နှာစေးနေကြတုန်းဘဲလား?

gabawJanuary 9, 20121min10810

မှတ်ပုံတင်ကုန်ကျစရိတ်တွေကတော့ သိသိသာသာပြောင်းကုန်ပြီနော် ။ တစ်သက်လုံးကိုင်ရမယ့် ကဒ်လေးက ဈေးပေါပေါနဲ့လုပ်ပေးနေပြီး ။ တစ်နှစ် (၂)နှစ်လောက်ဘဲ သက်တမ်းရှိတဲ့( ခြင်လောက်တောင် သက်တမ်းမရှိတဲ့) ကညနက ထုတ်ပေး(တစာစာအော်ပြီး ပိုက်ဆံပေး)နေရတဲ့ ယာဉ်မောင်းလိုင်စင် / ယာဉ်လိုင်စင်တွေရဲ့ ကုန်ကျစရိတ် ကတော့ ဟိုက်ဒြိုဂျင်ဓါတ်ငွေ့လို ဘာဖြစ်လို့ အထက်ဘဲတက်နေရတာလဲ။  လာဘ်ပေးလာဘ်ယူ ကင်းရှင်းရမည်ဆိုတာ ဘာကိုပြောတာလဲလို့ သိချင်လိုက်တာနော်။

Clean Government ကိုတော့ Painting လုပ်နေတဲ့ ဌာနဖြစ်နေပြီနော်။ ဦးငွေကိုင် လိုတော့ မြန်မာကျော်မှာပါ နာမည်ပြောတာတော့မဟုတ်ဘူး(Outside) ကိုပြောတာပါဗျာ။

သူကြီးခင်ဗျာ  ရွာသားတွေကိုလဲ မျှဝေပေးလိုက်ပါအုံးခင်ဗျာ။   အားလုံးအတွက်လိုလိုမယ်မယ်ပေါ့။။။။

10 comments

  • kaung kin pyar

    January 9, 2012 at 3:09 pm

    လာဘ်စားတာတွေက တော်တော်လျှော့လိုက်ပြီလို့ ပြောပေမယ့် စနစ်ဟောင်းတွေ အကင်းမသေသေးတာတော့ ရှိဦးမှာပဲ ကိုဂဘော်ရဲ့။ အကျင့်လုပ်ပေးခဲ့တာကိုး။ ဒါပေမယ့်လဲ လာဘ်စားသူတွေဘက်က ကြည့်တဲ့အခါ လစာနဲ့ပဲ မလောက်လို့လားပေါ့။ ဒါပေမယ့်လဲ အားလုံး မျှမျှတတ ဖြစ်ရင်တော့ အကောင်းဆုံးလို့ ထင်ပါတယ်။

  • kai

    January 9, 2012 at 3:12 pm

    ယာဉ်မောင်းလိုင်စင် / ယာဉ်လိုင်စင်တွေရဲ့ တရားဝင်စရိတ်တက်တာလား.. အောက်စိုက်ပေးရတာတက်တာလား.. .သိချင်ပါတယ်..။

    တကယ့်တရားဝင် ထုတ်ပြန်တဲ့ဈေးနဲ့..ကုန်တာနဲ့ကွာနေလို့လား..
    ကညနကကောက်တဲ့..တရားဝင်တကယ့်ဈေးကဘယ်လောက်လည်းခင်ဗျ….။

  • manawphyulay

    January 9, 2012 at 3:25 pm

    အင်း တရားဝင်နဲ့ အပြင်နဲ့တော့ နည်းနည်းကွာမယ်ထင်ပါတယ်။ ပွဲစားတွေကိုလည်း ခု ကြပ်မတ်နေတာ တွေ့ရတော့ ကိုယ်တိုင်လုပ်ရင်တော့ ကုန်ကျစရိတ်သက်သာတယ်လို့ ပြောပါတယ်။ ဈေးချပေးတော့ အားလုံးအတွက် အဆင်ပြေတာပေါ့ရှင်။

  • Thel Nu Aye

    January 9, 2012 at 7:57 pm

    မှတ်ပုံတင်ကရိုးရိုးကဒ်။ ဟိုဟာကစမတ်ကဒ်။ အင်းဂလိပ်လိုခေါ်ရလို့ဈေးပိုကြီးတာဖြစ်မှာပေါ့။

  • MaMa

    January 9, 2012 at 8:13 pm

    ဒီနှစ် ကညန မှာ လိုင်စင်သွားလုပ်တာ တော်တော် အဆင်ပြေခဲ့တယ်။
    ပွဲစားမလို၊ ကိုယ်တိုင်သွားတာ တရားဝင်ပေးရတာထက် ထမင်းတစ်ပွဲဖိုးလောက်ပဲ (တကယ့်ကို ထမင်းတစ်ပွဲဖိုးလောက်ပဲ) ပိုပေးရတယ်။
    ဒါတောင် တောင်းတာမဟုတ်။ ကိုယ်ကိုယ်တိုင်က ပေးနေကျမို့ ….

