“အနီးအဝေး တွေကို ခါချလိုက်တဲ့………………………” (ရန်ကုန်ရောက်ကိုပေါက်(မန်း)နဲ့ အဝေးကမွေးနေ့ရှင် ဂီဂီ)

 

1 ဆုုတောင်းပေးဘို့ရေးတဲ့စာ(ထက်ဝေး။အီးတီ။နိုဇိုမီ။ရွှေတို်က်စိုး၊အိတုန်)
2( ပေါက်ဖော် DR AKKO/ ဆူူး၊အန်တီပဒုမ္မာ၊ အန်တီမမ)

 

3နွယ်ပင် NOVY လောက်လောက်ပေး (ခ)ကောက်ပို အဘ FR ဦးဦးပါလေရာ
D4(ဦးဦးဖက်၊ချာတူးလန်၊ နဲ့ အမည်မဖော်လိုသူတစ်ဦး(ဘဘဘလက်-နောက်ရက်မှအချိန်မီရေးပေးတာလေ)

 

 

                         “အနီးအဝေး တွေကို ခါချလိုက်တဲ့………………………

(ရန်ကုန်ရောက်ကိုပေါက်(မန်း)နဲ့ အဝေးကမွေးနေ့ရှင် ဂီဂီ)

ဆောင်းဆိုပေမယ့် ဆောင်းမပီသ

ဖောက်လွှဲဖောက်ပြန်လုပ်နေပြန်တဲ့

ရန်ကုန်ဆောင်းရဲ့နွေနဲ့တူသောနေ့တစ်ရက်

အတိအကျတွက်ရင်…………

(7-1-2012)။

ဟိုမနီးမဝေး မန်းလေးကလူတစ်ယောက်

ရန်ကုန်ကိုရောက်အလာ။

ရွာထဲကမိတ်ဆွေတွေ

တွေ့ချင်ပြန်တော့

ဆုံနိုင်ဘို့စီစဉ်

ခင်မင်သူတွေကို အကူအညီတောင်း

တတ်နိုင်သလောက်မောင်းခတ်

(7-1-2012) ဆိုတဲ့နေ့လည်(2)နာရီ

ကြည့်မြင့်တိုင်နားက ကော်ဖီဘားမှာ

ဆုံတွေဘို့နေရာလေးသတ်မှတ်

တွေ့ကြမယ်လို့ အကြောင်းကြား။

ကြားကြားသမျှအားလပ်ရင်လာခဲ့ပါပေါ့။

တကယ်ဆုံတွေ့တဲ့နေ့

ပျော်စရာလဲကောင်းခဲ့ပါတယ်။

မမြင်ဘူးသူနဲ့မြင်ဘူးသူ

သိသူနဲ့မသိသူ

ကိုယ့်ကိုယ်မိတ်ဆက်

ဆက်သွယ်စရာတွေအပြန်အလှန်ပေး

အော်တိုအော်ရှည်တွေရေးလိုရေး

နွေးထွေးစွာနုတ်ခွန်းဆက်

                                                                                                                                          အပျော်တွေစွက်လို့ရယ်ပွဲ့ဖွဲ့

တကယ့်ကို လှပတဲ့ပွဲလေးပါ။

ရွာသူလေး အိတုန်

စခုန်လိုက်တဲ့ခြေလှမ်း

ကောင်းမှု့တစ်ခုပြုနိုင်ဘို့အတွက်

 အလှူငွေတွေစုပြီး လှူမယ်ဆို ဆော်ဩ

အားလုံးကလဲသဘောတူကြပါတယ်။

ဒီပွဲလေးကို လာသူတွေ အလှူငွေစထည့်

စုပေါင်းညီညာ

ကောင်းခြင်းဖြာဘို့အတွက်

ပထမဆုံးခြေလှမ်း

မျက်နှာပန်းဲလှခဲ့တာပေါ့။

တိုက်တိုက်ကယ်မှဆိုင်ဆိုင်

မနီးမဝေးကလူ လာလို့လူစုတဲ့ရက်

မိုင်တွေအများကြီး ဝေးတဲ့

အဝေးကတစ်ယောက်ရဲ့မွေးနေ့ဖြစ်နေပြန်တော့

တစ်လက်စထဲဆုတောင်း

ကောင်းခြင်းမင်္ဂလာဆုတောင်းစာတွေရေးလို့

နွေးထွေးစွာချစ်ခင်ကြောင်း

စာလုံးလေးတွေက သက်သေခံ

မြင်ရတာ ကြည်နူးစရာအစစ်ပါဘဲ။

ဒီရွာနဲ့ဒီရွာသူ ဒီလူနဲ့ ဒီရွာသား များအကြောင်း

