မြန်မာလေးတွေ မြန်မာမလေးတွေ မြန်မာလိုလှစေချင်

padonmarJanuary 8, 20124min541108

ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့

ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။

လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ

အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊

ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ဝတ်ခဲ့ပါတယ်တဲ့။

ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။

အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။

နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ဝတ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။

ဒါနဲ့ တဆက်တည်း ဖတ်ဖူးတာလေး ကောက်နှုတ် တင်ပြပေးချင်ပါတယ်။

ဒါရိုက်တာ ကြည်စိုးထွန်းရေး တောကြောင် မောင် ကျောက်ခဲ နှင့် အထွေထွေ မှတ်စုများ စာအုပ်ပါ “တစ်ဆယ်စုနှစ်ဓါတ်ပြားဟောင်း ” မှ

ယဉ်ကျေးမှုရိုးရာနဲ့ပတ်သက်ပြီး ဦးညီပုပြောသွားတဲ့ စကားတချို့ဟာ တော်တော်မှတ်သား အတုယူစရာကောင်းတာကိုတွေ့ရပါတယ်။

နိုင်ငံရပ်ခြားကိုသွားတဲ့အခါ ဘောင်းဘီရှည်ကြီးတွေ တကားကား၊ ကုတ်အင်္ကျ ီတွေတဖားတဖားဖား၊ လည်ပတ်ကြီးတွေ တကြွားကြွား ဝတ်ဆင်တတ်တဲ့
ပုဂ္ဂိုလ်များအနေနဲ့ ဦးညီပုရဲ့ အောက်ဖော်ပြပါစကားများကို ဂရုထားသင့်တယ်လို့ ထင်မိပါတယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် သိဒ္ဓိတင်နေတာ မဟုတ်ပါဘူး၊

ကျွန်တော်တို့နိုင်ငံခြားသွားတဲ့ အခါတိုင်း ကျွန်တော်ဘယ်တော့မှ ဘောင်းဘီမဝတ်ဘူး၊ ဥရောပဝတ်စုံလည်းမချုပ်ဘူး၊

ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ မြန်မာ၊ မြန်မာကို နိုင်ငံခြားကသိအောင်လုပ်ချင်တယ်၊

ကျွန်တော်ဘောင်းဘီ ဝတ်သွားရင် ကျွန်တော့ကိုဘယ်လိုထင်မလဲ၊ ဖိလစ်ပိုင်လိုလို မလေးရှားလိုလို ထင်ကြမှာပါ၊

ကျွန်တော် ရုရှားလည်းရောက်ဖူးတယ်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်ပြည်၊ အီတလီ ရောက်ခဲ့ပါတယ်။

မြန်မာလိုဝတ်သွား လို့ ဘယ်သူမှထူးထူးဆန်းဆန်း ဝိုင်းမကြည့်ကြပါဘူး၊

သိပ်အေးတဲ့ ရုရှား မိုးဥတုမှာတောင် ကျွန်တော် ဘန်ကောက်လုံချည်နဲ့ပဲနေခဲ့ပါတယ်။”

မိမိအမျိုးသားဝတ်စုံကို နိုင်ငံခြားမှာတောင် အမြတ်တနိုးဝတ်ဆင်တတ်တဲ့ ကျွန်တော်တို့ရုပ်ရှင် ဖခင်ကြီးအတွက် ဒီနေ့ကျွန်တော်တို့ ဂုဏ်ယူရမှာအမှန်ပါပဲ။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဆရာဦးသုခ နိုင်ငံခြားသွားတော့လည်း မြန်မာဝတ်စုံနဲ့ပဲသွားခဲ့ တယ်လို့ကြားသိခဲ့ရပါတယ်။

ဒါတွေအတွက် ကျွန်တော်တို့ဂုဏ်ယူရင်း ကျွန်တော်တို့ခေတ်ရောက်မှ သရုပ်ပျက်နေတာတွေဟာ

တစ်စိတ်တစ်ဒေသအားဖြင့် ကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်လို့
ခံယူရပါလိမ့်မယ်။

ကျွန်မတို့ရဲ့ သဂျီးမင်းဦးခိုင်နဲ့ သဂျီးကတော်ကိုလည်း ချီးကျူးချင်ပါတယ်၊

The Lady ရုပ်ရှင်ပွဲကို မြန်မာဝတ်စုံနဲ့ သွားတယ်ဆိုကတည်းက သူကြီးကို ပိုလေးစားသွားပါတယ်။

တကယ်တော့ မြန်မာဝတ်စုံလေးတွေဟာ အဖိုးနည်းဝန်ပါ ဆိုသလို လှလည်းလှပါတယ်၊

တန်ဖိုးလည်း သူ့နေရာနဲ့သူ ဈေးသက်သာတာလည်းရှိ၊ပွဲဝင်စေတာလည်းရှိပေါ့၊

ချည်ထည်လေးတွေဆို ရာသီဥတုနဲ့ အလွန်အဆင်ပြေပါတယ်။

ဒေါ်စုရဲ့ ပါးစပ်ကဖွင့်ပြောစရာမလိုဘဲ ကိုယ်တိုင်ဝတ်ဆင်ပြပေးနေတဲ့ ရိုးရာဝတ်စုံတွေကြောင့်လည်း ခုခေတ်မြန်မာမလေးတွေ ရိုးရာချည်ထည်တွေ ဝတ်လာကြပါပြီ၊

မြန်မာဝတ်စုံနဲ့ ယဉ်နေတဲ့ ဒေါ်စု
ချင်းရိုးရာ ဝတ်စုံနဲ့ဒေါ်စု (ဟောင်းပေမယ့် အမြဲသစ်နေမယ့်ပုံတွေပါ)

celebrity တွေလည်း ဒေါ်စုနဲ့တွေ့တဲ့ပွဲမှာ ဝတ်ကြတာတွေ့ရမှာပါ။

တဖြည်းဖြည်းဆွဲဆောင်သွားရင် မိန်းကလေးတွေဟာ ဘောင်းဘီတို စကပ်တိုလေးတွေအစား မြန်မာဝတ်စုံဝတ်ရတာ ဂုဏ်ယူစရာလို့ ခံယူလာပါလိမ့်မယ်။

ချည်ထည်ဝတ်စုံလေးတွေက ဈေးလည်းသက်သာပါတယ်။

ချည်ထည်ဆေးရေးလုံချည်၊ချည်သားပေါ် စီးကွင့်အလှထိုးထားတဲ့အကျီင်္ ဒီဝတ်စုံလေးက တစ်စုံလုံးမှ ကျပ်တစ်သောင်း မကျပါဘူး
ချည်နဲ့ မှန်ဇာပေါ်မှာ စီးကွင့်ထိုးထားတဲ့ ready made အကျင်္ီ နဲ့ ချည် ဆေးရေးလုံချည်လေး ဝတ်ခိုင်းပြီး အင်းလေးထဲမှာ ရိုက်ထားတာပါ။
ဒီမော်ဒယ်လေးဝတ်ထားတာကတော့ အင်းအကျီင်္လေးပါ (ကျပ်၄၀၀၀)လုံချည်က ချည်လုံချည် (ကျပ်၂၈၀၀)ပါ
ဒီအကျီင်္က အင်းအကျင်္ီ (တစ်ထည် ၄၀၀၀) လုံချည်က ချည် ဆေးရေး (၄၀၀၀) ပါဘဲ ၊ပုဂံမြို့ဟောင်းတစ်နေရာမှာပါ
လည်ကတုံးအကျီင်္ ၊ချည်ပုဆိုး ဟာ လူငယ်တွေ အတွက်လည်း လိုက်ဖက်ပါတယ်။မြန်မာလေးတွေလည်း မြန်မာဝတ်စုံဝတ်ကြစေချင်ပါတယ်၊မိန်းကလေးတွေကိုချည်း လက်ညှိုး မထိုးကြပါနဲ့။
မြန်မာဝတ်စုံလေးတွေဟာ ဘုရားသွားကျောင်းတက် ကျက်သရေ မင်္ဂလာရှိတဲ့ ဝတ်စုံလေးတွေပါ။
သူငယ်ချင်းမေအေးဦးကတော့ ဆရာမ ပီပီ ကလေးတွေ အတုယူစေဖို့ မြန်မာဝတ်စုံ အမြဲဝတ်ပြပါတယ်။အသက်ကြီးပေမယ့် မပျက်စီးသေးဖူးမလား၊(သူက သူ့ကို Volunteer လေးတွေက မာမီခေါ်ကြပေမယ့် ကျွန်မထက် ငယ်ပါတယ်။)(အသက်ကြီးပြီပြောလည်းကြိုက်ပါတယ်တဲ့) :D)

ဒီလိုဈေးသက်သက်သာသာနဲ့ ချည်ထည်တွေရနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ကို မိတ်ဆွေတွေညွှန်လို့ရောက်သွားရင်း ဝယ်ရတာလည်း အဆင်ပြေလို့ ရွာသူရွာသားတွေကို ထပ်ဆင့် လမ်းညွှန်ချင်ပါတယ်။

ဆိုင်ရှင်နဲ့ အမျိုးလည်းမဟုတ် အသိလည်းမဟုတ်ပါဘူး၊ကြော်ငြာခလည်းမရပါဘူး၊

ဈေးလည်းသင့်တင့်၊ ဆက်ဆံရေးလည်းကောင်း၊အကျီင်္ကျယ်နေရင် တစ်ခါတည်း စက်နဲ့ ပြင်ချုပ်ပေးတဲ့ ဝန်ဆောင်မှုလေးလည်းရှိတဲ့ ဒီ ရိုးရာထည်လုပ်ငန်းလေးကို
အားပေးချင်လို့ပါ(ကိုပေါက် မန်းလေးက ထမင်းဆိုင်လေး အကြောင်းရေးသလိုပေါ့)

ဇေယျာထက် ချည်ထည်အမျိုးမျိုး အမှတ် ၄၂/A ၊ ၉လမ်း၊လမ်းမတော် (၀၁-၂၂၉၂၂၁/၀၉-၄၉၃၀၈၄၃၅)ပါ။

သူကြီးတို့ မြန်မာပွဲတွေများ လုပ်ရင်လည်း တစ်ဦးစာမှ ဒေါ်လှ ၁၂.၅(မြန်မာငွေ ကျပ်တစ်သောင်း)တောင် မကျတဲ့ ဒီလို ဝတ်စုံလေးတွေ ဆင်ပေးသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

“][/caption]

အန်တီပဒုမ္မာ့ပုံ မဟုတ်ဘူးနော်၊သူငယ်ချင်းရဲ့ ပွဲတက်မြန်မာဝတ်စုံလေးပါ၊ဒီလို အဖိုးတန် မြန်မာဝတ်စုံတွေနဲလည်း လှနိုင်ပါတယ်ဆိုတာပြချင်လို့ ခွင့်တောင်းပြီးရိုက်လာတာပါ။"မဟာသန္တိသုခ ကျောင်း အပေါ်ဆုံး ၁၁ ထပ်မှာပါ

108 comments

  • padonmar

    January 8, 2012 at 2:49 am

    ရွာသူရွာသားတွေကိုတွေ့ရလို့ ဝမ်းသာပြီးအိပ်မပျော်တာနဲ့(အမှန်တော့ ကော်ဖီသောက်မိလို့ပါ)
    ရွာလည်ရင်း ညမှကောင်းတဲ့ ကိုးနတ်ရှင်အားကိုးနဲ့ ပုံတွေကြိုးစားတင်တာ မနက် ၃နာရီ ထိုးပါပြီ။
    အိပ်တော့မယ်။ ဂွတ်မောနင်းဂွတ်နိုက်။

  • Khin Latt

    January 8, 2012 at 4:14 am

    အစ်မ ပဒုမ္မာရေ – ဂွတ်မောနင်း !!! 🙂
    လှလိုက်တဲ့ အဆင် နဲ့ ဒီဇိုင်းလေးတွေ။ အစိမ်းရောင်လေးတွေ က စိုနေတာဘဲ။
    ကျွန်မလဲ မြန်မာဝတ်စုံ ကို ဝတ်ရတာ အရမ်း ကြိုက်ပါတယ်။
    အစ်မ မော်ဒယ်လေးတွေ က ချစ်စရာ လေးတွေ။ ဖိနပ် မှာပါ စီးကွင့် ထိုးထားတာနော်။
    ဒေါ်အောင်ဆန်းစုကြည် က သူ မှာကျောင်းတက်နေစဉ် တစ်လျှောက်လုံးကိုဘဲ မြန်မာဝတ်စုံ ဝတ်တယ် ကြားဘူးတာပါဘဲ။ သူချစ်တဲ့ဝတ်စုံ က သူကို အမြဲကျက်သရေ တိုးနေစေတာပါဘဲ။
    အခုတော့ သူက မော်ဒယ်မလေးတွေ ရဲ့ မော်ဒယ်ပေါ့။
    ဒီလို ကိုယ့်ဝတ်စုံ လေးတွေ လှကြောင်း ဖော်ထုတ် ပေးတဲ့ Post လေးကို ကျေးဇူးပါနော်။
    ဂွတ်နိုက် 😉

  • Khin Latt

    January 8, 2012 at 4:16 am

    ဒေါ်အောင်ဆန်းစုကြည် က သူ Oxford မှာကျောင်းတက်နေစဉ်
    Oxford ကျန်ခဲ့လို့။ 😀

  • Foreign Resident

    January 8, 2012 at 7:31 am

    အင်းးးးးး အဘက မုသား မပြောတတ်တော့လည်း
    Comment က သူများတွေနှင့်တော့ ကန့်လန့် ဖြစ်နေတော့မှာပဲ ။

    ပထမဆုံးတော့ ကောင်းတာလေးနှင့် စဖွင့်ပါ့မယ် ။
    မ Padonmar သမီးလေးတွေ ( ထင်တယ် ၊ ရုပ်လဲဆင်တယ် ) က အချောလေးတွေပဲ ။
    ကျွန်တော် မနေ့က အော်တို မှာရေးပေးလိုက်သလိုပဲ
    MG ရွာသူားတွေက အချောအလှတွေ ဆိုတော့
    သူတို့သားသမီးတွေကလည်း ချောတာပေါ့နော် ။

    မြန်မာဝတ်စုံ အင်းးးး လက်ခံနိုင်ပါတယ် ။ ဒါပေမယ့် ။
    မိန်းကလေး ငယ်ငယ် ချောချော ဖြူဖြူ ဝင်းဝင်း လေးတွေဆိုရင်တော့ ၊
    အတို အပြတ် လေးတွေ ဝတ်တာ
    အဘ မျက်စိထဲ ပိုလှ ပိုထင်းသလားလို့ ။

    မြန်မာဝတ်စုံ ဝတ်ရင်လည်း မိန်းကလေးငယ် တွေကလှပါတယ် ။
    လှတယ် အသိအမှတ် ပြုတယ် ၊ ဒါပဲ ။
    ဒါပေမယ် တစ်ခါက နှစ်ခါထပ် မကြည့်ဖြစ်ဘူးပေါ့နော် ။

