အမေသို့တမ်းချင်း …………

မွန်းကြပ်လှတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကြားမှာ
ကျင်လည် ကျက်စားရင်း
တောအရပ်ဆီက
ငြိမ်းအေးလှတဲ့ အမေ့အိမ်လေးကိုသာ
ကျွန်တော်မှာ အရမ်း မှန်းဆ၊ တမ်းတ၊ လွမ်းရတယ် ….. အမေ

‘မိသားစုအတွက် အထောက်အပံ့ရပါစေ’ … ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့
မြို့ကြီးပြကြီးအလယ်မှာ ရုန်းကန်လှုပ်ရှားရင်းက
စိတ်တွေ တအားမွန်းကြပ်လာတဲ့အခါမျိုးမှာ
အမေ့ရင်ခွင်ဆီကိုသာ ပြေးလို့လာလိုက်ချင်ပါတယ် ….. အမေ

‘ဘုရား၊ တရား၊ သံဃာကို မမေ့ပါနဲ့’ … တဲ့
အမေ မှာလိုက်တဲ့စကား
ကျွန်တော့်ဦးထိပ်မှာ တင်ထားဆဲပါ … အမေ

လူတွေများလွန်းလှတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ
ရွှေတိဂုံဘုရားကို ဖူးမြင်ရပြန်တော့လည်း
ကျွန်တော့်မှာ ကြည်နူးမဆုံးဖြစ်ရပါတယ် ….. အမေ
ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာလည်း
အမေ့ကို ကျွန်တော် ရှိခိုးဦးချမြဲပါပဲ ….

တစ်နေ့တစ်နေ့ လိုင်းကားတိုးစီးရတာဟာ
နေပူပူမှာ ယာထွန်ရတာထက်တောင်မှ
ပိုပြီး စိတ်ညစ်စရာ ကောင်းနေပါလားဗျာ …
စိတ်ပျက်တာ မဟုတ်ပါဘူး … အမေ
မိဘအတွက် စိတ်ထန်သန်စွာနဲ့
ကျွန်တော် အလုပ်လုပ်နေဆဲပါ ….. အမေ

မြို့ပြမှာ အစားအသောက်တွေ စုံလင်လှပေမယ့်
အမေ့ရဲ့လက်ရာ ပဲဟင်းချိုပူပူလေးကိုသာ
ကျွန်တော့်မှာ ထမင်းစားတိုင်း လွမ်းနေမိမြဲပါပဲ ….. အမေ

မေတ္တာအပြည့်နဲ့ ကြည်လင်လှတဲ့ အမေ့ရဲ့အပြုံးဟာ
ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ
ရေ မရောတဲ့ နွားနို့ဟာ
ခွန်အားကို အပြည့်အဝ ရစေသလိုပေါ့ …..

အဆင်မပြေတာတွေ ကြုံလာတိုင်း
အမေ့ရဲ့အပြုံးကို မြင်ယောင်လိုက်တာနဲ့
အလိုလိုပဲ ပြေပျောက်သွားတတ်ပါတယ် ….. အမေ

ကျွန်တော့်ဘဝအတွက် အတုမရှိတဲ့
ကျွန်တော်ချစ်ရတဲ့ …… အမေ
လာမယ့်သင်္ကြန် ရုံးပိတ်ရက်ရှည်မှာ
အမေ့ရဲ့ရွာကို အပြေးလာခဲ့ပါမယ် …
အဲဒီ အချိန်ကျမှပဲ အမေ့ရဲ့ခြေအစုံကို ဖက်ရင်း
ဝေခဲ့ရတဲ့ အလွမ်းတွေကို အကြွေးပြန်ဆပ်တော့မယ် ………. အမေ ။

အမေ့ရဲ့သား …. အံစာတုံး

11 comments

  • ငပေါက်ဖော်

    January 8, 2012 at 10:56 am

    အမေ..
    အမေ့သားကြီး ကကြောင်ဂျီးကိုတော့ ရပ်ဝေးမြေခြား ရောက်နေလို ့ဆိုပြီး
    အူးစားပေးတဲ့ အမေ
    အမေ့သား ဆိုးသွမ်းငပေလေးကိုကျတော့ အငယ်ဆုံး မေတ္တတုံးဆိုပြီး
    အူးစားပေးတဲ့အမေ
    အမေ့သား ငဖော်ရီးကိုကျတော့ အရက်သမားဖဲသမားဆိုပြီး အုပစ်ခါ ပြုထားတဲ့အမေ
    ကျေနပ်ဘူး..
    ကျေနပ်ဘူး
    ဟို၂ယောက်မလာခင်
    အိမ်ဂရံပေါင်ပြီး အူးခိုင်တို ့ရွာကိုပြေးတော့မယ်
    အမေ့သား..ငပေါက်ဖော်