                                                                                                                             ပြန်ပြောင်းကာ အတွေးနယ်ချဲ့မိတော့

ရွာသူရွာသားတွေဆိုတာ

အဝေးနေနေ

အနီးနေနေ

ကော်မင်းတွေပေးချင်ပေး

မပေးလဲ နေချင်နေ

တွေ့ဘူးချင်တွေ့ ဘူး

မတွေ့ဘူးလဲ နေချင်နေ

မြင်ဘူးချင်မြင်ဘူး

မမြင်ဘူး လဲ နေချင်နေ

ချက်တင်မှာသိချင်သိ

မသိလဲနေချင်နေ

ဖုန်းနံပါတ်တွေသိချင်သိ

မသိ်လဲနေချင်နေ

အနီးနေနေ အဝေးနေနေ

တိုင်းတာချက်ကွာဝေးခြင်းတွေကို ခါချ

                                                                                                                                          ရင်တွင်းက တစ်ကယ်အစစ်

ရွာကိုချစ်တယ်ဆိုတာပြတဲ့ပွဲလေးတစ်ခု။

ချစ်ခင်မူ့ရဲ့သင်္ကေတ

ဒီလုံပွဲလေးပေါင်းများစွာ မကြာခဏ

                                                                                                                                   အမြဲဆုံချင်ပါကြောင်း………………………

ကိုပေါက်လက်ဆောင်အတွေးစဉ်

(9-1-2012)

41 comments

  • blackchaw

    January 9, 2012 at 1:46 pm

    ကိုပေါက်ရေ ဓါတ်ပုံက နှစ်ပုံထဲပါလာတယ်ဗျ။

  • amatmin

    January 9, 2012 at 2:05 pm

    တကယ့်ကို ပျော်စရာကြီးနေမှာပဲဗျာ..
    ကြည့်ရင်း ဝင်ပျော်သွားရင်း..
    အလှူအတွက် တတ်နိုင်သလောက်ဝိုင်းချင်စိတ်နဲ့လည်း
    မျှော်နေပါကြောင်း…

  • ဦးဦးပါလေရာ

    January 9, 2012 at 2:07 pm

    အော် .. ကိုပေါက်က ဂလိုတင်တာ လာ့ …..
    သိပါဘူး။ ဒီအတိုင်းစကင်ဖတ်ပို့လိုက်မယ်ထင်လို့ ၊
    ဦးဦးပါလေရာက မျက်မှန်ပါမလာလို့ သူများအပေါ်ထပ်မရေးမိအောင် မနဲသတိထားရေးထားတာ။
    ဖတ်လို့ ရလောက်လို့ တော်သေးရဲ့ ….:D

    ကိုပေါက်ရေ
    ကျွန်တော့်မှာ လက်ရေးကိုကြည့်ပြီး ဗေဒင်ဟောတတ်တဲ့ သူငယ်ချင်းတယောက်ရှိသဗျ။
    သူ့ကို ဝင်ဖတ်ခိုင်းပြီး ဟောစာတမ်းထုတ်ခိုင်းလိုက်ဦးမယ်။ 🙂

    • MaMa

      January 9, 2012 at 7:21 pm

      စိတ်ဝင်စားတယ် ဗျ။ ဟောစာတမ်း တစ်ဦးချင်းထုတ်ခိုင်းပြီး ပို့ပေးရင် ကျေးဇူး 🙂

      • ဦးဦးပါလေရာ

        January 10, 2012 at 1:07 am

        တကယ်ပြောတာပါ။
        သူ့ပညာတော့ မှိုတက်နေပလားမသိဘူး။
        ဟောခိုင်းပြီး မမ ဆီ PM ပို့ပေးလိုက်မယ်။
        မမှန်ရင်တော့ တာဝန်ယူဘူးနော်..။ 😀