    အတို အပြတ် လေးတွေ ဝတ်ထားတော့
    နှစ်ခါ သုံးခါ ကြည့်ဖြစ်တာပေါ့ကွယ် ။
    မိန်းမငယ်လေးတွေကလည်း အဲလို အကြည့်ခံရတာကို
    ပီတိဖြစ် ဂုဏ်ယူကြမယ်လို့ ထင်ပါတယ် ။

    အမှန်ပြောရရင်တော့ မိန်းကလေး ဖြူငယ်ချော လေးတွေကတော့
    ဂုံနီအိတ် ကောက်စွပ်ထားလည်း ( even wear the bare skin only )
    အဘတို့ ယောက်ကျားလေးတွေရဲ့ မျက်စိထဲမှာတော့
    လှနေတာပါပဲကွယ် ။

    On the other hand,
    မနေ့ကပဲ ကို Nozomi နှင့် ကားပေါ်ကနေတွေ့လိုက်ရလို့ ပြောမိသေးတယ် ။
    ရုပ်ဆိုး မဲမဲ ဝဝ အသက်ကြီးကြီး အမျိုးသမီးများ အနေနှင့်ကတော့
    Please kindly favor me အတို အပြတ် လေးတွေ မဝတ်ကြစေလိုပါ
    ( အဘတို့ ယောက်ကျားလေးတွေရဲ့ မျက်စိထဲမှာ တော်တော် အဝင်ဆိုးလို့ပါ
    တစ်ခါ တစ်ခါ များဆို သားစိတ် မယားစိတ်တောင် ကုန်သွားတယ် )
    သူတို့ကိုတော့ မြန်မာဝတ်စုံကိုပဲ စွဲစွဲမြဲမြဲ ဝတ်ဖို့ တိုက်တွန်းလိုပါတယ် ။

    ကာလံဒေသံ အရ သင့်တော်တဲ့ ဝတ်စုံဝတ်ရတာကို အဘ သဘောတူပါတယ် ။

    ဒါပေမယ့်
    အစွမ်းကုန်လှနေတဲ့ အရွယ်လေးတွေမှာ
    မိန်းကလေး ဖြူငယ်ချော လေးတွေ
    သူတို့ရဲ့အလှကို ( သင့်တင့်သလောက် ) ဖေါ်ကြူးချင်နေတဲ့ ကိစ္စကို
    တားမြစ်စရာ ဘာအကြောင်းမှ မရှိဘူးလို့ အဘထင်ပါတယ် ။
    မှန်တာပြောရရင် မျက်စိတောင်အေးသေး ၊ အသက်တောင်ရှည်သေး ။
    တားမြစ်လို့လည်း ရမှာ မဟုတ်ပါဘူး ။ စိတ်ကူး မယဉ်ကြပါနှင့် ။

    ဒါနှင့် စကားမစပ် ၊ ပြီးခဲ့တဲ့ တစ်လလောက်က
    အမျိုးသမီး အခွင့်အရေးနှင့် ပါတ်သက်ပြီး တောင်းဆိုထားတာ တစ်ခုကြားရတယ် ။

    ယောက်ကျားလေးတွေ ရင်ဘတ်မှာ ဘာမှမဝတ်ပဲ လမ်းသွားလို့ရရင် ၊
    သူတို့ ( အမျိုးသမီးတွေ ) ကိုလည်း ရင်ဘတ် ဟောင်းလောင်း နှင့် သွားခွင့်ပြုရမယ်တဲ့ ။
    ယဉ်ကျေးမှုကလည်း ပြောင်းလဲပြီး လက်ခံပေးရမယ်လို့ တောင်းဆိုထားတယ် ။
    ( Otherwise, Gender Discrimination )

    နောက်တစ်ခုက မနေ့ကပဲ အမေရိကန် FBI က
    မုဒိန်းမှုတွေ ရဲ့ ပြုကျင့်ခံရသူ ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ထဲမှာ
    ယောက်ကျားလေးတွေကိုပါ ထည့်လိုက်ပါပြီ ။
    ( Men included in the definition of Victim in Rape Case )

    ခေတ်တွေ အမြင်တွေ ပြောင်းလဲနေတာကို ပြောပြတာပါ ။
    စဉ်းစားကြဖို့ပါ ။

    • KoNyeinChan

      January 8, 2012 at 9:06 am

      အဘရဲ ့ လျှို ့ဝှက်ထားတဲ့ အသက်ရှည်ဆေး/နည်းလမ်းကို အခုသိပြီ 😀 😀 😀
      မပဒုမ္မာရဲ ့ ယဉ်ကျေးမှုကိုထိန်းသိမ်းစေချင်တဲ့ စေတနာပါတဲ့ ပို ့စ်ကိုအားပေးပါတယ်
      အဘ ရဲ ့ ဖက်ရှင် အမြင်ကိုလည်း လက်ခံပါတယ်
      ဘယ်နေရာမှာမဆို သူ ့အတိုင်းအတာနဲ ့သူပေါ့နော.. ဆိုလိုတာက နေရာတကာတိုင်း အမျိုးသားဝတ်စုံကို ဝတ်နေပြန်ရင်လည်း တချို ့နေရာတွေမှာတော့ မအပ်စပ်ပြန်ဘူး(နိုင်ငံရပ်ခြားမှာ အထူးသဖြင့်)၊ ဖက်ရှင် လွန်းပြန်ရင်လည်း(မဖော်သင့်တာတွေ ဖော်လွန်းရင်) ဘေးအမြင်မှာလည်း မတင့်တယ်၊ မိဘ မောင်ဘွားတွေ အနေနဲ ့လည်း အမြင် မတော်.. ဒါ့ကြောင့် အတိုင်းထက်မလွန်တာပိုကောင်းတာပေါ့
      ဒီ့ထက်ဆိုရရင် ကိုယ်ကိုယ်တိုင်လည်း ဘယ် စတိုင်လ်/ ဘယ်ဒီဇိုင်းနဲ ့လိုက်ဖက်သလည်းဆိုတာ ချင့်ချိန်တတ်ဖို ့လိုပါတယ်.. ဒီမှာတွေ ့နေတဲ့ တခြားနိုင်ငံကြီးတွေက မိန်းကလေးတွေ နဲ ့ တရုတ်မလေးတွေ အတိုဝတ်တာ ကြည့်ကောင်းတယ်၊ မလေး/ အင်ဒို/ ဖိလစ်ပင်းတွေ ဝတ်လိုက်ရင် အများစု ကြည့်မကောင်းဘူး.. ကိုယ့်ရဲ ့ ဘော်ဒီဂိုင်း အနေအထား၊ အသားအရောင်၊ ကိုယ်ပိုင်စတိုင်လ် နဲ ့မလိုက်ဖက်တာတွေကို (တခြားသူ ဒီလိုဝတ်တာလှတယ်ဆိုတဲ့ အမြင်နဲ ့) ဝတ်တာက တစ်ကြောင်း၊ အလွန် ့အလွန် ဖော်ထားတာက တစ်ကြောင်းကြောင့် ကြည့်မကောင်းတာ.. ထပ်လောင်းပြောရရင် ဖိလစ်ပင်းတွေဆို ဘုရားကျောင်းလာတက်တာတောင် တိုလွန်း ဖော်လွန်းလို ့ စည်းကမ်းထိန်းတွေနဲ ့ တားထားရတယ်.. တော်ဘီ.. ကိုယ့် ကွန်မန်းကဘဲ ပို ့စ်နီးနီး ရှိနေဘီ.. ဇောင်းပေး မန် ့ထားတာလည်း အတို အဟိုက်တွေ အကြောင်း ..ဟီ ဟိ

      • padonmar

        January 9, 2012 at 6:37 pm

        ကိုငြိမ်းချမ်းရေ
        အားပေးတာကျေးဇူးပါနော်။
        ကျွန်မလည်း သူ့နေရာနဲ့သူ ဘောင်းဘီ စကပ် ဝတ်တာအားပေးပါတယ်။
        သိပ်တိုတာတော့ မကြိုက်ပါဘူး။
        ကိုယ့်ဖာသာဆို ဒူးအထက် ပေါ်ရင် မဝတ်ရဲပါ။ကြည့်မကောင်းတာသေချာနေတာကိုး။

    • Khin Latt

      January 8, 2012 at 11:23 pm

      အဘဖော ရေ- မတူသော အမြင် နဲ့ မှတ်ချက် က အလွန်ကျိုးကြောင်း ညီညွတ်လှပါတယ်။
      အဘဖော ရဲ့ မတူသော အမြင်ကို ကျွန်မ ရဲ့ မတူသောအမြင် နဲ့ နဲနဲ ဆွေးနွေးချင်ပါတယ်။

      ~~~~ မိန်းကလေး ငယ်ငယ် ချောချော ဖြူဖြူ ဝင်းဝင်း လေးတွေဆိုရင်တော့ ၊အတို အပြတ် လေးတွေ ဝတ်တာ အဘ မျက်စိထဲ ပိုလှ ပိုထင်းသလားလို့ ။ ~~~~
      အဘ ရေ ကျွန်မ တို့ မြန်မာပြည် က မိန်းခလေးတွေ ကမ္ဘာ နဲ့ ရင်ဘောင်တန်း ပြီး ဝတ်စား လာကြ တယ်။ ရာသီဥတု နဲ့ လဲ ကိုက်ညီ တယ်။ ဒါကပြဿနာ မဟုတ်ပါဘူး။
      ပြဿနာ က လူတွေ ရဲ့ Attitude ပါ။ ကမ္ဘာ နဲ့ ရင်ဘောင်တန်း ပြီး ပြောင်းနေကြပြီလား။
      ဥပမာ ဆိုပါစို့ –
      အလုပ်သွား၊ ကျောင်းပြန် ည ဖက် ဘတ်စကား နဲ့ ပြန်ရမဲ့ မိန်းခလေး ဟာ အတိုအပြတ် ဝတ်ထားရင် သူ့ကို ကြည့်ပြီး မကောင်းတဲ့ မိန်းခလေး လို့ ထင်မဲ့သူ တွေ ရှိနေသေးရင် ..
      ဒီလို ဝတ်ထား တာ ဒီလို အတန်းအစား ဘဲ နေမှာပေါ့ လို့ ပြောမဲ့ သူတွေ ရှိသေးရင် …
      သူ့ကို ချစ်စရာ လေးလို့ ကြည့်ရုံ မကဘဲ ကိုယ်ထိလက်ရောက် စော်ကားချင်တဲ့သူ များ ရှိနေသေးရင် ….
      အဲဒီ လို ဝတ်သင့်ပါ့မလား။
      အခု မှာတော့ ကျွန်မတို့ပြည်မှာ “You are what you wear” လို့သတ်မှတ်ထားဆဲမို့ ကိုယ့်ကိုယ် ကို တန်ဖိုးထားချင်တဲ့ မိန်းခလေး ဆိုရင် အဲဒီလို သူများ ကို ဖော်ပြပြီးမှ စွဲဆောင်မှုကို ရစေတဲ့ အတိုအပြတ် လေးတွေ မဝတ်သင့်ပါဘူး။
      တကယ် တော့ ကမ္ဘာ မှာတောင် ဝတ်စားဆင်ယဉ်ပုံ ကြည့်ပြီး နဲ့ လူတန်းစားခွဲတာ “Pretty Woman” ရုပ်ရှင် မှာတွေ့ရပါတယ်။

      ~~~~ မိန်းမငယ်လေးတွေကလည်း အဲလို အကြည့်ခံရတာကို ပီတိဖြစ် ဂုဏ်ယူ ကြမယ်လို့ ထင်ပါတယ် ။ ~~~~
      ကိုယ့်ကျောင်းမှာ၊ ကိုယ့်အလုပ်မှာ၊ ဒါမှမဟုတ် ပွဲလမ်းတွေမှာ ကိုယ့်ကို လူတွေ ဝိုင်းကြည့်တာ ပုံစံ၂မျိုး ရှိပါတယ်။
      (၁) တကယ်ကို လှလို့
      (၂) ကိုးရိုးကားရား ရီစရာဖြစ်နေလို့
      ဒါပေမဲ့ ကိုယ့်ပါတ်ဝန်းကျင် မို့ ကိုယ့်ဘာ ဆိုတာ အများသိပြီး မို့ သိပ်ပြဿနာ မဟုတ်ပါ။
      အပြင်မှာ ဆိုရင်တော့ အမြင်မှား နိုင်ပါတယ်။ ဒီတော့ ဝိုင်းကြည့် ခံရတိုင်း ကောင်းတာ မဟုတ်ပါ။
      အဓိက ကိုယ်ပိုင်ကား နှင့် မသွားသော မိန်းခလေးများ သိသင့်တာက လမ်းမှာ ကိုယ့် အတိုအပြတ် နဲ့ ပေါ်တာကို အာသာငမ်းငမ်း နဲ့ ကြည့်မဲ့ သူများဟာ သိက္ခ္ခာရှိတဲ့ လူနဲ ပါမယ်။ (အဘ မပါပါဘူး တစ်ခြားသူတွေကိုပြောတာ ;-))
      ညီမ/အစ်မ ကိုယ်ချင်းစာတတ်တဲ့ သူဆိုတာ ကိုယ်က အတင်းဖော်ပြနေ၊ ပေါ်နေလဲ (သူ့ဟာသူ စိတ်ထဲ ကကြည့်ချင်တောင်) မျက်နှာလွှဲနေမှာပါ။
      ဒီတော့ ကိုယ့်ကို ပြူးပြဲ ကြည့်မဲ့လူ ဟာ ဒီလို လူမျိုးတွေ မပါပါဘူး။

      ~~~~ တားမြစ်လို့လည်း ရမှာ မဟုတ်ပါဘူး ။ စိတ်ကူး မယဉ်ကြပါနှင့် ။ ~~~~
      အဘရေ – မတရားသုံးဖြုန်း ချင်လို့ ငွေလိုလို့ ကိုယ်ကိုရောင်း ချင်နေတဲ့ မိန်းခလေး တွေ ကိုတော့ တားလို့ ရချင်မှ ရပါ့မယ်။
      ဒါပေမဲ့ စောစော ကလို ငါ့ကို ကြည့်ရင်ပြီးရော ဆိုတဲ့ အကျိုးအကြောင်း ဆက် ပြီး မသိသေးတဲ့ မိန်းခလေး တွေ ကိုတော့ ကျွန်မ တို့ လမ်းမှန် ရောက်အောင်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားအောင်၊ ကိုယ့်ရဲ့ ဘဝ တစ်သက်လုံး ကိုယ် နဲ့ အမြဲ တွဲပါနေမဲ့ အလှ ဟာ ဘာလဲ ဆိုတာ သိအောင်၊ မိန်းခလေး ရဲ့ အလှ ဆိုတာ အရေပြားတစ်ထောက် ဘဲ မြင်ရတဲ့ ရုပ်ခန္တာ အလှပေါ်မှာ မဟုတ်တာ သိအောင်၊ နောက်ဆုံးပေါ် တန်ဖိုးကြီး အဝတ်အစား လက်ဝတ် ရတနာ တွေ ပါမှာ တင့်တယ် တာ မဟုတ်မှန်း သိအောင် ပြောကို ပြောပြရပါ မယ်။
      ဒါမှ ဝေဝါးစိတ် ဖြစ်နေတဲ့ မိန်းခလေး တွေ အပေါ် အခွင့်အရေး ယူဖို့ စောင့်ပြီး သူတို့ ဘဝကို အညွန့်ကျိုး ဖျက်မဲ့ သူများရဲ့ အန္တရာယ် ကနေ သူတို့ကို ကျွန်မတို့ ဆွဲထုတ် နိုင်မှာပါ။

