တိုက်ပြေးတော့ ဝိုင်းဖမ်းရတာပေါ့

Diamond KeyJanuary 9, 20121min21321

မနေ့က အပြင်ကို ကိစ္စတစ်ခုနဲ့ ထွက်အလာ (မန္တလေး) ၁၈ လမ်းနဲ့ ၈၆ လမ်းဆုံတဲ့ နေရာအရောက်မှာ လူတွေ အုပ်စုလိုက် ဖြစ်နေတာနဲ့ စုံစမ်းကြည့်တော့ ဆိုင်ကယ်တစ်စီးက လမ်းကူးနေတဲ့ အဖွားကြီး တစ်ယောက်ကို တိုက်မိပြီး မောင်းပြေးလို့ ပတ်ဝန်းကျင်ကလူတွေက ဝိုင်းဖမ်းလို့ မိခါစလို့ သိလိုက်ရတယ်။ ယာဉ်ထိမ်းကိုလည်း အကြောင်းကြားကြပါတယ်။

အဲဒီမှာ အခက်အခဲ တစ်ခုတွေ့ရတာက ဆေးရုံပို့ဖို့ ကားမရတာပါပဲ။ ဖြတ်သွားဖြတ်လာနဲ့ အနီးအနားက ကားတွေကလည်း လူနာကိုတင်ပြီး မပို့ရဲကြပါ။ ဒါနဲ့ အခုနောက်ပိုင်းကာလ မန္တလေးမှာ ဒီလိုကိစ္စမျိုးတွေ အတွက် အဆင်ပြေတဲ့ လူမှုကူညီရေး အသင်းတွေ ပေါ်လာတော့ လူမှုကူညီရေး အသင်းတစ်ခုကို ဖုန်းဆက်လိုက်တော့ ကားတစ်စီး ချက်ချင်းရောက်လာပြီး လူနာကို ဆေးရုံကို လိုက်ပို့ပေးပါတယ်။

ခဏအကြာမှာတော့ ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦး ရောက်ရှိကာ စစ်ဆေးပြီး ဆက်လက်အရေးယူနိုင်ရန် တိုက်တဲ့ ဆိုင်ကယ်ကိုပါ သိမ်းဆည်းသွားတာ တွေ့ရပါတယ်။

ခုနောက်ပိုင်း မန္တလေးမှာ ဆိုင်ကယ်တွေပေါ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အတိုင်းမမောင်းကြတော့ ဒီလို ဖြစ်စဉ်တွေ ခဏခဏ တွေ့နေရ၊ ကြားနေရတာပါပဲ။ ဖြစ်စေချင်တာလေး တစ်လခုကတော့ ယာဉ်တိုက်မှုတွေ တွေ့ရင် ဘယ်လို အကြောင်းကြားရမယ်။ လူနာကို ဘယ်လို ကူညီနိုင်တယ်။ (တစ်ချို့က ရဲနဲ့ အမှုရှင်းနေရမှာ ကြောက်လို့ ရှောင်ကြတယ်)။ ဘယ်လို ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိထားရမယ် ဆိုတာမျိုးလေးတွေ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ပညာပေးလေးတွေ လုပ်ပေးစေချင်ပါတယ်။

လာရောက်ကူညီတဲ့ လူမှုကူညီရေး အသင်းက ကား
တိုက်ပြီးမောင်းပြေးတဲ့ ဆိုင်ကယ်ကို ဝိုင်းဖမ်းအပြီးမှာ

21 comments

  • မှော်ဆရာ

    January 9, 2012 at 1:35 pm

    အမလေး ဆရာစိန်သော့ရယ်
    ဆရာပျောက်နေလို့ စိတ်ပူနေတာ
    ဆိုင်ကယ်တိုက်တော့မှပဲ ရွာထဲ ရောက်လာသကိုး

    • Diamond Key

      January 9, 2012 at 1:48 pm

      ဟား…ဟာ.း………… ဘယ့်နယ် “ဆိုင်ကယ်တိုက်တော့မှပဲ ရွာထဲ ရောက်လာသကိုး” လဲ။ :mrgreen:
      အလုပ်တွေ များနေပြီး ကိုယ်ပိုင်အချိန် နဲနဲပျောက်နေလို့ ပါဗျာ။ 😀

