ထင်ရှားလာတဲ့ တောခေါင်ရမ်း

ဆေးရုံကလက်လွှတ်ထားတဲ့ ကျွန်တော့မိတ်ဆွေ ကင်ဆာသမားတစ်ယောက် တောခေါင်ရမ်းကို ကြိုသောက်ပြီး ပျောက်ကင်းသွားတယ်လို့ သူက သတင်းလာပေးပါတယ် …။    တောခေါင်ရမ်းဆိုတာ အပင်ကြီးမျိုးပါ .. ။ အပွင့်မပွင့်ပါဘူး .။ အနံ့ပြင်းတယ်လို့လဲ ဆိုပါတယ်…။ အရွက်က ခေါင်ရမ်းရွက်နဲ့တူပေမယ့် တောခေါင်ရမ်းရွက်က ပိုသေးပါတယ်..။

   အလုံမြို့နယ် အလုံမီးရထားဘူတာဝန်းထဲမှာရှိတဲ့ တောခေါင်ရမ်းပင်တွေဟာ ကင်ဆာရောဂါပျောက်တယ်ဆိုပြီး လူသိများလာတာကြောင့် လာရောက်ခူးယူသူများနဲ့ စည်ကားပြီး အရွက်မရှိတော့ပဲ ရိုးတံကျဲကျဲပဲ ကျန်တော့တယ်လို့ ဆိုပါတယ်…

ဒီတော့ ရွာထဲက သူများ (အထူးသဖြင့် အလုံမြို့နယ် မီးရထားဘူတာဝန်းထဲမှ)သူများ တောခေါင်ရမ်းအကြောင်း သိသလောက်လေး ကွန်မန်းပေးကြပါဦး … အတွေ့အကြုံလေးများရှိရင်လဲ မျှကြပါ …. ။

 

2 comments

  • Thel Nu Aye

    January 9, 2012 at 6:23 pm

    ဓါတ်ပုံလေးပါတင်ပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ်။ တော်ကြာမှားသောက်မိမှာစိုးလို့ပါ။ မျက်စိထဲမမြင်မိလို့။ ပုံရရင်ကြည့်ချင်ပါတယ်။

  • kai

    January 10, 2012 at 4:29 am

    တီချယ်နုကတော့.. ကိုရင်အောင် (Koaung) ရဲ့.. အဲဒီပုံတွေအောက်မှာ http://myanmargazette.net/72516/travel
    အဲဒီပန်းကို..

    ခေါင်ရမ်းလို့ ရေးပေးထားတယ်..။

    တကယ်တော့ ခေါင်ရမ်းပန်းကို .. ရှေးက.. အလောင်းကောင်ထသွားနိုင်ဖို့ သုံးကြတာလို့ မှတ်မိတယ်..။ အသုဘသုံးပန်းပေါ့..။

    ဘာပဲဖြစ်ဖြစ်..
    တောခေါင်ရမ်းကို …ပုံလေးတင်ပေးရင်ကောင်းမယ်.။
    အရိုးပဲကျန်လဲ.. အရိုးမြင်ရတာပေါ့…။ 🙂

Leave a Reply