ကျွန်တော်နှင့် ကျွန်တော့်ချစ်သူများ

စဆရ ႀကီးJanuary 6, 20121min11626

မေမြို့ဆောင်းသည်ကား အေးမြလွန်းလှပေစွ။ နှင်းဟု အလွယ်တကူခေါ်ကြသော ရေငွေ့ရေမှုန်များသည် ပါတ်ဝန်းကျင်တွင် ရစ်သိုင်းမှိုင်းဝေနေသည်မှာ ရှေ့တစ်လံမျှကိုပင် ရေးရေးသော်မျှ မမြင်နိုင်ရှိတော့သည်။ မယ်ဇလီပင်များထက်မှ ပင့်ကူမျှင်ကြိုးများဖြင့် တွဲလောင်းကျနေသော ခူယားကောင်များသည်လည်း လမ်းမထက်တွင် တွဲလောင်းချိတ်လျက် ရှိနေသည်။ ပြောရလျင် ကဗျာနည်းနည်းမှ မဆန်သော ဆောင်းမနက်ခင်းတစ်ခုဖြစ်သည်။ မြို့ကြီးသည်ကား တိတ်ဆိတ်ငြိမ်သက်ခြင်း ဝတ်ရုံလွှာကို ခပ်ပါးပါး လွှမ်းခြုံရင်း အိပ်မောကျနေတုန်းပင်ရှိသည်။

……………………………………………….. ×× ………………………………………………..

ကတ္တရာလမ်းပေါ် ဖိနပ်ရိုက်ခတ်သံများဖြင့် တိတ်ဆိတ်နေသော နံနက်ခင်းနှင့် ပိတ်ဆိုင်းနေသော နှင်းမှုန်များကို ဖြိုခွဲပြီး လူနှစ်ယောက် တိုးထွက်လာလေသည်။ အနွေးထည်ကိုယ်စီ၊ အားကစားဝတ်စုံကိုယ်စီဖြင့် နံနက်စောစော အပြေးလေ့ကျင့်နေသော ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ယောက်မှာ ပြေးရင်း၊ စကားပြောရင်းနှင့် တစ်မနက်စာ လေ့ကျင့်ခန်းပြီးဆုံးရာ ကန်တော်လေး ကန်ဘောင်ပေါ်သို့ ရောက်ရှိတော့သည်။ ကန်ဘောင်တစ်လျှောက် ဖြတ်သန်းလာသော လေနုအေးကို တစ်ဝရှူပြီး လေ့ကျင့်ခန်းအနည်းငယ်ခန့်မျှ လုပ်ပြီးသည့်အချိန်တွင်မတော့ အရှေ့အရပ်မှ အလင်းရောင်သည်လည်း အနည်းငယ်မျှ ပြူထွက်လာလေပြီဖြစ်သည်။

ထိုလူငယ်နှစ်ယောက်မှာ လေ့ကျင့်ခန်းပြီးဆုံးပြီးနောက် အဆောင်ရှိရာသို့ တစ်ဖြည်းဖြည်း လမ်းလျှောက်ပြီးပြန်လာတော့သည်။ ပါတ်ဝန်းကျင်တွင်လည်း အနည်းငယ် လင်းလင်းထင်းထင်းပြုစဖြစ်လာပြီဖြစ်သည်။ နှင်းမှုန်များမှာတော့ ဟိုတစ်စ၊ ဒီတစ်စဖြင့် နေရာအနှံ့အပြား ကြွင်းကျန်နေလေဆဲ….။

