Easy Computer Part – 1

Wai PhyoeJanuary 7, 20121min18918

ကျွန်တော့်တို့ မြန်မာတွေသူများထက် “မသာတောင်အောက်မကျအောင်”English ကို အလွယ်တကူပြောထွက်အောင် “Easy English Part-1,2..” စသည်ဖြင့်Shareခဲ့ပါသည်။

ကျွန်တော်ဒီလောက်နှင့်အားမရသဖြင့် “Easy Computer Part-1” ကိုရေးသားလိုက်ပါသည်။ထုံးစံအတိုင်းခပ်လွယ်လွယ်နှင့်တတ်လွယ်ပြီးအသုံးဝင်သည့်technique များသာဖြစ်ပါသည်။
“Easy Knowledge” ဆိုပြီးရေးသားဖို့လဲရှိပါသေးတယ်။အားလုံးကိုကျေးကျေးပါ။

၁.ကျွန်တော်တို့ PC တွေတခါတလေနှေးနှေးလာတတ်ပါတယ် ထိုသို့ဖြစ်ရခြင်းအဓိက အကြောင်းရင်း၄ခုမှာ
၁.Processor ပူလာခြင်း။
၂.Application အကြီးစားများကိုသုံးခြင်း (သို့) Application များစွာကိုတပြိုင်တည်းသုံးခြင်းနှင့်
၃.Virus
၄.Memory ပေါ်တွင်နေရာယူမူများပြားလာခြင်းတို့ကြောင့်ဖြစ်ပါသည်။

ပထမဆုံး user အနေနှင့်  Windown  key နှင့် R ကိုတွဲနှိပ်လိုက်ပါ ထိုအခါ run box ပေါ်လာပါလိမ့်မည်။ထိုထဲတွင်
Temp ဆိုပြီးရိုက်ထည့်ကာ Enter key ခေါက်လိုက်ပါ။ ထိုအခါ ပေါ်လာသော File များကို Ctrl+A နှိပ်ကာ all select ပေးလိုက်ပါ။
ထို့နောက် Shift + Del ကိုနှိပ်လိုက်ပါ။ထိုfile များမှာ user အတွက်မလိုအပ်ပါ သို့သော်စက်က သိမ်းထားခြင်းဖြစ်ပါသည်။ထိုနည်း
အတိုင်း  %temp%  ,   recent  ,   prefetch များကို run box အတွင်း ရိုက်ထည့် Enter ခေါက်ကာ all select လုပ်ပြီးဖျက်ပစ်နိင်
ပါသည်။
နံပါတ် လေး ကြောင့် အရမ်းလေးနေသောစက်များ သိသိသာသာပေါ့သွားပါလိမ့်မည်။စမ်းကြည့်ပါ။

၂.နောက်ပြသာနာတစ်ခုက ဖုန် ပြသာနာပါ ကျွန်တော်တို့ထင်မထားတတ်တဲ့အရာပါ သို့သော်ကွန်ပျူတာကို ဖုန်က ကောင်းကောင်းနှောက်
ယှက်နိင်ပါသည်။ System ပုံးကို သန့်ရှင့်ရေးပုံမှန်လုပ်သင့်ပါသည်။အကောင်းဆုံးအနေနှင့် ကွန်ပျူတာသုံးဖုန်စုပ်စက်လေး ဝယ်ပြီးသုံးတာ
ပါ။ကျွန်တော်လဲအဲ့ဒါလေးဝယ်ထားပါတယ် ၂၅၀ဝကျပ် ပဲပေးရပါတယ်။ကိုယ်ကဖုန်မရှိဘူးထင်ပေမဲ့ ဖုန်စုပ်စက်သုံးပြီး ဖုန်စုပ်စက်ရဲ့ ဖုန်စစ်
ဇကာ ကို check ကြည့်လိုက်ရင် အား…ပါး…ပါး အော်သွားရပါမယ်။

