ဇလွန် G.T.C ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်တဲ့အမှု ကာယကံရှင်၏ ရင်ဖွင့်တိုင်ကြားချက် (ရုပ်သံ)

youtubeတင်ထားတာလေးတခုတွေ့လိုလှမ်းပို့လိုက်တာပါရွာသားများသိအောင်ပေါ့လေ

ရွာသားတွေကြည့်ပြီးသိစေချင်လိုပါyoutubeတင်ထားတာလေးကိုသူငယ်ချင်းတယောက်လင့်ပေးလိုကြည့်လိုက်မိပါတယ်
uploadတင်ပေးချင်ပင်မဲ့လိုင်းမကောင်းလို့linkလေးပေးလိုက်ပါတယ်

17 comments

  • မိုးနတ်သားလေး

    January 7, 2012 at 9:28 pm

    ဇလွန် G.T.C ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်တဲ့အမှု ကာယကံရှင်၏ ရင်ဖွင့်တိုင်ကြားချက် (ရုပ်သံ)အနာဂတ်ကြယ်ပွင့်လေးများ
    http://www.futurestars-mm.com/forum/topic/show?id=6405389%3ATopic%3A224641&xgs=1&xg_source=msg_share_topicသုံးထားတဲ့ခေါင်းစဉ်လေးပါအပေါ်တွင်ကြည့်လိုမရသူများအဆိုပါလင့်တွင်
    ဝင်ရောက်ကြည့်နိုင်ပါတယ်
    မူရင်youtube link
    http://www.youtube.com/watch?v=-XPa2D9mtoA
    ဒီမှာပါ

  • water-melon

    January 7, 2012 at 9:30 pm

    ကြည့်လိုက်အုံးမယ်
    ဘယ်သူက ကျင့်တာလဲဟင်

    • မိုးနတ်သားလေး

      January 7, 2012 at 9:35 pm

      နတ်သားလေးအနေနဲ့သိသိချင်းတင်ပေးတာပါ
      youtubeတင်တဲ့ရက်မနေ့ကတင်လိုက်တယ်သိရပါတယ်
      ရွာသားများဦးဦးဖျားဖျားသိစေချင်လိုပါဘယ်သူဘယ်ဝါဆိုတာတော့
      နတ်သားလေးမရှင်းမရှင်းပါဘဲကိုယ်ဒေသမှာမဟုတ်တာလေ

  • windtalker

    January 7, 2012 at 9:37 pm

    အေးဗျာ
    ကြည့်လိုက်ဦးမယ်
    ခေါင်းစဉ်မြင်ရုံနဲ ့စိတ်ဝင်စားမိသလို
    သနားစရာကောင်းတဲ့ ကျောင်းသူလေး ပါလို ့

  • thit min

    January 7, 2012 at 10:01 pm

    Credit to Demowaiyan
    http://www.demowaiyan.co.cc/2012/01/agti-civil.html
    ဇလွန်မြို့မှ မတရားပြုကျင့်ခံရတဲ့ ဟင်္သာတ နည်းပညာတက္ကသိုလ် AGTI (Civil) ဘွဲ့ရ အမျိုးသမီးငယ် တစ်ဦးရဲ့ တိုင်ကြားစာ (သတင်း၊ ရုပ်သံ)
    Friday, January 06, 2012 ဒီမိုဝေယံ

    G T C ကျောင်းသူလေး မတရားပြုကျင့်ခံရမှု၌ ရုံးထိုင် မြို့နယ်တရားသူကြီး ဦးအောင်ကြည်သန်းမှ တရားခံအား အမိန့်ချရန် ၅ရက်အလိုတွင် သက်သေ ၅ယောက်ထပ်တိုးတယ် ဆိုပြီး ပြန်လည် ပြင်ဆင်ပါတယ်..။ အမှန်တကယ်က သက်သေထပ်တိုးလို့ မရဟု ဆိုပါတယ်..။ တရားခံဘက်မှ ထွက်ဆိုပေးမည့် သက်သေစန်းသူရိန်ထွန်းအား တရားသူကြီး ဦးအောင်ကြည်သန်းမှ မိမိပိုင်ကားနဲ့ ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။ တရားခံ ဦးမင်းသီလအား တရားသူကြီးမှ တရားသေ လွှတ်လိုက်ပါတယ်..။ ငွေများတရားနိုင် အဖြစ်မျိုးရင်ဆိုင်ရမှာကို စိုးရိမ်တဲ့အတွက် နစ်နာခဲ့ရတဲ့ မသင်းကြူကြူလှိုင် မိသားစုမှ အမှုမှန်ပေါ်ပေါက်ရေးကို အလိုရှိနေကြပါတယ်..။

