ဗဟုသုတလေးများမှ(၂)

aye.kkJanuary 7, 20121min1238

နွေရာသီကျောင်းပိတ်ရက် နေ့လည်ခင်းများတွင် ဘကြီးအိမ်မှာ ရှိသည်ကိုမြင်လျှင်ကျမသွားရောက် လည်ပတ်တတ်ပါသည် ၊ သွားသည့်အခါတိုင်းလည်း ဗဟုသုတအမြဲရ၍ ဖြစ်ပါသည် ။ ဘကြီးအိမ်မှာရှိနေလျှင် ကျမအားအစစအရာရာ သွန်သင်ဆုံးမပြတတ်သဖြင့် နာခံကာစိတ်ထဲမှာပျော်ရွှင်ပါသည် ။ ကျမအနေနှင့်ဗဟုသုတအဖြစ်ပြောပြချင်သောအကြောင်းအရာတစ်ခုရှိပါသည် ။ ကျမခင်မင်ရသောအမ(ထင်ထင်)နှင့်ပါတ်သက်၍ဖြစ်ပါသည် ၊ အမထင်ထင်မှာ ဘကြီးနေသောအိမ်နှင့် တစ်အိမ်ခြားကပ်ရက်တွင်နေထိုင်ပါသည် ။ အမ(ထင်ထင်)၏အမသည်စိတ်မနှံ့သူဖြစ်ပြီး ၊ အမ(ထင်ထင်)က စကားပြောလျှင်အထစ်ကာ မျက်လုံးစွေပါသည် ။အမ(ထင်ထင်)သည် ကျမတို့နှင့်အိမ်နီးချင်းများဖြစ်သည့်အပြင် ကစားဖော်အမလည်းဖြစ်ပါသည်၊ အမ(ထင်ထင်)ကိုတစ်လမ်းတည်းနေသူ အားလုံးတို့ကသံယောဇဉ်ရှိကြပြီး စကားပြောအထစ်နေခြင်းကို ကိုယ်ချင်းစာကာချစ်ခင်သနားကြပါသည် ။ တစ်ရက်တွင်အမ(ထင်ထင်)ကကျမအား သူစကားပြော အထစ်နေရခြင်းကိစ္စနှင့်ပါတ်သက်၍ရှင်းပြသည်မှာ ထမင်းစားတတ်ခါစ အရွယ်က မိဘများကဘဲဥနှင့် အမြဲတစေကျွေးလေ့ရှိခဲ့သဖြင့် ၊ စကားပြောတတ်ခါစ အရွယ်မှစတင်ကာ စကားပြောအထစ်ခဲ့ကြောင်း သူ၏အမေဖြစ်သူအား ရှေးလူကြီးသူမတို့က ကလေးထမင်းစားတတ်ခါစ အရွယ်၌ ဘဲဥနှင့်မကျွေးရန် မှာကြားကြကြောင်း ဘဲဥနှင့်ကျွေးပါက စကားပြောအထစ်တတ်ကြောင်း ၎င်း၏အမေက မယုံကြည်သဖြစ်ကျွေးမိ၍ အထစ်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါသည် ။ အမ(ထင်ထင်)ပြောသောစကား အချို ့ကိုကျမကနားမလည်လျှင် စာနှင့်ချရေးပြတတ်ပါသည် ။ အမ(ထင်ထင်)ပြောပြသည့်အချိန်မှစ၍ ကျမကအိမ်မှာမောင်လေးညီမလေးများအား ထမင်းစားတတ်ခါစအရွယ်တွင် အမေကဘဲဥဖြင့် ထမင်းဆီဆမ်းကာဆားလေး နှင့်နယ်ကျွေးခိုင်းလျှင် ဘဲဥဖယ်ပြီး အခြားအသားငါး ၊ ပုဇွန်ခြောက်တို့ဖြင့်တောင်းယူကာနယ်ကျွေးတတ်ပါသည် ။ထိုအခါ တွင်အမေကဘဲဥကျွေး၍ စကားအထစ်တာက ဘာမျှတော့မဆိုင် မသကာဆိုရလျှင် ကလေးရင်ပြည့်ယုံကလွဲ၍ ပြဿနာမရှိပါ ၊ ဂရိုက်မချားလ်ဆေးရည်(အစာကြေဆေး)တိုက်၍ရသည်ဟု ပြောဆိုကာ ကျမအား အမြဲမြည်တွန်တောက်တီး၍ဆူတတ်ပါသည် ၊ ကျမအိမ်ဘေးကသူငယ်ချင်း၏အမေဖြစ်သူနှင့် စကားအထစ်သောအမ(ထင်ထင်)၏ အမေတို့ကသူငယ်ချင်းဖြစ်ကာ သူတို့အချင်းချင်းပြောသောစကားကို ယုံကြည်ကြပြီး ရှေးလူကြီးသူမတွေ ပြောတာကိုဟုတ်မှန်သည်ဟုဆိုကာလက်ခံ ကြပါသည် ။ ထိုနှစ်အိမ်ရှိ ကလေးများအားထမင်းကျွေးပါက ဘဲဥနှင့်ဘယ်သောခါမျှကျွေးသည်ကိုမတွေ ့ရပေ။ တစ်ရက်တွင်ဘကြီးအိမ်သွားလည်ခိုက် ကျမကဘကြီးအား အမ(ထင်ထင်)တစ်ယောက်စကားပြောအထစ်ရခြင်းနှင့်မျက်လုံးသူငယ်အိမ်စွေနေရခြင်းတို့၏ အကြောင်းရင်းအားစိတ်ဝင်စားကာသိလိုသဖြင့်မေးမြန်းမိခဲ့ပါသည်။
ထိုအချိန်ကကျမဆယ်ကျော်သက်အရွယ်ဖြစ်ပါသည်။ ဘကြီးကအကျိုးအကြောင်းဆင်ခြင်၍ညဏ်မျှော်မြင်ကာပြောပြသည် မှာ ၊ အမ(ထင်ထင်)၏မိဘများသည် ကာမဂုဏ်ကြီးမားသည် ။
ဘုရား၏နေ့ထူးနေ့မြတ်ဖြစ်သောအခါသမယနေ့များ၊သင်္ကြန်ကာလ(အခါကြီးရက်ကြီး)တို့တွင် မဆင်ခြင်နိုင်ကြကာ (မရှောင်ကြဉ်ပဲ) မေထုံအမှုပြုကြမိသဖြင့် (ဘယ်နေ့ဘယ်ရက်ဆိုတာကတော့မသိနိုင်ပါ) ထိုနေ့ထိုရက်တွင်ပဋိသန္ဓေရရှိတည်လာသောကလေးမှာ ဒုက္ခိဘုံဘဝမှလာတတ်ကြောင်း ၊ ထိုမိဘကမွေးလာကလေးတို့မှာ(စိတ်မနှံ့သူ၊ဆွံ ့အ၊အစရှိသည်တို့မွေးဖွားလာတတ်ခြင်း)ဤသို့ဖြစ်ရခြင်း ဖြစ်သည်ဟုဘကြီးကပြောပြခဲ့ပါသည်။ တစ်ဆက်တည်းပင်နောင်အခါသမီးကြီးလာ၍ အိမ်ထောင်ပြုပါက ရုပ်လက္ခဏာကြည့်ပါက မိဘတို့၏အကျင့်စာဂကိုပါသိနိုင်သဖြင့်ထိုရုပ်ရည်လက္ခဏာမျိုးကိုရှောင်ကြဉ်၍မပြုရန် ဘုရား၏နေ့ထူးနေ့မြတ်ဖြစ်သောအခါသမယနေ့ဟုဆိုရာတွင်..
၁။ ကဆုန်လပြည့်နေ့
၂။ ဝါဆိုလပြည့်နေ့
၃။ အဘိဓမ္မာအခါတော်နေ့(သီတင်းကျွတ်လပြည့်နေ့)
၄။ တပေါင်းလပြည့်နေ့
၅။ သင်္ကြန်ရက်များ(အကြို၊အကျ၊အကြတ်၊အတက်၊နှစ်ဆန်းတရက်နေ့)
ထိုနေ့ထိုရက်များတွင်မေထုံအမှုအားဘယ်သောခါမျှမပြုလုပ်မိစေရန် တစ်သက်တာမှတ်သားစရာအဖြစ် မှာကြားကာပြောဆိုပါသည် ။ မိမိသိရှိခဲ့ရသောအကြောင်းခြင်းရာအား ဗဟုသုတတစ်ခုအနေဖြင့် စာဖတ်သူတို့သိရှိနိုင်ပါရန် ပကတိစိတ်ရင်းအမှန်ရိုးသားစွာဖြင့်စေတနာထားကာရေးသားဖော်ပြလိုက်ရပါပေသည် ။
(စာဖတ်သူတို့ဝေဖန်အကြံညဏ်ပြုကြပါကုန်)