၃.နောက်တခုက ချေးပြသာနာပါ Window ပါမတက်တဲ့အထိဆိုးပါတယ်ဒါတွေကလူတွေမသိကျတဲ့ပြသာနာပါ ထုံးစံအတိုင်းကျွန်တော့်သူငယ်ချင်း
တွေ သူ့တို့ PC တွေ Window မတက်တော့ရင် ဖုန်းဆက်ခေါ်လို့သွားသွားလုပ်ပေးရပါတယ်။တနေကုန် Try ပါတယ်မရပါ နောက်ဆုံး memory
card ကိုဖြုတ်ပြီး အဝါရောင်အသွားလေးတွေကို ခဲဖျက်လေးနဲ့ ဖြည်းဖြည်းလေးပွတ်လိုက်ပြီး ပြန်တတ်လိုက်ပါတယ်။Power လဲ ON လောက်ရော
ခုနစက်က Window ဒေါင်ခနဲတက်သွားပါတယ် ချေးတွေက Memory card ကို read လုပ်မဲ့အပိုင်းမှာ ကောင်းကောင်းအနှောင့်ယှက်ပေးထားလို့ပါ။
ဖြစ်ခဲပါသည။်သို့သော် မိုးရာသီ တွင် အဖြစ်များပါသည်။(တုပ်ကွေးလို့ ပေါ့ ခွီး ခွီး ခွီး )
ဪမေ့လို့မေ့လို့ PC တွေမှာသာမကပါဘူး Camera memory card တွေ Phone Memory card တွေကိုလဲဒီနည်းအတိုင်းသုံးနိင်ပါတယ်။Card Error
ဖြစ်ရင်လည်းစမ်းကြည့်ပါအဆင်ပြေသွားပါလိမ့်မယ်။

 

၄. Virus အချို့သည် window shutdown မလုပ်နိုင်အောင် စွမ်းပါသည်။complainတက်စရာရှိပါသည် power ခလုပ်နှိပ်ပြီးချမှာပေါ့လို့။ပာဲ..ပာဲမရဘူးခည။
သူက ခလုပ်ကိုပါ Disable လုပ်ထားလိုက်ပါပြီ။ထိုအချိန်ကျရင်ဘာလုပ်ရမှန်းမသိပါ PC ဆို ပါဝါကြိုးဆွဲဖြုတ်လိုက်သည်၊Laptop ဆိုရင် battery ဖြုတ်လိုက်သည်။
(ကျွန်တော်လုပ်ခဲ့တာတွေပါ)ခက်တာက computer ကTV လိုမပာုတ်ပါ။ထိုသို့လုပ်နေရပါက မဖြစ်ချေ…….နည်းလမ်းရှိပါသည်
window key နဲ့ R နဲ့နှိပ်ပြီး run box ခေါ်လိုက်ပါ။Box ထဲတွင် shutdown -s  -t  0  ဆိုပြီးရိုက်ထည့်လိုက်ပါ(တခုနှင့်တခုကြားတွင် space ခြားပြီးမှရိုက်ပါ)ပြီးလျှင်
Enter ခေါက်ပါ။ သင်ပိတ်မရသောစက် ပုံမှန်အတိုင်း shutdown လုပ်သွားပါလိမ့်မယ်။ 0 zero နေရာတွင်တခြားnumber များကိုလဲထည့်နိင်ပါသည်။ထို number
များမှာ second ကိုကိုယ်စားပြုပါသည်။  5 ပာုရိုက်ထည့်ပါက enter ခေါက်ပြီး ပိတ်ဖို့ကြာချိ်န်ဖြစ်ပါတယ်။
သာမန်အချိန်များတွင်လဲ ထိုနည်းကိုသုံးပြီးပိတ်နိင်ပါသည်။(ဘာရယ် ညာရယ် မပာုတ်ဘူးလူရှိန်တာပေါ့……ပာိီးပာီး)

“Easy Computer Part-1” ကိုဒီ ၄နည်းနဲ့ပဲရပ်ပါရစေ၊နောက် Part-2…..3.. တွေမှာလဲနည်းလမ်းကောင်းလေးတွေထည့်နိင်အောင် ကလိ လိုက်ပါအုံးမယ်………
Beginner လေးမို့ Post မှာအမှားလေးတွေပါလာရင် သွေးပုချိ့ ချင်ပါတယ်။နောက်မရေးစေချင်ရင်လဲ comment လေးတွေပေးပြီးရပ်ခိုင်းနိုင်ပါတယ်။ကျွန်တော့်ကိုလဲ
ပြန်ပြီး share ကျစေခြင်ပါတယ်။အဆင်မပြေရင် မေးမြန်းနိုင်ပါသည်၊ကျွန်တော်ကြိုးစားပြီးဖြေကြားပါရစေ………………………comment များကိုစောင့်မျှော်ရင်း။

