လမ်းမပျောက်စေနဲ့

naywoon niJanuary 7, 20121min1299

စိတ်ကူးတစ်ခုဟာ
ကိန်းသေအလျင်နဲ့ရွှေ့လျား
လားရာတစ်ခုဆီကို ခရီးသွားနေတယ် ဆိုပါစို့……။
တည်မြဲတဲ့ အလျင်ဖြစ်စေဖို့
ဘယ်အရာကို တားဂတ်ထားပြီး
သမာဓိယူနေသလဲ?
မိန်းကလေးတစ်ယောက်အတွက်
အသက်ရှင်ရပ်တည်ဖို့ ရုန်းထွက်နေသလား
ဒါမှမဟုတ်
ဆရာသခင်လား မိဘလား?
သားသမီးလား ညီညီမ လေလား……
တစ်ခုခုကိုအာရုံစိုက်
ဘဝကိုမောင်းနှင်ခိုက်မှာ
အဖြစ်နဲ့ အပျက် ဒွန်တွဲလာရင်တော့
အမှိုက်သရိုက်နဲ့ ဒိုက်ကိုရှင်းလင်း
ကိုယ့်ဦးတည်ချက်ကိုယ်ရောက်အောင်သွား
လမ်းကြောင်းမပြောင်းစေနဲ့ အသင်လူသား….။

နေဝန်းနီ

9 comments

  • htet way

    January 8, 2012 at 9:29 am

    ဘဝရဲ့ လက်ညိုးညွှန်ရာမှာရေ ဖြစ်နေချိန်မှာ
    အရှက် …အသက်..ရှင်သန်မူတွေကို ရှာကြံတဲ့ အခါမှာ
    ကိုနေဝန်းနီ သတိပေးသလို
    မိန်းကလေးတစ်ယောက်အတွက်
    အသက်ရှင်ရပ်တည်ဖို့ ရုန်းထွက်နေသလား
    ဒါမဟုတ်……….
    အကိုရေ ..ရှိုက်သံတွေကို ကြားမိရဲ့လား

  • ငပေါက်ဖော်

    January 8, 2012 at 11:44 am

    မူးလာရင်
    လမ်းကြောင်းက ပြောင်းပြောင်းသွားတယ် ဘိုနေရဲ့
    ဘိုလုပ်ရမရဲ

  • windtalker

    January 8, 2012 at 1:46 pm

    “ ဘာကို လုပ်လုပ် အောင်မြင်မှု ရအောင်လုပ် ”
    အဲ့ဒီလို ဆိုတာပေါ့နော် ။

    • ငပေါက်ဖော်

      January 8, 2012 at 3:30 pm

      ဟုတ်ဘူး
      ဘုရားသွားမယ်ဆိုပြီး လမ်းတစ်ဝက်ရောက်မှ မာဆတ်ကွေ ့သွားမှာဆိုးလို ့သတိပေးတာ

      • windtalker

        January 8, 2012 at 6:53 pm

        ပေါက်ဖော် နဲ ့ဆိုရင်တော့
        အဲဒီလို အဲဒီလို ဘဲ

        • naywoonni

          January 8, 2012 at 9:32 pm

          မောင်ပေရယ်……….. ကပေါက်ဖော်ကိုတော့ ပြောနေတယ်…။ မင်းကကော………..။

        • ငပေါက်ဖော်

          January 8, 2012 at 9:38 pm

          ပြောလိုက်ချမ်းဘာ..ပြောလိုက်ချမ်းဘာ
          😆

  • ကြောင်ကြီး

    January 9, 2012 at 11:57 am

    လမ်းပျောက်ရင်
    ကြမ်းထောက်
    ပန်းခြောက်ရှာ
    ရမ်းပေါက်
    မန်းရောက်ကာ
    တန်းသောက်…။

    • windtalker

      January 9, 2012 at 2:24 pm

      ထန်းသောက်
      တန်းမှောက်
      နမ်းအခြောက်
      ( မန်းရောက်ပြီး ထန်းသောက်ပြီးသကာလ ကိုကိုကြောင့် ဖြစ်ပုံ ကို ပြောပါဒယ် )

Leave a Reply