ပျော်ရွှင်မှုများနဲ့ မန်းဂေဇက်ရွာ

manawphyulayJanuary 8, 20121min11717

၂၀၁၂ ကို ဘာလိုလိုနဲ့ ဝင်ရောက်လာပြန်ပြီ။ နှစ်သစ်မှာကော ရွာကြီး အမြဲစည်ကားနေမည်လား...

၂၀၁၂ ခုနှစ်ကိုတော့ ချည်းနင်းဝင်ရောက်လို့ လာခဲ့ပါပြီ။ ဟိုအရင်သတင်းကြားနေရသလို ကမ္ဘာပျက်မယ်ဆိုတာတွေက ခုတော့ မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။ ၂၀၁၂ ကတော့ သူများအတွက်တော့ မသိဘူး။ မနောအတွက်တော့ အလွန်ကံကောင်းတဲ့နှစ်တစ်နှစ်ဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်သစ်ရောက်ခါနီးမှာ ဂေဇက်ရွာထဲက ခင်မင်ရသောသူများနဲ့လည်း စည်းစည်းလုံးလုံး ပျော်ရွှင်စွာ တွေ့ရသလို ခု ၂၀၁၂ ရောက်တော့လည်း ဒီလူတွေနဲ့ အခင်အမင်မပျက် ဆက်လက် ခင်မင်နေရလို့ပါပဲ။ ဒီကြားထဲမှာ မတွေ့ဖူးသေးတဲ့ ရွာသူရွာသားတွေနဲ့လည်း ခင်မင်ခွင့် ရရှိနေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်နေတဲ့အခါ အားပေးကြတဲ့ မောင်နှမတွေသဖွယ် ဆွေမျိုးထက် ရင်းနှီးမှုပိုစေပါတယ်။ ဆက်လက်ပြီးလည်း ခင်မင်မှု အဓွန့်ရှည်စေဖို့ မနော နှစ်သစ်အစမှာ ဆုမွန်ချွေလိုက်ပါရစေရှင်…

ရွာသူရွာသားများအတွက် နှစ်သစ်အစ ကြိုဆိုခြင်းပေါ့
မနောလည်း ၂၀၁၂ ထဲမှာ ဘယ်သူတွေကို ဘယ်လိုကူညီရမလဲ....

နှစ်သစ်မှာ စိတ်ကောင်းထားနိုင်ဖို့ ကြိုးစားနေပါတယ်။

17 comments

  • မှော်ဆရာ

    January 8, 2012 at 7:22 pm

    ဒေါ်လေးမနောပုံတွေက တယ်လန်းပါ့လားဗျာ
    ဂရပ်ဖစ်တောင် ဒေါ်လေးဆီ ပြန်လာတက်ချင်လာပြီ

  • ကျေးဇူးပါ မမမနောရေ။ကျနော်တို ့ကလဲ အမတို ့လို စီနီယာတွေကို အတုယူအားကျလျှက်ပါဗျာ။
    ပျော်ရွှင်ဖွယ်နှစ်သစ်မှာ ရွာသူားအားလုံးအတွက်ဆုမွန်တောင်းလျှက်ပါ အမရေ။

  • Thel Nu Aye

    January 8, 2012 at 7:45 pm

    မနောရဲ့ဆုတောင်းလေးနဲ့နှစ်သစ်မှာအေးချမ်းပရစေပါရှင်။ မနောရဲ့နှစ်သစ်မှာကံကောင်းမှု့လေးတွေကိုလဲ ရွာသူရွာသားတွေကိုဝေမျှပေးပါနော်။

  • small cat

    January 8, 2012 at 8:14 pm

    အဖြူရောင်ပန်း ဆိုတဲ့ စာပိုဒ်လေးလား၊ကဗျာလေးလား၊အဲဒါကိုသဘောကျပါတယ် မနောရေ။

  • ငပေါက်ဖော်

    January 8, 2012 at 9:07 pm

    နှစ်သစ်မှာ စိတ်ကောင်းထားမယ်ဆို..အဲဒီပညာတွေ လကားသင်ပေး
    ဒါဗျဲ

    • manawphyulay

      January 9, 2012 at 11:09 am

      ရပါတယ်နော်။ နှစ်သစ်မဟုတ်လည်း သင်ပေးပါတယ်။ နောက်ကို အချိန်ရရင် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးမယ်။ အဲဒီလို အဆင်ပြေတယ်မလား။

