ဒီနှစ်အတွက် လုပ်ချင်တာတွေ ကျနော့်ခေါင်းထဲမှာ တန်းစီနေတယ်။ အဲဒိအထဲက တစ်ခုလောက်ကို ရင်ဖွင့်ချင်တယ်ဗျာ။ ကျနော်သြော်စတျေးလျနိုင်ငံမှာ နေရတာ အတော်လေးကို ငြီးငွေ့ နေပါပြီ။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ထဲမှာ ပြန်ပြီးနေချင်တယ်။ ခလေးတွေကိုလည်း ဗမာစကားကောင်းကောင်းပေးတက်စေချင်တယ်။ အခုပုံစံက သူတို့ ပြောတဲ့ ဗမာစကားကို ကျနော်နားမလည်ဘူးဖြစ်နေပြီ။ ပြောတော့ ပြောတက်ပါတယ်။ ဒါပေမယ့် မပီဘူး။ ဘိုသံပေါက်နေပြီ။ အခုမှ ခလေးက အသက်က ၇-နှစ်အရွယ်ပဲရှိသေးတယ်။ ကြီးလာရင် ဒိထက်ပိုပြီးဆိုးသွားနိုင်တယ်။ သူတို့ တောင် ဗမာစကားကို မတက်ဘူးဆိုရင် သူတို့ မွေးထားတဲ့သားတွေသမီးတွေဆိုရင် တစ်လုံးမှကို နားလည်မဲ့ပုံမပေါက်တော့ဘူး။  ဒါက ခလေးတွေအတွက်ကို စဉ်းစားမိတဲ့အရာပါ။ သြစီမှာ အလုပ်သွား။ အလုပ်ပြန်။ နေ့ တဓူဝ စားလိုက်သောက်လိုက်နဲ့ ပျော်ရွှင်စရာမကောင်းတဲ့ဘဝတွေကို ဖြတ်သန်းနေရတယ်။ ဗမာ့ယဉ်ကျေးမှု၊ ဗမာအစားအစာစတဲ့ ဗမာအငွေ့အသက် မရှိတဲ့ သြစတျေးလျနိုင်ငံကနေ လွတ်အောင်ဆိုပြီး ဒီလိုတွေးနေမိတာပါ။ ဗမာပြည်မှာ မိသားစုကို ထားပြီး၊ ကျနော်က ဗမာပြည်ကနေ သြစီမှာ အလုပ်လုပ်။ တစ်ပတ်တစ်ခါ ဗမာပြည်ကိုပြန်။ သြစီမှာ ရှစ်ရက်အလုပ်လုပ်။ ၆-ရက်ကဗမာပြည်မှာနေပေါ့။ လေယျာဉ်ခကတော့ အနည်းအကျဉ်းကုန်ပါလိ့မ်မယ်။ ဒါပေမဲ့ ခက်တာက ကျနော်တို့ က သြစီနိုင်ငံသားဖြစ်နေပြီဆိုတော့ ဗမာပြည်မှာ နေလို့ ရပါ့မလားမသိဘူး။ ခလေးတွေကော ဗမာကျောင်းတက်လို့ ရနိုင်ပါ့မလား။ အဓိက ဗီဇာ ကိစ္စ ကို သိတဲ့သူများ ပြောပေးကြပါဗျာ။ ဒီရွာထဲက သိတဲ့တက်တဲ့သူများ အကြံညာဏ်ပေးကြစေချင်တယ်။

About phone_kyaw

Phone Kyaw has written 157 post in this Website..