  • blackchaw

    January 9, 2012 at 1:38 pm

    ဟေ့လူကြီး မှော်ဆရာပြောသလိုပဲ
    ဆိုင်ကယ်တိုက်မှုဖြစ်တော့မှ ရွာထဲပြန်လာတယ်။
    ခင်ဗျား မရှိတော့ ခင်ဗျားတပည့်
    ကျွန်တော်တို့ ဓါတ်ပုံ ပညာလက်ဆင်အသစ်တွေ
    မတက်ရတော့ဘူးပေါ့ဗျာ။

    • amatmin

      January 9, 2012 at 1:47 pm

      ကိုဘလက်ပြောတာ ဟုတ်တယ်ဗျ..
      အခုဆရာသမား ပြန်လာပြီဆိုတော့ ဖုတ်ပူမီးတိုက်လေး(ကမန်းကတန်း)
      သင်ခန်းစာတွေ ပြန်နွေးထားဦးမှ.. 🙂

      • Diamond Key

        January 9, 2012 at 1:49 pm

        ရှိပါတယ်ဗျာ……………….. လာမှာပါ နောက်ဆက်တွဲတွေ ……. 😛 😛

  • windtalker

    January 9, 2012 at 1:41 pm

    ကိုစိန်သော့ရေ
    မန်းတလေးမြို ့ရဲ ့ယာဉ်တိုက်မှု အဖြစ်များဆုံးနေရာတွေ ကို ပါ ပြောပါရစေဗျာ
    သိသလောက်ပေါ့
    အခုဖြစ်တဲ့ နား ၁၉ လမ်း x ၈၆ လမ်း ထောင့် ရယ်
    ၃၅ လမ်း ၊ ၆၈x၆၉ လမ်းကြားရယ် က
    မကြာခဏ ဆိုသလို တိုက်ကြတာ ကလား

  • nozomi

    January 9, 2012 at 2:14 pm

    ကျွန်တော်အရင်က ယာဉ်တိုက်မှုနဲ့ ပတ်သတ်လို့ ပို့စ် တစ်ခုတင်ဘို့ စိတ်ကူးသေးတယ် ဖြစ်မလာဘူး
    ပြောချင်တာက နှစ်ချက်ပါ ယာဉ်တိုက်မှုဖြစ်ပြီးရင် အတိုက်ခံရတဲ့ လူနာကို ဘယ်သူမှ မထိရဲကြတာ ၊ ရဲမှုနဲ့ ပတ်သက်နေလို့ ပြသာနာတက်မှာစိုးလို့ရော ၊ ကိုယ့်ထမင်းကိုယ်စားပြီး သက်သေမလိုက်ချင်ဘူးဆိုတဲ့ စိတ်တွေကြောင့် ခပ်ခွာခွာနေကြတာ ၊ လူသတ်မှုဆိုရင်တော့ ဟုတ်တယ် ဘယ်သူသတ်သွားတာလဲ ဆိုတာ မသိလို့ ကျန်ခဲ့တဲ့ သဲလွန်စ လိုက်ရှာရမှာမို့ ဘယ်သူမှ မထိရတာ ၊ ယာဉ်တိုက်မှုကတော့ ဘယ်သူတိုက်သွားတယ် ဆိုတာ သိနေတာပဲ လူနာ အသက်ရှင်သေးရင် တတ်နိုင်သလောက်ပြုစုပြီး အမြန်ဆုံး ဆေးရုံပို့သင့်တယ် ဒီအတွက် ဘာမှ ပြသာနာတက်စရာ မရှိဘူး ၊ နောက် ယာဉ်တိုက်မှု ဖြစ်ပြီး တစ်ခါတည်း သေသွားတဲ့ လူ ကို ဒီအတိုင်းပစ်ထားကြတာ ဘယ်လိုမှ အမြင်မသင့်တော်ဘူး ၊ တစ်ခုခုလေးနဲ့ ဖုံးအုပ်ထားသင့်တယ်

    မန်းလေး က လူတွေကတော့ လေးစားစရာကောင်းပါတယ် တိုက်တဲ့သူကိုလဲ ဝိုင်းဖမ်းပေးတယ် လူနာကိုလဲ ဆေးရုံပို့ဘို့ ကူညီကြတယ်