      • ငပေါက်ဖော်

        January 9, 2012 at 11:16 am

        ပြေပါတယ်ချင့်..
        သေချာသင်ပေးစေချင်ပါတယ်ချင့်
        ကောင်းကောင်းမွန်မွန် သင်ပေးစေချင်ပါတယ်ချင့်
        စာတီဖီကိတ် ရဖို ့ထက်..အမှန်အကန် တတ်ဖို ့ပဲ လိုချင်ပါတယ်ချင့်

        ပညာငတ်မွတ်ခြင်းများစွာဖြင့် သများ

  • Moe Z

    January 9, 2012 at 11:28 am

    ဘယ်သူကို ဘယ်လိုကူညီရမလဲဆိုတော့ အင်း တကယ်အကူအညီတောင်းရင် ထွက်ပြေးမှာလားဟင် 😀

    မာမီပေါက်ရယ် တကယ်အဆင်ပြေမယ့် မိတ်ကပ်ပညာပဲသင်ပါလားဟင်
    မိုးစက်တတ်နိုင်သလောက် ကူညီပါ့မယ် 😀

    • ငပေါက်ဖော်

      January 9, 2012 at 11:35 am

      သများက ဇာတ်မင်းသားဂျီးလုပ်မှာ..မိပ်ကပ် မလိမ်းတော့ဘူး
      မေပေါင်က ဇာတ်မင်းသမီး
      အူးကြောင်က ဇာတ်ပို ့
      ကဇာဂီ့က ဇတ်လူကြမ်းလေး.
      မိုးဇိက ဇာတ်တူမလေး.
      ကိုရင်စီက ဇာတ်ညီလေး

      အင်း..
      သများမွှေမှပဲ ဂေဇက်ရွာလဲ ဇတ်ပျက်တော့မှာပဲ..

      ဘဒိတ်အုပ်အုန်းမှ..
      ရှူး…စတော့ပ်

  • ကြောင်ကြီး

    January 9, 2012 at 11:43 am

    ဂေဇက်
    ရွှေထွက်လို့
    ရေပက်မဝင်
    ပြောကြပေမဲ့
    မြေကွက်သာ
    ငွေတက်တယ်
    နေမတတ်ရင်
    သေထွက်ဖို့ပြင်..။

  • manawphyulay

    January 9, 2012 at 12:40 pm

    ဦးကြောင်ကြီးရယ် သေထွက်တော့မလုပ်လိုက်ပါနဲ့ ရှင်ထွက်ဆို ဟုတ်သေး… ဒါမှ ပူဇော်ပသကြမှာလေ… :p

  • True Answer

    January 9, 2012 at 12:54 pm

    ဂေဇက်
    လေထွက်လို့
    ရေပက်မဝင်
    ငြင်းခုန်ကြရင်း
    သူကြီးမင်းရဲ့
    ချွှန်တွန်းလိုက်
    ပြန်ဖျင်လိုက်
    အနုပညာအောက်
    ဒို့ရွာသားများ
    တဖွာဖွာ
    ပြောဆိုမျှဝေ
    ငြင်းခုန်
    ပွားများရင်း
    ဘာတွေများ
    တစ်နှစ်တာ
    အဖတ်တင်ခဲ့ပါလိမ့်။

  • ဦးဦးပါလေရာ

    January 10, 2012 at 12:36 am

    ဒီဇိုင်းလေးတွေရော ကဗျာလေးရော အရမ်းကောင်းပါတယ်။
    မနောက ဂရပ်ဖစ် ပိုင်တယ်နော်။

    • manawphyulay

      January 11, 2012 at 3:26 pm

      နည်းနည်းပါးပါးတော့ ရပါတယ် ဦးဦးပါလေရာ… ဘာကူညီရမလဲသာပြော….

  • ဆူး

    January 22, 2012 at 4:53 pm

    ဒီနေ့တော့ မနောကို အထူး အချိန်ပေးပြီး အားပေးသွားတယ်။
    ၂၀၁၂ ရဲ့ ပထမဆုံး ၁သိန်း ဆုရှင် ကြီးပေါ့။

  • snow white

    March 13, 2012 at 3:24 pm

    2012တကယ်ကမ္ဘာမပျက်လို့ခုဆို 3လပို်င်းတောင်ရောက်လာပြီနော် ကမာ္ဘမပျက်လောက်ပါဘူး

  • snow white

    March 13, 2012 at 3:28 pm

    2012တကယ်ကမ္ဘာမပျက်လို့ခုဆို 3လပို်င်းတောင်ရောက်လာပြီနော် ကမာ္ဘမပျက်လောက်ပါဘူး နှစ်သစ်ကိုကြိုဆိုထားတဲ့ ပုံလေးတွေကအရမ်းလှတယ်နော် ကြိုက်တယ်နောက်မှအမဆီကသင်တော့မယ်

Leave a Reply