  • blackchaw

    January 9, 2012 at 2:12 pm

    အော် ကိုပါလေရာ ကိုပါလေရာ
    သူ့ကိုယ်သူ ဦးဦး ပါလေရာ ဆိုပြီး အသက်ကြီးချင်ယောင်ဆောင်နေတယ်။
    လူက ခပ်ငယ်ငယ် ရုပ်က ခပ်ချောချော သဘောက ခပ်ကောင်းကောင်း
    အိမ်ထောင်ကလည်း မရှိတရှိအဲလေ အဲဒါတော့ သိတော့ဘူးဗျ။
    ကိုပါလေရာကြီးရေ။ မတွေ့လိုက်ရတာ နာတယ်ဗျာ။ နောက်တစ်ခါပေါ့နော။

    • ဦးဦးပါလေရာ

      January 10, 2012 at 1:11 am

      ကိုဘလက်ပြောတာနဲ့
      မတွေ့ဘူးတဲ့သူတွေ တကယ်ထင်ကုန်တော့မယ်။ 🙂

      ကျွန်တော်တို့က တရွာထဲသားတွေပဲ ။ တနေ့နေ့တော့ ဆုံဦးမှာပါ။ ကျွန်တော်ကလဲ တွေ့ချင်နေတာပါ ကိုဘလက်ရေ။

  • etone

    January 9, 2012 at 2:14 pm

    အီး … လေးပေါက်ကြီးက ဂီဂီဆီကို မေးလ်ကနေပို့မယ်ထင်တာ … ပို့စ်တင်တယ်တော့ .. ဟီးဟီး … ။
    လေးပေါက်ရေ .. ပွဲရဲ့ အဓိကကတော့ လေးပေါက်ရောက်လို့ ဆုံတဲ့ အထိမ်းမှတ်ပါပဲ … ။
    အဲ့ဒါမတိုင်ခင် အလှူခံပို့စ်လေးတင်ဖြစ်သွားတော့ …. လူဆုံတုန်း တခါတည်းလှူသွားကြတာနဲ့ … အလှူခံလေးပါလုပ်ဖြစ်သွားတယ်ပေါ့ … ။ ဘာပဲဖြစြ်ဖစ် အမှတ်တရအနေနဲ့ ပျော်စရာကောင်းခဲ့ပါတယ် ။

    လေလှိုင်းထဲကနေ ခင်တဲ့ လူတွေဖြစ်ပေမယ့် … အခုလို အပြင်မှာပါ ဆုံကြတော့ …. စိမ်းမနေပဲ တရင်းတနှီးရှိကြတာ ကြည်နူးဖို့ကောင်းပါတယ် … ။

    လေးပေါက်ရေ…. တွေ့ဆုံပွဲ ထင်မြင်ချက်လေးတွေ ရေးထားတာရှိတယ် စကန်ဖတ်ပြီး တင်ပေးလိုက်ရမလား ဟဲဟဲ …. ။ 🙂

  • blackchaw

    January 9, 2012 at 2:19 pm

    တွေ့ဆုံပွဲ ထင်မြင်ချက်လေးတွေ ရေးထားတာရှိတယ်
    ဆိုတော့
    စကန်ဖတ်ပြီး တင်ပေးဗျာ။
    ဘဘတို့လည်း အပျော်တွေကို မုဒိတာပွားရအောင်ပါ။

  • Moe Z

    January 9, 2012 at 2:40 pm

    အားလုံးထဲမှာ ဘယ်သူလက်ရေးအလှဆုံးဖြစ်မလဲဆိုတော့
    အင်း…. မပြောတော့ဘူး 😀

    • MaMa

      January 9, 2012 at 7:31 pm

      လက်ရေးလှ ပြိုင်ပွဲဝင်သလို ဖြစ်နေပြီ။
      ဒီလိုမှန်းသိရင် type ရိုက်လာပါတယ်။
      ဒါပေမယ့် …
      ထင်ရှားကျော်ကြားသူတွေရဲ့ လက်ရေးမူဆိုတာ ရခဲတယ်။
      တန်ဖိုးရှိတယ်နော် … 😉