၎င်းတို့နှစ်ဦးမှာ စာပန်းအိမ်ဘော်ဒါဆောင်တွင် Guide ဆရာအဖြစ်လုပ်ကိုင်နေကြသော ကိုရင်ရှူံးနှင့် ကျော်သူဟိန်းတို့ဖြစ်ကြသည်။ ဝါသနာအရ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ကြသော်လည်း လေ့ကျင့်ခန်းအပြီးတွင်မတော့ ရေနွေးပူပူလေးတစ်ခွက်၊ ရှမ်းခေါက်ဆွဲလေးတစ်ပွဲကို အပီဆွဲပြီး ဆေးလိပ်လေးဖြင့် ပိတ်လိုက်ရမှ ကျေနပ်တော့သည်။ ဆောင်းနံနက်ခင်းတွင် ရှမ်းခေါက်ဆွဲပူပူနွေးနွေးလေးကိုစားပြီး ရေနွေးလေးတစ်ခွက်ဖြင့် ငြိမ့်ရသည့်အရသာမှာ ခုတိုင်အောင် ပြန်ရှာမတွေ့နိုင်အောင် စွဲဆောင်နိုင်လွန်းလှသည်။ စားနေကျ အဆောင်နှင့် မျက်စောင်းထိုးတွင် ဖွင့်ထားသော ဆိုင်းဘုတ်မတပ်ထားသည့် ဆိုင်လေး၏ စားပွဲခုံပုလေးကိုဆွဲယူလိုက်ပြီး အဆောင်ရှိရာ လမ်းမဘက်ကို မျက်နှာပြုပြီး လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေသော အရွယ်စုံ၊ ဆိုဒ်စုံလေးများအား ငမ်းပြီးသွားရည်ကျသမျှကို ရေနွေးပူပူဖြင့် မျှောချရင်း နံနက်ခင်းတစ်ခုကို ဖြတ်သန်းနေမိတော့သည်။

ထိုအချိန်တွင် အဆောင်အတွင်းမှ ဆံပင်တိုတို၊ ဘောက်ဆတ်ဘောက်ဆတ်နှင့် ကောင်မလေးလော ကောင်လေးလော မသိတစ်ယောက်ထွက်လာလေ၏။ ကိုရင်ရှူံးသည်ကား ထိုအရာသည်ကား ကောင်မလေးဖြစ်ကြောင်း သေချာသိ၏။ သတင်းပင် သဲ့သဲ့ကြားထားဖူးလေသည်။ ကြားဖူးဆို ကိုရင်ရှူံးတို့လို Guide ဆရာများထဲမှ တစ်ယောက်ပင်ဖြစ်သောကြောင့်ဖြစ်သည်။ ကျော်သူဟိန်းမှ ကိုရင်ရှူံးအား လက်တို့ပြီး မေးငေါ့ပြသည်။

“မင်း အဲဒီကောင်မလေးကို စိတ်မဝင်စားဘူးလား “

ကိုရင်ရှူံးမျက်နှာ အီးမှန်ခံလိုက်ရသလိုဖြစ်သွားတော့သည်။ မေးမှ မေးရက်ပေတယ်ဟု။ စိတ်ထဲမှလဲ ကျိန်ဆဲမိပြန်သေးသည်။ ထိုကောင်မလေး လက်သံပြောင်တာ သတင်းကြားပြီးကတည်းက ခပ်ဝေးဝေးမှသာ ရှောင်နေမိသည်။ အဆောင်သူဘဝတုန်းက သူမကျေနပ်သည့် အဆောင်မှူးအား လက်သီးဖြင့် ထ ထိုးသည်ဟူသတတ်။ ကိုယ့်အလှည့်ကျရင်လဲ မေးရိုးက သိပ်မခိုင်ချင်တာနဲ့ မဖြစ်သေးပါဘူးလေဟု မစားကောင်းသည့် အသီးအဖြစ် ခပ်ဝေးဝေးမှပင်နေနေခြင်းလဲဖြစ်သည်။ တစ်ခြားသောသူများလဲ ထိုသို့ပင်ရှိပေလိမ့်မည်။ ယခုထိ ထိုကောင်မလေးအား ဘယ်ယောကျာ်းသားမှ ချစ်ရေးဆိုသည်ဟု မကြားမိသေး။ ထို့ကြောင့်ပင် ယင်ဖိုတောင် မသမ်းဖူးသေးသော အရိုင်းပန်းလေး သက်သက်သာ ဖြစ်သည်။ ဒီနေရာတွင် ပန်းလေးတစ်ပွင့်နှင့် နှိုင်းယှဉ်မိသော်ငြား သူမသည်ကား သဇင်ပန်းကဲ့သို့ နွဲ့နွဲ့နှောင်းနှောင်းရှိသော ပန်းကလေးမဟုတ်ပါပဲ နေကြာပန်းကဲ့သို့ တုတ်တုတ်ခိုင်ခိုင်၊ ငွားငွားစွင့်စွင့် ပန်းကြီးသာဖြစ်တော့သည်။