    • မိုးနတ်သားလေး

      January 7, 2012 at 10:06 pm

      ဆရာသစ်မင်းကျေးဇူးဘဲ
      နတ်သားလေးဘယ်ဆိုက်ကြည့်လို့ကြည့်ရမှန်းမသိ
      ဘယ်သူမှန်းမသိနဲ့ရွာသားသတင်းထူးသိစေချင်တဲ့စေတနာကြောင့်
      ဘာအကြာင်းအရာမပါဘဲတင်ပေးလိုက်ပါ
      ပေးထားတဲ့ခေါင်းစဉ်နာမည်ကလည်း
      အနာဂတ်ကြယ်ပွင့်လေးများဆိုက်မှာပေးထားတဲ့နာမည်ပြန်တင်ပေးလိုက်တာပါ

    • small cat

      January 8, 2012 at 8:15 am

      ဒီလိုကိစ္စမျိုးမှာ မမှန်ကန်မှု၊ဘက်လိုက်မှု ရှိနေတယ်ဆိုရင်တော့၊ပြည်သူတွေ ဝိုင်းဝန်းဖိအားပေးသင့်ပါတယ်။ တရားရုံးကို ပြင်းပြင်းထန်ထန် ဆန္ဒပြ ကန့်ကွက်ဖို့လိုမယ်ထင်ပါတယ်။ ကိုယ့်ဖက်က မှန်နေဖို့တော့လိုပါတယ်။
      ကိုယ့်ဖက်က မှန်နေဖို့တော့လိုပါတယ်။

  • ပေစိ

    January 7, 2012 at 11:38 pm

    ဦးမင်းသီလ ဆိုတာဘယ်သူလဲ အလိုမတူရင်မလုပ်နဲ့ပေါ့ ဒါမတရားဘူးလေ

  • ကို သစ်မင်းက သိပ်တိကျတာဘဲဗျ။
    ကွန်နက်ရှင်က မကောင်းတော့ ကြည့်ဖို ့နေပါ၊
    စာဖတ်နေရတာကို ဝမ်းသာရမလိုဖြစ်နေလေတော့
    မိုးနတ်သားလေးရေ ကျေးဇူးပါ။အမှုမှန်ပေါ်ပါစေ
    ဆုတောင်းလိုက်ပါတယ်။

  • ရွှေဘိုသား

    January 8, 2012 at 9:03 am

    လောလောဆယ်တော့ တရာခံက လွတ်နေပြီ ပိုက်ပိုက်ပေး အေးဆေးနေနိုင်တဲ့ သဘောဖြစ်နေပြီ
    အမှုကို အမြန်ဆုံး အမှန်ပေါ်အောင် တတ်နိုင်သလောက် ဝိုင်းဝန်းထမ်းဆောင်ကြသင့်ပါတယ်
    ဟိုတစ်ခါ အနှိပ်စက် ခံရတဲ့ ကလေးတုန်းကလို ကူညီမဲ့ တရားသူကြီး တွေပေါ်လာရင် ပိုကောင်းမယ်ထင်တယ်

  • htet way

    January 8, 2012 at 9:49 am

    ငွေများတရားနိုင်ကရုံးတိုင်းလိုလိုဖြစ်နေပါတယ်
    ဒီတရားသူကြီးက ကိုယ်ချင်းစာစိတ် မရှိပုံရပါတယ်
    နောက်တခုက ဒီလိုမတရားမူမျိုးတွေကို လူထုက ပါဝင်လာသင့်ပါပြီ
    တရားရုံးတွေ အကြောင်းကတော့ မပြောချင်လောက်အောင်ရွံ စရာကောင်းပါတယ်

