ငွေတောင်ပြည် သို့ အပိုင်း – ၃ လွိုင်နမ်းဖ (ရာဇဝင်နဲ့ ရွာ)

Mလုလင္January 7, 20123min11714

နောက်ရက် Dec-25 မှာတော့ လွိုင်နမ်းဖ ကိုရောက်ခဲ့ပါတယ်။ ကယားပြည်နယ် ရဲ့ရာဇဝင်မှာတော့ ထူးခြားတဲ့ ကျေးရွာပါပဲ။ ကယားပြည်နယ် မှာ ပထမဆုံး သေနတ်သံ ကြားရတဲ့ရွာ လို့ ပြောပါတယ်။ အသေးစိတ် သိတဲ့သူတွေ မန့်ပေးဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့ ရွာရဲ့ ဘုရားကျောင်းမှာပဲ ထမင်းစားခဲ့ပါတယ်။ ရန်ကုန် သားအမြင်အရ စားမကောင်းဘူးလို့ ထင်ပေမယ့် တကယ်တမ်းစားကြည့်တဲ့ အခါမှာတော့ အလွန် ကောင်းနေပါတယ်။ စေတနာ ပဲ ထင်ပါရဲ့။
ရိုးရာ တေးသီချင်း နဲ့ ဖြေဖျော် နေတာပါ

၁။ ရိုးရာ သီချင်း နဲ့ဖြေဖျော်တာပါ။

ထမင်းကို ဒီလိုချက်တယ်။
၂။ ထမင်းကို ဒီလို ချက်တယ် ဗျ။ ရန်ကုန်မှာတော့ ပြည်များရင် စလောင်းချွန်ချွန်ကြီး နဲ့ ပေါင်းတာ မြင်ဖူးတာ ပဲ။

ဟင်းကို မိုးဗြဲဒယ် နဲ့ချက်တယ်။ (ဝက်သား ဟင်း)
၃။ ဟင်းကို မိုးဗြဲ ဒယ်အိုးနဲ့ အပြည့်အမောက် ချက်တယ်ဗျ။ တရွာလုံးကို ကျွေးတယ် လို့ ပြောတယ်။

နံမည် တော့ဖတ်တတ်ဘူး... ဒီဘုရား ကျောင်းမှာ နေ့လည်စာ စားခဲ့တာပေါ့။
၄။ ဒီဘုရားကျောင်း မှာ နေ့လည်စာ စားခဲ့တယ်။

မုန့်ညင်း ဟင်းချို
၅။ မခမ်းနားပေမယ့် စားကောင်းခဲ့ပါတယ်။ (မုန့်ညင်း ဟင်းချို)

ထမင်း နဲ့ ဝက်သား
၆။ ထမင်း နဲ့ ဝက်သား ဟင်းပါ။ (ဝက်သားက အခေါက် တော့ နဲနဲမာတယ်)။

အနီးဆုံး ပန်းကန် က ကျွန်တော့ ပန်းကန် ပေါ့
၇။ အနီးဆုံး ပန်းကန် က ကျွန်တော့ ပန်းကန် ပေါ့။

ပျော်ပျော်ပါးပါး။
၈။ ရွာသူရွာသား တွေလဲ တပျော်တပါး။

မိသားစု လိုက် တပျော်တပါး
၉။ မိသားစု လိုက်တပျော်တပါး။

ကလေး တွေလဲ ပျော်နေကြတယ်။
၁၀။ ကလေးတွေလဲ ပျော်နေကြတယ်။

ရေလုံ အိမ်သာရှိတယ်။ ရေသန့်စက်ရှိတယ်။ NGO အဖွဲ့ သုံးဖွဲ့ရောက်နေတယ်။ ကျေးရွာဆေးခန်းရှိတယ်။ မဆိုးဘူး လို့ ပြောလို့ရမယ် ထင်တယ်။

M-လုလင်

14 comments

  • M-Lulin

    January 7, 2012 at 2:42 am

    တင်တာတော့ အသေအချာတင်တာပဲ .. ပြီးရင် ပုံနဲ့ စာနဲ့ လွဲလွဲ သွားတယ်။ connection ကြောင့် လားမသိဘူး .. ဒါမျ မဟုတ် ကိုယ်ပဲ တုံးတာလား ???

  • Khin Latt

    January 7, 2012 at 5:40 am

    စိတ်မပူပါနဲ့ ရွာသူ/သား တွေ က ပုံ တွေ ကိုလဲ ဖတ်တတ်ပါတယ်။ 🙂
    ခလေး လေး တွေ ကချစ်စရာလေးတွေ နော်။
    ~~~~ ရေလုံ အိမ်သာရှိတယ်။ ရေသန့်စက်ရှိတယ်။ NGO အဖွဲ့ သုံးဖွဲ့ရောက်နေ တယ်။ ကျေးရွာဆေးခန်းရှိတယ်။ မဆိုးဘူး ~~~~
    ကြားရတာ ဝမ်းသာစရာပါဘဲ။ ဒါထက် ပိုပြီး တိုးတက်အောင် လုပ်ပေးခွင့် ရကြပါစေလို့ ဆုတောင်းပါတယ်။
    ဒီလို သတင်းလေး အတွက် ကျေးဇူးပါ M လုလင် ရေ။