18 comments

  • kokoover

    January 7, 2012 at 7:37 pm

    အရမ်းနဲ့ကို ကျေးဇူးတင်ပါတယ် ကိုဝေဖြိုးခင်ဗျာ…
    ဆက်လက်ပြီးတော့ တင်ပေးပါအုံး
    အရမ်းတန်ဖိုးရှိပါတယ်။
    လေးစားစွာဖြင့်
    ကိုကိုပို

  • lenovouser

    January 7, 2012 at 8:16 pm

    ကျေးဇူးတင်ပါတယ်နော်။ ဆက်ပြီးတင်ပြပေးပါဦးနော်။ ကွန်ပြူတာကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိချင်လို့ပါ။

  • windtalker

    January 7, 2012 at 8:22 pm

    နံပါတ် ၃ အချက်
    အဝါရောင် အသွားလေးတွေ ကို ခဲဖျက်နဲ ့တဖြေးဖြေး ပွတ်လိုက်တယ် ဆိုတဲ့ အချက်ကိုတော့ မှတ်သွားဘီ ဗျို ့။
    ဆိုင် ကို ပို ့စရာ မလိုတော့ဘူးပေါ့ဗျာ… ကျေးကျေးပါ

  • Khin Latt

    January 7, 2012 at 9:06 pm

    တန်ဖိုးရှိတဲ့ ဗဟုသုတတွေ ပါ မောင်ဝေဖြိုး ရေ။ ကျေးဇူးပါဘဲ။
    မသိသူကျော်သွား၊ သိသူဖော်စားတဲ့။ အန်တီ တို့ အတွက် မင်းက ဖော်ပေးနေတာပေါ့။
    အန်တီ အားပေးပါတယ်။ အမှားဖြစ်လဲ ဘာဖြစ်လဲ။ ပြင်ပေးတဲ့ သူတွေ့ရင် ကိုယ်ပါ အကျိုးပိုရှိတာပေါ့။
    မဟုတ်လား။ ဘယ်သူမှ အမှားကင်းမည် မဟုတ်၍ မှားမှာ မကြောက်ပါနှင့်။
    မှားရင် လိုလို လားလား ပြင်ချင်တဲ့ စိတ်ဘဲ လိုပါတယ်။
    စကားမစပ် ခေါင်းစဉ်က Computer အစား Copmuter ဖြစ်နေလို့။
    မင်းလဲ အန်တီ့ လို ရှန်းလူမျိုး ထင်တယ်။ 🙂

  • ငပေါက်ဖော်

    January 7, 2012 at 9:18 pm

    သများ ပီစီလေး ပါဝါအွန်လိုက်ရင် ဘာမှ ပေါ်ဘူးချင့်
    အစကတော့ ဝင်းဒိုး တက်ပါသေးတယ်
    နောက်တော့..ပါဝါပိတ်ပြီး နောက်နေ ့ပြန်ဖွင့် ဘာမှပေါ်ဘူးခင်ည
    မန်မိုရီကဒ်ဖြုတ်၊ဟိုဖြုတ်၊ဒီဖြုတ်လုပ်ပြီး တစ်ခါပြန်တက်ပါတယ်
    နောက်တော့
    ပါဝါပြန်ပိတ်ပြီးနောက်နေ ့ပြန်ဖွင့်တာ
    ဟိုဖြုတ်၊ဒီတပ်လဲ မရတော့ဘူး
    ကီးဘုတ်က မီးတောင် မလင်းတော့ဘူး
    အဲလာ ဘာခေါ်သလဲ
    ဝင်းဒိုးတက်ဖို ့ Post ,boot,o/s loading ရှိရာမှ Post တက်တဲ့ အဆင့်တောင် မရောက်တော့ဘူး
    ဘာဖြစ်လို ့လဲသိဘူး..အဲတာနဲ ့ ပြစ်ထားလိုက်တာ
    ဖြစ်နိုင်ခြေလေး နားလည်တဲ့ အာကိုအာမတို ့ရှင်းပြကြစေချင်ပါလယ်ချင့်

