ငပလီကမ်ူးနဲ့တပ်စခန်းက ဖျော်ဖြေပွဲ

ko gyiJanuary 8, 20121min24510

သံတွဲမြို့၊ငပလီလမ်းဆုံအနီးရှိအမှတ်(၅၅)ခြေလျှင်တပ်ရင်းဝန်းအတွင်း၌နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲ၏ဖျော်ဖြေပွဲနှင့်အတူလောင်းကစားပွဲများကို(လောင်းကစားပွဲများကိုချစ်ခင်နှစ်သက်သော)ပြည်သူလူထုအားရကျေနပ်ဖွယ် ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ(၄)ရက်မှစ၍(၇)ရက်နေ့ထိလောင်းကစားပွဲများရှိနေခဲ့ပါ သည်။ပျော်စရာကြီးပင်………………..

ပြည်သူ့ဆက်ဆံရေးအဖွဲ့၏ဖျော်ဖြေပွဲမှာ ၅ ရက်နေ့ညမှ ရ ရက်နေ့ညများတွင် ရှိပြီးပထမညက ရုပ်ရှင်ပြသခဲ့သည်။

ကစားပွဲများမှာခြောက်ကောင်၊ဆယ်ကောင်အဝိုင်းလှည့်၊မြှားပစ်၊ကြွေပစ် နှင့်အခြား ကစားနည်းမျိုးစုံပါဝင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှကစားဒိုင်အများအပြားလာရောက်ကြသည်။စုစုပေါင်းဝိုင်း (၅၀)ခန့်ရှိသည်။

အဆိုပါပွဲသို့သံတွဲမြို့၊ငပလီနှင့်နီးစပ်သောရွာအသီးသီးမှလူအများအပြားနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်နှင့်သံတွဲမြို့မှအာဏာပိုင်တစ်ချို့လည်းတပျော်တပါးဝင်ရောက်ဆင်နွဲခဲ့ပါသည်။

ကျေးရွာအက်ဥပဒေပုဒ်မ(၂၁)အရ ပွဲကျင်းပခွင့်ပေးသည်ကို ဝမ်းမြောက်ကျေနပ်ဖွယ်ပင်…………………
လောင်းကစားအက်ဥပဒေ  (၁၃-က)အရဆိုလျှင်ဖြင့်……………………………………………­­­­­

10 comments

  • windtalker

    January 8, 2012 at 11:43 am

    အင်္ဂလိပ်ကိုလိုနီ ခေတ် တုန်းက လည်း
    ရန်ကုန်တက္ကသိုလ် ဖြစ်မြောက်ရေးဆိုပြီး
    ဆာဘတ်တလာ က တစ်နိုင်ငံလုံးမှာ
    လောင်းကစားဝိုင်းတွေ ဖွင့်ကစားစေပြီး အကောက် ကောက်ခိုင်းခဲ့တယ် ဆိုကလားဘဲ

  • တောင်တန်း က မောင်ဆန်း

    January 8, 2012 at 12:22 pm

    ရခိုင်က အဖြစ်အပျက်လေးတစ်ခုပြောချင်တယ်…
    ပွဲ ကန်ထရိုက် သွင်းတယ် … လောင်းကစားဝိုင်းတွေ အများကြီးလာတယ် ..
    ၃ ည ကမယ်တဲ့ …
    တစ်ည ကပြီးသွားတော့ ဇတ်ရုံကြီးကို ထပ်ချဲ့နေတာ တွေ့ရတယ် ..
    ဘာလို့ချဲ့တာလဲဆိုတော့ လူမဝင်လို့တဲ့ .. လူမဝင်ပဲ ဇတ်ရုံကို ဘာလို့ ချဲ့မှာလဲဆိုတော့ လောင်းကစားဝိုင်းတွေပါ ဇတ်ရုံထဲသွင်းမယ်တဲ့ ၊
    ဟုတ်ပါ့ဗျာ လောင်းကစားဝိုင်းတွေ ဇတ်ရုံထဲ သွင်းမှပဲ လူဝင်တော့တယ် ..။ကစားတဲ့သူတွေကလဲ ပွဲခပေးပြီးတော့ကို ဝင်ကစားတယ်ဗျာ…
    ရခိုင်ပြည်နယ်မှာ အာဝါဒေးလုပ်တာကလဲ ခုမှ မှ မဟုတ်တာ …
    ဟိုးအရင်ထဲကပဲဟာကို …
    ပြည်သူလူထုလဲ ပွဲကြည့်ချင်လို့ မဟုတ်ပဲ .. အာဝါဒေးပွဲလာကြတာကိုး
    အာဏာပိုင်က ပွဲမိန့်မပေးရင် အာဝါဒေး မလုပ်ခိုင်းရင်တောင် ပြဿနာ ရှာကြသေး
    ဒီတော့ ဘယ်သူ့ကို ပြုပြင်ရမလဲလို့ပဲ ထပ်မေးရမယ်ဖြစ်နေပြီ ….

