ငွေတောင်ပြည် သို့ အပိုင်း – ၄

Mလုလင္January 8, 20123min20422

နောက်ဆုံးနေ့ကတော့ လှိုင်ကော် မြို ့ပေါ်မှာပဲ အချိန်ကုန်ခဲ့ပါတော့တယ်။ တောင်ကွဲစေတီ ပုံက ကောင်းကောင်း မရ လိုက်လို့ မတင်တော့ဘူး။ တောင်ကွဲစေတီ ပေါ်က ရှုခင်းတစ်ပုံတော့ တင်ချင်လို့ တင်ထားဖြစ်သွားတယ်။ လှိုင်ကော်မှာ လဲ သီရိမင်္ဂလာ ဈေးရှိတယ်ဗျ။ ခု post ကတော့ အဲ့ဒီ့ ဈေးမြင်ကွင်းနဲ့ ကယားပြည်နယ် ရဲ့ trademark လေးပြချင်လို့ ပါ။

တောင်ကွဲ စေတီ ပေါ်က မြင်ကွင်း ပါ
၁။ တောင်ကွဲ စေတီ ပေါ်က မြင်ကွင်းပါ။ ရိုးပြတ် တွေမီးရှို ့နေတုန်း ရိုက်လိုက်မိတဲ့ ပုံပါ။

ဈေးမြင်ကွင်း
၂။ ဈေးမြင်ကွင်း

ဈေးမြင်ကွင်း

၃။ ငရုတ်သီး တွေကလဲ လှ

စားချင်စရာ လိမ္မော် သီး
၄။ စားချင့်စရာ လိမ္မော်သီး လေးတွေ

အဲလို လဲ ရောင်းလို့ ရပါတယ် တဲ့။ နားလည်မှု ပေါ့လေ။
၅။ နားလည်မှု နဲ့ ရောင်းလို့ ရတယ်တဲ့။

အချိုမှုန့် များ အလွန်ပေါ။
၆။ အချိုမှုန် ့တွေ အလွန်ပေါ၏။

ဆိုင်ကြီးတွေမှာလဲ အိမ်သုံး တွေ စုံ ၏
၇။ ဆိုင်ကြီးတွေလဲ သပ်သပ် ရပ်ရပ်။

ငါးစိမ်းတန်း လဲ ဗွက်မထ ပါ။
၈။ ငါးစိမ်းတန်း လဲ ဗွက်မထ ပါ။

အေးလို့ ကလေးကို ဒီလို ထုပ်
၉။ ကလေးကို အနှီးထုပ် တဲ့ စတိုင် အသစ်။ အေးလွန်းလို့ ထင်ပါ့။

Trademark
၁၀။ ငွေတောင် ပြည်ရဲ့ မြို ့လည်မြင်ကွင်း။

လွိုင်ကော်မြို ့ရဲ့ သီရိမင်္ဂလာဈေးက ရန်ကုန် ဈေးတွေနဲ့ အသားကျ နေတဲ့ ကျွန်တော့ အဖို့ ထူးခြားခဲ့ပါတယ်။ ငါးစိမ်းတန်း၊ ကုန်ခြောက်တန်း နဲ့ ကုန်စိမ်း တန်းတွေမှာ ရေမစို ဗွက်မထ ပဲ ဈေးထဲ လှည့်ပတ် ခဲ့ရတာ စိတ်ချမ်းသာ စရာ အလွန်ကောင်းပါတယ်။

Group Photo ၂ ပုံကို ဦး FR, ဦးပေါက်, ရွာတော်ရှင် ဆူး၊ နဲ့ အန်တီ padonmar, mama နဲ့ အစ်မ တစ်ယောက် (နံမည်အရင်းနဲ့ email မို့) စီ ပို့ ပေးပြီးကြောင်း…

22 comments

  • inz@ghi

    January 8, 2012 at 5:46 pm

    ၁။ တောင်ကွဲ စေတီ ပေါ်က မြင်ကွင်း မိုက်တယ်ဗျို့ ….
    Grad ထိုးထားသေးလားဆြာ ?

    အားပေးသွားတယ်နော..
    ခင်တဲ့
    ဂီ

    • M-Lulin

      January 8, 2012 at 6:40 pm

      Filter တစ်ထပ်ကြီးထည့်ထားတဲ့ အိပ် ပျောက်သွားခဲ့တယ်ဗျာ။ 🙁 Lightroom လေးနဲ့ပဲ …

      • ငပေါက်ဖော်

        January 8, 2012 at 10:21 pm

        ကျနော် မယူပါဘူးဂျာ
        😳

        • M-Lulin

          January 8, 2012 at 10:53 pm

          အစ်ကိုကြီး ပါက် မယူမှန်း သများ သိပါတယ် ချင့်၊ အဝေးပြေးကားပေါ်မှာ ကျန်ခဲ့တာပါ ချင့်…
          ပုံ
          သများ

        • ငပေါက်ဖော်

          January 8, 2012 at 11:28 pm

          သများက သဂျီးတူမပဲ ယူမှာပါချင့်
          😆
          ပုံ၊
          သများ
          😆

  • pooch

    January 8, 2012 at 6:38 pm

    အေးအေးဆေးဆေးနဲ့ နေလို့ ထိုင်လို့ကောင်းပြီး အေးချမ်းကြမယ်ထင်တယ်…
    ကြည့်ရတာလည်း သန့်သန့်ရှင်းရှင်း သားငါးဈေးမှာ လည်း ဗွက်မရှိဘူးဆိုတော့ အနေအထိုင်သန့်ကြတယ်ထင်တယ်နော်..

