဖြစ်စေချင်တာတွေ လျှောက်ပြောနေပေမယ့် သူပြောနေတာတွေ မဟုတ်မှန်း သူ့ကိုယ်သူ သိတယ်။ ဥပမာ သူနဲ့ မတည့်တဲ့သူ အလုပ်ပြုတ်ပြီ၊ ထောင်ကျသွားပြီ၊ ဇနီးကလဲ လင်ငယ်နေပြီ စသဖြင့် မလိုသူ သိက္ခာကျအောင် ဇာတ်လမ်းဆင် ပြောတာမျိုး။ သူဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ ကျိကျိတက် ချမ်းသာခဲ့တယ် စသဖြင့် သူ့ကိုယ်သူ အမွှန်းတင်တာမျိုး။ ယုတ္တိရှိရှိ ဖိန့်နေပေမယ့် မဟုတ်ဘူးဆိုတာ စိတ်ထဲက သူ့ဟာသူ သိတယ်။

    ၂-အုပ်စုက သူ့ရဲ့ ထင်ယောင်ထင်မှား hallucination တွေကို သူ့ဟာသူ တကယ်ထင်သွားတာမျိုး။ ၁-အုပ်စုကနေ ကြာလာတာနဲ့အမျှ အနည်းနဲ့အများ ၂- အုပ်စုထဲ ရောက်သွားတတ်တယ်။ သူ လိမ်နေရတာတွေကို သူ့ဟာသူ ကြာတော့ အမှန်ထင်ပစ်လိုက်တာ။ ထင်သွားတာ။

    ဦးဉာဏက ၁ အုပ်စုဝင် အဖြစ်နဲ့ သူ့စိတ်ဝေဒနာကို အစပျိုးခဲ့တာလို့ ကောက်ချက်ဆွဲမိတယ်။ အဲဒီအချိန်က သူ့ကို အနီးကပ် ဆက်ဆံဖူးခဲ့ရင်တော့ အဲဒီကတည်းက သူဟာ ကိုယ်လိမ်တာ ကိုယ့်ဟာကိုယ် ပြန်ယုံနေတဲ့ ၂ အုပ်စုဝင် ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆန်းစစ်နိုင်လိမ့်မယ်။

    ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာကြီး ဖြစ်ပြီလို့ ၁၉၈ဝ ဝန်းကျင်ကာလတွေမှာ ကြေညာခဲ့တယ်။

    schizophrenia ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်လို့ အရပ်သုံး သုံးရလိမ့်မယ်။ သွက်သွက်ခါသွားတဲ့ အချိန် မဟုတ်ရင် လူနာဟာ လူကောင်းတွေနဲ့ ရောနှောနေလို့ရတယ်။ ဆရာကြီးတစ်ဆူတောင် ဖြစ်နိုင်တယ်။

    စကားပြောရင်လဲ ငါ့စကားနွားရ၊ စားတာနေတာမှာလဲ ရာဂကို ဘယ်လိုမှ ဖုံးမနိုင်ဖိမရ လွှတ်ထားတတ်တဲ့ ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာလို့ ကြော်ငြာပေမယ့် သူ့စကား သူ့အမူအရာနဲ့တင် ယုတ္တိမတန်မှန်းလဲ သူသိတယ်။ ပုဆိုးမနိုင်အောင် ရူးတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင်ဆိုတော့ တွေးနိုင်ခေါ်နိုင် တွက်ချက်နိုင်စွမ်း Analytical skill ကလဲ ရှိသေးတယ်။ သူ့စကား ယုတ္တိမတန်ရင် ဖုံးတတ်ဖိတတ် တန်ဆာဆင်တတ်တယ်။

    ရဟန္တာဆိုတာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းသူကို ခေါ်တယ်ဆိုတော့ ဦးဉာဏ ခက်ပြီ။ ချုပ်ငြိမ်းဖို့ဝေးလာဝေး သူများထက် ပိုတောင်နေသေးတဲ့သူဆိုတော့ ဟန်လုပ်ဖို့ကလဲ ဒီနေရာမှာ သူ့အတွက် မလွယ်။

    လွယ်ပါတယ်။ သူ့ကိုယ်သူ ပြင်လို့မရရင် တရားကို ပြင်ပစ်လိုက်တာပေါ့။ ကိလေသာကုန်အောင်လုပ်ဖို့ ဘုရားမဟောဘူးလို့ လုပ်ချလိုက်တယ်။ ကောင်းရော။ ဒီလိုနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ကိလေသာတန်းလန်းနဲ့ ရဟန္တာကြီး ဦးဉာဏ ၂ဝ ရာစုမှာ ပေါ်ထွန်းလာရော။