ကျော်သူဟိန်းမှ ကိုရင်ရှူံးဖြစ်ပျက်သွားသည်ကို မြင်ပြီး အနည်းငယ် အထွန့်တက်လာပြန်လေသည်။

“မင်းကလဲကွာ… ယောကျာ်းမဟုတ်တာကျနေတာပဲ၊ အဲဒီကောင်မလေးကို ရည်းစားစကားတောင် မပြောရဲဘူးလား”
“ဘာ…….”

ကိုရင်ရှူံးမှ အသံပြဲကြီးဖြင့် ပြန်အော်လိုက်သောကြောင့် ကျော်သူဟိန်းလဲ ဇက်ပုဝင်သွားသည်။ ရှမ်းတို့သွေး ရဲရဲနီသည်ကို ဒင်း မသိလေသလားဟုလည်း နာလိုခံခက်ဖြစ်တော့သည်။ ကျော်သူဟိန်းမှ လေပြေအေးဖြင့် တရားချသည်။ ထိုကောင်မလေးမှာ အရိုင်းလေးသာဖြစ်ကြောင်း၊ ထိုကောင်မလေးလို မိန်းကလေးထံမှ အချစ်ကို ပိုင်ဆိုင်ရလျင် တစ်သက်တာ စိတ်အေးနိုင်ကြောင်း၊ ကျွန်တော်နှင့်ဆိုလျင်လည်း အတော်လေး လိုက်ဖက်ကြောင်း၊ (ဒါတော့ ဖြစ်နိုင်ပါသည်။ တွဲသွားလျင် to နှင့် တူသည်ဟု လူအများ မှတ်ချက်ပေးကြ၏။)၊ ဘာဖြစ်ကြောင်း၊ ညာဖြစ်ကြောင်းဖြင့် ဇွတ်အတင်းကြီး ပို့လေတော့သည်။

ထိုမျှလောက်ဖြင့် ကိုရင်ရှူံးမှာ စိတ်မဝင်စားသေးပါ။ နောက်ဆုံးပိတ် မင်းမလုပ်နိုင်လို့ ဆင်ခြေဆင်လက်၊ ဆင်ခြေထောက်တွေ ပေးနေတာပါကွာဟု ပြောသောအခါတွင်မတော့ မခံချင်စိတ်များ တစ်လိမ့်လိမ့်တက်လာတော့သည်။ မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုရသည်ကို ကြောက်ရွံ့နေလျင် ယောကျာ်းမပီသတော့သလို ခံစားမိပြန်သည်။ ကိုရင်ရှူံးမှ ကျော်သူဟိန်းကို စိန်ခေါ်လိုက်တော့သည်။ အချိန်ဘယ်နှစ်လအတွင်း အဖြေရအောင် တောင်းရမလဲဟု။ ကျော်သူဟိန်းမှ အချိန် နှစ်လအတွင်း ကြိုးစားစေလိုကြောင်းပြောသည်။ ကိုရင်ရှူံးမှလဲ လက်ခံသဘောတူပြီး နောက်ရက်မှစပြီး ထိုကောင်မလေးအား ဘယ်ကဘယ်ပုံ စလို့ ချစ်ရေးဆိုရပါ့ဟု ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ၊ ဉာဏ်ဝါများ ထုတ်လေတော့သည်။

……………………………………………….. ×× ………………………………………………..

