သူတို ့မီးနီ ဖြတ်တော့ရတယ်…ဟွန်း…

gyinkalayJanuary 8, 20121min14311

တစ်ရက်မြို ့ထဲ ကိစ္စတစ်ခုရှိလို ့အသွား…ဗိုလ်ချုပ်လမ်းနဲ ့သိမ်ဖြူလမ်းထောင့်မီးပွိုင့်မှာ..လမ်းကူးဖို ့ဆိုပြီး ပွိုင့်ကို ကြည့်လိုက်တော့ ဝါရာကနေ နီသွားပြီ ဆိုပြီး ခြေတစ်လှမ်းက ကတ္တရာလမ်းပေါ်အချ မောင်းလာတဲ့ကားကို မျက်စိကစားကြည်ု့လိုက်တာ..ကားက အစိမ်းရောင်ဂျစ်ကား  ကားနံပါတ်က 37– နဲ ့စတယ်..အရှေ ့မှာကြယ်တစ်လုံးပါတယ်…မောင်းတဲ့သူက လ ဲစစ်ယူနီဖောင်းအစိမ်းရောင်နဲ ့ ကျန်သုံးယောက်ကလဲ ယူနီဖောင်းကိုယ်စီနဲ ့ပဲ ပွိုင့်ကလဲနီနေပြီ ဒါပေမယ့် အရှိန်က မလျှော့ဘူး….ဟိုဖက်က ကားရှင်းတယ်ဆိုပြီး မီးနီကို ဆက်မောင်းသွားကော…နမော်နမဲ့ နိုင်တဲ့သူ ဆိုရင် မီးနီပြီဆိုပြီး လမ်းကူးလိုက်လို ့ကတော့ တိုက်ပြီပဲ တိုက်ရင်လဲ သူတို ့က ယူနီဖောင်းနဲ ့ဆိုတော့ ကိုယ်တွေ ပဲကြောက်နေရမှာ….သူတို ့မီးနီဖြတ်တာ တော့ရတယ်..ဟွန်း…တော်ပါပြီ ပြောတော့ပါဘူးဂျာ….

11 comments

  • ငပေါက်ဖော်

    January 9, 2012 at 8:24 am

    သများလဲ မီးနီ ခဏခဏ ဖြတ်တာ ရပါတယ်နော်..
    အို.
    နီနီ..ဝါဝါ.စိမ်း.စိမ်း..ကားရှင်းတာနဲ ့ အပြေးကလေးဖြတ် နိုးပဒေါ်ပလမ်ပဲ
    ညှင်း..ညှင်း…ညှင်း..

    ရဂါးနာက်ဒါ..
    😆

  • Shwe Tike Soe

    January 9, 2012 at 10:37 am

    ဂျင်ကလေးပြောတဲ့ အထဲမှာကို ပါနေပြီလေ.. နံပါတ်မှာ ကြယ်တစ်လုံးပါတယ်ဆို.. အဲဒါပေါ့ မီးနီဖြတ်မောင်းခွင့်လိုင်စင် ဟိဟိ
    နောက်ဆို ဂျင်ကလေးလဲ မီးနီဖြတ်ချင်ရင် နဖူးမှာ ကြယ်လေး တပ်ထားပေါ့.နော်.. 😀

  • kaung kin pyar

    January 9, 2012 at 10:45 am

    ဒါမျိုးတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ……။ ပုခုံးပေါ် အပွင့်ရှိတိုင်း ဘာပဲလုပ်လုပ် ရတယ်လား။

  • ပေစိ

    January 9, 2012 at 11:27 am

    ဂျင်ကလေးကလည်ပါတယ် ဒါ့ကြောင့်ဘာမှမဖြစ်တာပေါ့ ဟတ်တယ်ဟတ်

  • nature

    January 9, 2012 at 11:33 am

    ရွှီ…….။မိပြီ ။ပေါက်ဖော်မီးနီဖြစ်လို့ဒဏ်ငွေ ပွိုင့်တစ်ထောင်ပေးဆောင်စေ။ 🙂

    • ငပေါက်ဖော်

      January 9, 2012 at 11:40 am

      ဪ..
      ဘတူများလဲလို ့..အစောက အတိုရီးပဲ
      အစောကလေးတင် သဂျီးက ပွိုင့်တစ်ထောင် ဖြတ်ပြီးသွားပြီခင်ည
      သဂျီးတူမကို ရီးစားစာ သွားပေးလို ့တဲ့..ဖြတ်ပလိုက်တယ်..သများကို (ပွိုင့်)

  • ပေစိ

    January 9, 2012 at 11:36 am

    ကိုရင်ပေါက်ဖော်တို့ဆို ပုလင်းလက်ထဲကိုင်ထားရင် ခေါင်းမမော့တော့ဘူး မြေကသိုင်းပဲရှုတော့တယ်

  • Thel Nu Aye

    January 9, 2012 at 12:16 pm

    ဒီခေတ်ကြီးထဲမှာဒါမျိုးတွေမရှိသင့်တော့ပါဘူး။ အရှိန်ပါလာတယ်ဆိုလဲတော်ရုံပဲကောင်းပါတယ်။ စစ်ဗိုလ်ချုပ်တွေဖျက်စီးခဲ့တာ။ ရပ်တန်းကရပ်သင့်ပါပြီ။

  • ခွေးသူတောင်းစားတွေ သောင်ခုံမှာလွှတ်သလို လွတ်လပ်နေတယ်။ပြည်သူတွေက ပြန်သင်ခန်းစာပေးဖို ့စဉ်းစားရမယ်။
    ဘယ်လောက်တောင် ဘယ်မှာများတောင်းစားဖို ့အရေးကြီးနေပါလိမ့်။

  • mzm

    January 11, 2012 at 4:10 pm

    ဒီလိုအချိန်မှာ ပီကေ တွေဘယ်ရောက်တာလဲ။ သူတို့ဖအေကျတော့ ကြောက်တတ်လိုက်တာ
    မြင်ရင်လဲမမြင်ချင်ယောင်ဆောင်တာနေမှာပေါ့ သူတောင်းစားတွေ သူတို့ဦးထုပ်နဲ့သူတို့ကို ပြန်ရိုက်ဖို့ကောင်းတယ်။

  • Kyithur Tun

    January 11, 2012 at 6:19 pm

    ပီကေတွေကလဲ မပြောရဲဘူးလေ ပြည်သူတွေ ဆိုရင်တော့ပုဒ်မတွေ အများကြီးတပ်မှာ တကယ်တမ်း
    နိုင်ငံဝမ်းထမ်းတွေဆိုတာ ပိုတောင်လိုက်နာသင့်တယ် တိုးတက်ဦးမယ် မြန်မာပြည်ကတော့ သူတို ့မို ့မရှတ်တယ်။

Leave a Reply