    • M-Lulin

      January 8, 2012 at 6:42 pm

      ကျွန်တော့ စိတ်ထင် လူနည်းတာရယ်။ နောက် စည်ပင် က နိုင်နေတာ ရယ် ဖြစ်လောက်တယ်။ ကြည့်ပါလား…. ဘယ်လူကြီးမှ မလာလည်း ပလက်ဖောင်းတွေ ဆေးလိုက်သုတ် နေတာကို။ (အောက်ဆုံးပုံ)

  • padonmar

    January 8, 2012 at 7:35 pm

    လုလင်ပို့တဲ့ ဓာတ်ပုံရပါတယ်၊ကျေးကျေးပါ၊
    ငါးမေးစေ့တွေရိုက်ထားတာ သဘောကျပါတယ်။
    filter တွေဘယ်မှာပျောက်သလဲ၊ ကော်ဖီဆိုင်မှာလား၊

    • M-Lulin

      January 8, 2012 at 8:29 pm

      ငါးမေးစေ့ တွေ ပုံ .. ဟီး . အဲ့ပုံ လေးကျွန်တော် လဲကြိုက်တယ်။ filter တွေက လွိုင်ကော် အပြန် အဝေးပြေးကား ပေါ်မှာ ပျောက်တာ။ 🙁 ဓတ်ပုံ က ရိုက်သာ ရိုက်ရတယ် စိတ်တိုင်း က မကျ။ သူများတွေကိုအားနာလို့ 15mm ထိဆွဲလိုက်တော့ ဘေးတစ်ဘက်တစ်ချက် က လူတွေ နဲနဲ ဝ သွားတယ်။ ချာတူးလန် တစ်ယောက် လဲ နဲနဲ blur သွားတယ်။ အမှတ်တရ တော့ဖြစ်တာပေါ့ အန်တီ padonmar ရယ်။

      • Novy

        January 11, 2012 at 11:56 am

        M-လုလင်ရေ ..
        မနိုကို လည်း Group ပုံပို့ပေးပါအုံးနော်
        yiyi.november@gmail.com

  • MaMa

    January 8, 2012 at 8:51 pm

    ပို့ပေးလိုက်တဲ့ ဓာတ်ပုံတွေက ရှယ်ပဲ။ အလွန် အင်မတန် ကျေးဇူးတင်ပါသည်။
    ဒါထက် စကားမစပ် လွိုင်ကော်ကို ဘယ်လိုသွားရသလဲ။ (ကုန်းလမ်းလား၊ လေလမ်းလား)
    ဘယ်လောက်ကြာသလဲ။ (ကုန်းလမ်းဆိုရင်)
    ဘယ်လောက်ကုန်ကျသလဲ။ (လေလမ်းဆိုရင်)

    • M-Lulin

      January 8, 2012 at 10:55 pm

      လေလမ်း က .. လတ်မှတ် ရဖို့ စာတစ်စောင် လောက်တော့ လိုမယ်ထင်တယ်။
      ကားလမ်း နဲ့ သွားမယ်ဆိုရင်တော့ နာရီ 18 နီးပါး ကားစီး ရမယ်။ ဘယ်လောက် ကုန်ကျလဲတော့ မသိခဲ့ဘူး။ ဟီး ..ကုန်းဆင်း ခဲ့တာ မို့ပါ။..

  • ငပေါက်ဖော်

    January 8, 2012 at 9:22 pm

    အိုက် ငါးကြီးတွေ ကင်စားလို ့ရလား ခင်ည
    အားပေးတွားပါရဲ့ဂျာ

    • M-Lulin

      January 8, 2012 at 10:56 pm

      ရဘူး … အရိုးများတယ်။ စားလို့ ရတဲ့ ငါးကင် တွေလဲ သိပ်မစားနဲ့။ သူတို့ကိုကျွေးတဲ့ အစာတွေက လူကိုကင်ဆာ ဖြစ်စေတယ်လို့ သတင်းသိုးသိုးသန့်သန့် ထွက်နေတယ်။

