လက်ရာမြောက် သဘာဝရှုခင်းဓာတ်ပုံလေးများ

ေရႊဘိုသားJanuary 9, 20122min12112

 

 

 

 

 

 

 

 

 

 

ကျနော့် အသိတစ်ယောက်က သူ့ဓာတ်ပုံလေးတွေကို Scan ဖတ်ပြီး စတစ်ထဲထည့်ပေးပါဆိုလို့ ကျနော်ရောယူအုံးမယ်ဗျာ ကျနော်တို့ဆိုဒ်ထဲ တင်မလို့ တော်တော်ကိုလှလို့ပါဆိုပြီ ယူလာတာဗျာ ရွာသူရွာသားတွေ ကြည့်ဖို့ပေါ့ တော်တော်ကိုအရည်သွေး ကောင်းတဲ့ဓာတ်ပုံလေးတွေပဲလို့ထင်ပါတယ် ကြည့်ပြီး ကျနော်ကတော့ တော်တော်ကို အေးချမ်းသွားတယ်ဗျာ ရှုခင်းလေးတွေက အေးချမ်းမှုကိုပေးစေတယ်ဗျ ဓာတ်ပုံလေးတွေ အကြောင်းကောင်းကောင်းမသိတဲ့ ကျနော်တောင် တော်တော်ကြိုက်မိသွားတာ ရွာထဲက ဓာတ်ပုံဝါသနာရှင်တွေဆို ဘယ်လောက်များ သဘောကျမလဲ လို့လည်းတွေးမိပါတယ် အွန်လိုင်းဖေကြီး လဲသဘောကျမယ်ထင်ပါတယ်။

အားလုံးကြည့်နိုင်ဖို့ ပြောရင်ယုံမှာမဟုတ်ဘူး အလကားရတဲ့ အင်တာနက်ဆိုင်မှာ အတော်ကြာအောင်တင်လို်က်ရတယ်ဗျာ

 

 

 

 

 

 

12 comments

  • manawphyulay

    January 9, 2012 at 5:07 pm

    လက်ရာမြောက်တယ်ရွှေဘိုသားရဲ့ ဒါပေမယ့် ဆိုက်လေးတွေက သေးတော့ ကြည့်ရတာ အားမရဘူးကွယ်… ကွန်မကောင်းလို့ ဒီမှာ ငုတ်တုတ်မေ့နေတယ်။ စိတ်လေတယ် ကိုးနက်ရှင်ရယ်…

  • KoNyeinChan

    January 9, 2012 at 7:15 pm

    မှန်ဘီလူးတွေရမယ်.. မှန်ဘီလူးတွေ.. သေးတာကို အကြီးကြီးမြင်စေရမယ် 😀 😀 😀
    ကြိုက်တယ်ဗျာ သဘာဝရှုခင်းပုံတွေ.. ပွင့်ပွင့်လင်းလင်းပြောရရင် ဖိုတိုရှော့လိုမျိုး ဆော့ဖ်ဝဲအကူအညိတွေ မသုံးဘဲ သူ ့နဂိုအတိုင်းပုံကို ပိုနှစ်သက်တယ်

  • Thel Nu Aye

    January 9, 2012 at 7:55 pm

    ပုံကပုကျွိလေးတွေ။ လှတော့လှပါရဲ့။ ကြည့်ရတာအားမရဘူး။

  • naywoonni

    January 9, 2012 at 8:50 pm

    ဘာမှလည်းမမြင်ရဘူး ကိုးနတ်ရှင် မတင်လို့ထင်ရဲ့……………။

  • mandalarthu

    January 9, 2012 at 10:38 pm

    ဓာတ်ပုံတွေက မြန်မာပြည်နေရာ အနှံ ့မှာရှိတဲ ့သဘာဝရှုခင်းတွေကို ထိထိမိမိရိုက်ပြထားတာမို ့ရှားပါးတဲ ့
    ပုံကောင်းတွေပါဘဲ။ပြိုင်ပွဲဝင်ဓာတ်ပုံတွေ ထင်တယ်နော်။ဆုရဓာတ်ပုံတွေလည်း ဖြစ်နိုင်တယ်။သေချာရိုက်ထားလို ့။
    ဘာဘဲပြောပြော လက်ရာမြောက်တဲ ့ပုံတွေကို
    တစုတစည်းတည်း ကြည် ခွင် ့ရလို ့အထူး ကျေးဇူးပါနော်။

  • ပေစိ

    January 9, 2012 at 11:56 pm

    ပုကျွိဆိုတာဘာလဲဟင် မသဲနုအေး

  • ရွှေဘိုသား

    January 10, 2012 at 10:04 am

    တင်တုန်းကတော့ အခါတိုင်းလိုပဲ ထင်ပြီး တင်မိတာ ပြန်ကြည့်လို်ကတော့မှ ပုံတွေက အရမ်းသေးနေတာတွေ့တယ်ဗျာ ပြန်ပြင်မလို့ဟာ ကွန်သိပ်မကောင်းတာနဲ့ ပြန်ပြင်ပြီး မတင်တော့တာ

  • Moe Z

    January 10, 2012 at 10:28 am

    ရိရေကန်ရဲ့အောက်က ကိုရင်နှစ်ပါးပုံက မင်းကွန်းမြသိန်းတန်ဘုရားနော်
    အောက်ကနေရိုက်ဖူးတယ် တော်တော်လှတယ် ..

  • နွယ်ပင်

    January 10, 2012 at 10:36 am

    ပုံလေးတွေကတော့ လှပါရဲ့ ကြည့်ရတာ သေးနေတော့ အားမရဘူး ………

  • inz@ghi

    January 10, 2012 at 10:41 am

    ကိုရွှေဘိုသားရေ ….
    လက်ရာရှင် နာမည်ကို ဖော်ပြပေးနိုင်ရင် ပိုကောင်းမယ်ထင်တယ်နော…
    ခရက်ဒစ်ပေါ့ဗျာ …. MPS ကဆြာသမား တယောက်ယောက် လက်ရာ လို့ ကျနော် ထင်လို့ပါ…

    ခင်မင်စွာဖြင့် လက်တို့သွားပါသည်…။
    Inz@ghi

  • fatty

    January 10, 2012 at 11:15 am

    ပရောဖက်ရှင်နယ်တဦးဦးရဲ့ပုံတွေဖြစ်မှာပေါ့နော်
    ရှယ်ဘဲဗျာ … လာဂျ် ဆိုဒ်(သို့) xL ဆိုရင်ပိုကောင်းမှာဘဲဗျို့

Leave a Reply