    လဂါးနောက်ဒါ ကိုတုံးရေ..
    အားပေးတွားပါရဲ့

  • windtalker

    January 8, 2012 at 12:02 pm

    ခံစားရပါတယ် ကိုအန်ဂျီးရေ
    တစ်ကယ်လို ့ငပေါက်ဖော် တစ်ယောက်
    ရူးကြောင် မူးကြောင် နဲ ့အိမ်ဂရန် လာပေါင်ခဲ့ရင်လည်း
    အတိုးသက်သက်သာသာလေးနဲ ့ကူညီပေးလိုက်ပါဦးလို ့
    ကိုးဆယ့်ကိုးစားစွာဖြင့်
    မစ်စတာပေ

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 9:19 pm

    အဆင်မပြေတာတွေ ကြုံလာတိုင်း
    အမေ့ရဲ့အပြုံးကို မြင်ယောင်လိုက်တာနဲ့
    အလိုလိုပဲ ပြေပျောက်သွားတတ်ပါတယ် ….. အမေ

    ကောင်းမွန်တဲ့ကဗျာလေးပါ…လေးစားပါတယ်…။

  • ရွှေဘိုသား

    January 18, 2012 at 11:12 pm

    ကိုပေါက်ဖော်ရေ ကျေးဇူးဗျ အဲလိုကဗျာမျိုးကိုအရမ်းတမ်းတနေတာ ကိုယ်တိုင်ကလည်း မစွမ်းဗျ
    အခုတော့ ခံစားချက်တွေတူညီစွာနဲ့ ရေးထားတော့ ပြည့်စုံတယ်ဗျာ တစ်ခုပဲလွဲတယ် အစ်ကိုက ပဲဟင်းချိုပူပူလေးကို တမ်းတတာ ကျနော်က ခရမ်းသီးမီးဖုတ်သုတ် လေးကိုတမ်းတာဗျာ ဘဝတူတွေပေါ့

  • ရွှေဘိုသား

    January 18, 2012 at 11:15 pm

    မှားလိုဗျာ အစ်ကို အန်စာတုံး ရေနံမည်မှားသွားတယ် အပေါ်က ကွန်မန်းတွေဖတ်ရင်း နံမည်မှားသွားတာ ခွေးလွှတ်နော်

  • ချစ်ရအောင်

    January 19, 2012 at 12:47 am

    အေးချမ်းတဲ့ အမေ့ရဲ့ လယ်တောလေးကို လွမ်းမောနေတဲ့ ကိုအန်စာတုံး တယာက်
    ကျန်းမာ ထီပေါက် အမြန်ဆုံးပဲ ရောက်နိူင်ပါစေ အမေ့ဆီကို …. ။

  • သူညားဒွေ အမေများနေ့ အမှတ်တရ
    ရေးဖွဲ့နေဂျဒယ် …
    ကျုပ်ဂဒေါ့ …
    ဒီကဗျာဟောင်းလေးနဲ့ပဲ …
    အမေ့ကို လွမ်းဆွတ်ရင်း ..
    ဦးထိပ် တင်လိုက်ပါတယ် မေမေ ……..။

      • ပေါက်ဖော်က ပက်တီး ဖြည်ပီးခါစပဲ ရှိဦးမယ်ဗျ …
        ပြန်လာဖို့ ရက် နည်းနည်း လိုနေအုံးမလားဘဲ …
        သူ့ကို ကျုပ်လည်း လွမ်းနေတာပဲဗျာ …
        သူ့ ကွန်မန့်တွေ မမြင်ရတာတောင် အတော်ကြာခဲ့ပြီ …

        ပေါက်ဖောက်ရေ …
        နင် ကောင်းရင် မြန်မြန် ပြန်လာဂဲ့ ..

    • ရွှေ ကြည်

      January 26, 2013 at 10:52 pm

      ကဗျာကဟောင်းလည်းခံစားချက်မှမဟောင်းပဲငါ့မောင်ရယ် 😆

  • athwe lay

    January 26, 2013 at 10:00 pm

    ကိုပေါက်ဖော် သတိပေးလို့ အမေများနေ့ကို သတိရမိတယ် ကျေးကျေးပါနော်။အားပေးသွားပါတယ်။

Leave a Reply