    ငါးပါးသီလလဲ ဦးဉာဏခမျာ မလုံရှာဘူး။ ဒီတော့ ငါးပါးသီလ မထိန်းနိုင်တဲ့ ရဟန္တာကြီး ဦးဉာဏခမျာ သူထိန်းနိုင်အောင် သီလအသစ်အဆန်းတွေ ထွင်ရပြန်ရော။ ငါးပါးသီလမှာ သူပြင်ပစ်လိုက်တာ တစ်ပါးမှ အကောင်းမကျန်တော့ဘူး။

    • ကိုသစ္စာ

      January 25, 2012 at 4:27 pm

      ဓမ္မဝိဟာရီဆရာတော်အပေါ် we ren thu ထင်မြင်စွပ်စွဲချက်များဟာ ပြောင်းပြန်ဖြစ်နေပါတယ်။

      ( စိတ်ကစဥ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ )

      ဆိုတဲ့ လက္ခဏာတွေအားလုံးဟာ ယနေ့ရိုးရာထေရဝါဒက ဘုရားဟောနဲ့ထပ်တူဆိုပြီး ဆရာကြီးတင်နေတဲ့ သီဟိုခေတ် စိတ်ကူးယဉ် စာရေးဆရာဘုန်းကြီးတွေမှာ အကုန်တွေ့ရပါတယ်။ ကောင်းကင်မှာတကယ်မရှိတဲ့နတ်တွေ၊ မြေကြီးအောက် တကယ်မရှိတဲ့ ငရဲတွေကို တကယ်ရှိတယ်ထင်ပြီး လူတွေကို တွေကို ရှောက်ဟောနေတာ အဲဒီရောဂါလက္ခဏာတွေပါ။ ဘုရားမဟောပါပဲနဲ့ ဘုရားပဲဟောခဲ့သယောင်ယောင် ဘုရားတောင် အဖော်ဆွဲထည့်လိုက်သေးတယ်။ တော်တော်ကြောက်စရာကောင်းတဲ့ရောဂါပဲ။
      ဒီဘုန်းကြီးတွေအယူကို တရားသေလှေနံဓားထစ်ယူထားတဲ့ ယနေ့ ရိုးရာထေရဝါဒီတွေလည်း တကယ်မရှိတာတွေကို တကယ်ရှိ တယ်လို့ စိတ်ထဲမှာ စွဲနေတဲ့ စိတ်ကစဥ့်ကလျားရောဂါ ( schizophrenia ) တောင်ထင် မြောက်ထင် စိတ္တဇ ရောဂါတွေ ဖြစ်နေကြတာ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ we ren thu။ တော်တော်ဝမ်းနည်းဖို့ကောင်းပါတယ်။

      ဓမ္မဝိဟာရီဆရာတော်က ဗုဒ္ဓရဲ့ အရိယသစ္စာတရားအတိုင်း အဲဒီစိတ္တဇတွေကို ပျောက်အောင် ကုပေးနေတာပါ။
      ဓမ္မဝိဟာရီဆရာတော်ဟောကြာချက်တွေထဲမှာ စိတ်ကူယဉ်ပြီးမှ သိရမယ့် သဘောတွေတစ်ခုမှ မပါပါဘူး။ ကိုယ့်အမှန်လုပ်နေတဲ့ ကံ (သင်္ခါရ) တွေကို ကိုယ်ကိုယ်တိုင် သိနိုင်တာမို့ ကိုယ်သိနိုင်တာတွေကိုပဲ မိစ္ဆာမဂ္ဂင်တွေကနေ သမ္မာမဂ္ဂင်တွေဖြစ်အောင် ဟောပြောပေးမှုတွေဟာ သိတတ်တဲ့မည်သူမဆို သိနိုင်ပါတယ်။
      ဒါ့ကြောင့် ဘယ်သူတွေက လူမသိနိုင်တာတွေနဲ့ဟောပြီး ဘယ်သူက လူသိနိုင်တာ လူကျင့်နိုင်တာပဲဟောတယ်ဆိုတာ ကွဲပြားဖို့ ဓမ္မဝိဟာရီဆရာတော်ဟောကြားခဲ့တဲ့ တရားတွေကို http://www.ariyathitsa.org/ မှာ သေသေချာချာ လေ့လာမယ်ဆိုရင် တကယ်မရှိတာတွေကို တကယ်ရှိတယ်လို့ စိတ်ထဲမှာ စွဲနေတဲ့ စိတ်ကစဥ့်ကလျားရောဂါ ( schizophrenia ) တောင်ထင် မြောက်ထင် စိတ္တဇရောဂါတွေ ပျောက်ကင်းသွားပြီး ဗုဒ္ဓဟောကြာခဲ့တဲ့ နတ်ဆိုတာ ဘယ်လို၊ ငရဲဆိုတာ ဘယ်ပုံဆိုတာ ကွဲပြားပါလိမ့်မယ်လို့ ရဲရဲကြီး အာမခံပါတယ် we ren thu ခင်ဗျာ။
      ငါးပါသီလတို့၊ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတို့ ၊ ရဟန္တာရဲ့သဘောတို့ကို
      ဂျိန်းအယူလွှမ်းနေတဲ့ ရိုးရာထေရဝါဒအသိအမြင်နဲ့ ဗုဒ္ဓရဲ့ အရိယသစ္စာအမြင်နဲ့ မတူပါကြောင်း ကွဲပြာဖို့ သေသေချာချာလေ့လာလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