    အပိုင်းနှစ်လဲ မျှော်နေလှယက်
    ယုံကြည်၉စား၄စားလယှက်
    သများ

    • KoNyeinChan

      January 8, 2012 at 10:00 am

      အဲ့ဒါ လွယ်လွယ်လေး…
      LCD
      Ram
      Hard Disk
      Mother Board
      DVD Drive
      Power & VGA Cable
      Keyboard
      Mouse
      Housing လေးသာ လဲလိုက်ပါ…
      ၁၅၀ဝ ကျတယ် 😀 😀 😀

      • ငပေါက်ဖော်

        January 8, 2012 at 10:15 am

        ဒါ်လှ ထောင့်ငါးရာလား ဟင်
        သဂျီးဆီက တောင်းပေးလေ
        ၂လုံးပြူး မကြောက်ရင်ပေါ့
        😆

  • padonmar

    January 8, 2012 at 1:55 am

    အန်တီတို့လို ကွန်ပျူတာ ဝလုံးတန်းတွေအတွက် အလွန် အသုံးဝင်ပါတယ်။ကျေးဇူးပါ၊
    အားပေးနေပါတယ်။

  • Wai Phyoe

    January 8, 2012 at 9:45 am

    ပာုတ်ကဲ့ ကိုငပေါက် ပြသာနာက တော်တော်ကြီးပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်အရင်တုန်းက ဖြစ်ခဲ့ဘူးတာတွေနဲ့ တပုံစံထဲပါပဲ။အဲ့ဒါစက်က စပျက်လာတာဗျ။
    ၁။နံပါတ်သုံးအချက်လေးစမ်းကြည့်စေချင်ပါတယ်။
    ၂။ကီးဘုတ်ကမီးမလင်းဘူးဆိုတာ processor ကအလုပ်မလုပ်လို့ပါ အထူးသဖြင့် window က process မလုပ်လို့ပါ။Laser mouse ရဲ့အောက်ကိုလှန်ကြည့်လိုက်ပါသူလည်းမီးမလင်းပါဘူး။
    ၃။window ကအလုပ်မလုပ်ဘူးဆိုလို့ ဝင်းဒိုးနဲ့မဆိုင်ပါဘူး စက်နဲ့ပဲဆိုင်ပါတယ်။
    ၄။power supply ကို check စေချင်ပါတယ်။အဲ့လိုဖြစ်နေရင်ကြာလာရင် motherboard အတွက် မကောင်းပါဘူး။
    ၅။စက်လေးပြန်ကောင်းသွားရင် UPS နဲ့သုံးစေချင်ပါတယ်။ဒါကpower ပြသာနာပါ။
    မသုံးတဲ့စက်တွေတော်တော်များများ brand ဘလောက်ကောင်းကောင်းကြာကြာမခံပါဘူး။

  • Wai Phyoe

    January 8, 2012 at 9:51 am

    ပာုတ်ကဲ့ဆက်လက်တင်သွားပါမယ် ခေါင်းစဉ်လေးရှန်းသွားတာကိုလဲခွင့်လွတ်ပေးစေချင်ပါတယ်။
    kokoover ,padonmar,Khin latt,lenovouser နဲ့windtlaker တို့ကိုလဲ ကျွန်တော်ကျေးဇူးတင်ပါတယ်ခညာ။