  • နွယ်ပင်

    January 9, 2012 at 2:43 pm

    လေးပါက်ကို တွေ့ချင်လို့ ဆုံတဲ့ အထိမ်းမှတ်ပင်မဲ့ ဂီဂီရဲ့ မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတော့
    ဆုတောင်းလေးတွေ ရေးဖြစ်ကြတာပေါ့ …. ရွာသူားတွေနဲ့ တွေ့ဆုံခင်မင်ခွင့်ရသလို
    အလှူအတွက်ပါ အဆင်ပြေပြေနဲ့ တစ်ခါတည်းလှူခွင့်ရတဲ့အတွက် ဝမ်းသာပိတိဖြစ်ရပါတယ် …………..

  • windtalker

    January 9, 2012 at 2:44 pm

    ဆုတောင်း
    ဥပေါင်း
    ငြုမစောင်း
    ပြုအကောင်း

  • Novy

    January 9, 2012 at 3:04 pm

    ဂီဂီမွေးနေ့ / ဂေဇက်ရဲ့ အလှူ
    ဒီလို အမှတ်တရနေ့ လေးမှာ ရွာသူ/သားများနဲ့
    ပထမဆုံး နွေးထွေးစွာ တွေ့ခွင့်ရခဲ့ပါတယ်

  • kai

    January 9, 2012 at 3:17 pm

    မွေးနေ့ရှင်မပါ…
    သူတို့ပွဲလုပ်..
    သောက်သွားလေရဲ့..
    ခါးသက်သက်နဲ့..
    နောက်မှချိုတဲ့
    ရေနွေးကြမ်း..။

  • အဝေးနေ
    မွေးနေ့ရှင်ကိုယ်စား
    ခဏလာမန်းလေးသားက
    ရေးဘို့ပန်ကြား။

    အလည်လာ ရွာသူရွာသား
    ခါးမလိုချိုပါတဲ့ရေနွေးကို
    အမြည်းလို အဖော်ပြုပါလို့
    ပျော်မူ့တွေ အစုံစုံနဲ့
    ပြောမကုန် မိတ်ဆွေရင်းပမာပ
    ခင်ခြင်းတွေဆုံ။

    အားလုံးဆုံ
    လှူဒါန်းပြန် အဖုံဖုံနဲ့
    မိတ်ဆက်စာ အစုံရေးကာပ
    ဆက်သွယ်ရန်အပြန်အလှန်မေးပါလို့။
    ပျော်ခြင်းတွေဆုံ။

    မွေးနေ့ရှင်မပါ ပေမယ့်
    ဆုတောင်းကာ
    စာတွေရေးကြတယ်
    ချစ်ခြင်းရဲ့ပုံ။

    မလာသူ ဒီစာမူဖတ်ရင်း
    ငါမလာတစ်ခါနာပြန်ပေါ့
    နောက်တစ်ခါ အသံကြားရင်ဖြင့်
    သွားမယ်ချက်ခြင်း။

  • Khin Latt

    January 9, 2012 at 4:16 pm

    သများလဲ အဲဒီပွဲ မှာ ဝင်နွှဲချင်ပါသည် ချင့်။
    အခုတော့ အားလုံး ရဲ့ လက်ရေး တွေကို ဘဲ ဖတ်သွားပါ၏။
    တစ်ချိန်ချိန် တစ်ကွေကွေ့တော့ တွေ့ကြတာပေါ့။ 🙂
    အားလုံးကို ခင်မင်စွာဖြင့်

  • hmee

    January 9, 2012 at 4:17 pm

    လေးပေါက်ရေ ကျွန်မက ဒီလကုန်မှာ ပြန်ရောက်မှာဆိုတော့ လေးပေါက်နဲ့ တွေ့ဆုံခွင့်မရတော့ဘူး။ 🙂