  • KoNyeinChan

    January 8, 2012 at 10:17 am

    ဒီလို ပို ့စ်မျိုးကို ဘယ်အမျိုးကောင်းသားသမီးက လက်မအောက်စိုက် မှတ်ချက်ပေးရတာတုန်း??? ကိုယ်ကိုယ်တိုင်ခံစားရမှ ကိုယ့်နှမ ခံစားရမှ နာမှန်းသိမယ်..
    ဘယ်သူမဆို ရာထူးတစ်ခု စ တက်တက်ချင်း နာမည်ကောင်းရဖို ့အတွက် အလုပ်ကောင်းကောင်းလုပ်ပြ(သက်သေပြ) မှာ ဖြစ်တဲ့အတွက် ဒီကိစ္စသာ အစိုးရအထက်ပိုင်းအထိ ရောက်ခဲ့ရင်တော့ အမှုမှန်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမှုရှိလာမှာပါ.. ကာယကံရှင်ကိုယ်တိုင်က ဗီဒီယိုမှတ်တမ်းတင်ထားပုံထောက်ရင်တော့ မှန်ဖို ့များတယ်..
    ဒါပေမယ့် တစ်ဖက်ကကြည့်ပြန်ရင်လည်း အတိုက်အခံတွေ အနေနဲ ့ လူတစ်ဖက်သား စီးပွားပျက်အောင်၊ နာမည်ပျက်အောင် တစ်မျိုးမဟုတ် တစ်မျိုးနဲ ့ဆင်ဇာတ်လမ်းတွေဖန်တီးတာလည်းရှိပါတယ်..(ဒီ မိန်းကလေးလည်း ဒီလိုလုပ်ထားတယ်လို ့ဆိုလိုတာမဟုတ်ဘူးနော..ကြိုပြောထားတာ/ကြိုကာထားတာ :D)..
    ဒီမလေးရှားမှာ အတိုက်အခံပါတီတစ်ခုရဲ ့ခေါင်းဆောင် Anwar Ibrahim ဆိုရင်လည်း သူ ့ကိုနိုင်ငံရေးလောကထဲမှာ ခေါင်းမထောင်နိုင်အောင် တခြားအဖွဲ ့တွေက နည်းအမျိုးမျိုးနဲ ့ ကလိန်စေ့ ဉာဏ်းဆင်အထားခံနေရတာ ကြာပြီ… အမှုမှန် ပေါ်နိုင်ပါစေ.. အစိုးရသစ်အနေနဲ ့ထိရောက်စွာ အရေးယူနိုင်ပါစေ…

  • kyawhan21

    January 8, 2012 at 10:55 am

    ဒီဖြစ်စဉ်ကို ကျွန်တော်တို့သုံးသပ်တဲ့အခါ လက်ရှိအစိုးရအနေနဲ့ ပြည်သူ့အရေးနဲ့ပတ်သက်ပြီး အထူးတလည်တိုက်ဖျက်ရမယ့် လုပ်ငန်းစဉ်တွေကို တွေ့ရမှာပါ ၊
    ပထမ အချက်ကတာ့ တရားစီရင်ရေးပါ တိုင်းပြည်မှာ မှန်ကန်စွာရပ်တည်တဲ့ပြည်သူတွေကို ကာကွယ်တဲ့ ဥပဒေဆိုတာရှိပေမယ့် ဒီဥပဒေကို ကိုင်တွယ်စီရင်သူတွေက လာဘ်ငွေစားပြီးဖေါက်ဖျက်တဲ့အခါ လုံခြုံမှုကင်းမဲ့သွားတာက အပြစ်မဲ့ပြည်သူတွေကိုယ်တိုင်ဘဲဖြစ်ပါတယ်၊ တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ တရားရေးအသိုင်းအဝိုင်းကို ဘယ်လိုအရေးယူဆောင်ရွက်မှာ ဒါပြည်သူကိုဖြေရှင်းချက်ပေးရမယ့် စိန်ခေါ်မှုတရပ်ပါ၊ ဒီတရားစီရင်မှုတွေမှာ မထရားဥပဒေတွေ low of angle လို့ခေါ်တဲ့ ကြီးနိုင်ငယ်ညှင်း ဥပဒေတွေကြီးစိုးနေတာကြာပြီ ဒါကိုဘယ်လိုအရေးယူဆောင်ရွက်မလဲ ဒါကတချက်ပါ၊
    ဒုတိယ အချက်က အမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အစိုးရက ဘယ်အတိုင်းအတာထိ တာဝန်ယူမှာလဲဆိုတာပါ မြန်မာပြည်မှာ ဒီလိုဘဲ အမျိုးသမီးငယ်လေးတွေကို မတရားအနိုင်ကျင့်ခံရနေတာတွေက တရားရေးဌာနတွေကိုငွေပေးပြီး ပျောက်ကွယ်သွားရတာတွေများပါပြီ
    အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဥပဒေတွေ ပိုပြီးအာမခံချက်ရှိတဲ့ ဥပဒေနဲ့ တရားစီရင်ရေးအသိုင်းအဝိုင်းတွေခိုင်ခိုင်မာမာ ရှိအောင် အစိုးရကတာဝန်အပြည့်အဝ တာဝန်ယူပေးနိုင်ရပါမယ်၊
    ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူကို မှန်ကန်တဲ့တရားစီရင်မှုဘောင်အတွင်းက ဘယ်လိုပြစ်ဒဏ်စီရင်ပေးမှာလဲ ပြစ်မှုကျူးလွန်ခံရသူ ကျောင်းသူရဲ့ အမျိုးသမီးများဆိုင်ရာအခွင်ံအရေးကိုဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမှာလဲ လာဘ်ငွေစားတဲ့တရားသူကြီးနဲ့တရားစီရင်ဆိုင်ရာ တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူဆောင်ရွက်မလဲ
    သက်ဆိုင်ရာ တိုင်းဒေသကြီးရဲ့ စီမံဆောင်ရွက်မှု ဟာ အမှန်ပြည်သူတစ်ဦးချင်းစီကို တာဝန်ယူနိုင်တဲ့အစိုးဖြစ်တယ်ဆိုတာ အလုပ်နဲ့သက်သေပြဘို့လိုနေတယ်လိုထင်မိပါတယ်။