8 comments

  • windtalker

    January 7, 2012 at 10:19 am

    အေးဗျာ ၊ အေး.ကေကေ ပြောတော့လည်း ရှေးထုံးတွေ ကို သိသွားရတာပေါ့ ။
    အေး.ကေကေ ပြောတဲ့ အကြောင်းအရာများနဲ ့ပတ်သက်ပြီး ဝေဖန်ရန် အားမရှိပါကြောင်း ။

  • ငပေါက်ဖော်

    January 7, 2012 at 10:34 am

    သများလဲ ခေးမမွေးဖူးတော့သေချာတိဝူးချင့်
    တေချာတိချင်ရင် ခရေးအဖေမစ်ချတာပေကို မေးကြည့် 😆

    ရှေ ့မီနောက်မီအလယ်မီတဲ့ သဂျီးကို မေးကြည့်တော့ ဆိုင်ဘူးတဲ့..
    ဒီလိုပဲ အဝှာပြု၊မွေးနကြဒါပဲတဲ့..
    ကိုယ်ဝန်ဆောင်စဉ်မှာသာ ဗိုက်ကို သမားတော်တို ့၊အထူးကုတို ့နဲ ့ ပုံမှန်ပြပြီး
    ဗိုက်ကြီးသည်မိခင်ကလဲ အိုဘီမင်တို ့၊အော်ရာမင်အက်ဖ် တို ့ သောက်သုံးပြီး ခရေးကျန်မာရေးထိခိုက်စေမဲ့
    မူးယစ်ဆေး၊ဆေးလိပ်၊အရက်၊ဘီယာဘာညာတွေကို ရှောင်ပြီး ကိုယ်ဝန်ကို ဂရုစိုက်မည်ဆိုလျင် ကျန်းမာသန်စွမ်းစိတ်ရွှင်လန်းတဲ့
    တားတား..မီးမီးလေးတွေ ရရှိနိုင်ပါတယ်တဲ့

    အဲတာ..သဂျီးပြောဒါ
    သများပြောဒါဟုတ်ဘူးနော်
    ပုံ၊
    သများ
    😆

  • amatmin

    January 7, 2012 at 12:13 pm

    တပေါင်းလပြည့်နေ့မင်္ဂလာပြုမလား စဉ်းစားမိပါတယ်
    အင်း… ဒီပုံအတိုင်းဆိုရင်တော့ ငုတ်တုတ်မေ့မှာဘဲ 🙂

    ဒီနေရာမှာတော့သဂျီးရဲ့အနောက်တိုင်းအယူပဲလိုက်နာတော့မယ်
    ဒါဗျဲ.. 🙂

  • aye.kk

    January 7, 2012 at 8:53 pm

    ကိုဝင်းတော့ကာ,ဖတ်ရှုအားပေးတာကျေးဇူးပါ။
    ငပေါက်ဖော်,ကိုယ့်အမြင်ဝါဒအတိုင်းကကိုယ့်အတွက်အကောင်းဆုံးပါ။
    htoosan,ယုံပါလို့မပြောထားပါဘူး၊ဗဟုသုတလေးမျှဝေမိတာပါ၊မနှစ်သက်ရင်ခွင့်လွတ်ပါ။
    amatmin,အယူဝါဒကွဲပြားတာလက်ခံပါတယ်၊ဝင်ဖတ်သွားတာကျေးဇူးပါ။

  • Khin Latt

    January 7, 2012 at 9:16 pm

    အစ်မအေး ရေ – ကျွန်မ တော့ အဲဒါ သက်ဆိုင်ဆိုင် မဆိုင်ဆိုင်၊ ဘာသာကိုင်းရှိုင်းသူ တစ်ယောက် အနေနဲ့ တော့ လိုက်နာ သင့်ပါတယ်။
    တကယ်ဆို ဥပုဉ်သီတင်း သီလကြီး တောင် ဆောက်တည် ရမဲ့ နေ့တွေပါ။
    ငယ်မှ၊ ကြီးမှ မဟုတ်ပါ။ ကောင်းမှုဆိုတာ တတ်နိုင်သ၍ လုပ်၊ အကုသိုလ်ဖြစ်တတ်တာတွေကို တတ်နိုင်သ၍ရှောင် မှ လူ့ဘဝ တန်ဖိုးရှိမှာပါ။
    အစ်မ ရေ ဆက် ပြီး ဝေမျှ ပါဦး။
    ကျွန်မ တော့ အလွန်စိတ်ဝင်စားပါတယ်။ 🙂

  • Khin Latt

    January 7, 2012 at 9:18 pm

    Opppssss…… ဥပုသ် ပါ။ (မမ မလာခင် အပြေး ပြင်လိုက်ပါ၏ )
    မမ – ချစ်လို့စတာနော်။ 😉

  • aye.kk

    January 8, 2012 at 12:18 am

    မလတ်,အားပေးတာကျေးဇူးပါ၊သိတာလေးတွေထပ်ဝေမျှကာရေးပေးပါ့မယ်။

Leave a Reply