  • nature

    January 9, 2012 at 4:33 pm

    ဂီဂီရဲ့မွေးနေ့ မှာ အသက်တနှစ်ပိုကြီးသွားပြီးဖြစ်လို့ ဒီနှစ်အတွင်းမှာတိုးတက်သိလာတဲ့ အသိပညာတွေနဲ့ ကိုယ့်ပတ်ဝန်ကျင်အကျိုး ၊ တိုင်းပြည်အကျိုး၊တိုးတက်ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပါတယ်။ အေးချမ်းသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ဓါက်ပုံလှလှလေးတွေလည်းရိုက်နိုင်ပါစေ၊ ကျောက်ဆင်းတုတင်မကပဲ ကျောက်တောင်ကြီးပါ ခေါင်းညိတ်အောင် လုပ်နိုင်ပါစေလို့ဆုတောင်းပါတယ်။ 🙂

  • ရွှေဘိုသား

    January 9, 2012 at 4:50 pm

    ချစ်ဖေကြီး ရန်ကုန်လာလို့
    ဖြစ်မြောက်ခဲ့ တွေ့ဆုံပွဲ
    သားတော်မောင် မပါ
    မလာနိုင် သားတော်မောင်စိတ်မကောင်း
    နောက်နောင်များ ကြုျံချင်စမ်းပါဘိ
    အားလုံးနဲ့ စုံစုံလင်လင်
    အားခဲလို့ မျှော်လင့်နေပါရဲ့
    နောက်တစ်ခါ လာစမ်းပါအုံး

  • ရွှေဘိုသား

    January 9, 2012 at 5:01 pm

    ရွာသား ဂီဂီ ကြီး သက်ကျော်ရာကျော် ကျမ်းကျမ်းမာမာ နေနိုင်ပါစေ
    ဘေးကင်းကင်း အကြွေးရှင်းရှင်းဖြင့် နေနိုင်ပါစေ လို့အခုမှ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
    အကြွေးမရှင်းရင် နေရထိုင်ရကောင်းတာမဟုတ်ဘူး သိချင် ကိုပေ့ ကိုမေးကြည့် ဟုတ်တယ်နော် ကိုပေ

    ပုံ
    ရွှေဘိုသား

  • အာ ချောင်

    January 9, 2012 at 5:21 pm

    အခုမှဝင် အာချောင်ရပေတယ်
    နွေးထွေးပြီးချစ်စရာကောင်းတဲ့ရွာသားတွေမို့ ခင်ချင်တယ်
    အသစ်မို့လို့ အချစ်မပေါ့ကြစေဖို့
    အားလုံးကို ပျော်ရွှင်ပါစေကြောင်း
    ဒီက အာချောင် တကယ်ဆုတောင်း

  • ငပေါက်ဖော်

    January 9, 2012 at 5:49 pm

    ဟမငေး..
    သများလက်ရေးကလဲ..သများ လိုပဲ
    ရွဲပတဲ နေဒါဘဲ..

    ငယ်ငယ်ကဆို ဘယ်ပြောကောင်းမလဲ
    ဟို..

    ဘုန်းကြီးကျောင်းသား ငပုတောင် သများလောက် လက်ရေး မဝိုင်းဘူး..
    အို..
    ရှင်းရှင်းပြောရရင်
    ကွန်ပျူတာထဲက ဝလုံးတောင် သများဝလုံးလောက် မဝိုင်းဘူး
    ခုမှ
    လက်ဒွေက ရှကီတွေထုပြီး ဘိုင်ဘဒေးရှင်း ထနေတာ.
    တစ်ဘက်ကို တစ်ဘက်က ချုပ်ပြီးရေးရတဲ့အဖြစ်
    အဟင့်

  • nature

    January 9, 2012 at 5:53 pm

    ကြိုဆိုပါတယ်အာချောင်ရေ။ အာချောင်ကလာတနောက်ကျနေတာကိုး။

  • weiwei

    January 9, 2012 at 7:28 pm

    ဂီဂီ့ကို လက်ရေးနဲ့ဆုတောင်းမရေးပေးလိုက်ရဘူး …
    အခုတွေးကြည့်တော့လဲ တစ်မျိုးကောင်းနေသား … လက်ရေးဆိုးတာ သူများတွေမသိတော့ဘူးပေါ့ .. 😛
    အဲဒီနေ့က အဝေးရောက်နေပေမယ့် သတိရနေပါတယ် …