      အဘရေ – ဒီလို စိတ်ကူး ကို ယဉ် လို့ ရအောင် ရေးပေးလိုက်တဲ့ အဘ ရဲ့ comment ဟာ တန်ဖိုးရှိပါတယ်။ ကျွန်မတို့ စိတ်ကူးယဉ်တာကို အကောင်အထည်ဖော်ဖို့ အချိန်မှီ လောက် ပါရဲ့။

      ခင်မင်စွာဖြင့်

      • padonmar

        January 9, 2012 at 6:41 pm

        မခင်လတ်ရေ
        အကြောင်းအရာ အချက်အလက် ပြည့်ပြည့်စုံစုံ ဝင်ရှင်းပေးတာ ကျေးဇူးပါနော်။
        မခင်လတ်ဟာ ကျွန်မတို့ ရွာသူတွေဘက်က အားကိုးရတဲ့ ကလောင်ပါဘဲ။

    • Foreign Resident

      January 9, 2012 at 5:18 am

      မ Khin Latt ရေ
      မ Khin Latt ပြောသွားတာလေးတွေက ကောင်းပါတယ်ကွယ် ။

      ” ကာလံဒေသံ အရ သင့်တော်တဲ့ ဝတ်စုံဝတ်ရတာကို
      အဘ သဘောတူပါတယ် ”
      လို့ အဘရေးထားခဲ့ပါတယ်ကွယ် ။

      ဥပမာအားဖြင့် အဘရဲ့ Australia အိမ်မှာ ဘုန်းကြီးဆွမ်းကပ်လို့
      မိန်းမငယ် တစ်ယောက် က သူ့ဖာသာသူ လှတယ်ဆိုပြီး
      2 pieces ဘီကီနီ နှင့် လာလို့ရှိရင်
      အဘ မိန်းမက ဘယ်ကြိုက်ပါ့မလဲ ။ 😛
      အဘကတော့ ——- ဟီဟိ
      ဟီဟိ အဘလည်း မကြိုက်ပါဘူးကွယ် ၊
      ကိုယ့်အခမ်းအနားကို လာစော်ကားသလို
      ကိုယ့်ကို မလေးစားသလို ကို ခံစားရတယ်လေ ။
      အရုပ်ဆိုးဆိုး အဖွားကြီးက ဝတ်လာလို့ကတော့ မောင်းကိုထုတ်မှာ ။
      Intensity က အဲလိုကိုကွာတာ ၊
      မျက်နှာလိုက်ချက်က ကမ်းကိုကုန်ရော ။ 😛

      By the way, ” ပြူးပြဲ ကြည့်မဲ့လူ ” တော့ မဟုတ်ရပါကွယ် ။
      ဖြစ်ချင်းဖြစ် အသာလေးသာ သမာဓိပြုံး ပြုံးပြီးကြည့်နေဖို့ များပါတယ် ။
      သမာဓိကောင်းလှလို့တော့ မဟုတ်ရပါကွယ် ။
      ဟင်း ပုံစံ အရသာမျိုးစုံ စားပေါင်းများလို့ ရိုးသွား ဟုန်သွားတာ ဖြစ်မပေါ့ ။ 😛
      နောက်တာနော် ။

      ဒါပေမယ့် မျက်စိအေးတာနှင့် ၊ အသက်ရှည်တာကတော့ ၊
      အဘ ခံစားချက် အမှန်ပါကွယ် ။ ( true feeling )
      လူငယ်လေးတွေကတော့
      ဘယ်လို မြင်ကြ ခံစားကြတယ် အဘ မသိပါကွယ် ။

      စကားမစပ် ၊ သတိထားမိတာလေးတစ်ခု ပြောပြချင်ပါတယ် ၊
      မြန်မာ သမီးငယ် သားငယ်လေးတွေ
      အနောက်တိုင်း ဝတ်ဆင်မှုကို အတုခိုးတဲ့နေရာမှာ ၊
      အနောက်တိုင်းရဲ့ အောက်ခြေလူတန်းစားတွေရဲ့ ဝတ်စားဆင်ယဉ်ပုံကိုပဲ
      အတော်များများ အတုခိုးနေကြတာကို တွေ့နေရပါတယ် ။

      အနောက်နိုင်ငံတွေမှာလည်း ကာလံဒေသံ အလျှောက်
      သင့်တော်တဲ့ Decent ဖြစ်တဲ့ဝတ်စုံတွေကိုဝတ်ကြတာများပါတယ်ကွယ် ။

      ရုပ်ရှင်တွေ သီချင်းခွေတွေ ထဲကနေတဆင့်ပဲ
      အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုကို သုံးသပ်ရတော့ ၊
      ကိုယ်ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ မရောက်နိုင်တော့ ၊
      အဲလိုပဲ နဲနဲလေး လွဲနေတတ်ပါတယ် ။

      ရုပ်ရှင်တွေ သီချင်းခွေတွေ ဆိုတာကတော့
      ပရိတ်သတ် စိတ်ဝင်စားအောင် နဲနဲလေးတော့
      ပိုပိုသာသာ ရိုက်ပြကြတာမျိုးလေ ။

      ဥပမာပြရရင်
      မြန်မာရုပ်ရှင်တွေကို မေမြို့ မှာသွားရိုက်ကြတာများပါတယ် ။
      ဖိုက်တင် ၊ တိုက်ပွဲ ၊ လူဆိုး အခန်းတွေ အများအပြားနှင့်ပေါ့ ။
      မေမြို့ မှာလူဆိုး အခန်းတွေ အများအပြား ရိုက်ပေမယ့် ၊
      တကယ့် မေမြို့ မှာက လူဆိုးတွေ ဒီလိုမျိုး မရှိပါဘူးကွယ် ။

      အဲဒီ ဥပမာလိုပဲပေါ့ အနောက်နိုင်ငံတွေမှာလည်း အဲဒီလို
      နေရာတိုင်း အချိန်တိုင်း မှာ ချွတ်မနေ ဖေါ်မနေ ပါဘူးကွယ် ။
      တွေ့ချင်ရင် ချွတ်နေ ဖေါ်နေ မယ့်နေရာတွေကို
      တကူးတကသွားမှ တွေ့ရတာမျိုးပါ ။

      အဓိကကတော့
      ပညာတတ်မှု ၊ အမြင်ကျယ်မှု ၊ ရင့်ကျက်မှု ပြဿနာလေးပါ ။
      အချိန်တန် အရွယ်ရောက်လာရင် သူ့ဖာသာသူ ပြုပြင်သွားမှာပါ ။
      စိတ်သိပ်ပူမနေကြပါနှင့်လို့ အဘ ပြောလိုတာပါ ။

      ငယ်တုန်း ကလေးတွေ နဲနဲ မိုက်တာ ပြဿနာ မဟုတ်ပါဘူး ။
      ကြီးတဲ့အထိ ဆက်မိုက်တဲ့ ကြီးမိုက်မဖြစ်ကြဖို့သာ
      အရေးကြီးတာပါလေ ။

      စိတ်သိပ်ပူမနေကြပါနှင့် ။

      • Khin Latt

        January 9, 2012 at 5:48 am

        Thanks for your reasonable reply and your concern as well. 🙂

      • padonmar

        January 9, 2012 at 6:51 pm

        အဘပြောတာမှန်ပါတယ်။
        ရီတာအောင်(USA)ရေးဘူးပါတယ်။
        သူကUS မှာဆေးကျောင်းတက်နေတာပါ၊
        အဲဒီကလူတွေ လုံလုံခြုံခြုံဘဲ ဝတ်ပါတယ်တဲ့။

    • padonmar

      January 9, 2012 at 6:33 pm

      အဘ FR
      ရုပ်ချင်းမဆင်ပါဘူးအဘရယ်၊သူတို့ အမေ(ကျွန်မယောင်းမ)နဲ့တူတာပါ၊
      ကျွန်မနဲ့တူရင် အရုပ်ဆိုးမှာပေါ့။
      အဘပြောသလိုဘဲ ကိုယ်နဲ့ မလိုက်ဖက်တဲ့ အတိုအပြတ်ဝတ်ရင် တော်တော်ကြည့်မကောင်းပါဘူး၊
      မြန်မာဝတ်စုံကတော့ မဲမဲကြီးလည်းလှ၊ဖြူဖြူလေးလည်းလှ၊
      ဖုံးထားတဲ့ ဧရိယာများတာကိုး၊
      ကျွန်မလည်း သူများမပြောခင် ကိုယ့်ကိုကိုယ် ကဲ့ရဲ့မိမှာစိုးလို့ တတ်နိုင်သလောက် ရိုးရိုးဘဲဝတ်ပါတယ်။

  • htet way

    January 8, 2012 at 8:53 am

    ဒေါက်တာရေ
    ဝတ်စားဆင်ယာဉ်မူက လူရဲ့ စိတ်ကို ဖေါ်ပြတာလားလို့ တွေးမိပါတယ်
    တိုတိုပြတ်ပြတ်လေးတွေကလည်းကြည့်ကောင်းတာပါပဲ။ကျွှန်တော်ဆို လည်ကတုံးပဲဝတ်တာ
    အဲ့ဒီမှာ ခရီးသွားလည်း ဆိုင်ကယ်တက္ကစီတွေက ဆရာ ..ဘယ်ပို့ရမလဲ
    နောက်ပုသိမ် တက္ကသိုလ်ရှေ့လက်ဖက်ရည်ဆိုင်မှာထိုင်တော့လည်းဆရာ ဘာသင်လည်းတဲ့
    ဒါလိုမေးခံရတော့ စိတ်မပျက်ပါဘူး ကားအတူူတူစီးရင်း အသက်၂ဝလောက်ရှိတဲ့
    ဲ့ကောင်မလေးက
    အဘရေ.. မူးရင်ပြောနော် သမီးမှာ အဘထပါတယ်..တဲ့ ဒီမှာတင် ကျွှန်တော် စိတ်နာသွား
    ပါတယ် လည်ကတုံး၃၂ထည်နဲ့ တိုက်ပုံ ၂ထည်ကို လူများပေးလိုက်ပါတော့တယ်။
    ဒေါက်တာလည်းမြင်ဖူးသားပဲ ကျွှန်တော်က အသက်ဒီလောက်မှမကြီးသေးတာကို
    နောက်တခုက အခုခောတ်မြန်မာမလေးတွေ ဘောင်းဘီတိုလေးတွေ ကိုရီးယားစတိုင်
    ဝတ်နေကြတာတော့လုံးဝမကောင်းပါ၊ကိုရင် စည်သူတို့ ကို ကမ်းကြီးတို့ အတွက်
    သမာဓိပျက်မှာ စိုးရိမ်မိပါတယ်။တကယ်တော့ အလှဆိုတာ ဒီလိုဝတ်မှ မဟုတ်ပါဘူး
    ယာဉ်ကျေးတဲ့ အေးမြတဲ့ အလှသာ` အဘ ´တို့က ကြိုက်မှာပါ။ရှင်မဟာရဋ္ဌသာရပျို့
    ချုပ်ညရီတွင်ကျွှန်ပ်မြင်သည်…ရွှေရင်ဖုံးတုံ့ မဖုံးတုံ့….ဆိုသလို နောက်များမှာ အမျိုသမီးတွေ
    ရွှေရင်ဖုံးတုံ့ မဖုံ့းတုံ့ ဆိုရင်.. မော်ဆရာတို့ ၊အီးတီတို့ အတွက် ခက်ရချည်ရဲ့
    ဒေါက်တာခင်ဗျား လူထုဒေါ်အမာရဲ့ အမေရှေးစကား(ကလျာမဂ္ဂဇင်း)မှာပါသလို
    အရှက်တရားအကြောက်တရားအကြောင်းလေးတွေ၊ဝတ်စားဆင်ယာဉ်မူအကြောင်းတွေ
    ရေးပါအုံးဗျာ။ အားပေးပါတယ်၊ လေးစားပါတယ်ခင်ဗျား။

    • padonmar

      January 9, 2012 at 6:54 pm

      ဆရာထက်
      အဘခေါ်တဲ့ ကလေးမက နေကာမျက်မှန်တပ်ထားလို့ဖြစ်မှာပါ။
      ဟူတ်သားဘဲ ဆရာထက်က ဆရာတန်းသာရောက်တာ အသက်ငယ်ပါသေးတယ်ရှင့်
      (ကြော်ငြာဝင်ပေးပါသည်၊ဒီအတွက် ကျီးပေါင်းရောဂါ အခမဲ့ကုပေးပါလိမ့်မည်)

  • fatty

    January 8, 2012 at 9:33 am

    နိုင်ငံတကာကိုကြည့်လေ ကိုရီးယားလဲကိုရီးယားမို့လို့
    ဂျပန်လဲဂျပန်မို့လို့ လူငယ်တွေ ခေတ်ဆန်ဆန်ဝတ်ကြသလို
    သူတို့ရိုးရာဝတ်ကြတာ ထိမ်းသိမ်းကြတာတွေ့နေရပါတယ်။
    ကိုရီးယားမှာ မင်္ဂလာဆောင်သွားရင်လူကြီးတွေအများစုကတော့
    သူတို့ရိုးရာဝတ်တဲ့ဓလေ့ရှိပါတယ်။
    တဖက်ကလဲ ခေတ်ရှေ့ပြေးသလို တဖက်ကလဲရိုးရာယဉ်ကျေးမှုထိမ်းသိမ်းနေပါတယ်။
    မြန်မာပြည်ကိုလဲ အဲလိုဘဲ ဖြစ်စေချင်တာပါ …။

    • padonmar

      January 9, 2012 at 6:57 pm

      ဟုတ်တယ် ဦးဖက်
      အခုက မင်္ဂလာဆောင်လိုပွဲဆို အရပ်ထဲ မဖော်ရဲတဲ့သူကလည်း ဖော်ခွင့်လိုင်စင်ရလိုက်သလိုပါဘဲ။
      celebrity တွေ ကိုအတုခိုးကြတာပါ။
      ဦးဖက်ရဲ့ ဂျာနယ်မှာ အဲဒီအကြောင်း ရေးပါလား။

  • ငပေါက်ဖော်

    January 8, 2012 at 9:53 am

    သများ အမြင်ပြောရရင်တော့
    အရွယ်ရှိတုန်းလေးမှာ ခေတ်မီစွာဝင်တတ်လျင် အပြစ် မမြင်လိုပါဘူး
    ဝိုင်းစုလောက်တော့ မလုပ်ကြနဲ ့ပေါ့.သများတို ့ သမာဓိပျက်လို ့ပါ
    ပြီးတော့
    ကန်မလေး ငယ်ငယ်ရွယ်ရွယ်လေးတွေ ခေတ်မီတာ သများတို ့ သဘောကျပေမဲ့
    ကန်မရီးတွေ အတက်ကြီးပြီး အချိန်မစီး၊ပျက်စီးနေတဲ့ ခန်ဒါ ကိုကြီးမှ အားမနာ အတိုတွေ..အပြတ်တွေ..အဟိုက်တွေ၊
    ဟိုဖော်ဒီဖော်တွေ မလုပ်သင့်ပါကြောင်း တင်ပြလိုပါတယ်..ဖော်ထားတဲ့နေရာတွေက လျော့ရဲအိတွဲကျနေတဲ့
    ဇရာရဲ့ အရေးအကြောင်းတွေ သများအနေဖြင့် အလွန်မုန်းတီးမိပါကြောင်း
    Celebrity ဆိုပြီး အဖွားကြီးတွေ အဝှာပြုနေလို ့..သတိထားမိပြီး ပြောတာပါ
    အထူးသဖြင့်
    အသက်ကြီးပြီဆို မြန်မာဝတ်စုံလေးတွေနဲ ့ ပိုသင့်တော်ပါကြောင်း..အသက်ကြီးလေ ထိန်းသိမ်းသင့်လေဖြစ်ပါကြောင်း
    ပြီးဒေါ့
    နဂိုလှပြီးသား ကန်မလေးတစ်ယောက်အနေနဲ ့လဲ
    ဟိုဖော်..ဒီဟိုက် ဝတ်မှလှမယ်ထင်တာထက်..ဘာဝတ်ဝတ်လှပြီးသားပါခညာ..မဖော်လဲ လှပါတယ်..
    ခေတ်မမီလဲ လှပါတယ်..လှပါဒယ်..