  • ကောင်းမြတ်သူ

    January 8, 2012 at 5:54 pm

    အမျိုးသမီးရေးရာတို့၊ မိခင်နှင့်ကလေးတို့ဘယ်ရောက်နေလဲ………….. မိန်းခလေးအရှက်ကို ငွေနဲ့ပေးတိုင်းရရောလားဗျ……………. တရားစီရင်ရေးဆိုတာ ငွေအလွှမ်းခံလို့မရဘူးထက်တယ်ဗျို့
    ငွေလွှမ်းသွားရင်တော့ သွားပါပြီ အမတ်မင်းတို့ရယ်………….
    လုပ်ကြပါအုံး……………… အော်ကုန်ကြပြီဗျ……………..

    • Thel Nu Aye

      January 8, 2012 at 7:31 pm

      စမ်းချောင်းကအမျိုးသမီးရေးရာကတော့မာဆတ်ဖွင့်ထားတယ်ဆိုလား။ အဲတော့လဲဒီကိတ်စကပေါ့လေ။ ဘယ်လိုပြောရမလဲ။ ဒီလိုပဲပေါ့နော်။ အဲလိုမျိုးလေးတွေလဲရှိတယ်ပေါ့နော်။ သူတို့တောင်မာဆတ်ဖွင့်သေးတာပဲလေ။ ဝင်ပြောနေရင်သူပါမကောင်းရှိတော့မပေါ့။

  • မှော်ဆရာ

    January 8, 2012 at 6:53 pm

    ကိုယ်မမြင်ရသေးပဲ သေချာမသိသေးပဲနဲ့တော့
    ဘယ်ဘက်ကမှန်တယ် မှားတယ် မပြောလိုဘူး
    ဖေ့ဘုတ်ပေါ်မှာတော့ ကောင်မလေးရဲ့ ဒေါ်လေးက တိုင်းတရားသူကြီးထိ တက်တိုင်ထားတာ တွေ့တယ်
    မှန်တဲ့ဘက်က နိုင်ပါစေ …
    ငွေများ တရားနိုင် စနစ်ဆိုး ကျဆုံး ပျက်ဆီးပါစေ …။

  • nature

    January 8, 2012 at 10:15 pm

    အမှန်အတိုင်းဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ ။ ကျနော့်အမြင်တကယ်တော့ အမျိုးသမီးရေးရာဆိုတာလည်းမရှိသင့်ပါဘူး ။အမှားအမှန်ကိုဆုံးဖြတ်ဖို့ မှန်ကန်တဲ့တရားဥပဒေပဲရှိသင့်တယ်။ အမျိုးသမီးရေးရာက တရားမစွဲခင်အပြင်မှာ ပုဂ္ဂလိကသဘော အဆင်ပြေအောင်ညှိနှိုင်းပေးရင်တော့ ကောင်းပါတယ်။ ဥပဒေကိုနားမလည်ပဲ တရားသူကြီလိုမျိုးဆုံးဖြတ်ချက်တွေ ချတာတော့ မသင့်ဘူးထင်မိတယ်။
    စင်္ကြာမင်းရဲ့ကျင့်စဉ်မှာ ဖခင်စင်္ကြာမင်းကြီးတောထွက်တော့ သားကြီးနန်းရသတဲ့။ဖခင်ကသူ့သားကို ဘာမှသလဲဆိုတော့-
    တိုင်းပြည်မှာ ဥပဒေနဲ့မညီတဲ့ကိစ္စတွေမဖြစ်စေနဲ့။ ဆင်းရဲသားတွေကို ထောက်ပံ့ပါလို့မှာခဲ့တယ်လို့ ပါမောက္ခချုပ်တရားတော်မှာ နာခဲ့ရဘူးပါတယ်။ တရားအမည်က ယနေ့လူသားများရဲ့နက်ဖန်ကမ္ဘာတဲ့။ ဒီတရားလေးက ကျွန်တော့်ကို အသိဉာဏ်တိုးစေခဲ့ပါတယ်။

Leave a Reply