    • တောင်တန်း က မောင်ဆန်း

      January 8, 2012 at 12:23 pm

      မောင်ဆန်း သံတွဲက မဟုတ်ဘူးနော် …
      မြန်မာစစ်စစ် ..
      ဒါပေမယ့် ရခိုင်မှာ ၃ နှစ်လောက်နေဖူးတယ် …
      သံတွဲကိုလဲ ရောက်ဖူးပါ၏ .

  • phoekhwarchay

    January 8, 2012 at 12:23 pm

    အကောက်ဘဲကောက်တယ်ထားပါအုံး။
    တဝိုင်းကို တစ်ညတစ်သိန်း၊ထိုးသားအ
    ကြီးတွေကျတဲ့ဝိုင်းတွေဆိုရင်(၂)သိန်း
    လောက်ကိုပေးနေရတာ။လောင်းကစားပပျောက်ရေး၊
    ဆင်းရဲမွဲတေမှူပပျောက်ရေးတဲ့။ဖြစ်အုံးမှာ။

    • တောင်တန်း က မောင်ဆန်း

      January 8, 2012 at 12:29 pm

      အဲဒါ ဘယ်သူတောင်းလို့ပေးတာလဲ
      အာဏာပိုင်တွေက တောင်းတာလား
      လောင်းကစားဝိုင်းတွေက လာဘ်ထိုးတာလား
      နောက် ပွဲမိန့် တောင်း … ပွဲကို အဖြစ်ကပြီး လောင်းကစားဝိုင်း ထည့်တာတွေရော မရှိဘူးလား
      လောင်းကစားကြေးဆိုတာလဲ အပြိုင်အဆိုင်ပေးကြရင်း ဈေးတက်လာတာတွေပါ ..
      အာဏာပိုင်တွေက အာဝါဒေး မလုပ်မနေရ ..
      လောင်းကစားဝိုင်းတွေ မလာမနေရ ဆိုပြီး လယ်ပင်းညှစ် အတင်းတောင်းရင်တော့ ပြောသာပြော
      မလုပ်လဲ ရတဲ့ဟာကို လုပ်တဲ့သူကလုပ် ၊ ထိုးတဲ့သူက ထိုးပြီးတော့ အခုမှ

  • ကြောင်ကြီး

    January 8, 2012 at 12:28 pm

    လွှတ်တော်အမတ်တောင် ပါနေမှတော့ အမယ်လေး..သဂျီးရဲ့ ဘယ်သူ့ကို အားကိုးရမှာလည်း…..။ တေဒင်းဂျိုး ပြောတော့ မစားရဝခမန်း…။ 😡

  • ပေစိ

    January 8, 2012 at 7:14 pm

    ဘယ်သူမပြုမိမိမှု ကျန်းမာကြပါစေ ချမ်းသာကြပါစေ

  • Ka Yin Lay

    January 8, 2012 at 9:33 pm

    တစ်ညကို လိုင်းကြေး ( ၁၅ သိန်း) ပေးရတယ် ပြောတာပဲ ၊
    ကန်ထရိုက် ရှိတယ်လေ ၊ ဝိုင်းကြီးချုပ်ပေါ့ ၊
    စောင့်သာကြည့်နေ၊ သိပ်မကြာတော့ပါဘူး၊
    ခိုးမှုတွေ လုယက်မှုသတင်းတွေ ကြားလာရတော့မယ်၊
    မြို့မှာရှိတဲ့ အုပ်ချုပ်ရေးမှုးတွေကလဲ “ငါတို့မသိ ဘူးနော် ” ဆိုတဲ့ ပုံစံမျိုးနဲ့
    ဆက်ကြေး (လိုင်းကြေး) တစ်ဦးကို ၃ သိန်းလောက်ပိုက်ထားပြီး ဇိမ်ကျနေလေရဲ့။

  • FattyCat

    January 9, 2012 at 2:29 pm

    အော်…လောင်းကစားဝိုင်း (၅၀)လောက်များ စကားထဲထည့်ပြောနေသေးတယ်…
    အထင်ကရ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ…လောင်းကစားဝိုင်းမပါပဲ ဘယ်တုန်းကလုပ်ဖူးလို့တုန်း
    ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးဆိုတာ တိုင်းမှုးမလုပ်ခင်ကတည်းက လုပ်ခဲ့တဲ့ လောင်းကစားဝိုင်း…
    သူတို့လဲ သိသိကြီးနဲ့ ခွင့်ပြုခဲ့ရတာပဲ…အစမ်းမှမဟုတ်တာ….တောင်ကြီးသူတောင်ကြီးသားတွေပါရင်
    ပြောလိုက်စမ်းပါ….
    ကျိုင်းတုံး နောင်တုံကန် ပတ်ချာလည်မှာ ဟိုးအရင်ကတည်းက လောင်းကစားဝိုင်းတွေရှိခဲ့တာပဲ…
    ပွဲရှိမှမဟုတ်ဘူး…၁၂ရာသီ၊ နေ့တိုင်းရှိတာ….
    မသိရင်မှတ်ထား..မြန်မာပြည်မှာ ဥပဒေ (၂)မျိုးရှိတယ်…လိုတမျိုး…မလိုတမျိုး….

Leave a Reply