၉.၁.၂၀၁၂ အက်ဖ်အေဖလား

မောင် ပေJanuary 9, 20121min713

မင်္ဂလာပါ ခင်ဗျာ ။
သည်ကနေ ့တနင်္လာ ည ၊ အင်္ဂ ါမနက် “ ၂း၁၅ ” မှာ ကန်မယ့် “ အာဆင်နယ် ” နဲ ့ “ လိဒ်ယူနိုက်တက် ” ပွဲ ကို ရေးပြချင်ပါတယ် ။ အာဆင်နယ် အိမ်ကွင်းမှာ ကန်မှာဖြစ်ပါတယ် ။
၂၀၁၁ တုန်း က အက်ဖ်အေ ဖလား ပွဲစဉ် အဖြစ် ဒီနှစ်သင်း ကစားခဲ့ဖူးပါတယ် ။
၈.၁.၂၀၁၁ တုန်းက အာဆင်နယ် အိမ်ကွင်းမှာ ကစားတော့ ၁-၁ သရေကျလို ့လိဒ် အိမ်ကွင်း မှာ ပြန်ကစားတော့မှ အာဆင်နယ် က ၃-၁ နဲ ့နိုင်ခဲ့တာပါ ။
အာဆင်နယ် အသင်းရဲ ့ဖြစ်နိုင်ဖွယ်ရာ ကစားသမားများမှာ
ဂိုး Almunia
နောက် Koscielny, Squillaci, Miquel, Hoyte
လယ် Oxlade-Chamberlain, Song, Coquelin,
ရှေ ့ Benayoun, Chamakh, Park
လိဒ်ယူနိုက်တက် အသင်းရဲ ့ဖြစ်နိုင်ဖွယ်ရာ ကစားသမားများမှာ
ဂိုး Lonergan
နောက် Connolly, Lees, O’Dea, White
လယ် Townsend, Clayton, Brown, Pugh
ရှေ ့ McCormack, Becchio
အာဆင်နယ် ယခုပွဲမတိုင်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ ရှုံး ၊ နိုင် ၊ သရေ ၊ နိုင် ၊ ရှုံး
လိဒ် ယခုပွဲမတိုင်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ နိုင် ၊ ရှုံး ၊ ရှုံး ၊ ရှုံး ၊ သရေ
ဈေးအနေအထားအရ အာဆင်နယ် တစ်ဂိုးသွင်းရင် အပြည့်ဆုံးရှုံးမှာပါ ။
အာဆင်နယ် အသင်းဟာ သူတို ့ရဲ ့ဟီးရိုးဖြစ်ခဲ့တဲ့ ဟင်နရီ ကို ၂လအငှါး နဲ ့ပြန်ခေါ်ပြီး ပြီ ဖြစ်လို ့၊ သည်ကနေ ့ည ပွဲမှာ ဟင်နရီဟာ လူစားဝင် ကစားနိုင်ပါတယ် ။
လိဒ်ယူနိုက်တက် ဟာတော့ သူတို ့ရဲ ့အဓိက ကစားသမားများဖြစ်တဲ့ Patrick Kisnorbo ( နောက်တန်း ) ၊ Robert Snodgrass ( လယ် ) ၊ Jonny Howson ( ကပ္ပတိန် ) တို ့ကို ဒဏ်ရာပြဿနာကြောင့် သည်ပွဲမှာ မပါနိုင်တာက ကံဆိုးမှုပါ ။
အာဆင်နယ် မှာ ပွဲထွက်လာတဲ့ အရံဂိုးသမား အယ်လ်မူနီယာ ဟာ သည်ပွဲမှာ ၊ ပထမဦးစားပေး နေရာ ကို ထိုက်တန်ကြောင်းပြန်ပြဖို ့အစွမ်းကုန် ကြိုးစားပြလာမှာပါ ။
သည်ပွဲမှာ အာဆင်နယ် ကို လိဒ် အနိုင်ကစားဖို ့မပြောပါနဲ ့၊ သရေ တောင် မဖြစ်နိုင်ပါဘူး ။
ပြီးခဲ့တဲ့ ၂.၁.၂၀၁၂ မှာ ဖူဟမ် ကို ၂-၁ နဲ ့ရှုံးခဲ့တာအတွက် အနိုင်သေချာပေါက် ပြန်ကစားမယ့် အာဆင်နယ် အနိုင်ဟာ ပြတ်သားသွားနိုင်ပါတယ် ။
““ အာဆင်နယ် ၂-၀/၃-ဝ ””” ဆိုရင် အဆင်ပြေကြမှာပါ ။
******* ဖိုက်တာအားလုံး အောင်မြင်ရွှင်လန်းနိုင်ပါစေ *******

3 comments

  • ရွှေဘိုသား

    January 9, 2012 at 4:29 pm

    သေချာတယ်လို့ထင်တယ်ဗျာ ကိုပေနဲ့ ကျနော် အကြိုက်ချင်းတော်တော်တူတာပဲ
    မနေ့ကလည်း ကိုပေတော့မသိဘူး ကျနော်ကတော့ နည်းနည်းလန်းသေးတယ်ဗျ
    5000 တန်ဖုန်းထွက်လို့ကတော့ ကိုပေနဲ့အမြဲဘောပွဲကြောင်းပြောဖို့ကို တစ်လုံးလောက်ဝယ်လိုက်အုံးမယ်

  • ငပေါက်ဖော်

    January 9, 2012 at 5:54 pm

    အင်း
    ဘိုးတော်ကြောင်လာမှ ဆက်ဆွေးနွေးမယ် ကပေရေ..
    😆

  • amatmin

    January 9, 2012 at 9:42 pm

    ဒီညတော့ ကိုပေ့ နောက်ကိုလိုက်ပါစွန့်စားဖို့အကြံတူတယ်ဗျ..
    ရလာဒ်က ၂ ဂိုးပြတ်ထက်မလျော့ဘူးဆိုတာကိုလည်း လက်ခံတယ်..
    ဒီတော့ ဆီစွတ်ဖိုးလေးအတွက် ချီးယားစ် !! ကပေကြီးရေ.. 🙂

Leave a Reply