  • naywoonni

    January 9, 2012 at 8:38 pm

    နေရာ အတော်များများ မှာ အကျင့်လေးတွေ မပျောက်ကြသေးဘူး…။ နှာစေးနေတာတော့ မဟုတ်လောက်ဘူး ခေါက်ရိုးကျိုးနေတာ ပြင်မရသေးပါဘူး….။

  • zaw min

    January 9, 2012 at 9:11 pm

    အမှန်ကလည်း မမ ပြောသလို မတောင်းပဲနဲ့ပေးနေကျမို့…. ဆိုတဲ့သူတွေလည်းများနေသေးတယ်လို့ထင်ပါတယ်… ယခုနောက်ပိုင်းမှာ သိပ်ပြီးတော့ ပေါ်တင်မတောင်းတော့ဘူးလို့ထင်ပါတယ်…ဘာကြောင်းလည်းဆိုတော့… အမျိုးသမီးက မြေစရင်းရုံးမှာငွေသွားသွင်းတော့ အရင်လိုအရာရှိ စားပွဲပေါ်ရောက်ဖို့ဘာမှမပေးရပါဘူး…ဝန်ထမ်းတွေကလည်း သူတို့လုပ်စရာရှိတာတွေ အဆင့်လိုက်လုပ်သွားပါတယ်…ဒါပေမယ့် စေတနာရှင်တွေက သူတို့ကို ၅၀၀ဝ တန်တွေဟော်တစ်ရွက်ဟော်တစ်ရွက်နဲ့ပေးသွားလိုက်ကြတာ..အဲဒါကို သူတို့ခင်မျှာ အံဆွဲအတွင်းသို့မြန်မြန်သွင်းလိုက်ရပါတယ်တဲ့….အင်မတန်ပါးနှပ်လှတဲ့ ကျနော့်အမျိုးသမီးကလည်း အားကျမခံ သူတို့လိုပဲ ၅၀ဝ တန်တွေကို စာအိတ်လေးနဲ့ထည့်ပြီး တစ်ယောက်တစ်အိတ်စီဝေခဲ့ပါတယ်….(၅)ယောက်ဆိုရင် ၂၅၀ဝ ပဲကုန်ပါတယ်တဲ့…

  • small cat

    January 9, 2012 at 10:58 pm

    “သိပ်ပြီးတော့ ပေါ်တင်မတောင်းတော့ဘူးလို့ထင်ပါတယ်…”

    ဟုတ်လို့လားကွယ်………ကြောင်လေး အထစ်ခံလိုက်ရတဲ့မြေဂရံကိစ္စ ဆက်လုပ်ဖို့
    ခယက(ဟိုတုန်းကအခေါ်)စာရေးကိုမေးကြည့်လိုက်တာ
    အင်း..ဟင်း….ဟင်း….ဟင်း….ဟင်း….ဟင်း….
    “လာဘ်စားတာတွေက တော်တော်လျှော့လိုက်ပြီလို့ ပြောပေမယ့် စနစ်ဟောင်းတွေ အကင်းမသေသေးတာတော့ ရှိဦးမှာပဲ ကိုဂဘော်ရဲ့။ အကျင့်လုပ်ပေးခဲ့တာကိုး။”
    + – × အစားလက္ခဏာကိုဘယ်လိုရိုက်ရပါ့………

    • Ko Ko Aung

      January 10, 2012 at 9:43 am

      နောက်ပိုင်း နဲနဲပြုပြင်လာတဲ့ အစိုးရဌာနတွေထဲမှာ
      ထွေအုပ် လို့ခေါ်မယ့် အုပ်ချုပ်ရေးမှုးရုံး အဆင့်ဆင့်ကတော့ လုံးဝ လုံးဝ မပါသေးပါဘူး။
      အခုနောက်ပိုင်း စစ်အုပ်ချုပ်ရေးကဖယ်သွားတော့ သူက အာဏာအရှိဆုံးလိုဖြစ်ပြီး
      ပိုကျပ် – ပိုကောက်ကျစ်- ပိုအတောင်းအရမ်း ရဲတင်းလာပါတယ်။

  • gabaw

    January 10, 2012 at 1:58 pm

    ကိုအောင်ရေ ဗိုက်ထဲမှာ ပုဏားလေးများရှိနေတာလား လက်တွေ့မြင်တွေ့နေရလို့လား? မှန်တာမှ မှန်မှန်မှန်နဲ့တောင်နေသေးတယ်ဗျို့။ ပိုတောင်းလာတော့လဲ စာဆိုလေးကတော့ အလှူဒမြတိုက်ကြသူငှာ တွေအထက်ကပြောသလို ခေါက်ရိုးကျိုးနေလို့ရော၊ အကျင့်ပါနေသေးလို့ရောဆိုတော့ ”နှမျှောတသ သုံးကြိမ်ရွတ်ဆိုလိုက်ပြီး လှူဒါန်းလိုက်တယ်လို့ သဘောထားလိုက်ပါဗျာ“ Thanks.

Leave a Reply