စာမေးပွဲကြီးအကြိုစစ်သည့် အစမ်းစာမေးပွဲများကို ကျင်းပချိန်တွင်မတော့ ကိုရင်ရှူံးအဖို့ အကွက်ပေါ်လာပြီဖြစ်သည်။ ထိုကောင်မလေးကို ဘယ်လိုနည်းနှင့် ချဉ်းကပ်ရပါ့ဟု စဉ်းစားနေစဉ် စာမေးပွဲအခန်းစောင့်ဆရာ/ဆရာမများစာရင်းတွင် ထိုကောင်မလေးနာမည်ကို တွေ့လိုက်ရာမှတစ်ဆင့် အစီအစဉ်တွေဆွဲမိတော့သည်။ ကိုရင်ရှူံးနှင့်တစ်ခန်းတည်းစောင့်ရမည်မှာ ထိုအဆောင်မှ တစ်ခြားဆရာမတစ်ယောက်ဖြစ်သည်။ ထိုအစ်မကြီးမှာ “ချိုချိုမာ” ဟူသော နာမည်နှင့်လိုက်ဖက်စွာ မျက်နှာလဲချိုသလို သဘောလဲချိုလေသည်။ ဝမ်းသာစရာသတင်းမှာမူကား ထိုဆရာမသည် ကိုရင်ရှူံးကြံစည်နေသည့် ကောင်မလေး၏ အချစ်တော်ဖြစ်လေသည်ဟူသတတ်။ စာမေးပွဲပထမနေ့မှာပင် ကိုရင်ရှူံးမှ ထိုဆရာမအား အကူအညီတောင်းကြည့်ရာ သူမမှ ဝမ်းသာအားရပင် ကူညီမည်ဟုဆိုသဖြင့် ကိုရင်ရှူံးလည်း ရှည်လျားထွေပြားလှစွာသော ရည်းစားစာကြီးကို အသနားခံစာလိုလို၊ တောင်းပန်စာလိုလို၊ ခွင့်တိုင်စာလိုလို၊ ဘာလိုလိုမှန်းမသိသည့် ရည်းစားစာကြီးကို ရေးသားပြီးနောက် ထိုဆရာမလက်ထဲသို့ ကတုန်ကယင်ဖြင့် အပ်လိုက်တော့သည်။ မပေးခင်မှာပင် အပြန်ပြန်အလှန်လှန် စဉ်းစားရသေးသည်။ တော်ကြာ သူက စိတ်မထင်လို့ င့ါကို လာရန်ရှာမှ ဒုက္ခဟု။

နောက်ဆုံးတွင်မတော့ ဖြစ်ချင်ရာဖြစ်တော့ကွယ်၊ ရှမ်းတို့သွေး ရဲရဲနီတယ်လေ့ဆိုပြီးသကာလ ထိုစာတမ်းရှည်ကြီးအား ပေးအပ်လိုက်သည့်ညတွင်မတော့ ကိုရင်ရှူံးမှာ အဆောင်အပြင်ဘက် ဝရန်တာတွင် ဆေးလိပ်ကိုသာတွင်တွင်ကြီးဖွာပြီး ညတစ်ညကို ကုန်ဆုံးခဲ့ရသည်။ နောက်နေ့တွင် ဘာဖြစ်မည်မှန်း သူလဲ သေချာတပ်အပ်မသိနိုင်သေးပေ။ ဖြစ်လာသမျှ ကြည့်ရှင်းတာပဟုတွေးရင်းနှင့် မိုးစင်စင်လင်းတော့သည်။

……………………………………………….. ×× ………………………………………………..

ဟော….