    ဟမငေး
    အပေါ်ဆုံးက ကင်မလာလွယ်ထားတဲ့ ကန်မလေး.တစ်ညိုးလေးပါရား
    ကွိ..ကွိ..

    • padonmar

      January 9, 2012 at 7:06 pm

      ပြာပြာဖော်
      ဟင်းနော်ဟင်းနော်
      ပိုင်ရှင်ရှိတယ်။

  • Moe Z

    January 8, 2012 at 10:13 am

    အန်တီပဒုမ္မာရေ မြန်မာဝတ်စုံကို မြတ်နိုးတဲ့အထဲမှာ မိုးစက်လည်းပါပါတယ်
    အရမ်းကျက်သရေရှိတဲ့ဝတ်စုံပါ ဒါပေမယ့် အမှန်အတိုင်းဝန်ခံရရင် တစ်ပတ်မှတစ်ရက်ပဲဝတ်ဖြစ်ပါတယ်
    ကလေးတွေကို စာသင်ပေးရတဲ့ ၁ရက်ပါပဲ
    ရုံးသွားရင်တော့ office style ပင်န်နဲ့ ရှပ်အင်္ကျီပဲဝတ်ရပါတယ်
    နိုင်ငံခြားသားတွေကြားမှာနေရတော့ ပွဲတွေမှာဆိုရင်မြန်မာဝတ်စုံကို
    ဝတ်စုံပြည့် ဆံထုံးနဲ့ပဝါနဲ့ ကျကျနနဝတ်ဖြစ်တယ်
    ပုံမှန်ဆိုရင်တော့ တီရှပ်နဲ့ဂျင်းန်ပင်န်ကို ပိုသဘောကျပါတယ်
    လွတ်လပ်ပေါ့ပါးပြီး လုံခြုံတယ် 🙂

    • M-Lulin

      January 8, 2012 at 11:46 am

      လုပ်ငန်းခွင်ထဲက မိန်းကလေးတွေ ဂျင်းပင်န် ဝတ်တာကိုအားပေးပါတယ်။ ပေါ့ပါးလုံခြုံတယ်။ လုပ်ငန်းခွင် ဆိုတော့ လဲ ပွဲလန်းသဘင် သွားသလို ကျော့ကျော့လေး နေလို့ မှ မရတာပဲကိုး ..
      နောက် လိုင်းကား စီးရတဲ့ အခါအဖြစ်ဖြစ်၊ အဆင်း၊အတက် မှာလဲ အဆင်ပြေပါတယ်။ နောက်ဆုံး ချော်လဲတောင် မလန် တော့ဘူးပေါ့ဗျာ။ အမျိုးသားဝတ်စုံ ကတော့ Trademark တစ်အခု အနေနဲ့ကို ထိန်းသိမ်းသင့်တာပါ။ အားလုံးပြန်ချုံလိုက်ရင်တော့ ဘာစွဲ ညာစွဲ တွေမထားပဲ သူ့ နေရာ နဲ့ သူဝတ်တတ်စားတတ် မယ်ဆို အဆင်အပြေ ဆုံးဖြစ်မယ်ထင်ပါတယ်။

      • padonmar

        January 9, 2012 at 7:17 pm

        လုလင်
        ဒီအရပ် ဒီဇာတ်နဲ့တော်တယ်။ ဒီအချိန် ဒီထမိန်နဲ့တော်တယ် ဆိုတာလေးတွေစကားပုံတောင်
        ရှိသေးတယ်လေ။
        လုံချည် အကွဲမဟုတ်ရင် မလန်ပါဘူးကွယ်။
        (စကားမစပ် လန်သွားတာကို ဓာတ်ပုံရိုက်လိုက်တယ်လို့ သုံးကြတယ်နော် ဓာတ်ပုံဆရာလေး)

        • M-Lulin

          January 14, 2012 at 2:07 am

          နဂိုပါရမီအခံ ကြောင့်လားမဆို နိုင်ဘူး .. တီတီရေ လန် လန်သွားတာလေးတွေ တွေ့တွေ့ နေရလို့ .. ဟိဟိ .. အဲဒါနဲ့ ..ကြည့် မိသွားရော … တူရို ့စီက ဒါ့ပုံ တွေ သွားပြန်တောင်းရမယ်… 🙂

    • padonmar

      January 9, 2012 at 7:11 pm

      မိုးစက်လေးရေ။
      သူ့နေရာနဲ့သူ ဝတ်ရပါတယ်ကွယ်။
      အန်တီလည်း နိုင်ငံခြားသားတွေကို ဧည့်ခံရရင်မြန်မာထည် မြန်မာဝတ်စုံ သတိထားဝတ်ပါတယ်။
      ပြောစရာ အကြောင်းအရာလည်းရတာပေါ့။
      ဆံထုံးတော့ ဆံပင်တိုလို့ မထုံးနိုင်ပါ။
      ပုဝါလည်း ခြုံရတာ စတိုင်ကျကျ မနေတတ်တော့ ခြုံလေ့မရှိဘူး၊

  • ကြောင်ကြီး

    January 8, 2012 at 11:46 am

    မြန်မာမိန်းခလေးတွေ ခေတ်မှီမြန်မာ့ရိုးရာ ဖက်ရှင်ဒီဇိုင်းတွေကို ဝတ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ ရိုးရာဒီဇိုင်းနဲ့ ခေတ်အသွင်အပြင်နှစ်ခု ပေါင်းစပ်နိုင်ရင် ပြည်တွင်းအထည် လုပ်ငန်းတွေလည်း အောင်မြင် နိုင်ငံခြားငွေလည်း သက်သာတာပေါ့။ အနောက်နိုင်ငံ ဒီဇိုင်းအဝတ်အထည်တွေကလည်း ခေတ်အလျောက် ဈေးကွက်ထဲရှိနေမှာပဲ၊ တားလို့မှ မရတာကိုး။ ဘာပဲဖြစ်ဖြစ် အနောက်နိုင်ငံ ဒီဇိုင်းတွေနဲ့ ကိုယ့်ပင်ကိုယ်အမှတ်အသားကို ဖုံးကွယ်မသွားတော့ဘူးပေါ့။ မိန်းခလေးတွေရဲ ထမီပုံစံက စကပ်အရှည်နဲ့ သိပ်မကွာဘူး၊ ယောက်ျားလေးရဲ့ ပုဆိုးကတော့ အကြည့်ရဆိုးတယ်၊ ရာသီဥတုနဲ့ လိုက်လျောညီထွေတယ်ဆိုပေမဲ့ အပူပိုင်းဒေသ တိုင်းပြည်တွေမှာတောင် ဘောင်းဘီဝတ်ကြတာမို့ မြန်မာပြည်မှာလည်း ဝတ်နိုင်ကြမယ်ထင်တယ်။

    • padonmar

      January 9, 2012 at 7:21 pm

      ဦးကြောင်
      ယောကျင်္ားလေးတွေတော့ သိပ်မပြောချင်ပါဘူး၊
      ဒါပေမယ့် ပုဆိုးက အကြည့်ရမဆိုးပါဘူး၊
      ကြုံဘူးတဲ့ ဆရာဝန်အမ တစ်ယောက်က သူ့ ဖေးဘရိတ် ယောကျင်္ားလေး ဝတ်စုံဟာ ကချင်ပုဆိုး ဒူဝါဆင်(အစိမ်း+အနက်ကွက်ကြီးကြီး)နဲ့ လည်ကတုံးအဖြူပါတဲ့။

  • windtalker

    January 8, 2012 at 12:05 pm

    အန်တီပဒုမ္မာ ခင်ဗျာ
    အန်တီ ့ပို ့စ် ကို ဖတ်အပြီး ၊ ဓါတ်ပုံများ ကို ကြည့်ပြီး သကာလ
    မောင်ပေ့ ၏ နှလုံးခုန်နှုန်း မှာ အရမ်းမြန် ၊ ရင်ခုန်သံ မှာ အရမ်းကျယ်သွားပါကြောင်း
    လေးစားစွာဖြင့် ကွန်မင့် ခဲ့ပါတယ် ဗျ

  • mashwetote

    January 8, 2012 at 12:55 pm

    ကိုယ်တိုင် တီရှပ်၊ ဘောင်းဘီတွေဝတ်ပြီး မြန်မာအင်္ကျီဝတ်ခဲပေမယ့် မြန်မာအင်္ကျီဝတ်ရတာကို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် MAIလေယာဉ်ပေါ်က လေယာဉ်မယ်များရဲ့ ယူနီဖောင်းထမီက ပေါင်ရင်းထိကွဲနေတာကတော့ တော်တော်ကြည့်ရဆိုးပါတယ်။ မြန်မာဝတ်စုံပေမယ့် သရုပ်ပျက်တယ်လို့ ထင်မိတယ်။

    • padonmar

      January 9, 2012 at 7:25 pm

      မရွှေတုတ်
      သရုပ်ပျက် ဝတ်စုံဖြစ်နေတယ်ဆိုတာ သမီးပြောသလို MAI က တာဝန်ရှိသူတွေ သိသင့်တာပေါ့ကွယ်။သူတို့ကစပြီး လုံလုံခြုံခြုံ လှပြသင့်တာပေါ့နော်။
      နိုင်ငံခြားသားနဲ့ မဖြစ်မနေတွေ့ရတဲ့ တာဝန်ဘဲ။

    • ငပေါက်ဖော်

      January 9, 2012 at 8:14 pm

      မောင်ပေဆိုတဲ့လူကတော့ လေယာဉ်ပေါ်ကတောင် မဆင်းချင်ဘူးတဲ့ဂျ

  • blackchaw

    January 8, 2012 at 1:19 pm

    ကိုသစ်မင်းပြောတဲ့ ကြယ်ငါးလေးတစ်ကောင် လိုပါပဲ မပဒုမ္မာရေ။
    ဒီပို့စ်ကို ဖတ်လိုက်ရတဲ့ လူတစ်ယောက်လောက်က မပဒုမ္မာပေးချင်တဲ့
    massage လေးရသွားတယ်ဆိုလည်း ဒါဟာ အကျိုးရှိတာပါပဲ ခင်ဗျာ။
    တိုးတက်လာတာရဲ့ နောက်မှာ ကပ်ပါလာတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ
    ဒီ ဝတ်စားဆင်ယင်မှု ပြသနာကြီးက တော်တော် ကြီးပါတယ်။
    နှစ်သစ်ကူးညက စကိုင်းနက် က တိုက်ရိုက်ထုတ်လွှင့်နေတဲ့
    နှစ်သစ်ကူးပါတီ ပွဲတစ်ခုမှာ စင်ပေါ်တက်ကတဲ့
    မြန်မာဒန်ဆာမ တွေရဲ့ ဝတ်စားထားချက်က
    စိတ်ကုန်စရာကြီးတွေပါ။
    ဆရာမကြီး TTNU လည်း အဲဒီပွဲကို တိုက်ရိုက်ကြည့်နေတယ်လို့ သိရပါတယ်။
    မယုံရင် ဆရာမကြီးကို မေးကြည့်ပါဗျာ။
    နောက်တစ်ခုက ဒီပို့စ်နဲ့တော့ ဘာမှ မဆိုင်ပါဘူးဗျာ။
    မကြာသေးခင်အချိန်လေးကပဲ မင်္ဂလာတောင်ညွန့်မှာ
    မီးလောင်ပေါက်ကွဲလို့ သေဆုံးသွားကြသူတွေ ရဲ့ မိသားစုတွေ ကိုတောင်
    မျက်နှာပူနေမိတယ်ဗျာ။
    အပြင်မှာ ကဲကြပျော်ကြတာ အပြစ်မပြောပါဘူး။
    တိုက်ရိုက်လွှင့်နေတယ်ဆိုတော့ ။
    အဲဒီစကိုင်းနက်ကပဲ မီးလောင်သေဆုံးသွားတဲ့ သတင်းကိုလည်း
    ရိုက်ကူးထုတ်လွှင့်နေခဲ့တာလေ။
    ရေးရင်းနဲ့ ဘာဆက်ရေးရမှန်းကို သိတော့ပါဘူး မပဒုမ္မာရေ။

    • padonmar

      January 9, 2012 at 7:27 pm

      ကိုဘလက်
      ဟုတ်ကဲ့ ၊ကျွန်မ ကြယ်ငါးလေးတွေ ကောက်နေပါတယ်။
      ကူညီမယ့်သူများရင် နေမရင့်မီ အသက်ရှင်ခွင့်ရမယ့် ကြယ်ငါးလေးတွေ ပိုလာပါလိမ့်မယ်။

  • မှော်ဆရာ

    January 8, 2012 at 1:23 pm

    အန်တီ ပဒုံမ္မာရဲ့ ပိုစ့်ကိုလဲ ကြိုက်တယ်
    အပေါ်က မိန်းကလေး ကိုင်ထားတဲ့ EOS ကြီးလဲ ကြိုက်တယ်
    ပြီးတော့ ………………………. 🙂

    • M-Lulin

      January 8, 2012 at 8:33 pm

      EOS တော့ ကျွန်တော် လဲကြိုက်တယ် ဗျို ့ …

      • ငပေါက်ဖော်

        January 8, 2012 at 11:32 pm

        EOS ပဲကြိုက်ပါချင့်
        😆

        • padonmar

          January 9, 2012 at 7:29 pm

          မှော်ဖေဖေကြီး၊လုလင်၊ပြာပြာဖော်
          EOS ပဲ ကြိုက်ပါချင့်

  • inz@ghi

    January 8, 2012 at 1:35 pm

    ဒီအကျီင်္က အင်းအကျင်္ီ (တစ်ထည် ၄၀၀၀) လုံချည်က ချည် ဆေးရေး (၄၀၀၀) ပါဘဲ ၊ပုဂံမြို့ဟောင်းတစ်နေရာမှာပါ

    အဲ့ပုံလေးပေါ့ …..အဲ့နေရာ အဲ့လို ဝတ်စုံ လေးနဲ့ ….
    ဥစ္စာစောင့် လေးလား မှတ်ရ …..