  • padonmar

    January 9, 2012 at 10:52 pm

    လာချင်ရင် အနီးလေး ပေါ့နော်။
    လက်ရေးမလှသူတွေ အကြောင်း အချိန်ရရင် ရေးပါအုံးမည်။

  • pooch

    January 10, 2012 at 12:23 am

    အဘဖော လက်ရေးကြီးက လှလိုက်တာ .. …
    လေးပေါက်လက်ရေး ကလည်း လှတယ် …
    အရင်က လေးပေါက်လို ခပ်ဆင်ဆင် လက်ရေးမျိုးနဲ့ ကဗျာတွေ ရေးရေးပေးလို့ ဖတ်ခဲ့ရဖူးတယ် ကျောင်းတက်တုန်းက…

  • မှော်ဆရာ

    January 10, 2012 at 8:21 am

    ကော်ဖီမသောက်ရပေမယ့် ဆုတောင်းပေးလိုက်ပါတယ် ဂီဂီရေ …
    ရပါစေ ရပါစေ ရပါစေ … :mrgreen:

  • အဝေးကလာတဲ့မန်းလေးသားကတော့
    မျှော်ရှာပါတယ်။
    ပေါ်မလာကတော့ မှော်ဆရာ။
    ဦးနှောက်တော့ မစားရဘူးဆိုတဲ့ဘီလူး
    လာမလားလို့ အပေါက်ဝက မဝင်ဘဲစောင့်
    ခြေထောက်တောင့်လာမှ အထဲကိုဝင်ပါတယ်။
    ဘာရမလဲဆိုတဲ့ ငါကွ
    တွေ့ချင်တယ်ဆိုပါမှ သူကမလားတဲ့။
    အရမ်းတွေ့ချင်တယ်ဆိုတဲ့ ပန်ပန်လေး
    အလုပ်ကခွင့်မပေးတော့လာဘို့ အရေးမသာ
    ဖုန်းလေးနဲ့ဘဲ ဖြေသိမ့်လိုက်ရပါတယ်။
    နောင်တစ်ခါ လာပြန်ချီသေး……………………………..

  • တညင်သား

    January 10, 2012 at 10:31 am

    ကြီးပွါး တိုးတက်မဲ့ အတိတ်နမိတ်တွေပဲ တခါထဲ အလုပ်(၃)ခု ပြီးသွားတယ်…:)
    ကိုပေါက် ရန်ကုန်ရောက်လို့ တွေ့ဆုံပွဲလုပ်….
    အလှူ အတွက်တခါထဲ အလှူငွေ ကောက်ခံ………
    အင်ဇာဂီ ရဲ့ မွေးနေ့ပါပျော်ပျော်ပါးပါး ကျင်းပ……
    သူများပျော်လို့ မပျော်နိင် အဝေးရောက်လို့မှိုင်…..:P
    မွေးနေ့ရှင် အင်ဇာဂီ တယောက် ဘဝ နဲ့ ဆန္ဒ တထပ်ထဲကြပါစေလို့ ဒီကနေပဲ ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါတယ်ခင်ဗျားးးးး

  • bluerose

    January 10, 2012 at 2:25 pm

    ခုလိုမျိုးတွေ့ဆုံပွဲလေးလုပ်ဖြစ်တယ်ဆိုတော့ပျော်စရာနော်
    နောက်များကြုံရင်လာချင်ပါသေးတယ်
    ဂေဇက်ကိုဝင်ဖို့တောင်ဦးဦးပေါက်ဖော်ကိုအကူအညီတောင်းပြီးဝင်လာရတာ
    ပို့စ်လေးတွေတင်ချင်ပေမယ့်မတင်တတ်လို့သူများတင်ထားတာလေးတွေပဲလိုက်ဖတ်နေရပါသည်။
    ဘလူးရဲ့မွေးနေ့ကျရင်ဖိတ်လိုက်မယ်လာခဲ့ကြနော်ရွာထဲကအကိုအမများ
    🙂

