ငါ့ကိုယ်စားဖြေပေးပါ…………

naywoon niJanuary 6, 20121min684

မရှိတာထက် မသိတာကပိုခက်သတဲ့
ရှိကို မရှိတာ
အဲဒိမရှိတာကို သိတယ်လေ……….။
ဘယ်သွားသွား
ဘာလုပ်လုပ်
ဘယ်သူနဲ့စကားပြောပြော
ဘယ်စာဖတ်ဖတ်
မရှိတာတွေချည့် လှစ်ဟပြနေတော့တာပါပဲလား……။
မသိတာကစိတ်
မရှိတာကရုပ်
“ ရုပ်ကမှမလှတာဟာ
မမြင်ရတဲ့…….
စိတ်ကိုပဲ အရင်ပြင်ရမှာလား
ရုပ်အပြလှအောင်အရင်မပြင်သင့်ဘူးလား…….” တဲ့
ကဲ……….
နင်ငါ့ကိုယ်စားဖြေလိုက်စမ်းပါ…..။

နေဝန်းနီ

4 comments

  • naywoonni

    January 7, 2012 at 8:37 pm

    အင်းးး ငါ့ကိုယ်စား ဘယ်သူမှလာဖြေမပေးကြပါလား ကံဆိုးလေ စွ…..။

    • ငပေါက်ဖော်

      January 7, 2012 at 9:08 pm

      ပိုက်ချံရှိရင် ကိုဒီးယားသွားပြီး ရုပ်ပြင်လို ့ရဒယ်
      အေး.
      ပိုက်ချံရှိပြီး ပြင်လို ့မရတာ ချိတ်..
      အဲတော့..
      ပြင်ရခက်တဲ့ ချိတ်ကို အရင် ပြင်ဘာ
      ပုံ
      အာပုံ
      😆

      • windtalker

        January 7, 2012 at 9:33 pm

        ဟောဒီက အားဘုံတွေ နော
        ပုလင်းလေး လှုပ်ပြီးငှဲ ့
        ပြီးရင် မြည်းလို ့ကောင်းတဲ့
        အားဘုံ
        ( အဲဒါ အဖြေ ပေးတာဘဲ ဘိုနီရေ )

  • MaMa

    January 7, 2012 at 9:19 pm

    “ရုပ်အပြလှအောင်အရင်မပြင်သင့်ဘူးလား…….” တဲ့
    ဘယ်ဟာ ပြင်သင့်သလဲတော့ မသိဘူး။
    ပလပ်စတိတ် ဆာဂျူရီတွေတော့ တော်တော်ခေတ်စားလာတယ်။ 😀

Leave a Reply