    မှတ်မှတ်ရရ ပန်းရောင် + အပြာရင့် …..
    အော် ဘာလိုလိုနဲ့ ၂နှစ်ကျော်ဘာဘီလေ….

    အာဟင့် ..
    😛

    • padonmar

      January 9, 2012 at 7:30 pm

      ဂီဂီ
      မငိုနဲ့လေ။
      ဂီဂီ့ ဥစ္စာစောင့်မလေးကို အန်တီတို့ ကူပြောပေးရမလား။

      • inz@ghi

        January 9, 2012 at 8:26 pm

        ဥစ္စာစောင့်မလေး က ယောက်ျားရသွားလို့ …
        နေ့ကလေး ထိန်း … ညလူကြီးထိန်း ဖြစ်နေလောက်ပါပြီ ..အန်တီပဒုံမာ ရယ်….

        နောက်တာပါဗျာ …

        ကျနော်လည်း ဗမာဆန်ဆန်လေး တွေဝတ်စားထားတာ ကို အလွန်သဘောကျပါတယ်ဗျာ …
        ကျနော် တို့ ဓါတ်ပုံ ရိုက်ရင် …. မိန်းကလေး တယောက်ကို sexy or innocent ဆိုတဲ့ပေတံနဲ့
        ချိန်ထိုး ဆုံးဖြတ်ကြတယ်ဗျ ……ဆောင်းဟေဂျို ကို ဆက်စီ လုပ်ရိုက်လို့ မရပါ ….ထို့အတူ
        ဂျန်ဂျီဟွန်းကို အင်နိုးဆင့်လို့ မဖြစ်နိုင်ပါ …..ပင်ကိုယ် အလှတရား အရ ဘာဆင်ဆင်ပါ…

        ဗမာဝတ်စုံကတော့ ရိုးရိုးယဉ်ယဉ်လေး နဲ့ လုံလုံခြုံခြုံ ဝတ်ရင်း ကို စွဲဆောင်မှု ရှိနေတတ်တယ်လို့ မြင်တယ်ဗျ
        (ကျနော် ဗမာမို့လို့လားတော့ မသိ …)

        သည်နေရာမှာ သဂျီးပြောတာ အပြည့်အဝထောက်ခံပါတယ်ဗျာ …..ဗမာဝတ်စုံတွေကို….
        design, quality အပြင် ရာသီဥတုနဲ့ … compatibility ဖြစ်မှု ..ဒါတွေ နဲ့ innovate လုပ်သွားသင့်ကြောင်း
        ဆန္ဒပြု အပ်ပါသည်ခင်ဗျား ….

  • htoosan

    January 8, 2012 at 2:29 pm

    ွမြန်မာ များ မြန်မာလိုဝတ်တာကို လွန်စွာ သဘောကျ ထောက်ခံပါတယ်။
    သို့သော် ဘောင်းဘီ စကပ် ဝတ်ချင်ကြတာ တားလို့မရတဲ့ သဘာဝမို့ မဖြစ်စေချင်ပေမဲ့ လက်ခံပေးကြရမှာပါ။ 🙁

    • padonmar

      January 9, 2012 at 7:33 pm

      ကိုထူးဆန်း
      အပေါ်မှာရေးခဲ့သလိုပါဘဲ၊
      celebrity တွေ လုပ်ပြရင် အားလုံးလိုက်ကြပါတယ်။
      အဲဒီနေရာမှာလည်း အမိန့်ထက် ရင်ထဲက လိုက်နာချင်အောင် ရှေ့ဆောင်ပေးနိုင်ဖို့လိုပါတယ်
      (အဲဒီတာဝန်ကို ဒေါ်စုထမ်းဆောင်နေပါတယ်)

  • MaMa

    January 8, 2012 at 2:46 pm

    ကျောင်းတက်တုန်းက မိန်းကလေးတိုင်း လုံချည်ပဲ ဝတ်ကြတယ်။ (၁၀၀%)
    စက်ရုံဆင်းတဲ့အခါကျတော့ ဆရာက အင်ဂျင်နီယာတွေ အလုပ်ခွင်မှာ ယူနီဖောင်းကို ဘောင်းဘီသတ်မှတ်ပေးသင့်တယ်။
    မင်းတို့လည်း အလုပ်ခွင်မှာဆို ဘောင်းဘီပဲ ဝတ်သင့်တယ်လို့ ပြောဖူးတယ်။

    စက်ရုံအလုပ်ရုံမို့ အလုပ်ခွင်သဘာဝနဲ့ ကိုက်ညီအောင် ဝတ်ဆင်တာကို မကန့်ကွက်ချင်ပါဘူး။

    ခုခေတ်မှာဆိုရင်….
    မြန်မာချည်သားလေးတွေရဲ့ အရည်အသွေးကလည်း ကောင်းလာတယ်။
    အဆင်ဒီဇိုင်းကအစ ခေတ်မီပြောင်းလဲ တိုးတက်လာတယ်။
    ချုပ်ပြီးသားလည်း အလွယ်တကူ ရနိုင်တဲ့အပြင် သက်လည်း သက်သာတယ်။
    အဖိုးနည်း ဝန်ပါဆိုတဲ့စကားလို၊ ပေါချောင်ကောင်းလည်း ဖြစ်တာမို့ ပြည်တွင်းဖြစ်ကို အားပေးကြပါစို့..

    (ဒါရိုက်တာ ကြည်ဖြူသျှင်လိုပေ့ါ။ လုပ်ငန်းခွင်မှာ ဘောင်းဘီနဲ့ တီရှပ်၊ သွားလာနေထိုင်မှုမှာတော့ မြန်မာဆန်ဆန်လေး၊ အဲဒီလို သူ့နေရာနဲ့သူ သင့်တင့်လျှောက်ပတ်အောင် ဝတ်ဆင်တာမျိုးကို အားပေးတာပါ။)

  • saiias.027

    January 8, 2012 at 3:58 pm

    ကျွန်တော်တို့ရဲ့ မြန်မာမှု မြန်မာ့ဝတ်စားပုံ ကဘယ်တော့အခါမဆို မရိုးနိုင်အောင် ကျက်သရှေိပြီး ယဉ်ကျေးမှု
    ကို ဖော်ပြနေတယ်ဆိုတာ …… ယခုတိုင်အောင်ပါ

  • pooch

    January 8, 2012 at 6:26 pm

    ဒေါ်ဒေါ့်တူမလေးတွေလားဟင် ပါးပေါက်လေးတွေနဲ့ ချစ်စရာလေးတွေ ……
    မမပြောသလိုပါပဲ သူ့နေရာလေးနဲ့ သူသင့်တင့်လျောက်ပတ်အောင် ဝတ်စားဆင်ယင်ကြ တာလေးတွေကို အားပေးပါတယ်…

    • padonmar

      January 9, 2012 at 7:39 pm

      မမ၊salias.027,နန်းမတော် မယ် Pooch,
      အားပေးကြတာကျေးကျေးပါ။
      ဒေါ်ဒေါ့်တူမလေးတွေ ဟုတ်ပါတယ်။
      မင်းသမီးတွေမော်ဒယ်တွေ ပုံ ပြရင် မလေးနက်မှာစိုးလို့ ကိုယ်ပိုင်တဲ့ ကလေးတွေပြန်အလာကို မြန်မာလုံချည် အကျီင်္ထုပ်နဲ့ စောင့်ပြီး ကိုယ်တိုင်လည်းနေ့စဉ် ဝတ်ပြတော့မှ သူတို့ လိုလိုချင်ချင်ဝတ်ကြတာပါ။

  • hmee

    January 8, 2012 at 6:26 pm

    မပဒုမ္မာရေ နေရာဒေသကို လိုက်ပြီး ဝတ်စားတတ်တာကိုတော့ ကျွန်မလည်း သဘောကျတယ်။ သူ့နေရာနဲ့သူပေါ့။ နေရာတိုင်း မြန်မာအဝတ်အစား ဝတ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဂျင်းပန်တို့ တီရှပ်တို့လည်း ဝတ်လို့ရပါတယ်။ ဘာဝတ်ဝတ် ကိုယ်နဲ့လိုက်ဖက်ပြီး အမြင်မရိုင်းဖို့လိုတာပေါ့နော့။ အဘဖောပြောသလို တချို့ တချို့များ ကိုယ်နဲ့မလိုက်ဖက်တာကို သူများလှတာနဲ့ လှမယ်ထင်ပြီးလိုက်ဝတ်တော့ အတော်ကြည့်ရဆိုးတာပေါ့။ ကျွန်မလည်း ဒီမှာ ပွဲတွေရှိလို့ သွားခဲ့ရင် မြန်မာချည်ထည်လေးဝတ်ပြီး နောက်တွဲဆံထုံးလေးထုံးပြီး ပန်းကိုပန်ဖြစ်အောင်ပန်ပါတယ်။ လေဒီးရှုးတောင်မစီးပဲ ပုံတော်ဖိနပ်အပါးပဲ စီးပါတယ်။ အထူးအဆန်းဖြစ်လို့ ထင်ပါရဲ့ ကျွန်မမှာ ဓါတ်ပုံမော်ဒယ်ကို ဖြစ်သွားတာပဲ။ အပြန်ရှော့ပင်းမော်ထဲ ဝင်တော့ ဘာလူမျိုးလည်းလို့ အထူးအဆန်းဖြစ်ပြီး တလမ်းလုံး အမေးခံရပါရော။ တခုပဲ မြန်မာလို့ပြောတာ ဘယ်သူမှ မသိဘူး။ 🙁 ထိုင်းနားကလို့ ပြောတာတောင် သိပုံမရဘူး။

    • padonmar

      January 9, 2012 at 7:45 pm

      မှီရေ၊
      မှီနဲ့ ဒို့သူကြီး စိတ်ဓာတ်တူပါတယ်။
      လေးစားပါတယ် မှီ။
      ကျွန်မ management သင်တန်းလေးတစ်ခု တက်တော့ နိုင်ငံခြားသားဆရာက သင်တန်းသူသားတွေကို မင်းတို့ရီုးရာထည်လုပ်ငန်းမရှိဘူးလားအမေးမှာ
      သင်တန်းသားတွေက မြန်မာ ချည်ထည် ဝမ်းဆက်ဝတ်ထားတဲ့ ကျွန်မကို ထပြခိုင်းတော့
      အရုပ်ဆိုးပေမယ့် မော်ဒယ်ဖြစ်ခဲ့ရသေးတယ်။

  • မမပဒုမ္မာရေ ဆိုင်ကြေညာတော့ မဟုတ်ရပါဘူးနော်။ခင်လို ့စ လိုက်တာပါနော်။
    စိတ်မဆိုးကြေး။အကြံပြုရေးသားတာလေး သိပ်ကောင်းပါတယ်ဗျာ။

    • padonmar

      January 9, 2012 at 7:51 pm

      ကိုသန်းထွင်္ဋဦးရေ
      အခမဲ့ဆိုင်ကြေငြာပေးတာပါ၊ဝတ်ကြစေချင်လို့ပါ။သူတို့က ဒေါက်တာပဒုမ္မာဆိုတာ ကြားတောင်ကြားဖူးမှာမဟုတ်ပါ။များများဝယ်ပြီး ဓာတ်ပုံတောင်းရိုက်သွားတဲ့ အန်တီလို့ဘဲသိမှာ။
      ဈေးခန့်မှန်းတတ်မှ ဝယ်ဝတ်ကြမှာပေါ့။
      ဒါတောင် များများဝယ်ရင် ဆစ်လို့ရတဲ့ ဈေးတွေ မရေးပေးထားဘူး၊
      ဒီလိုဘဲ ဈေးသက်သာတဲ့ နေရာကို သူငယ်ချင်း မေအေးဦးကို ရေးပေးခိုင်းထားသေးတယ်။
      အဲဒီလိုလုပ်ငန်းတွေ ကြီးပွားစေချင်ပါတယ်။

      • M-Lulin

        January 14, 2012 at 2:09 am

        ဟဲဟဲ .. ဝင်ကြေညာ လိုက်ရ ကောင်းမလား .. ဝယ်ဝတ်တာထက် ချုပ်ဝတ်တာက ပို တိကျသပ်ရပ်မလားလို့ပါ (ပုံ.. စက်ချုပ်သည်)

  • Shwe Tike Soe

    January 8, 2012 at 7:05 pm

    ဟုတ်ပ အစ်မရယ် မြန်မာဝတ်စုံလေးတွေနဲ.အရမ်းကျက်သရေရှိပ ဒါပေမယ့်လဲ ဆံပင်လဲပါသေးတယ်နော.. တော်ကြာမြန်မာဝတ်စုံဝတ်ပြီး ဆံပင်အတို စုတ်ဖွားနီကြောင်ကြောင်နဲ.ဆိုရင် သွားရော..
    မြန်မာဝတ်စုံချည်သား လေးတွေကို ခေတ်ဆန်ဆန်လေးချုပ်ဝတ်ကြတဲ့ကောင်မလေးတွေကိုလဲ တွေ.ဖူးပါတယ်… သူနေရာနဲ.သူပေါ့ မဝတ်ကြနဲ.လို.တော့မပြောပါဘူး.. ဒါပေမယ့် မိန်းကလေးတစ်ယောက်မှာ ကျက်သရေရှိတာနဲ.မရှိတာကွာတာပဲလေ….
    ကျွန်တော်တို.ယောင်္ကျားလေးတွေကလဲ.. ကိုယ်ချစ်တဲ့ကောင်မလေးဆို ရိုးရိုးယဉ်ယဉ်လေးပဲဖြစ်စေချင်တာပဲလေ(ရိုးတာနဲ.တုံး တာမတူဘူးနော်)… စကဒ်အတို အပျက်နဲ.လမ်းလျှောက်သွားတဲ့ ခပ်လန်းလန်းကောင်မလေးကို သရေတမြှားမြှား လိုက်ငမ်းနေပေမယ့် ခဏပါ. ကိုယ့်ချစ်သူ ရိုးရိုးယဉ်ယဉ်ကြီးကိုပဲ ကြိက်တယ် ဟိဟိဟိ 😛