    • M-Lulin

      January 8, 2012 at 6:46 pm

      ဒီထက် ပို တိုးတက် လာမယ် ထင်တာပါပဲ။ ရိုးသားမှု အခြေခံ ကြောင့် နဲနဲနှေးနေသေးတယ်။ ပြည်တွင်း လေကြောင်းလိုင်း .. ဖွိ့ဖြိုးလာရင် ပိုမြန်လိမ့်မယ်ထင်ပါတယ်။

  • ငပေါက်ဖော်

    January 7, 2012 at 10:53 am

    ကိုလုလင်ရေ
    သများတော့ ရဲရဲတောက်နေတဲ့ ဝက်ဇလုံလေးကိုပဲ မျက်စိက မခွာနိုင်ဘူး.ရဲနေတာပဲ.ဂလု
    ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြတာ..ကြည်နူးစရာကောင်းပါလေ့..
    အဲတာက နေ ့တိုင်း အဲလိုပဲ စားကြတာလား ချင့်
    သများတို ့အတွက် ဗဟုသုတများကြီးရပါ၏ဗျာ.အဲအဲ..ချင်

    • M-Lulin

      January 7, 2012 at 12:26 pm

      နေ့တိုင်းတော့ မဟုတ်လာက်ဘူး ဦးပေါက်ဖော် ရဲ့။ အဲ့ဒီ့နေ့ က Dec-25 မို့ဖြစ်မှာပါ။ သူတို့ က ငရုတ်သီး အသုံးများတယ်. ငရုတ်သီးတွေ ဘယ်လိုရောင်းလဲ ဆိုတာ အပိုင်း – ၄ မှာပါလာမှာပါ။

  • နွယ်ပင်

    January 7, 2012 at 12:36 pm

    အောက်ဆုံးက “ကလေးတွေလဲ ပျော်နေကြတယ်။” ဆိုတဲ့
    ပုံလေးကို သဘောကျတယ် …………

    • M-Lulin

      January 8, 2012 at 6:49 pm

      ကလေး တွေက တကယ်ကို ပျော်နေကြတာ။ သူတို့ကို ဒါ့ပုံ ရိုက်မယ်ဆိုလို့ တစ်ချိုု ့များဆို ဘောင်းဘီတောင် ပြန်လဲ သေးတာနော်။

  • char too lan

    January 7, 2012 at 6:32 pm

    ဝန်ကြီးပဒေသရာဇာရဲ့
    ပီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်………..
    ဆိုတဲ့ဒီဇိုင်းမျိုး ဟဲဟဲ 🙂

    • M-Lulin

      January 8, 2012 at 10:59 pm

      ဟုတ်ပါ့နော့ . အဲလို ထင်စရာ ပဲ ….အချင်းချင်း စကြနောက်ကြနဲ့ ပျော်နေကြတာ သူတို့က။ ကျွန်တော်တို့ လဲ အဲလို ပဲ စားခဲ့ကြတာ အဲဒါ မရဘူး အတင်း ခုံ တွေ ခင်းပေးတာ နဲ့ ခုံ ပေါ်တက် စားခဲ့ရတာ ဗျိုး … စကားမစပ် .. group photo မှာ နဲနဲ ဝါးတားတား ဖြစ်သွားတဲ့အတွက် ခွင့်လွှတ်ပါနော့ ..

  • pooch

    January 7, 2012 at 6:55 pm

    ကျောင်းရော အဆင်ပြေပြေရှိရဲ့လားမသိဘူးနော်…
    ကြည့်ရတာ သိပ်တော့ မဆိုးပဲ အဆင်ပြေသလိုပါပဲ….

    • M-Lulin

      January 8, 2012 at 11:00 pm

      ကလေး တွေကို ကျောင်းတက်ဖို့ တော်တော်စည်းရုံး ရဦးမယ့် အခြေအနေပါပဲ။ ကျောင်းတော့ ရှိပါတယ်။

    • M-Lulin

      January 8, 2012 at 11:00 pm

      ကလေး တွေကို ကျောင်းတက်ဖို့ မိဘ တွေကို တော်တော်စည်းရုံး ရဦးမယ့် အခြေအနေပါပဲ။ ကျောင်းတော့ ရှိပါတယ်။

  • Moe Z

    January 8, 2012 at 12:58 pm

    ကလေးတွေကြည့်ရတာ ပျော်စရာလေးပဲ
    အဲဒီရွာလေးမှာ ဆိုင်ကယ်စီးကြတယ်လား ..

    • M-Lulin

      January 8, 2012 at 11:03 pm

      ဆိုင်ကယ် စီးကြပါတယ်။ တကယ့် ပါကင်ပေါက် တွေပါ။ ကားဆိုလဲ ပါကင်ပေါက် ပဲ။ ကားထဲက manuel စာအုပ်တောင် မထုတ် ဘူး။ ဒီအတိုင်း စီးကြတာ။ ဆိုင်ကယ် နဲ့ စက်ဘီး ပိုများတယ်။ နောက် သုံးဘီး(ရှေ ့မှာ ဆိုင်ကယ် အနောက် မှာ လူစီးတွဲ) တွေ နဲ့ လိုင်း ဆွဲကြတာနော် ….

Leave a Reply