  • ငပေါက်ဖော်

    January 8, 2012 at 10:10 am

    တိုင်းကျူးပါခင်ညာ
    အားရင် စမ်းကြည့်ပါဦးမယ်..ရနိုင်ခြေ အများကြီးရှလယ်လို ့လဲ ထင်ပါလယ် 😆
    ပညာဒါနပေးမဲ့ တစ်ယောက် တိုးလာတယ်လို ့မှတ်ပါတယ်နော့
    ပြီးဒေါ့.ကိုဝေဖြိုးရဲ့ နံပတ် လေးအချက် မန်မိုရီနေရာယူတာကို ပြန်ရှင်းဖို ့အတွက်..
    Manual မလုပ်ချင်ရင် ဒီအောက်က ကုဒတ်လေးတွေနဲ ့ One click ရှင်းတာလေး ကြုံတုန်းရှဲလိုက်ပါတယ်..
    အသုံးဝင်လို ့ MITR Forum ကနေ မှတ်ထားတာကြာပါဘီ..

    echo off
    DEL %systemroot%\prefetch\ /Q /S

    DEL %systemroot%\Temp\ /Q /S
    DEL %systemroot%\%temp%\ /Q /S
    DEL “%USERPROFILE%\Local Settings\Temporary Internet Files” /Q /S /F
    DEL “%USERPROFILE%\Local Settings\Temp” /Q /S /F
    DEL “%USERPROFILE%\Local Settings\Historique” /Q /S /F

    DEL “%USERPROFILE%\Local Settings\Application Data\Microsoft\Windows live contacts” /Q /S /F
    del “%USERPROFILE%\RECENT” /Q /S /F
    del “%USERPROFILE%\Cookies” /Q /S /F

    Notepad ထဲကူးပြီး ဖိုင်ကို filename.bat နဲ့ မှတ်ပြီးသုံးရတာပါ

  • Wai Phyoe

    January 8, 2012 at 10:16 am

    ပာုတ်ကဲ့ခုလို ကျွန်တော့်တို့ကို ပြန်share ပေးမယ့် ဒီလိုမျိုး ကွန်းမန့်လေးကိုစောင့်နေတာပါ။
    ကျွန်တော်ကူးသွားပါတယ်။ကိုငပေါက်ကိုကျေးဇူးတင်ပါတယ်။နောက် part 2..3 တွေမှာလဲကိုငပေါက်ခွင့်ပြုချက်ရင် အားလုံးပိုသိသွားအောင်
    ကူးပြီးဖော်ပြပေးချင်ပါတယ် user တွေလဲအဆင်ပိုပြေသွားတာပေါ့ဗျာ။Thank you very much ပါ။

  • htoosan

    January 8, 2012 at 1:12 pm

    အားပေးနေတယ် ဝေဖြိုးရေ။ မသိသူတွေ အတွက် ၊ တန်ဘိုးရှိပါတယ်။ အရင်တုန်းကလည်း တစ်ဦးရေးတာ ဖတ်ဘူးခဲ့ပါတယ်။ မဖတ် မိလိုက်သူများအတွက်တော့ မှတ်စရာပြန်ရသွားတာပေါ့။

  • တောင်တန်း က မောင်ဆန်း

    January 8, 2012 at 1:31 pm

    အပေါ်က ကိုဝေဖြိုးကိုလဲ ကျေးဇူးတင်ပါ၏
    bat ဖိုင်ပေးတဲ့ ကိုပေါက်ဖော်ကိုလဲ ကျေးဇူးတင်ပါ၏ ။

  • ရင်နင့်

    January 8, 2012 at 11:46 pm

    Mac OS အတွက်လဲ ဖြစ်နိုုင်ရင် တင်ပေးပါဦးဗျာ

  • kai

    January 9, 2012 at 10:44 am

    Title ပြင်ပေးလိုက်ပါတယ်..။
    ခဲဖျက်နဲ့ဖျက်တာတော့မဟုတ်ဖူး..။ ဒီတိုင်းပြင်လိုက်တာ..။ 🙂

    ခဲဖျက်နည်းလည်း.. မှတ်သွားပါကြောင်း…။

  • nozomi

    January 9, 2012 at 1:56 pm

    ကူးထားလိုက်ပါတယ်
    ကျေးဇူးတင်ပါတယ်
    နောက်ပို့စ်တွေကို ဆက်အားပေးနေပါမယ်

  • Wai Phyoe

    January 14, 2012 at 10:04 am

    Title ပြင်ပေးတာ ကျေးကျေးပါသူကြီး

Leave a Reply