ဒေါ်ချိုချိုမာကို စာစစ်ခန်းတွင်းလှမ်းဝင်လာသည်ကို မြင်လိုက်သည့်တစ်ခဏ ကိုရင်ရှူံးရင်အတွင်းဝယ် ကုလားဘုရားလှည့်လည်နေသည့်အလား တအုန်းအုန်း၊ တစ်ဒိုင်းဒိုင်းဖြင့် ဆူညံပွက်လောရိုက်သွားသည်။ ဘာများ အခြေအနေ ထူးပါလိမ့်? သူမသည်ကား မျက်နှာကဲခပ်မရအောင် တည်နေတော့သည်။ အနားရောက်သောအခါ ကိုရင်ရှူံးမှာ ပါးစပ်တစ်ပြင်ပြင်နှင့် သိလဲသိချင်၊ မေးလဲမမေးရဲဖြစ်နေသည်ကို သနားသည်ထင်ပါ့၊ ပြုံးဖြီးဖြီးကြီးဖြင့် ထိုကောင်မလေးထံမှ စကားကိုပါးတော့သည်။

“ဟဲ့… သူကနင့်ကို တွေ့ချင်လို့ သူစောင့်တဲ့ အခန်းကို လာတွေ့ပါတဲ့”

” ဗျာာာာာာာာာာာာာာာာာ.. ”

ကိုရင်ရှူံးမှာ ခေါင်းနားပန်းများကြီးသွားတော့သည်။ သူဘာများငါ့ကို လုပ်မှာပါလိမ့်ဟု တွေးရင်း အခန်းအပေါက်ဝမှ ထိုကောင်မလေးရှိရာ အခန်းသို့ခြေဦးတည်လိုက်၊ ပြန်လှည့်လိုက်နှင့် အခန်းပေါက်ဝတွင် ယောင်လည်လည်ကြီး ပါတ်ချာလည်လျက်ရှိနေသည်ကို ဒေါ်ချိုချိုမာမြင်မိပြီး ဇွတ်အတင်း အားပေးစကားပြောကာ သွားခိုင်းလိုက်သည့်အခါမှပဲ မသွားချင်၊ သွားချင်နှင့် ကိုရင်ရှူံးသည်ကား ထိုကောင်မလေးရှိရာသို့ တန်းတန်းမတ်မတ်ကြီး ကတုန်ကယင်ဖြင့် လှမ်းသွားလေတော့သတည်း။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

26 comments

  • Gipsy

    January 6, 2012 at 11:40 pm

    ဟုတ်ကဲ့ ..
    အားရင် ဆက်၍ ဆက်၍ ရေးပါခင်ဗျာ..
    ဆက်၍ အားပေးနေပါမယ်…
    ကောင်မလေးဆီကို သွားလိုက်တော့.?.. သိချင်လှပါပြီ… :mrgreen:

  • ဦးဦးပါလေရာ

    January 7, 2012 at 12:50 am

    အောင်မငေး
    ရင်တုန်ချင်စရာကြီးပါလား
    နောက်တခန်းတော့ ပတ်တီးအဖွေးသားနဲ့များ တွေ့ရမလားမသိ 😀

  • Khin Latt

    January 7, 2012 at 6:15 am

    ကိုရှုံးရေဖတ်သွားပါတယ်။
    ရင်တွင်းဖြစ်ဖြစ်ရပ်မှန် တွေ ထင်ပါ့။ 🙂

  • KoNyeinChan

    January 7, 2012 at 8:59 am

    ဒီလူကြီး တကယ်အကျင့်ပုတ်တာဘဲ.. ကောင်းခန်းရောက်ပြီဆို ဖြတ်ပြီ… ဒူဘိုင်းမှာ မီးပျက်လို ့မဟုတ်ပါဘူးနော.. 😀 😀 😀
    ဆက်ရေးကိုယ့်လူ

