N+ 070112 ရထားလမ်းများအန္တရာယ်ကင်းရှင်းရေး

natureJanuary 7, 20121min14714

၂၀၁၁ ခုနှစ်က ရထားမှောက်လို့ လူတွေသေခဲ့ကြတာကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာရထားသံလမ်းတွေရဲ့ကြံ့ခိုင်မှု အားနည်းနေတယ်လို့ယူဆမိပါတယ်။ တနေ့က ကျွန်တော်လည်း ဒညင်းကုန်းဘူတာကို ရောက်ချိန်မှာ အမှတ်တမဲ့နဲ့ တွေ့ရှိလိုက်ရတာကတော့ လူစည်ကားချိန် မှာ ရထားတွဲမှာလူတွေအပြည့်နဲ့ ဒညင်းကုန်းဘူတာကို ဝင်လာချိန်မှာ ရထားသံလမ်းကဇလီဖားတုံးတွေဟာ အနည်းငယ်ကြွတက်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဒါတွေဟာအန္တရာယ်ရှိနိုင်မလားလို့တွေးမိပါတယ်။ ဒါကြောင့်ရထားစီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် မိုးရာသီမရောက်မီ ရထားလမ်းများကြံ့ခိုင်မှုကိုစစ်ဆေးသင့်တယ်လို့ယူဆပါတယ်။ အထူးသဖြင့် ရေဝပ်တတ်တဲ့ နေရာတွေ အစိုဓါက်ရှိတဲနေရာတွေမှာ ရှိတဲ့ ဇလီဖားတုံးတွေရဲ့ကြံ့ခိုင်မှုကို အထူးစစ်ဆေးဖို့လိုမယ်ထင်ပါတယ်။

 

https://myanmargazette.net/90448/creative-writing

14 comments

  • htet way

    January 8, 2012 at 9:32 am

    စေတနာထားရေးပေးတာကျေးဇူးပါကိုနေချား
    ခင်ဗျားနေမကောင်းဘူးကြားတယ်
    ကျွှန်တော်ကမေးပါတယ်။ဖုန်းဆက်ပါ့မယ်

  • nature

    January 8, 2012 at 9:35 am

    ဂေါက်ပြန်ဖြစ်နေလို့ တွေ့ဆုံပွဲကို မလာဖြစ်တာပါ။

  • windtalker

    January 8, 2012 at 12:09 pm

    ရ ရထားကြီး ပျော်ပျော်စီး ရအောင်
    ပ အပျက်များ ပြင်စေဗျား……

  • ကြောင်ကြီး

    January 8, 2012 at 12:58 pm

    နိုင်ငံဂျား မီးရထားသံလမ်းတွေမှာ သစ်သားဇလီဖာတုံးတွေ အပြည့်ခင်းထားတာမြင်တိုင်း၊ ဓာတ်ကြိုးတွေကို သစ်လုံးအမြင့်ကြီးတွေ နရာမလပ် စိုက်သွယ်ထားတာမြင်တိုင်း ကျွန်း၊ ပျဉ်းကတိုးထွက်တဲ့ မြန်မာပြည်မှာ ရထားလမ်းတွေကို ကွန်ကရစ် ဇလီဖာတုံးတွေနဲ့ ခပ်ကျဲကျဲခင်း၊ (သစ်သားဇလီဖာတုံးဆိုတာ အဟောင်းတွေပဲ ကျိုးတို့ကျဲတဲကျန်တယ်)၊ ကွန်ကရစ် ဓာတ်တိုင်တွေစိုက်သုံးရတာ ရင်နာမိတယ်။ ကြေးမုံလေးရေ နင်တို့အမျိုးတရုတ်ကြီးလုပ်လို့ဟေ့……

  • ဦးဦးပါလေရာ

    January 8, 2012 at 2:46 pm

    ကိုနေးချားရေ
    အဲဒီသံလမ်းတွေကို အောက်ခံမြေသားကို သံလမ်းထိန်းကျောက်တွေကို မှန်မှန်စစ်ဆေးတာ၊ မှတ်တမ်းတင်တာ၊ မှန်မှန်ပြုပြင်တာတွေလုပ်ဘို့ အတော်အသင့်စံနစ်ကျတဲ့ သံလမ်းထိန်းသိမ်းရေး အစီအမံမျိုး (ကိုလိုနီခေတ်ရဲ့အမွေကောင်းတခုအဖြစ်) ရှိပြီးသားပါ။
    အဲဒါ မလုပ်တာပါ။
    မလုပ်လဲ ဘာမှမဖြစ်တော့ မလုပ်ဘူးပေါ့။
    မလုပ်ရင်တခုခုဖြစ်စေတဲ့စံနစ်မျိုး- ဥပမာ လွန်ခဲ့တဲ့ နှစ်ရှစ်ဆယ်လောက်က ဗြိတိသျှကိုလိုနီအောက်ကစံနစ်မျိုး
    ပြန်ပေါ်ပေါက်အသက်ဝင်ဘို့လိုပါတယ်။

    အော်….လွတ်လပ်ရေးရပြီး ၆၄ နှစ်ကြာပြီးမှများ … ဖြစ်ရလေချင်းနော်…..