  • ဆူး

    January 10, 2012 at 2:51 pm

    လက်ရေးမလှတဲ့ အထဲမှာ ဆူး က ထိပ်ဆုံးကပါပဲ..
    ငယ်ငယ်ကတည်းက လက်ရေးမလှတဲ့ ဆရာမ အတင်းလက်ဆစ်ခေါက်လို့ အရွဲ့တိုက်ရင်းနဲ့ မလှလာလိုက်တာ အခုထိပါပဲ.. အကြောင်းပြချက်ကတော့ နယ်နယ်ရရ မဟုတ်ဘူး.. သမီးလက်ကျိုးထားလို့တဲ့.. သူငယ်တန်းမှာ အတန်းတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေ လက်ရေးဆင်တူ ဖြစ်တတ်ကြပေမဲ့.. ဆူး ကတော့ ၃တန်း ၄တန်း ၂နှစ်ဆက်တိုက် လက်ကျိုးလို့ စာမရေးခဲ့ဘူး။ ၄တန်းနှစ်မှာ သင်တဲ့ ဆရာမကလည်း သူ့ အတန်းမှာ တက်ဖူးတဲ့ ကျောင်းသူတိုင်း လက်ရေး မလှဘူးဆိုတာ မရှိစေရဘူး.. ပေတံစောင်းနဲ့ ခေါက်တတ်တဲ့ ဆရာမ လက်သံကို ကြောက်ကြလွန်းလို့ အားလုံး လှလှ သွားကြလို့ သူက ပီတိဖြစ်ပြီး နှစ်စဉ် လာသမျှ ကျောင်းသူတွေ အဲလို အဲလို ပုံစံ ပေးတာ.. အစကတော့ အမြင်ကတ်ပေမဲ့ လှအောင်တော့ရေးတယ် မနှစ်က လက်ကျိုးလို့ ကျောင်း၁လ နားထားတာ သိလို့ အခေါက်မခံရဘူး.. လက်ကျိုးလို့ ကျောင်း ၁လ နားပြီး ကတည်းက သူလည်း လက်ရေးလှအောင် ရေးပြောလာရင်.. သမီး လက်က အောင့်အောင့် လာလို့ ဆိုပြီး ရေးချင်သလို ရေးတာက စတာပါပဲ.. ဟိဟိ…
    ဆူး ငယ်ငယ်က တော်တော် ဆိုးတဲ့ ကလေး ဖြစ်ခဲ့တာ..

    • inz@ghi

      January 10, 2012 at 2:54 pm

      ကြီးတော့လည်း လိမ္မာလို့လားကွယ် …
      ရွာထဲ စက်သေနတ်ထမ်း ဆေးပြင်းလိပ်ခဲပီး ဝင်လာပီးတော့ ….ဟီဟိ…
      (ကြောက်တယ် ပြေးဘီ ..ဝှစ် ..ဝှစ်…)

      • ဆူး

        January 10, 2012 at 3:00 pm

        မြန်ချက်ကတော့ ကမ်းကုန်တယ် အခုပဲ မန်းလိုက်တာ.. အခုပဲ စာတွေဘာတွေ ပြန်လာပြီ..
        စက်သေနတ် ဆိုတော့ တချက်ချင်းဆီ မဆွဲရတော့ဘူးပေါ့.. ဟိဟိ..
        အတိတ်နမိတ်ယူထားတာ.. နောက်တတ်တဲ့ လူတွေ ကို အကုန်ပြစ်ချမလို့.. ကျည်ဆံ လောက်တော့ မြန်အောင် မပြေးနိုင်ပါဘူး။
        ဒတ်… ဒတ်… ဒတ်..ဒတ်ဒတ်ဒတ်………..

  • inz@ghi

    January 10, 2012 at 3:02 pm

    ရွာသူား အပေါင်းတို့ခင်ဗျား…

    ဘယ်လိုမှ မမေ့နိုင်တော့မယ့် မွေးနေ့လက်ဆောင်
    ဆုမွန်တွေအတွက် လေးပေါက်နဲ့ တကွသော ရွာသူား အပေါင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား…