  • ငပေါက်ဖော်

    January 7, 2012 at 10:19 am

    ကန်မလေး အခန်းထဲသို့ရောက်သောအခါ-
    အဆိုပါ တုတ်တုတ်ခိုင်ခိုင် ငွားငွားစွင့်စွင့် နေကြာပန်းကြီးမှ
    ကိုရှုံးအား ဒူး၊တံတောင်၊ဖနောင့်၊ဝိုက်လက်သီး၊ဖြောင့်လက်သီး၊ပင့်လက်သီး၊ဘယ်ပြန်၊ညာပြန် လက်ဝါး ရိုက်ချက်တို ့ဖြင့်
    အင့်ခနဲ ့နေအောင်၊ခွပ်ကနဲနေအောင်..လုပ်မည်မထင်..မထင်
    😆

  • နွယ်ပင်

    January 7, 2012 at 10:34 am

    ကိုရင်ရှူံးရဲ့ ရင်တွင်းဖြစ်စစ်တွေထင်တယ်
    ကောင်းခန်းရောက်မှ ဇာတ်လမ်းက ပြတ်သွားတယ်နော်
    အဲဒီမှာ လိုင်းမကောင်းဘူး ထင်တယ် ……… 😛

  • windtalker

    January 7, 2012 at 10:38 am

    နာမည်လေး ကိုတော့ ကြိုက်သွားဘီ ကိုရှုံးရေ
    အိုဘာတဲ့ ““ ချိုချိုမာ ”” …….
    🙂

  • ဆူး

    January 7, 2012 at 11:32 am

    ကောင်မလေးနဲ့ တွေ့ပြီးတဲ့ အခါ နှစ်ယောက်သား ပြေးပြီး ဖက်ငိုကြတာ အတိတ်ဘဝ က တော်စပ်တဲ့ခဲ့ မောင်နှမ ဖြစ်ခဲ့တယ်တဲ့.. ဟိဟိ သူများ မတွေးတာ လျှောက်တွေးမှန်းကြည့်တာ..
    ကောင်မလေးနဲ့ ချစ်သူ ဖြစ်တယ် လို့တော့ ရေးမယ် မထင်.. တစ်ခမ်းမွေး ဖတ်ပြီးကတည်းက ယုံကြည်မှုတွေ အပြည့်ရှိတယ်။ ဟိဟိ..

  • amatmin

    January 7, 2012 at 11:53 am

    ကိုရှုံးလူ ကတုံကယင်ကြီး သွားတာကိုမျက်စိထဲမြင်ယောင်မိတယ်..
    ပြန်ထွက်လာမဲ့ ယိုင်တိယိုင်တိုင် ပုံစံလေးကိုလဲ ကြိုမြင်ထားပေးမယ်ဗျ.နော် 🙂

  • ကြောင်ကြီး

    January 7, 2012 at 1:25 pm

    လုပ်မနေပါနဲ့ မောင်ရှုံးရယ်.. နင့်ကို အဲလောက်ထိ တိုက်တွန်းနေရမယ် မထင်ပါဘူး။ အခုမှ မခုတ်တတ်တဲ့ကြောင်ပုံစံနဲ့ စားတုန်းကစားပြီး စားပြီးနားမလည် ဝါးပြီးထွေးထုတ် သွား..မုန်းဒယ်…။

  • pooch

    January 7, 2012 at 6:45 pm

    အင်း.. ဇာတ်လမ်းကတော့ ကောင်းခန်းရောက်မှ ရပ်ပြီ….

  • alinsett

    January 7, 2012 at 8:09 pm

    ဖတ်လို ့ကောင်းနေပြီဆိုမှ….