  • Khin Latt

    January 9, 2012 at 4:56 am

    “၅။ နားလည်မှု နဲ့ ရောင်းလို့ ရတယ်တဲ့။”
    အဲဒီ ဓာတ်ပုံ က အတော်လေး စကားပြောတယ်။
    အနောက် က ဆိုင်ကြီး က သူ့ဆိုင်ရှေ့မှာ ဒီလို ရောင်းခွင့်ပေးထားတာ အတော် ကြင်နာတတ်တာဘဲ။
    တကယ်တော့ သူ့ဆိုင် အဝင်ဝ ကို ပိတ်နေတာ။
    ဆိုင်ရှင်ကြီးများ ပိုမိုရောင်းပန်းဝယ်ပန်း လှပါစေ။ ဆိုင်သေးလေးလဲ ဆိုင်ပိုင်လေးရပါစေ။

    အဲဒီလို ပြည်တွင်းဗဟုသုတ ပုံလေးတွေ မျှလို့ ကျေးဇူးပါဘဲ အမ်လုလင်ရေ။

  • Foreign Resident

    January 9, 2012 at 5:44 am

    ကို M-Lulin ရေ
    ဓါတ်ပုံတွေ ရပါတယ်ကွယ် ။

    ကို M-Lulin တင်ချင်ရင် တင်လို့ရအောင်
    တောင်ကွဲစေတီပုံ ပို့ပေးလိုက်ပါတယ် ။
    အဲဒီ အခေါက်က အတွေ့အကြုံ အသစ်ဆိုပြီး
    မိုးဗြဲဆည်နားကနေ အင်းလေး ညောင်ရွှေအထိ စက်လှေနှင့် သွားလိုက်တာ ၊
    တနေကုန် စက်လှေစီးလိုက်ရတယ် ။
    လူလည်း မဲသဲ စုတ်ပြတ် သွားတာပဲ ။
    ရှုခင်းတွေကတော့ လှပါ့ ။
    DSLR ဝယ်အုန်းမှပါပဲ ။

    • M-Lulin

      January 11, 2012 at 3:31 pm

      ဝယ် .. ဝယ် အဘ ဦး FR ရေ .. မြှောက်ပေးတယ် လို့ တော့ မထင်နဲ့ .. ဒါနဲ့ Canon ဝယ်နော်..

  • kai

    January 9, 2012 at 7:28 am

    အသီးအရွက်တွေချည်း.. ရိုက်ထားတဲ့ပုံလေးတွေ (အပေါ်ကပုံအပါအဝင်) ရှိရင် ပို့ပေးပါလားခင်ဗျာ..
    နေရာဒေသအချိန်လေးပါ ထည့်ပေးပါ..။
    သတင်းစာထဲ သုံးရမရ.. သိချင်လို့..။

    တခြားရိုက်ထားသူများ ရျိရင်လည်း ..ရှယ်ပေးပါခင်ဗျ..။
    ဂရုဖိုတိုကိုရော ကြည့်ချင်ပါတယ်..။
    ရမလားဟင်င်င်…။

    kai@myanmargazette.net

    • Foreign Resident

      January 9, 2012 at 7:56 am

      ” ဂရုဖိုတိုကိုရော ကြည့်ချင်ပါတယ် ရမလားဟင်င်င်င်င်င် ” တဲ့
      အဲလိုဆိုတော့ သူကြီးက သနားစရာလေး ။
      ပို့ပေးလိုက်ဦးမှ ။ ဟီဟိ ။

      • kai

        January 9, 2012 at 8:15 am

        ထင်တာက… အင်းလေးများတူတူချီတက်သွားကြတာလားလို့..
        (ပို့စ်ပိုင်ရှင်ရေ.. ခွင့်လွတ်နော.. မဆိုင်တာတွေဖြစ်နေလို့..) 🙂

        အဟမ်း..
        မနေ့က.. ခင်မောင်တိုးပွဲသွားတယ်..။ အမေရိကားနယ်လှည့်သီချင်းလိုက်ဆိုနေတာလေ..။
        သွားတော့.. ရခဲတဲ့ပုံတပုံရခဲ့တယ်..။
        ဦးအံ့ကြီး၊ ခင်မောင်တိုး၊ ဇော်မျိုးထွဋ်၊ မီမီဝင်းဖေ၊ နီနီဝင်းရွှေ တို့အုပ်စုပုံပေါ့..။
        တကယ်က.. မြန်မာပြည်သိန်းတန်လည်း ဘေးနားရှိနေတာ..။ ပုံထဲမပါလိုက်ဖူး..။

        မျှပါကြောင်း..။

  • တောင်ကွဲစေတီပုံလိုချင်ရင်ပေးမယ်ကွာ.
    နေအတန်းလိုက်ကျနေတာလှတယ်။
    ကျနော်သွားတုံးက မိုးတွေအုံ့ တောင်ခိုးတွေမိူင်းနေရောင်မမြင်ခဲ့ရပါဘူး။
    နေခဲရတာလဲ တစ်ရက်ထဲရယ်……….

    • M-Lulin

      January 12, 2012 at 12:09 am

      ရ ရင်လိုချင်တယ် ဗျာ .. နောက် ပိုစ့် မှာတင်မယ်။ အဘ FR လဲ ပို့ထားသေးတယ်။ တင်ဖို့ ပဲ ကျန်တာ့တာ …

Leave a Reply