    MG ကြောင့် …သည်နှစ်မွေးနေ့က နည်းနည်းထူးခြားတဲ့ နှစ်ဖြစ်ခဲ့ရလို့ပါ….
    မအားမလပ်လွန်းလို့ ..ကိုယ့်ဟာကိုယ်တောင် ကိတ်မုန့်မလှီး ဝိုင်ပုလင်း မဖွင့်မိ…
    (ဖုန်းကတ်မှားဝယ်မိလို့ အမေ့ဆီတောင် ဖုန်းမဆက်ရတဲ့ နှစ် …ဖြစ်ခဲ့ရပေမယ့်…)
    ရွာသူားတွေရဲ့ မေတ္တာကြောင့် သေတဲ့အထိ မေ့မရမယ့် မွေးနေ့ တနေ့ ဖြစ်ခဲ့ရပါကြောင်း …
    ဆုတောင်းစာတွေ ကိုရိုက်ထားတဲ့ ပုံတွေကိုလည်း ဒေါင်းလုပ်ပြီး သိမ်းဆည်းမိပါကြောင်း…

    လေးပေါက်ကို ထပ်လောင်း ကျေးဇူးတင်ပါကြောင်း..
    လက်ရေးမှာတော့ အဘဖော အလှဆုံး ထင်ပါကြောင်း….

    (ဆြာဝန်တွေက လက်ရေးဆိုးသတဲ့ ….များသောအားဖြင့်ပါ ….)
    သည်တော့ လက်ရေးဆိုးနိုင်ချေရှိတဲ့ …လေဒီဖော ကို အန်ကယ်ဖောတယောက်
    ပင်လယ်ထဲကနေ စကားလုံးကြွယ် ကြွယ် ….လက်ရေးလှလှနဲ့ ချစ်သဝန်လွှာတွေ
    စေခဲ့မည် ဟု ယူဆပါကြောင်း..
    ထိုနည်းဖြင့် အသည်းအညှာကို ဆွဲခါနိုင်ခဲ့သည်ဟု …ကောက်ချက်ချပါကြောင်း….

    ခင်တဲ့
    ဂီ

    • Foreign Resident

      January 10, 2012 at 4:40 pm

      ” လက်ရေးလှလှနဲ့ ချစ်သဝန်လွှာတွေ စေခဲ့မည် ဟု ယူဆပါကြောင်း ”

      ကိုရင် ဂီဂီ တို့ ကတော့
      မြွေမြွေချင်းမို့ထင်တယ် ခြေကိုတန်းမြင်တော့တာပဲ ။

      တကယ်တော့ အဘ ရည်းစားစာ ရေးတဲ့အခါ ၊
      လက်ရေးက ဒီထက် အများကြီး အများကြီး ကိုပိုလှတာပေါ့ကွယ် ။

      ယုံအောင်ဆိုပြီး ခပ်နုနု ချွဲချွဲ ပျစ်ပျစ်လေး တစ်စောင်လောက်
      လက်ရေး လှလှလေး နှင့် ရေးပြီး
      Scan ဖတ်ပြီး Gazette ပေါ် Post တင်လိုက်ရရင် ။ ဟီဟိ ။

      အင်းးးး ရည်းစားမဖြစ်ခင် နှင့် ရည်းစားဘဝ မှာတော့
      အဲဒီ လက်ရေးလှတာက အတော် အကျိုးရှိခဲ့တာ အမှန်ပေါ့ကွယ် ။

      မကောင်းတာကတော့ အခု ရန်ကုန် ရောက်နေတုန်းလေးကို ၊
      မကြာခဏ E-Mail ကနေလည်း English လိုရော ဗမာ လိုရော ပို့နေရဲ့သားနှင့် ၊
      မကြာခဏ skype ကနေ VDO chat ရုပ်မြင်သံကြား ပြောလို့ရနေရဲ့သားနှင့် ၊
      လက်ရေးဖတ်ချင်လို့ဆိုပြီး လက်ရေးနှင့်ကို စာရေးပို့ခိုင်းနေတာကတော့ ၊
      တော်တော်ဆိုးပါ့ ဒုက္ခ ရောက်ပါ့ ။

      Pro & con ပေါ့လေ ။
      ရွာသားတွေ လက်ရေးလှ မကျင့်ခင် စဉ်းစားကြဖို့ပါ ။ 😛

  • ဦးဖောရေ
    မိန်းကလေးလက်ရေးသီရင်ခွင်လွှတ်စေချင် ဆိုပြီးရော မဒမ်ဖောက စာလေးမပို့ဘူးလား……………..

Leave a Reply