  • TTNU

    January 7, 2012 at 8:51 pm

    မောင်ရှုံးရေ…
    စိတ်ဝင်စားစရာကောင်းတယ်။
    နောက်တစ်ပုဒ်ကျရင် စာပိုဒ်နည်းနည်းကြီးတာလေးတွေ
    အပိုဒ်ထပ်ခွဲလိုက်ပါဦးလား။ Attention ပိုရတာပေါ့။ (ထင်တာပြောတာပါ)
    စာပန်းအိမ်မှာ တကယ် Guide ခဲ့တာလား။

    • ဟုတ်ပါတယ်ဆရာမရေ.. ဇာတ်လမ်းထဲမှာ အစအနလေးတွေထုတ်ပြပါ့မယ်။ ကျွန်တော့်နာမည်နဲ့ သူ့နာမည်ကလွဲလို့ ကျန်တာ အကုန် အမှန်တွေချည်းပါပဲ။ ဇာတ်လမ်းထဲက လူတွေနာမည်တွေပါ အပါအဝင်ပေါ့။

      နောက်ပြီး ဆရာမပြောသလို ကျွန်တော်ရေးသားကြည့်ပါဦးမယ်။

  • MaMa

    January 7, 2012 at 8:54 pm

    ခေါင်းစဉ်ကိုက (ကျွန်တော့်ချစ်သူများ) ဆိုပါလား မောင်ရှုံး ရယ်။ 😆

  • padonmar

    January 7, 2012 at 9:24 pm

    ကျွန်တော့ချစ်သူများဆိုတာ ကိုယ်ကချစ်ရသူလား ကိုယ့်ကိုချစ်ကြသူလား???
    ရန်ကုန်ပြန်ရောက်တုန်းက ထီးတစ်ချောင်းထဲ တူတူဆောင်းခဲ့တယ်လို့ကြွားခဲ့တာ နံပါတ်ဘယ်လောက်တုံး???
    😀

    • ဒါကတော့ မပြောနိုင်ပါဘူးဗျာ.. သူ့နောက်မှာ ဘယ်သူမှ မရှိနိုင်တော့လို့ နံပါတ်မတပ်တော့ပါဘူး။ ခုတော့ သူက ထိပ်ဆုံးကပါပဲ ဒေါက်တာရေ။

  • မှော်ဆရာ

    January 7, 2012 at 9:47 pm

    အောင်သွယ်ပေးတဲ့ မိန်းကလေးက သွားပါလို့တိုက်တွန်းရင်တော့
    အခြေအနေ ကောင်းလောက်တယ်ဗျ…
    ဘာလို့လဲဆိုတော့ အောင်သွယ်တော်တော်များများက သူ့လူ ကိုယ့်ဘက်သားတွေများတယ်
    သူတို့က မိန်းကလေးအချင်းချင်း ရိုင်းပင်းတတ်ကြတယ်လေ..
    စာအရေးအသားကတော့ တကယ်ကောင်းတယ်ဗျာ …..

    • ကိုမှော်ရေ…
      တစ်ကယ့် တစ်ကယ်တော့ ကျွန်တော်က ကျွန်တော်ရေးသားပုံတွေကို ကောင်းသည်၊ ဆိုးသည်၊ ဘယ်အရာလေးတွေကိုတော့ဖြင့် ဘယ်လိုလေးပြင်သင့်သည်၊ အစရှိသည်တွေကို လိုလိုချင်ချင် ဖတ်ချင်နေတဲ့သူပါ။ ဒါမှ ကျွန်တော်လဲ စာကောင်းကောင်း ရေးတတ်လာမှာပေါ့။ အဲလိုလေးတွေလဲ ဝင်ထောက်ပြပြောဆိုကြပါဦးလို့။

  • padonmar

    January 8, 2012 at 2:01 am

    ရှုံးလူ အရင်ကတည်းက အရေးအသားကောင်းပါတယ်၊
    ကောင်းလို့လည်း ရှေးရှေးက ရေးခဲ့တာတွေ မှတ်မိတာပေါ့။
    စာပန်းအိမ်ရော ရုပ်ရှင်ပြတာရော၊ဆန်ပွဲရုံရော

Leave a Reply