    • M-Lulin

      January 8, 2012 at 7:19 pm

      ရိုးရိုးယဉ်ယဉ်ကြီး ဆိုတော့ .. ရိုးရိုးယဉ်ယဉ် လေးတွေ စိတ်ကူးနေပုံ ရတယ်။ …

      • Shwe Tike Soe

        January 9, 2012 at 10:14 am

        ဟုတ်ပါဘူဂျာ တစ်ခါတည်းပါ ဟီးဟီး 😛

        • နွယ်ပင်

          January 9, 2012 at 10:22 am

          ကြော်ငြာ ဝင်နေပါတယ်ဗျို့ 😛

        • padonmar

          January 9, 2012 at 7:52 pm

          ရွှေတိုက်စိုးရဲ့ ရိုးရိုးယဉ်ယဉ်ကြီး ဆိုတာ ထောက်ခံပါတယ်ဗျို့

    • etone

      January 10, 2012 at 10:40 am

      အီ … အတင်း ဂျီးပဲ ကြော်ငြာဝင်နေတယ် …. ဟီးဟီး …
      အဲ့လိုမှန်းသိလျှင် ဟိုနေ့ကတည်းက ကြပ်ခဲ့ရမှာ 😆

  • char too lan

    January 8, 2012 at 8:44 pm

    ဘာဘဲပြောပြော ရ ရက်နေ့ကအန်တီပဒုမ္မာဝတ်လာတဲ့
    ဖျင်နီအကျင်္ ီနဲ့ ရှမ်းထမီကို ကြိုက်ပါတယ် ။

    • Foreign Resident

      January 9, 2012 at 5:47 am

      ” အန်တီပဒုမ္မာဝတ်လာတဲ့
      ဖျင်နီအကျင်္ ီနဲ့ ရှမ်းထမီကို ကြိုက်ပါတယ် ”

      အမှန်ပဲ ။
      အဲဒီ ဝတ်စုံလေး နှင့် ပုံကိုတင်ရမှာ ။
      တင်ပေးလိုက်ရမလား ။
      ဟီဟိ ။

      • padonmar

        January 9, 2012 at 7:54 pm

        ချာတူး၊FR
        နှုတ်ပိတ်ခ ပေးရမလား၊
        နှုတ်ပိတ်ခိုင်း ပေးရမလား ပြော။

    • darlay

      January 9, 2012 at 7:38 am

      မမလတ်ရေ….ရင်ထဲမှာရှိနေတာကို…ပိုပြိးပြည့်စုံစွာပြောပြပေးတဲ့အတွက်…အထူးလေးစားကျေးဇူးတင်မိပါတယ်။

  • zaw min

    January 8, 2012 at 9:06 pm

    မြန်မာဆိုရင် ရိုးရိုးနဲ့ယဉ်ယဉ်လေး ဒီခေတ်မှာတွေ့ဖို့ ရှားပါးနေပါပီ…နောက်ပိုင်းကြာလာရင် ဘုရားသွား..ကျောင်းတက်တောင် မြင်တွေ့ခွင့်ရနိုင်တော့ ပါ့မလားမသိဘူး…

  • zaw min

    January 9, 2012 at 1:50 am

    အဘဖော သမီးလေးတွေက ဩစီသူနဲ့ မွေးထားတော့ ပေါင်တန်ဖြူဖြူလေးတွေကိုး ကြည့်လို့ကောင်းမှကောင်း …
    မြန်မာမလေးတွေက ပေါင်လုံးကြီးကြီး ခြေသလုံးတုတ်တုတ်တွေဆိုတော့ ဘယ်လိုမှကြည့်လိုကောင်းမှာမဟုတ်ပါဘူး….

  • kai

    January 9, 2012 at 6:45 am

    မတူတဲ့အတွေးနဲ့ ချရေးမယ်နော…
    =
    မြန်မာအမျိုးသမီးတွေ.. ခန္တာအချိုးအစား သေသေချာချာ သုတေသနပြုထားတာရှိသလား မေးရမှာပါပဲ..။
    သိသလောက်တော့…
    မြန်မာက ဆန်စားတဲ့လူမျိုးနွယ်မို့.. ခါးအလျှားရှည်တယ်..။ ဒါက..ဆန်ကိုခြေဖျက်ဖို့..အူကပိုရှည်လျှားရတာမို့.. နေရာပိုယူလို့ဖြစ်ရတယ်လို့.. ဂျပန်တီဗီအစီအစဉ်မှာ မြင်ဖူးတယ်..။
    ခါးရှည်တာမို့.. ခြေအချိုးအစားတိုပါတယ်.။ ခြေတိုတော့..ပေါင်တံတိုပါတယ်..။ ပေါင်တံ/ ခြေသလုံးတုတ်ပါတယ်..။
    နောက်ပြီး..
    မြန်မာအမျိုးသမီးတွေ.. တင်ပဆုံရိုးကြီး(ကျယ်)ပါတယ်..။ ခါးသိမ်(သေး)ပါတယ်..။
    ပူအိုက်စွတ်စိုတဲ့ဒေသဖြစ်တာမို့..( ရှေးပုဂံကလို.. )ဗိုက်ဖေါ်တာမျိုုး.. တိုပြတ် ဟိုက်တာမျိုးအကျီ င်္ဝတ်သင့်တယ် ထင်ပါတယ်..။
    အထူးသဖြင့် ပျိုရွှယ်သူများအတွက်ပေါ့…။

    ကျန်တာတွေ ..သေသေချာချာ မြန်မာအမျိုးသမီး ၁၀၀ဝ လောက်နဲ့ စာတမ်းထုတ်.. သုတေသနပြုသင့်တယ်.။
    ဒါမျိုးတွေကို.. တက္ကသိုလ်တွေက.. လုပ်ရမှာဖြစ်ပေမဲ့.. လုပ်တာတွေမကြား..မရှိသေးဘူးထင်မိပါတယ်..။
    အမျိုးသားတွေကိုလည်း.. သူတေသနလုပ်ရမှာပေါ့..။
    ပျမ်းမျှအရပ်အမောင်း.။ ပုခုန်းအကျယ်..။ စသဖြင့်ပေါ့..။ မြန်မာတွေ.. ကမ္ဘာတန်းနဲ့စာရင်.. အရပ်ပုနေသေးပါတယ်.။
    (အ)ဆီစားများတာမို့..(ထင်ပါတယ်.) ဗိုက်ပူကြတယ်..။
    ဗိုက်ထွက်နေရင်.. ဘောင်းဘီနဲ့မလိုက်ပါဘူး..။
    လယ်ပင်းကော်လာထည့်တာက.. အနောက်တိုင်းအေးတဲ့ရာသီမှာ.. လေအေးမဝင်အောင်.. နက်ခ်တိုင်စီးတာအတွက်ဖြစ်နိုင်ပြီး.. လယ်ပင်းကိုလည်း လေအေးတွေကအကာအကွယ်ပေးဖို့လို့ထင်ပါတယ်..။
    မြန်မာအမျိုးသားတွေအတွက်.. လယ်ကတုံးနဲ့လိုက်ဖက်နိုင်ပါလိမ့်မယ်..။
    ပြီးမှ… ရာသီဥတု.. မိုးရွာနှုန်းတွေနဲ့ညှိချပြီး.. စတန်းဒတ်ဖြစ်အောင်.. ဖက်ရှင်ထွင်ရမှာပါ..။
    ဖက်ရှင်သစ်ဟာ.. နှစ်ရာစုနှစ်ချီစွဲထားတဲ့.. မူရင်း..ပုဆိုးလုံချည်ကို အခြေခံသင့်ပါတယ်..။

    တိုတိုပြောရရင်..
    မြန်မာအမျိုးသမီးတွေ.. သာမန်အခြေအနေမှာ.. မြန်မာဝတ်စုံနဲ့လိုက်တယ်ထင်မိပါတယ်..။
    ထမီဟာ.. ခါးသေးပြီး ခါးအပေါ်မြင့်နေတာကို.. ပေါ်လွှင်စေပြီး.. ပေါင်ခြေသလုံးတိုတုတ်တာကို.. …ဖုံးကွယ်ပေးထားနိုင်လို့ပါ…။
    မြန်မာအမျိုးသားတွေ.. ကော်လာကတုံး..နဲ့.. ပုဆိုးနဲ့လိုက်ဖက်တယ်ထင်မိပါတယ်..။
    တိုင်းရင်းသားတွေ အဝတ်အစားတွေ သေသေချာချာလေ့လာသင့်ပါတယ်.။ ရှမ်းအဝတ်အစားကို.. ပါးပါးပေါ့ပေါ့ဖြစ်အောင်လုပ်နိုင်ရင် ကောင်းတယ်ထင်မိပါတယ်..။

    ဆိုတော့…
    အခြေအနေအချိန်အခါနဲ့.. လိုက်လျှောညီထွေဖြစ်အောင်.. လုပ်ကြရမယ်ထင်ပါတယ်..။
    နိုင်ငံခြားက.. အော့ဖစ်ရှယ်တွေနဲ့တွေ့ချိန်မှာ အမျိုးသားတချို့.. တီရှပ်နဲ့ ဆေးရောင်စုံအကျီ င်္.. ဟောင်းနွမ်းအဝတ်အစားတွေနဲ့ ဖြစ်နေတာတွေ..သတင်းဓါတ်ပုံတွေမှာ.. တွေ့ရတာမျိုးက. မြန်မာလို.. ယဉ်ကျေးမှုခန့်ထည်တဲ့..လူမျိုးအတွက်…ေ တာ်တော်ကို မသင့်လျှော်ဘူးထင်မိတာပါပဲ..။ အဝတ်အစားကို.. သူ့နေရာအချိန်နဲ့ကိုက်အောင် ဝတ်စားနိုင်ကြဖို့.. သေသေချာချာ ဂရုစိုက်သင့်လှတယ်..။

    ငယ်နုသူတွေက.. ငယ်နုသူအလျှောက်..
    တည်ငြိမ်တဲ့အရွယ်က သူ့အရွယ်အလျှောက်…ပေါ့..။

    ဒါကို.. အလုပ်အကိုင်အခွင့်ဖေါ်စေပြီး.. စီးပွားဖြစ်လမ်းကြောင်း..ဦးတည်ပေးရမယ့်တာဝန်ကတော့.. နိုင်ငံရေးသမားတွေ တာဝန်ပါပဲ..။
    တိုင်းပြည်သစ်ထောင်မဲ့.. အခုလိုအချိန်မှာတော့.. တာဝန်ကိုယ်စီရှိကြပါတယ်..။
    =
    ၂၁ရာစုရဲ့.. ဝံသာနု၊ သိပ္ပံနှင့် အစွန်းစွဲလွတ်..နိုင်ငံတော်သစ်ဆီသို့…။ 🙂

    • padonmar

      January 9, 2012 at 8:18 pm

      kai says:
      မြန်မာတိုင်း.. ဒါကို သေသေချာချာအာရုံစိုက်လုပ်ကြဖို့ လိုမယ်ထင်မိတယ်..။
      ဖြစ်နိုင်ရင်.. ဖက်ရှင်နဲ့..အဝတ်အစားကို..လူတိုင်းသုံးလွယ်..ဝတ်လွယ်အောင်..ဒီဇိုင်းအဆင်လှအောင်.. ရေလျှော်ခံအောင်..။ တာရှည်ခံအောင်..။ အရည်အသွေးမြင့်အောင်.. တက်စ်စိုင်းအင်ဂျင်နီယာတွေ..ပညာရှင်တွေနဲ့.. သုတေသနပြု.. လုပ်သင့်လှတယ်.။
      ဖက်ရှင်ရှိုးတွေ.. နိုင်ငံတကာထွက်သင့်တယ်.။
      ပိုဖြစ်နိုင်ရင်..အစွမ်းရှိရင်.. ဒေါ်စုရဲ့.. The Lady ကားတင်ချိန်အပြိုင်လောက်.. ကမ္ဘာပါတ်မိတ်ဆက်သင့်သပေါ့..။

      သူကြီးရဲ့ အမြင် နိမိတ်မှာ မန့်ပေးတာကို ဒီဘက်မှာ ဆွေးနွေးချင်ပါတယ်။
      mass production ထုတ်လုပ်ဖို့ကတော့ အထည်ချုပ်စက်ရုံတွေ ရှိပါတယ်။
      ရေလျှှော်ခံ(အရောင် မကျွတ်အောင်လောက် လုပ်တတ်ပါပြီ၊ဒါပေမယ့် wrikle free အဆင့် မရောက်နိုင်သေးဘူး)
      ဒီဇိုင်နာတွေတော့ ထွင်နေကြတာဘဲ။
      အထူးသဖြင့် ရှမ်းဝတ်စုံ(အကျီင်္+ရှမ်းဘောင်းဘီ)တွေက နိုင်ငံခြားသားတွေ လွယ်လွယ်ဝတ်နိုင် ဘောင်းဘီ+စကပ်တွေနဲ့လည်းလိုက်ဖက်ပါတယ်။
      အသားကလည်း ချည်လုံးကြီးကြီး ထူးခြားပါတယ်၊ပူပူအေးအေး ရာသီဥတုနဲ့လည်းလိုက်ဖက်ပါတယ် ။

      FOB အဆင့်လုပ်ဖို့က တော်တော် အရင်းအနှီးလိုပါတယ်။risk လည်းယူရပါတယ်။
      တနေ့နေ့တော့ ဖြစ်လာစေချင်ပါတယ်။
      CMP စံနစ်နဲ့စရင်တော့ လုပ်နိုင်မယ် ထင်ပါတယ်။

  • maungmoenyo

    January 9, 2012 at 7:28 am

    ဒေါ်စု ချင်းပြည်နယ် မင်းတပ်မြို့ရောက်ရှိစဉ်ကရိုက်ကူးထားတဲ့ပုံ ထင်ပ။
    အရှိန်အဟုန်ရလာပြီဖြစ်တဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းကြောင်းမှာ တားဆီးမရတဲ့ အနောက်တိုင်းယဉ်ကျေးမှုရဲ့ဒွေးရောစီးဆင်းဝင်ရောက်ပေါင်းစပ်လာမှုကို နားလည်ကြရမှာပါ။ အဝင်ကြမ်းပေမဲ့ တားမရတဲ့ cultural shift ကိုလက်ခံတတ်ကြဘို့လိုပါတယ်။ “သရုပ်ပျက်” ဆိုတဲ့ဝေါဟာရကိုဘယ်လို ပေတံနဲ့စံချိန်ထိုးကြမလဲ။ ဒီဝေါဟာရဟာလဲ ခေတ်နဲ့ရင်ဘောင်မတန်းနိုင်တော့တဲ့ သမိုင်းလမ်းခုလတ်မှာ ကျန်ခဲ့မှန်းမသိကျန်ခဲ့တဲ့ vanishing terminology များဖြစ်နေမလားဘဲ။ အချိန်အခါအတိုင်းအတာတခုရောက်သွားရင် အများလူထုနဲ့ သက်ကြီး ခေတ်လွန် သက်တမ်းကလက်ခံနိုင်မဲ့ ခေတ်ကိုရောက်သွားမှာပါ။

    • padonmar

      January 9, 2012 at 8:46 pm

      အကိုကြီးမောင်မိုးညို
      ဒေါ်စုပုံဟောင်းလေးပါ၊ကြိုက်လွန်းလို့ရယ် စာနဲ့လိုက်ဖက်လို့ရယ် ထည့်သုံးတာပါ။ဒီပုံလေးထွက်လာတော့ ဗိုလ်ချုပ် ကချင်ဝတ်စုံဝတ် တိုင်းရင်းသူတွေနဲ့တွဲရိုက်ခဲ့တဲ့ပုံကို အမှတ်ရစေတယ်လို့တောင်ပြောကြပါတယ်။