  • ဂျက်ကီချီးပေ

    January 18, 2012 at 10:23 pm

    ဟာ!!!!!!!!!!!!!!!!!! လူတွေ တော်တော်လျှာရှည်တာဘဲ
    သူ့ဘာသာသူထွက်တာ ရွာသဂျီးကောက်ရိုးပုံ မီးအရှို့ခံရသလို ဖြစ်နေလိုက်ကြတာ
    ဒါနဲ့ စကားမစပ် ခရီးသည်ကြီး ထွက်ပြီးတော့ ဇာတ်ပွဲထောင်မလို့လား
    ခင်ဗျားတော့ ဘယ်လိုနေလဲမသိဘူး
    ကျန်ခဲ့တဲ့ ဆရာကြီးတွေတော့ သူတို့ယောက္ခမသေလို့ အမွေလုနေကြလိုဘဲ
    လက်တစ်ကမ်းမှာသာ ရှိကြရင် ဓားတွေနဲ့ ခုတ်ကြမယ်ထင်တယ်
    မြင်းစီးပြီး ပြေးမှ
    ဒက်ဂလောက် ဒက်ဂလောက်

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 10:49 pm

    ဘာသာရေးဆိုတာနက်နဲတဲ့အရာဖြစ်လင့်ကစား ဘယ်ဘာသာကကောင်းတယ် မကောင်းဘူးလို့ မပြောလိုပါဘူး ကိုယ်တိုင်သိ ကိုယ်တိုင်ကျင့် အမှန်တိုင်းသိမြင်ရင်ကောင်းပါတယ်။
    မဖြစ်စလောက်အမြင်လေးနဲဘာသာရေးတွေပုတ်ခက်တာတော့မကောင်ဘူးလို့ထင်ပါတယ်
    တကယ်ဘာသာရေးကိုသိချင်တယ်ဆိုရင် ကိုယ်နှစ်သက်တဲ့ဘာသာတရားကို ကျင့်ပါ
    ကိုယ့်အတွက်ကောင်းမွန်တယ် အကျိုးရှိတယ် သံသရာရဲ့ကုန်ဆုံးရာ အေးချမ်းရာ ထွက်မြောက်ရာဖြစ်တယ်ဆိုရင် ကောင်းမွန်တဲ့ဘာသာတရားပါပဲ အဲလိုမှမဟုတ်ပါဘဲနဲ့
    သူများပြောတိုင်ဟိုဟာစပ်စပ်ဒီဟာစပ်စပ်မြည်းစမ်းပြီးဘာသာတရားတွေကိုပုတ်ခက်နေမယ်ဆိုရင်ကိုယ့်
    အတွက်ဘေးကျိုးဖြစ်ရုံကလွဲပြီးဘာမှဖြစ်မလားပါ။ ဘယ်ဘာသာကိုယူမှ မဟုတ် နေ့စဉ်နှင့်အမျှတရားတွေချည်းပါပဲ မယုံရင်သေချာကြည့် မြင်အောင်ကြည့် သေချာအောင်ကျင့်လိုက်ပါ။ အကျိုးထူးလာပါလိမ့်မည်…။

  • realman

    February 16, 2012 at 2:38 pm

    လူတွေရဲ့ဘာသာရေးအသိအမြင်တွေကျယ်လာလို့ အရင်လို တယူသန်ထေရဝါဒီတွေတစ်ဖက်သတ်ပြောတိုင်းမယုံကြတော့ပါ။ ယနေ့ခေတ်မှာနှိုင်းယှဉ်လေ့လာစရာအသိတွေက များလာတဲ့အတွက် ယခုလိုမျိုုးတွေဖြစ်လာဟာ မဆန်းပါဘူး။ အစွန်းရောက်ထေရဝါဒီတွေအကြောင်းကို သိရှိနိုင်ရန်အတွက်
    http://www.myanmargazette.net/author/realman ရှိ
    post တွေကို လေ့လာဖို့ ထပ်ဆင့် ညွှန်ပြလိုက်ပါတယ်။

  • realman

    February 16, 2012 at 2:39 pm

    လူတွေရဲ့ဘာသာရေးအသိအမြင်တွေကျယ်လာလို့ အရင်လို တယူသန်ထေရဝါဒီတွေတစ်ဖက်သတ်ပြောတိုင်းမယုံကြတော့ပါ။ ယနေ့ခေတ်မှာနှိုင်းယှဉ်လေ့လာစရာအသိတွေက များလာတဲ့အတွက် ယခုလိုမျိုုးတွေဖြစ်လာဟာ မဆန်းပါဘူး။

Leave a Reply