  • ဦးပပလေရာ ပြောတာမှန်ပါတယ်။မီးရထားလမ်း၊ရေလမ်း၊ကားလမ်း အကုန်စုံနေတာပါဘဲ။ဘယ်လိုမှကို ခရီးသွား
    ဖို ့မကောင်းဘူး။စီစစ်မှုအား နည်းလွန်းပါတယ်။

  • Thel Nu Aye

    January 8, 2012 at 7:26 pm

    ဟိုတလောကကျွန်မတို့ရွာမနားမှာရထားမှောက်လဲပြီးရောဇလီဖားတုံးတွေချက်ချင်းလာလဲတာ။ ကျောက်တွေလဲပြည့်သွားတာပါပဲ။ ရထားလမ်းလဲငြိမ်သွားတာပဲ။ အဲဒီမတိုင်ခင်ကတော့ ကိုနေးချားပြောသလိုပဲ ဇလီဖားတုံးတွေကကြွကြွတက်လာတာကြောက်ဖို့တောင်ကောင်းတယ်။ ကျွန်မကထင်တာရထားလမ်း တလျှောက်လုံးပြင်တယ်မှတ်တာ။ လက်သတ်စပ်တော့ကျွန်မတို့နား ( မှောက်တဲ့နား ) လေးပဲပြင်တာကိုး။ အံ့ရောအံ့ရော။

  • naywoonni

    January 8, 2012 at 9:13 pm

    လုံးလုံးမပြင်တာနဲ့ စာရင်တော်သေးတယ်ပြောရမှာပေါ့ သဲနုလေးရယ်………..။

  • MaMa

    January 8, 2012 at 9:21 pm

    ဖြစ်လိုက်ရင် လူ့အသက်ပေါင်းများစွာကို စတေးရမှာမို့ ပြုပြင်ထိန်းသိမ်းမှုတွေကို ဂရုတစိုက်ပြုသင့်ပါတယ်။

  • nature

    January 8, 2012 at 9:24 pm

    ကျွန်တော်ဘူတာသွားတဲ့အချိန်နဲ့ရထားလာတာနဲ့ကြုံလို့ ဇလီဖားတုံးကလေးတွေ နဲနဲကြွလာတာမြင်တာနဲ့ရေးလိုက်တာပါ။ ပြီးတဲ့နှစ်ကရထားမှောက်ထားဘူးတော့ သတိထားမိလိုက်လို့။
    ရထားလမ်းတွေပြင်ဖို့အရေးကြီးတာကတော့ ဝန်ထမ်းကောင်းစိတ်ဓါက်နဲ့ ဝန်ထမ်းလစာတွေလုံလောက်ဖို့ ဘတ်ဂျက်ပဲ။ ဘက်ဂျက်ကို အစိုးရကစိုက်ထုတ်မလား။ ရထားလက်မှတ်ရောင်းရတဲ့ငွေနဲ့ ပြင်မလား။ အစိုးရကစိုက်ထုတ်မယ်ဆိုရင်တော့ ရေရှည်မှာ တိုင်းပြည်ဟာဆင်းရဲတွင်းကမလွတ်နိုင်ဘူး။ ဘယ်အစိုးရပဲတက်တက် တက်တဲ့အစိုးရက စိုက်ထုတ်မယ်ဆို တက်တဲ့အစိုးရ မွဲမှာပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာဆို ရထားလုပ်ငန်းတခုတည်းနဲ့ သူဌေးဖြစ်တယ် ။ ဒါပေမဲ့ဒီမှာကလည်းအသားကျနေတော့ တထစ်ချင်းပဲဖြေးဖြေးလုပ်မှရမယ်။
    ဒညင်းကုန်းဘူတာမှာက သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို ဝါးညှပ်အက ကနေလားတောင်ထင်ရတယ်။ 🙂 မတော်လို့သာဒီနေရာမှာရထား accident ဖြစ်ခဲ့ရင် လမ်းဘေးဈေးသည်တွေအများကြီးထိခိုက်ဒဏ်ရာ ရနိုင်တယ်။

  • ငပေါက်ဖော်

    January 8, 2012 at 9:37 pm

    ကိုနေချားရေ.
    ဓာတ်ပုံလေးနဲ ့ ပြောလိုက်ရင် ပိုပြီး တာသွားမယ် ထင်တယ်ခင်ည
    လေးပေါက်ကြီးဆို..လာထားပဲ..ချပ်စ်..ချပ်စ်..
    အကြံပေးတာပါ

  • nature

    January 8, 2012 at 10:37 pm

    ဗွီဒီယိုရိုက်မှသိသာမှာဗျ။ ရိုက်ရဲဘူး။တခြားပုံတွေဆိုအရေးမကြီးပေမဲ ပေါ်လစီနဲ့ညိသွားမှာကြောက်တယ်။ ဓါက်ပုံလည်းရိုက်လေ့သိပ်မရှိဘူး။

  • blackchaw

    January 9, 2012 at 1:59 pm

    ကိုနေးချားကြီး
    ကွန်းမန့်နောက်ကျနေတာခွင့်လွှတ်ပါဗျာ။
    ဘောလုံးကစားတာလေး နည်းနည်းလျှော့ပါ။
    အပေါ်က ပေါက်ဖေါ်ကလည်း ပုလင်း ကို ကစားနေတော့
    ကျွန်တော် ခေါင်းမူးပြီး ပြန်ထွက်ပြေးပြီဗျို့။

  • nature

    January 9, 2012 at 4:22 pm

    ပေါက်ဖော်နဲ့ဘော်လုံး ၁ပုလင်းကြေးလောင်းနေတာ။ ပေါက်ဖော်ကရှုံးလို့လက်ငင်းပေးမယ်ဆိုပြီး သောက်လက်စ ပုလင်းကိုဆွဲလာတာလေ။ 🙂

Leave a Reply