      “အချိန်အခါအတိုင်းအတာတခုရောက်သွားရင် အများလူထုနဲ့ သက်ကြီး ခေတ်လွန် သက်တမ်းကလက်ခံနိုင်မဲ့ ခေတ်ကိုရောက်သွားမှာပါ။”
      မင်းမင်းလတ် ပေါ်ကာစက လက်မခံပေမယ့် နောင်တော့ ကြိုက်သွားကြသလိုလား။
      မြန်မာပြည် သိန်းတန်လို စပေါ်ကတည်းကလည်း နှစ်သက်။ကြာလည်းမမေ့၊အနှစ်၂ဝ ကျော်ကြာမှ
      ပြန်လာလည်း အားပေးခံရဆဲ ဆိုရင်ပိုမကောင်းပေဘူးလား အကိုကြီးရှင့်။

  • etone

    January 9, 2012 at 10:25 am

    အန်တီပဒုံမ္မာရေ … အလွန်အဖိုးတန်တဲ့ ပို့စ်လေးပါပဲ … ။ မြန်မာဝတ်စုံကို နှစ်သက်သူတစ်ယောက်အနေနဲ့ ဒီပို့စ်လေးကို လက်မထောင်လိုက်ပါတယ် ။ ကျွန်မလည်း မြန်မာဝတ်စုံကို အရမ်းကြိုက်ပါတယ် ။ လုံလုံခြုံခြုံရှိပြီး သွားရလာရ လွတ်လပ်လို့ပါပဲ ။

    အခုအသက်ရွယ်မှတင်မဟုတ်ဘူး ဆယ်ကျော်သက်အရွယ်ကတည်းက မြန်မာဝတ်စုံစုတာ အရမ်းဝါသနာပါခဲ့တယ် … ။ ဒါကြောင့် အဒေါ်တွေကတောင် အဖွားကြီးအိုလေးလို့ နောက်ကြတယ် … ။ ဘယ်သူတွေ ဘာပြောပြောပါ … အခုမြန်မာဝတ်စုံဖက်ရှင် တခေတ်ပြန်ထလာပါပြီ ။ မြန်မာဝတ်စုံနဲ့ တွဲဖက်ဝတ်ဆင်ပြီး ပြန်ခေတ်စားလာတဲ့ ကတ္တီပါဖိနပ်လေးတွေကိုလည်း ရောင်စုံစီးနေကြတာ တွေ့ရပါတယ် … ။ အင်မတန်မှ ကျက်သရေရှိတယ်လို့ ထင်မိတယ် … ။

    မြန်မာပြည်တွင်းဖြစ် အထည်တွေရဲ့ အားနည်းချက်ကတော့ အရောင်ကျလွယ် .. အရောင်လွင့်လွယ်တာပဲ … ။ ထုတ်လုပ်သူတွေ အနေနဲ့ အရောင်သွေးကို ထိန်းထားနိုင်မယ်ဆိုလျှင် မြန်မာဝတ်စုံတွေ ဒီထက်ပိုပြီး ပေါ်ပြူလာဖြစ်လာဦးမှာပါ …

    မင်းသမီးတွေ ရှိုးပွဲတွေမှာ ပြတဲ့ ဝတ်စုံတွေက မြန်မာပြည်တွင်းဖြစ်အသားကို အခြေခံချုပ်ထားပေမယ့် … ထသွားထလာ ဝတ်လို့ ရတဲ့ ဝတ်စုံတွေလို၊ အလှူပွဲတတ်ဝတ်စုံတွေလို … မဟုတ်ပဲ … ဆန်းသစ်တီထွင်မှုတွေပါဝင်နေပြီး.. လည်ပင်းဟိုက်တာမျိုး ၊ ရင်ခံပါးပါးထည့်တာမျိုး ၊ ကျောကြယ်သီးပေါက်ဖောက်တာမျိုးတွေကြောင့် ပြည်သူတွေ လိုက်မဝတ်နိုင်သေးဘူးလေ ။

    • Moe Z

      January 9, 2012 at 10:42 am

      ဈေးသက်သာတဲ့ ချည်ထည်တွေက အရောင်ကျလွယ်တဲ့အပြင် တွန့်ကျေလွယ်တယ်
      လမ်းလျှောက်လို့လည်းမကောင်းဘူး မာခေါက်ခေါက်နဲ့
      မိုးစက်မန္တလေးသွားတုန်းက အမရပူရဘက်ကထွက်တဲ့ချည်ထည်တွေ ဝယ်ဖြစ်သေးတယ်
      ဝမ်းဆက်တစ်စုံစာကို ၁သောင်း ၃ထောင်၊ ချုပ်ခက အနည်းဆုံး ၉ထောင်လောက်ရှိမယ်
      ဒါတောင်ဈေးသက်သာတဲ့ အထည်စနော်၊ ၄သောင်းခွဲတန်လည်းရှိတယ်
      လုံးဝမဝတ်သင့်တာကတော့ ပတ်ထမိန်လို့ခေါ်တဲ့ လေးထောင့်အစကို ကြိုးချည်ပြီးဝတ်ရတာမျိုးပဲ
      ကြိုးစကိုဆွဲလိုက်တာနဲ့သွားပြီ 🙁

      • padonmar

        January 9, 2012 at 9:03 pm

        မိုးစက်ရေ
        tourist အလာများတဲ့နေရာမှာ လက်လီဈေးကြီးတာ ထုံးစံပါ။
        ပွဲနေပွဲထိုင်အတွက်တော့ ဈေးကြီးပြီးပိုကောင်းတာရွေးပါကွယ်၊
        ထသွားလာသွားအတွက် သက်သာပြီးလှလည်းလှ တာရှည်လည်းခံတာတွေ ရှိပါတယ်။
        အခု ချည်ထည် လုံချည်တွေက သိပ် မတွန့်ကျေတော့ပါဘူး၊ပါတိတ်လောက်တော့ ရှိမှာပေါ့။
        ချုပ်ခ မကုန်အောင် readymade ချုပ်ရောင်းတာလေးတွေ ညွှန်ပေးတာပါကွယ်။
        နည်းနည်းပါးပါးလိုအပ်တာလေးတွေက လက်ချုပ် ကလေးနဲ့ ပြုပြင်လိုက်ရင် OK သွားမှာပါ။

    • padonmar

      January 9, 2012 at 8:53 pm

      အိတုန်လေးရေ
      သမီးက မြန်မာဝတ်စုံနှစ်သက်သူဆိုတာ ပထမဆုံးတွေ့ကတည်းက သတိထားမိတာပေါ့။
      မြန်မာဆန်ဆန်လှသူလေးပါ။
      သမီးပုံ တင်ရမှာ အားနာလို့ အားမနာရမယ့် မော်ဒလယ်တွေသုံးထားရတာ။
      အဖွားကြီးအိုလေးနဲ့ မတူပါဘူးကွယ်၊လှပါတယ်။
      အိတုန် ပြောသလို မြန်မာဝတ်စုံ ဖက်ရှင် တစ်ခေတ်ထလာတာတွေ့နေရပါတယ်။
      ဝမ်းသာပါတယ်။
      မြန်မာအမျိုးသမီးများနေ့ ရှိုးပွဲတစ်ခုတုံးကတော့ အများဝတ်နိုင်မယ့် ဒီဇိုင်းယဉ်ယဉ်လေးတွေ တွေ့လိုက်မိပါတယ်။

      • etone

        January 10, 2012 at 10:58 am

        အန်တီရေ … ကျောင်းတတ်တုန်းကတော့ မြန်မာဝတ်စုံကိုကြိုက်ပေမယ့် အခုလောက်ကြီးခရေဇီ မဖြစ်ခဲ့ဖူးပါဘူး … ။ ကျွန်မအလုပ်ခွင်ဝင်တဲ့အခါ နိုင်ငံခြားသားတွေနဲ့ ပတ်သတ်ဆက်နွယ်ရတယ် … ။ ထူးထူးခြားခြား သတိထားမိတာတော့ သူတို့တွေဆီကရတဲ့ လက်ဆောင်ရယ် ၊ သူတို့ အများဆုံးဝယ်သွားတဲ့ ပစ္စည်းတွေရယ်က မြန်မာမှုနဲ့ ပတ်သတ်တာတွေပါပဲ … အထူးသဖြင့် အဝတ်အထည်ပေ့ါနော် … ။ သူတို့ကလည်း လိုလိုလားလား မြန်မာဝတ်စုံဝတ်ပေးပါဆိုပြီး တောင်းဆိုတာမျိုး ရှိခဲ့ဖူးတယ် … ။

        ထိုင်း silk လိုမျိုး … မြန်မာ silk တွေ အရောင်စုံကို ပိတ်စအလိတ်လိုက်ဝယ်ကြတယ် … (ဝတ်ဖို့ပါတဲ့ ) ထိုင်း silk နဲ့ ကျွန်မတို့ နိုင်ငံက silk ကွာလတီကွာခြားပေမယ့် … .. ကျွန်မတို့ ဆီက silk ကိုပဲ သူတို့ ပိုကြိုက်တာ သတိထားမိခဲ့တယ် … ။ နောက်ပြီး ကချင်မနောတိုင်ပါတဲ့ ပိုးထည် ၊ ချည်ထည်လေးတွေကိုလည်း အမြတ်တနိုးစုကြတာ မြင်ရတော့ မြန်မာတစ်ယောက်အနေနဲ့ … ကြည်နူးမိတယ် … ။
        အန်တီရေ .. ဗိုလ်ချုပ်ဈေးထဲမှာ ပိုးထည်ပြောင်ချည်းပဲ ရောင်းတဲ့ ဆိုင်ရှိတယ် … နာမည်တောင် မေ့သွားပြီ … အောင်တော့ပါတာပဲ … တကိုက်ကို 2500 ဈေးပဲ ရှိတယ် … အဲ့ကောင်တွေ ဘယ်လောက်လျှော်လျှော ်အရောင်မကျဘူး … ဒါပေမယ့် ကြေတော့ကြေတယ် .. ။

        ကျွန်မရဲ့ဧည့်သည် ဂျာမဏီလူမျိုး လင်မယားနှစ်ယောက်ဆို ရန်ကုန်လာတိုင်း သူတို့အတွက် ဝတ်စုံ တစ်စုံစီ စီစဉ်ပေးရတယ် …. ။ ယောကျာ်းက ပုဆိုးကောင်းကောင်းဝတ်တတ်ပြီး တိုက်ပုံနဲ့ ကော်လံကတုံးနဲ့ အကျနကို ဝတ်တတ်တာ … ။ မိန်းမကတော့ … ရင်ဖုံး ၊ ရင်စေ့ ကို အနုအရွတွေနဲ့ ဖော်ထားတာတွေကို အမြတ်တနိုးဝတ်တတ်တယ် … ထမိန်အနေနဲ့ကတော့ သူတို့ကို (အကွဲမပါတဲ့ ) ချိတ်ထမိန်ချုပ်ပေးပါတယ် … ။ ကတီ ္တပါဖိနပ်ကိုလည်း ဒီမှာ စီးဖို့တင်မဟုတ်ပဲ သူတို့နိုင်ငံရောက်လျှင် ပန်းခြံထဲ ဆင်းတဲ့အခါစီးဖို့ပါ ဝယ်သွားကြတယ် ..
        (လူကောင်ထွား ၊ ရင်အုပ်ကျယ်ကြီးတွေမို့ .. အဝတ်စားကို အပ်ချုပ်ဆိုင်မှာ ချုပ်ပေးမှရတယ် … )

        မြန်မာဝတ်စုံဝတ်ပြီး လှမ်းရတဲ့ ခြေလှမ်းတိုင်းက နူးညံ့သိမ်မွှေ့ပြီး မိန်းမပီသနေသလို … သူခံစားရပါတယ်လို့ …. ထိုအမျိုးသမီးကပြောသွားခဲ့ဖူးတယ် … ။ 🙂

  • Onyx

    January 9, 2012 at 11:05 am

    မြန်မာမလေးတွေ မြန်မာလို ဝတ်တာ ကြည့်ကောင်းပါတယ် ။ အမြဲတမ်းကြီးတော့ ခေတ်လူငယ်တွေ အနေနဲ့
    တော့ သူတို့လဲ မဝတ်ချင်ကြပါဘူး ။
    အလုပ်လုပ် တဲ့ အချိန်ဆို အဆင်ပြေတဲ့ အကြမ်းခံ တာမျိုးကို ဝတ်သင့်ပါတယ် ။
    ဒါပေမဲ့ ဟိုနေ့ က ရွှေတိဂုံ ရင်ပြင် တော် ပေါ်မှာ လဲ အဆင်မခြင်နဲ့ တွေ့ နေရပါတယ် ။
    ကာလံဒေသံ နဲ့ ညီအောင် ဝတ်တက်တဲ့ သူ ရှားကုန်ပြီလို့တောင် ထင်ပါတယ်။
    Moe Z ပြောတဲ့ ထမိန်က တော့ ဟုတ်တယ် မတော် လို့ ဆွဲ မိရင် တော့
    သွားပြီပေါ့ဗျာ ။
    ကို့ ရိုးရာ ဝတ်စုံတွေကိုလဲ အမြတ်တနိုးနဲ့ တန်ဖိုးထားကြပါဦးလို့ ………………..
    တစ်ကယ်သာ ဝတ်တက်မယ်ဆိုရင် ကျက်သရေရှိရှိနဲ့ကို လှကြမှာပါ ။
    ပူလောင်ပြီး ရမက်ဆန်တဲ့ အလှမဟုတ်ပဲ ပေါ့ ။

    • padonmar

      January 9, 2012 at 9:08 pm

      Onyx
      မရည်ရွယ်ဘဲ ဘုရားဖူးလာမိရင် မဆီမလျော် ဖြစ်သွားတတ်ပါတယ်။ခွင့်လွှတ်ပေးလိုက်ပါကွယ်။

  • awra-cho

    January 9, 2012 at 11:16 am

    ဟိုနေ့က လက်ဆောင်ပေးဖို့ လုံချည် သွားဝယ်တာ ၊မျက်စိ ထဲ လှလို့ဈေးမေး ကြည့်တော့ သုံးသိန်း ကျော်တဲ့။ကုပ် ပြီး ပြန်လာ ခဲ့ရတယ်။

    • padonmar

      January 9, 2012 at 9:10 pm

      awra-cho,
      သုံးသိန်းကျော် မင်းသမီးတွေ ဝတ်တာနေမှာပါ။
      အန်တီလည်း မမြင်ဖူးပါ။
      မြင်ဖူးရင်လည်း ဝယ်မဝတ်ချင်ပါ။
      ပေါချောင်ကောင်းလေးပဲ ဝတ်ချင်ပါတယ်။