    ဆရာသော့ အချိန်လေးများရရင် သင်ခန်းစာလေးတွေ ဆက်ပါဦး ဗျ

  • မန်းလေးမှာ ဆိုင်ကယ် ကား စည်းကမ်း ပျက်သထက်ပျက်လာပြီ
    တစ်ရက်လောက်တော့ လက်ဆော့ ထားတာလေးတွေတင်အုံးမယ်နော်။

  • manawphyulay

    January 9, 2012 at 5:05 pm

    ဦးဦးစိန်သော့ မတွေ့တာ အတော်ကြာနေတာ အိမ်တွင်းပုန်းနေလို့လား.. ခုမှပဲ အိမ်ပြင်ထွက်ပြီး သတင်းပေးဖော်ရတော့တယ်။ ရှုခင်းလေးတွေလည်း တင်ပေးပါဦး မတွေ့တာကြာပြီ။

    • Diamond Key

      January 10, 2012 at 9:09 am

      စိတ်ချပါ မနောရေ၊ ဒီရက်ပိုင်းရွာနဲ့ နဲနဲ အဆက်ပြတ်သွားတယ်

  • MaMa

    January 9, 2012 at 7:16 pm

    တိုက်တဲ့လူကို ဖမ်းနိုင်တာ ကောင်းပါတယ်။

    ယာဉ်တိုက်မှုဖြစ်ရင် တိုက်တဲ့လူက ဖြစ်လာတဲ့ ပြဿနာကို ဆုံးခန်းတိုင်အောင် ဖြေရှင်းပေးရမယ့်တာဝန်ရှိတယ်။

    ဒါပေမယ့် …
    ပြဿနာ တစ်ခုခု ဖြစ်ပြီဆိုရင် ဝိုင်းပြီး ဆွမ်းကြီးလောင်းတတ်ကြတဲ့ အကျင့်ဆိုးတွေကိုလည်း ပြုပြင်စေချင်တယ်။

    အဲဒါတွေကြောင့် ပြဿနာဖြစ်ရင် ဘေးက ဝိုင်းလာမယ့် လူတွေကို ကြောက်ပြီး ထွက်ပြေးတာတွေလည်း ရှိသေးတယ်။

    ပြဿနာ မဖြစ်တာကတော့ အကောင်းဆုံးပေါ့။

  • naywoonni

    January 9, 2012 at 8:32 pm

    ကျွန်တော်တို့ ကျောင်းတက်တုန်းကတော့ မန္တလေးမှာ အဲဒိလိုတိုက်ပြီးပြေးလို့ကတော့ တစ်စစီလိုက်ကောက်ရမယ်…။ တစ်ယောက်တစ်လက် ကျောင်းသားလက်ပဲ….။

    • Foreign Resident

      January 10, 2012 at 10:28 am

      အဲဒီ ” တစ်ယောက်တစ်လက် ကျောင်းသားလက် ” ဆိုတဲ့ကျေးဇူးရှင်တွေကို
      ထိရောက်စွာ အရေးယူသင့်တယ် ။

      ရုတ်ရုတ် ရုတ်ရုတ် ဆိုရင် လူအုပ်နှင့်မှ ဆွမ်းကြီးလောင်းရဲတဲ့
      လူ့အောက်တန်းစားတွေ ။

      ဝိုင်းဖမ်းတဲ့အထိ ထောက်ခံတယ် ။
      ဒါပေမယ့် ဝိုင်းရိုက်ရင်တော့ လူ့အောက်တန်းစားတွေပဲ ။

  • ငပေါက်ဖော်

    January 9, 2012 at 8:43 pm

    ဒါ့ပုံဆြာလား.မှုခင်း ဆြာလား ခင်ည..
    မှုခင်းဓာတ်ပုံဆြာလား ခင်ည..
    ဟီး.ဟီး.
    😆

    • Diamond Key

      January 10, 2012 at 9:12 am

      အမြင်မတော်ရင် လုပ်ပေးနိုင်တာ လုပ်ပေးချင်စိတ် အပြည့်ရှိတဲ့ ဒါ့ပုံရိုက်သူတဲ့ သငယ်ပါ 😆

