ကူညီကြပါဦး

kyawmonkhantJanuary 6, 20121min964

မန်းဂေဇက်ကို မော်ဇီလာနဲ့ ဖွင့်လို့မရလို့၊ မရတာ နှစ်ပတ်ကျော်လောက်ရှိနေပြီ။ ပိတ်ထားတဲ့ ပုံတော့မဟုတ်ဘူး။ အရင်ဆို ဝင်ရတာ အဆင်ပြေတယ်။ အခု ultrasurf နဲ့ဖွင့်မှရတယ်။ ဒါလဲ အမြဲတမ်းဖွင့်လို့မရပြန်ဘူး။ ပို့စ်တင်လို့လဲ မရဘူးဖြစ်နေတယ်။ ခေါင်းစဉ်တော့ရေးလို့ရတယ်။ အောက်ကစာသားတွေကြတော့ မြန်မာဖောင့်ကမပေါ်ပြန်ဘူး။ လေးထောင့်တုန်းလေးတွေဘဲ ပေါ်တယ်။ အခုရေးလိုက်တဲ့ဟာကတော့  word နဲ့ရေးပြီး၊ ကော်ပီလုပ်၊ ပေ့စ်တ် လုပ်ပြီးတင်ရတယ်။ စာသားအကွက်ထဲရောက်တော့ လေးထောင့်တုန်းလေးတွေဘဲ ပေါ်တယ်။ ပြင်ချင်လို့လဲမရ။ ခရီးသွားပို့စ်လေး တင်ဖို့လုပ်ထားတာ။ ကံဆိုးချင်တော့ MG က ဖွင့်မရဘူးဖြစ်နေတယ်။ email ကလဲပျက်သွားပြီ။ ဝင်လို့မရတော့ဘူး။ သုံးတဲ့လိုင်းကတော့ wimax နဲ့သုံးပါတယ်။ ဆိုင်တွေမှာတော့မသိဘူး။  ဘာကြောင့်ဖွင့်မရလဲ ဆိုတာ သိရင် ကူညီကြပါဦး။ ကျေးဇူးတင်ပါတယ်။

4 comments

  • မှော်ဆရာ

    January 6, 2012 at 11:22 pm

    မော်ဇီလာထဲက tools>advance > network > setting ထဲမှာ proxy ခံထားလို့ ဖြစ်မယ်ထင်တယ် ..
    ပရောက်ဇီ ခံထားရင် အကုန်လုံးကို ဖျက်ပြီး no proxy နဲ့ ဝင်ကြည့်ပါဦး …
    မြန်မာဖောင့် ကိစ္စကတော့ tools > contents အောက်က ဖောင့်မှာရော ဘေးက advance ထဲမှာရော ဇော်ဂျီဖောင့်ကို ရွေးပေးပါ …

  • kyawmonkhant

    January 7, 2012 at 7:20 am

    ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် တခုမှတော့ အဆင်မပြေဘူးဗျာ။ ပရောက်ဇီကို Auto detect နဲ့လုပ်ထားတယ်။ ခု No proxy နဲ့ပြောင်းကြည့်တယ်မရဘူး။ ဂေဇက်ဖွင့်လိုက်တိုင်း The connection was reset. လို့ဘဲ ပေါ်နေတယ်။ The voice ဂျာ နယ်လဲ ဖွင့်မရဘူး။ အရင်ကတော့ အားလုံးအဆင်ပြေတယ်။ မန်းဂေဇက်ဆို မြန်မှမြန်။ ဒေါက်တာလွဏ်းဆွေဘလော့တောင်ဖွင့်လို့ ရတယ်။ ဂေဇက်က ဘာဖြစ်သွားမှန်းကို မသိတော့ဘူး။ ဖောင့်ကိစ္စလဲ ကွန်မန့်ရေးတာကျရတယ်။ post တင်ဖို့လုပ်တော့ မရဘူး။ ဆရာမှော်ပြောသလို tool ကနေဝင်ပြင်လဲမရဘူး။ လေးထောင့်တုံးလေးတွေဘဲပေါ်တယ်ဗျာ။ ဒါ တောင် ultrasurf က အဆင်ပြေတဲ့ အချိန်မို့ရတာ။ သူကလဲ စိတ်မချရဘူး။ အမြဲဖွင့်လို့ရတာမဟုတ်ဘူး။ ဂေဇက်ဖတ်ဖို့တောင် မလွယ်ဘူးဖြစ်နေတယ်။ ကျနော်တယောက်တည်းဖြစ်နေတာလားမသိပါဘူးဗျာ။ ကျန်တဲ့ ရွာသားတွေဆီက ဘာသံမှ မကြားမိလို့။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ ဆရာမှော်။

  • htoosan

    January 7, 2012 at 10:55 am

    Red Link က wimax ဆိုရင်တော့ ကျွန်တော်ရော ။ ဘဖောရော၊ နောက် သူတို့ (red link , help desk) မှာပါ မရပါ။
    ကျော်သုံးပို့ဘဲ ပြောပါတယ် ။ ကျော်သုံးရင် connection နှေးပြီး တစ်ခါတစ်ရံ မန့်လိုလဲမရပါ။
    http://www.stupidcensorship.com နဲ့ ကျော်ဝင်ပါ ။ http://www.btunnel.com နဲ့လည်း ကျော်လို့ရတယ်လို့ ပြောပါတယ် ။

  • kyawmonkhant

    January 7, 2012 at 3:58 pm

    ကျေးဇူးဘဲ ကိုထူးဆန်းရေ။ ခုလိုသတင်းပေးတဲ့အတွက်။

Leave a Reply