  • ရွှေဘိုသား

    January 9, 2012 at 12:38 pm

    အန်တီပဒုံမ္မာရေ အလွန်ကောင်းတဲ့ ပို.စ်လေးပါဗျာ တော်တော်ကိုကောင်းပါတယ်
    ကျနော်ကလည် းအဲဒါမျိုးတွေကို အမြဲရေးပြီး နေချင်ပေမဲ့ တစ်ခါတစ်လေကျတော့ ယောက်ျားကြီးတန်မဲ့
    ဒါတွေပဲရေးနေတယ်ဆိုပြီး ပြောတာခံရဖူးလို့ သိပ်မရေးဖြစ်ဘူးဗျ အပြင်မှာအပြောခံရတာပါ
    မိန်းကလေးချင်း ပြန်ရေးပြီး ပြောတော့ ပိုကောင်းတာပေါ့ဗျာ ဆက်ရေးပါ ခေါင်းစဉ်မြင်တာနဲ့ မဖတ်ပဲမနေနိုင်ဘူးဗျာ အမြင်ချင်းကတူနေတာကိုးဗျနော်

    ဒါနဲ့ စကားမစပ် သုံးပုံမြောက် ပုံလေးက အန်တီပဒုံမ္မာ တူမလေးများလားဗျ အဟွန့် တယ်ချောသနော် ရွှေဘိုစကားပြောလိုက်မယ် မင်းကြီးကြိုက်ဗျ

    • padonmar

      January 9, 2012 at 9:40 pm

      ရွှေဘိုသားရေးတဲ့ post ကနေ မြစ်ဖျားခံလာတာလေ။
      အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
      မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ်
      ရှေ့ရှုနှင်လော့၊
      ကိုယ်ကောင်းတာလုပ်နေမှန်းသိရင် သူများပြောတာ ဂရုမစိုက်ပါနဲ့။

      မင်းကြီးကြိုက်အကြောင်းတော့ မပြောတော့ဘူး။

  • နွယ်ပင်

    January 9, 2012 at 12:51 pm

    မြန်မာ ဝတ်စုံလေးတွေကို သဘောကျပါတယ်
    ဝတ်ရတာကိုလည်းကြိုက်တယ် အရင်ကတော့ ကိုယ်တွေကပိန်တော့
    မြန်မာဝတ်စုံ ဝတ်ရင် သိပ်မလိုက်ဘူးလို့ ထင်လို့ အမြဲတမ်း မဝတ်ဖြစ်ခဲ့ဘူး
    ဒါပင်မယ့် သွားရမယ့်နေရာနဲ့ အနေထားကို ကြည့်ပြီးတော့ မြန်မာလိုလေး
    ဝတ်မှ သင့်တယ်တဲ့ အခါမျိုးတွေမှာတော့ မလိုက်လည်း ဝတ်ဖြစ်ပါတယ် ..
    အခုတော့ ကိုယ့်ကိုလည်း နည်းနည်း ဝ လာတယ် ထင်တာနဲ့ နေရာတော်တော်များများကို
    မြန်မာလိုလေး ဝတ်ပြီးသွားဖြစ်တယ် 🙂

  • weiwei

    January 9, 2012 at 1:15 pm

    သူ့နေရာနဲ့သူ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင်ဝတ်ဆင်တာ အကောင်းဆုံးလို့ထင်ပါတယ် …
    အဝတ်အစားနဲ့ပတ်သက်ပြီး ပညာရပ်တစ်ခုလို လူတိုင်းလေ့လာပြီး သင့်တော်အောင် ဝတ်စားဆင်ယင်သင့်တယ်ထင်ပါတယ် …
    အခုဖြစ်နေတာက ကိုရီးယားနဲ့ တရုတ်စတိုင်တွေ ခေတ်စားတယ် … ပိတ်စအညံ့တွေသုံးလို့ အရမ်းပူအိုက်ပါတယ် … ကလေးတွေက ပူတာကိုသီးခံပြီး လှချင်လို့ဝတ်ကြတယ် … သူတို့မျက်စိထဲလှမလှတော့မသိဘူး .. မြင်ရတဲ့သူတွေမှာ အိုက်လွန်းလို့ …

    ကျွန်မကတော့ ရုံးမှာ ယူနီဖောင်းမို့လို့ ဦးနှောက်သိပ်မစားတော့ဘူး … အပြင်သွားရင်တော့ သူ့နေရာနဲ့သူသင့်တော်အောင် ဝတ်လေ့ရှိပါတယ် .. ဖက်ရှင်လုပ်ရတာ ဝါသနာပါတယ် …

    မြန်မာထည်လေးတွေက ဈေးသက်သာပြီး လှပေမယ့် ရေရှည်မခံတဲ့ပြသနာကြောင့် သေချာတွက်ရင်တော့ တွက်ခြေမကိုက်တာ တွေ့ရပါတယ် …

    • padonmar

      January 9, 2012 at 9:45 pm

      နွယ်ပင်ရေ
      သမီးထင်လို့ပါကွယ်။နွယ်ပင်က လှပြီးသားဘဲ၊ဘာဝတ်ဝတ်လှပါတယ်။
      မယုံရင် တစ်ယောက်သောသူကို မေးကြည့်လေ။

      ဝေဝေရေ၊
      အမကတော့ လွန်ခဲ့တဲ့ အနှစ်၂ဝ လောက်က လုံချည်တွေတောင် အကျီင်္နဲ့ လိုက်တယ်ထင်ရင် ပြန်တွဲဝတ်နေကျဆိုတော့ ရေရှည် မခံဘူးလို့ မတွေးမိဘူး။
      ချာတူးပြောတဲ့ ရှမ်းလုံချည်က ဆေးခန်းဖွင့်တုံးက လက်ဆောင်ရတာဆိုတော့ အနှစ်၂ဝ ရှိပြီလေ။

  • ပြောတာတွေက ပြည့်စုံနေတေ့ာ ဘာမှဝင်မပြောတော့ ပါဘူး။
    ကျနော်ကတော့ ကိုယ်ပြောသလိုဝတ်ခဲ့တဲ့ မြန်မာဆန်တဲ့ မပဒုမ္မာဘက်နေ သဘောတူတယ်နော်။

  • ကိုရင်စည်သူ

    January 9, 2012 at 3:50 pm

    မြန်မာမလေးတွေ မြန်မာလို ဝတ်တာတွေ့ရင် အရမ်းသဘောကျမိပါတယ်။
    ပိုးထည်လိုမျိုးအရောင်တောက်တောက်တွေမြင်ရင် ကိုရင်လည်း
    မျက်လုံးအရောင်တောက်ခဲ့ရပါတယ်။ အနောက်ပိုင်းစတိုင်ဝတ်တာလည်း
    ဝတ်ပေါ့လေ။ အလွန်အကျွံကြီး မဝတ်ကြရင် တော်ပါပြီ။
    ပုံပြင်လေးတစ်ပုဒ်ရှိတယ် ရွှေသမင်လေးဟာ သူမ အရမ်းလှတယ်ထင်တဲ့
    ဦးချိုတွေကြောင့် ဒုက္ခရောက်ပြီး မုဆိုးကြီးလက်ထဲရောက်ရရှာတာကို
    သင်ခန်းစာယူကြပေ့ါ.။ ဓါတ်ပုံတွေနဲ့ သေချာတင်ပြလိုက်တာ
    တော်တော်ကောင်းပါတယ်ဗျာ………

    အန်တီ့ကို အမြဲလေးစားလျက်
    ိကိုရင်စည်သူ

    • padonmar

      January 9, 2012 at 9:47 pm

      ကိုပေါက်၊ကိုရင်
      အားပေးတာ ကျေးကျေးပါ။
      ကိုရင်
      “အမြင်မှာ နိမိတ်” ထဲမှာ ကိုရင် နဲ့ ဆရာထက်ကို တောင်းဆိုထားတာ ရှိတယ်နော်။

  • nature

    January 9, 2012 at 5:12 pm

    လှတယ်ဆိုတဲ့အပေါ်မှာ တယောက်နဲ့တယောက်အမြင်မတူကြပါဘူး။ ဒီလိုမျိုးဖြစ်ချင်တယ်ဆို အတင်းဇွတ်မလုပ်ပါနဲ့။ ကိုယ်ကအရင်စပြီးဝတ်ပြပါ ၊ ကိုယ်ပတ်ဝန်းကျင်ကို စည်းရုံးပါ။ စိတ်ဝင်စားတဲ့သူများလာရင် ပတ်ဝန်းကျင်ကလည်း ကိုယ်လှတယ်ထင်သလိုထင်ရင်သူတို့်လည်းလိုက်ဝတ်လာကြပါလိမ့်မယ်။ အကျီ င်္လှလှလေးတွေဝတ်တာတွေ့ရင် အမျိုးသမီးတွေ အချင်း ဘယ်ကဝယ်လာတာလဲ။ဘယ်မှာချုပ်တာလဲ မေးတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကပါ လိုက်ဝတ်ပြီဆိုရင်တော့ ယိမ်းကလို့ရပြီ။ 🙂

    • padonmar

      January 9, 2012 at 9:49 pm

      ကိုသဘာဝ
      ပတ်ဝန်းကျင်စည်းရုံးရေး ကောင်းမကောင်းသိတယ်မလား။
      မမတို့ယိမ်းကြည့်မလား။

      • MaMa

        January 10, 2012 at 4:56 pm

        (မမတို့ယိမ်းကြည့်မလား။)
        မကြာမီ လာမည်…. မျှော်…. 😆

  • Maung Dae`

    January 9, 2012 at 5:33 pm

    သည်ရွာထဲမှာ ဖတ်သမျှပို့စ်တွေထဲမှာ သည်ပို့စ်က ဒိန်းတလိန်းလိန်း အဖြစ်ဆုံးပဲ.. အဟီး…

  • yaungchikha

    January 10, 2012 at 8:48 am

    အန်တီပဒုမ္မာ..အခုလို မြန်မာဝတ်စုံအကြောင်းကို ရေးပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျမလည်း မြန်မာဝတ်စုံကို ကြိုက်နှစ်သက်ပြီး အမြဲဝတ်ပါတယ်၊ လုပ်ငန်းခွင်မှာလဲ မိန်းကလေးတွေ ထမီကို အခွဲမဟုတ်ပဲ လေးလွှာအပိတ်ဝတ်ပြီးလုပ်လို့ရပါတယ်၊ ကျမလည်း ယောက်ျားလေးတွေနဲ့ တန်းတူအလုပ်လုပ်နေရပေမယ့် ဘောင်းဘီမဝတ်ဖြစ်ပါဘူး၊ တစ်ခုတော့ရှိတာပေါ့နော်၊ ကိုယ်လုပ်တဲ့ လုပ်ငန်းခွင်နဲ့လည်းဆိုင်တာပေါ့၊ အင်ဂျင်နီယာအမျိုးသမီးတွေဆိုရင်တော့ ဘောင်ဘီဝတ်မှ အဆင်ပြေမယ်ထင်တယ်၊ လုပ်ငန်းခွင်မှာလဲ ထမီစကဒ်အပိတ်ပဲဝတ်ဖြစ်ပါတယ်၊ လုံခြုံမှု့ရှိပါတယ်…. ဘစ်ကားစီးလည်း လုံခြုံပါတယ်………..

  • nozomi

    January 10, 2012 at 10:42 am

    မြန်မာပြည်မှာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲတွေနောက်ပိုင်း အခုနှစ်တွေထဲ တိုင်းရင်းသားပေါင်းစုံရဲ့ မြန်မာဆန်ဆန် အဝတ်အစားလေးတွေ ခေတ်စားလာတယ်

    တခြားသူတွေတော့ မသိပေမဲ့ ကျွန်တော်ကတော့ အဲဒီ အဝတ်အစားလေးတွေနဲ့ ဒီဇိုင်းပုံလေးတွေ တော်တော်သဘောကျမိတယ် မောလ် တွေ အပ်ချုပ်ဆိုင်တွေ ရှေ့ ရောက်ရင် အဲဒီဆိုင်တွေ ရှေ့မှာ ခဏ တော့ ရပ်ကြည့်မိတယ် တစ်ခါနဲ့ တစ်ခါလဲ အဆင်လေးတွေ မတူပဲ ကြည့်လို့တော်တော် အဆင်ပြေတယ် ၊ ခက်တာက အိမ်သူက ပူလို့ဆိုပြီး သိပ်မကြိုက်ဘူး ၊ကျွန်တော့်မှာတော့ စိတ်ကူးထဲမှာ အဲဒီ ဒီဇိုင်းလေးတွေကို အမျိုးမျိး ဆင်ကြည့်ပေးနေတာ ၊ မကြိုက်ဘူးဆိုတော့လဲ ပိုက်ဆံ မကုန်တော့ဘူးပေါ့ 🙂

    လမ်းသွားရင်းနဲ့ အဲဒီ တိုင်းရင်းသားအဆင် ကို ချည်သားလေးတွေနဲ့ ဝတ်လာတာ တွေ့ရင် ငေးမိတယ် ( လူ ကိုငေးချင်းမဟုတ် ၊ အဆင်ကို ငေးခြင်းသာ ဖြစ်ပါသည် )

  • စုံ စုံ

    January 10, 2012 at 10:51 am

    အန်တီရေ ကျမလဲမြန်မာဝတ်စုံကိုအရမ်းသဘောကျတာပေါ့
    ဒါပေမယ့်ရယ်ဒီမိတ်တော့ဝယ်မဝတ်ဖြစ်တော့ဘူး
    စိတ်တိုင်းသိပ်မကျလို့ အဲ့ဒါကြောင့်ကိုယ့်ဘာသာဘဲ
    စိတ်ကြိုက်ပိတ်စဝယ်ပြီးချုပ်ဝတ်ဖြစ်တယ်
    ချုပ်ရင်လဲ သေချာချပ်ချပ်ရပ်ရပ်ဖြစ်နေမှသဘောကျတာလေ
    ဒါပေမယ့်အခုနောက်ပိုင်းလူကဝလာတာနဲ့
    အကျီဖစ်တင်တွေဆို အသက်ရှုနဲနဲကျပ်လာလို့သာသိပ်မဝတ်ဖြစ်တော့တာ
    ဟော့ရှော့ဝတ်ထားတဲ့သူနဲ့ ရိုးရိုးယဉ်ယဉ်ဝတ်ထားတဲ့သူဆို
    ၂ယောက်စလုံးလှနေရင်တောင်မှ ရိုးရိုးလေးကိုဘဲပိုသဘောကျတယ်

  • zarlay

    January 10, 2012 at 3:50 pm

    ့မြန်မာဝတ်စုံကို သဘောကျပေမယ့်လဲ အခုခေတ်မှာက ချုပ်ခတွေကအရမ်းဈေးကြီးတယ်လေ အစက ( ၃၀၀၀) ဆိုရင် ချုပ်ခက ( ၆၀၀၀) ဆိုတော့ အင်း အဲဒီတော့လည်း ရယ်ဒီမိတ်ပဲ ဝယ်ဝတ်ဖြစ်တော့တယ်လေ အခုဆိုရင် ရယ်ဒီမိတ်ထဲမှာလည်း မြန်မာဝတ်စုံတွေ အများကြီးထွက်လာပါပြီ

Leave a Reply