  • padonmar

    January 10, 2012 at 12:08 am

    ကားတိုက်မှုဆိုတာ မတော်တဆ ဖြစ်တာများပါတယ်။
    တိုက်ပြီးပစ်ပြေးတာကတော့ မတရားမှုပါ။
    ဒီအတွက် မသေသင့်တဲ့သူတွေလည်းသေရပါတယ်။
    ပစ်ပြေးမှုကို ကားတိုက်မှုထက် အဆများစွာ အပြစ်ကြီးပေးထားသင့်ပါတယ်။

    • kai

      January 10, 2012 at 12:34 am

      Hit and Run ကိုနိုင်ငံတော်တော်များများ ရာဇဝတ်မှုအဖြစ်သတ်မှတ်ကြတယ်..။
      မြန်မာပြည်က.. ဥပဒေနဲ့မရှင်းပဲ.. လူထုအားနဲ့.. ဝိုင်းရိုက်တာမျိုး..ဝိုင်းဖမ်းတာမျိုးလုပ်တော့.. တရားခံက.. ဥပဒေအရ အကာအကွယ်ပြန်ရသွားနိုင်နိုင်ပါတယ်.။
      =
      Legal consequences

      Hit-and-run has severe legal consequences[2] including the suspension or cancellation of one’s driver’s license (lifetime revocation of a driver license is possible in certain jurisdictions). It is frequently considered a criminal offense which can be punished by imprisonment. Insurance companies often void the policies of drivers involved in this offense.

      Attempts to understand the mental state of the hit and run driver began soon after the offense became codified[3] and more recently has been explored in an article titled “The Psychology of Hit and Run” (2008).[4]
      http://en.wikipedia.org/wiki/Hit_and_run_%28vehicular%29

  • pooch

    January 10, 2012 at 12:48 am

    အဲ့လို မှ မဖမ်းရင် မရဘူးလေ သူကြီးရယ် ဆိုင်ကယ်များက လိုင်စင်မဲ့တွေ ရှိနေသေးတယ် .. မောင်းသူကလည်း အသက်မပြည့်တာတွေများတယ်…

    ဆိုတော့ကာ အခုလောလော ဆယ်တော့ သူ့အရပ်နဲ့ သူ့ဇာတ်ကနေကြရတာပေါ့..
    နောက်ဆိုရင်တော့ သူကြီး ပြောသလို စနစ်တကျလေးတွေ လာမယ်ထင်ပါတယ်…
    လာမယ် ကြာမယ်လေ……

  • aungnng87

    January 10, 2012 at 11:28 am

    ဖမ်းပါ။ဖမ်းပြီးရိုက်တော့မရိုက်ပါနဲ့။အထူးသဖြင့်လူအုပ်စုနဲ့ဝိုင်းပြီးမရိုက်ပါနဲ့။ ကိုယ်ကိုပြန်ပြီးမရိုက်နိုင်ဘူးဆိုတာသေချုာရင်မရိုက်ပါနဲ့။ ရိုက်ပြီးတော့လက်လွန်သွားရင်အမှုထပ်တိုးဦးမယ်။ အဲဒီလိုလူမျိုးကိုသတ္တိရှိတယ်လို့မခေါ်ဘူး။ အထင်သေးဘဲခံရမှာ။

  • bluerose

    January 10, 2012 at 1:55 pm

    ဟုတ်ပါတယ်ဖမ်းပဲဖမ်းသင့်ပါတယ်ဖမ်းလို့ထွက်မပြေးတော့ဘူးဆိုရင်မရိုက်တာကောင်းပါတယ်
    ကိုကရိုက်လို့တခုခုဖြစ်သွားမှသူများအမှုကကိုယ့်ပြန်ပတ်နေမှာစိုးရပါတယ်
    တာမွေအသောကနားမှာတခါသန်လျင်သွားတဲ့ဟိုက်လတ်လေးကတိုက်ထားတာ
    အဘွားတယောက်ပွဲချင်းပြီးဆုံးသွားတာဒီအတိုင်းဝိုင်းကြည့်နေကြတာသနားစရာပါ
    ကားသမားကတော့ထွက်ပြေးသွားတယ်တဲ့

Leave a Reply